ပဉ္စမ‌မြောက်‌ပန်း‌ဒေဓီ အပိုင်း၁၂

ပဉ္စမမြောက် ပန်းဒေဝီ
…………………………
                   အပိုင်း(12)
မော့ရန်ဆေးမြစ်ရှာရင်းနှင့် သူမလမ်းပျောက်သွား
သည်။ တောလည်နက်သလို တောင်လည်တော်
တော်မြင့်မြင့်သို့ရောက်လာသည်။ ဒီလောက်ဝေး
ဝေးသူမရောက်ဖူးပါ အဖော်တွေနှင့်လည်ကွဲကာ
အသက်သုံဆယ်ငါးအရွယ်ဆေးဆရာရွှီနှင့် တစ်
ဖွဲဖြစ်သွားပြီ ကျန်တဲ့သုံးယောက်ဘယ်ရောက်
သွားမှန်းကို မသိတော့ချေ။ သူတို့နှစ်ယောက်
လည် တောကနက်လာသဖြင့် ကြောက်ရွံလာကြ
သည်။ အသံဆိုး အသံနက်တွေလည်ကြားရသည်
မှောင်ရီက ပျိုးလာသဖြင့် လမ်းကိုကောင်းကောင်း
မမြင့်ရတော့ချေ။ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ
အသံလား ဟိန်းသံတွေကြားရသည်။ဆေးဆရာရွှီ
က
"မော့ရန် မှောင်လာပြီ ဘယ်လိုလုပ်ကြမလဲ"
"ဟုတ်တယ် ဦးလေးရွှီ ဆေးလည် လုံလုံလောက်
လောက်မရသေးဘူး တစ်နေရာရာမှ နားရအောင်"
"တောနက်နေတယ်နော် ကျန်တဲ့လူတွေလည် ဘယ်ရောက်ကုန်လည် မသိဘူး ငါတို့ကနှစ်
ယောက်တည်း ငါကသိုင်းလည်မတတ်ဘူး တစ်ခု
ခုသေမှာဘဲ"
"ဟာ နမိတ်မရှိတာ ဦးလေရွှီရယ် ဘာမှမဖြစ်ပါဘူး
ခါတိုင်းလည်လာနေကျဘဲ"
"ဒီနေ့က ခါတိုင်းနှင့်မတူဘူး သမီးမော့ရန် ခါတိုင်း
ကလူစုမကွဲဘူး ဒီနေ့ ဒီနေရာက ဘယ်ရောက်နေ
မှန်းမသိဘူး"
"ကယ်ပါ ဦးလေးရွှီရယ် ဒီလောက်ကြောက်နေရင်း
လည် ဆက်မသွားတော့ဘူး ဒီနေရာမှာဘဲ နားကျ
တာပေါ့"
အပင်ကြီးအောက်ကို လက်ညှိုးထိုပြလိုက်သည်။
"အေးအေး ငါသစ်ကိုင်ချောက်တွေကောက်ပြီ
မီးထည့်လိုက်မယ်"
"ဟုတ်ကဲ့ဦးလေး"
သူမမျက်နှမှာတစ်ဝက်အုပ်ထား ပုဝါကိုဖြုတ်လိုက်
သည်။ ဆေးခူးခြင်းတောင်းကိုဘေးမှာချပြီ စားစရာ
မုန့်ခြောက်တွေ ထုတ်လိုက်သည်။ ဆေးဆရာရွှီက
ကမီးပုံမွှေးလိုက်သည်။ သူမဖျားတိုလေးခင်ကာ
ထိုင်လိုက်သည်။ ဆေးဆရာရွီလည် သူလည် သူရဲ့
ဖျားတိုလေးခင်းကာ ထိုင်လိုက်သည်။ သူမတို့
တောနက်ရဲခြောက်လှန့်နေသံကို ပိုမှောင်လာလေ
လေလေ ပို၍ကြားနေရသည် လဆန်းရက်မို့ လက
သာပါသည်။ ပတ်ဝန်းကျင်ကိုအလင်းရောင်ရပေ့မဲ့
သိပ်မလင်းချေ။ သူမတို့လည် တောရဲ့မာယာကိုသိ
နေလို အသံကြားလျှင်ထမကြည့်ရဲကြပေ။ ယခုချိန်
တော်က မအိပ်ရဲဘဲနှစ်စလုံးငုတ်တုတ်လေး ထိုင်
နေလျှက်ရှိတော့သည်။ ဒီလိုနဲညကတဖြေးဖြေနက်
လာသည်။ အသံတွေလည်လေတိုးသံလာ အပင်
တွေယိမ်းသံလာ မသဲကွဲဘဲ စူးနက်နက်အသံကို
ကြရသည်။ ဆေးဆရာရွှီက
"မော့ရန် ဒီမှာဆက်နေလိုမဖြစ်တော့ဘူးလား မသိ
ဘူး အသံတွေ တစ်မျိုးကြီးဘဲ"
"ဟာ ဦးလေးရွှီကကြောက်နေလိုပါ ဘာမှမဖြစ်ပါ
ဘူး စိတ်မပူပါနဲ"
သူမစကားမဆုံးခင်မှဘဲ ရုတ်တရပ် အလင်းရောင်
လုံးလေးတွေ အများကြီး အစိမ်းရောင် အပြာရောင်
မီးလုံးလေးတွေ တောနက်ထဲကနေ သူတို့ဆီသို့ဦး
တည်၍လာတော့သည်။ သူမက ထိုမီးလုံးလေး
တွေပျံဝဲလာသည်ကို ကြည့်၍လှပသည်ဟု ထင်မိ
သည်။ ဆေးဆရာရွှီက
"မော့ရန်ပြေးစို့ ဒါသူယောင်မယ် စုန်းတွေ မော့ရန်
ပစ္စည်းတွေသိမ်း သိမ်း ပြေးရအောင်"
ဆေးဆရာရွှီရဲ့အသံကြောင့် သူမလှပသည်ဟု အထင်နှင့် တွေးနေတာတွေရပ်သွားသည်။
"ဦးလေးရွှီ သူတို့ လူကိုအန္တရာယ်ပြုလိုလား"
"လူသားစားစုန်းတွေ ကိုက်ခံထိရင် သေပြီ ဆေးမ
ရှိဘူး"
ဆေးဆရာရွှီကပြောပြီ ရှေ့ကပြေးတော့သည်။ သူမလည် ဘုမသိဘမသိနှင့် အနောက်နေလိုက်
ပြေးလေတော့သည်။ သူတိုနှစ်ယောက်ပြေးလာ
ရာ လမ်းကြောင်းအတိုင်း ထိုသူယောင်မယ်စုန်း
တွေ လိုက်လာတော့သည်။ လမ်းကလည်မှောင်
နေသဖြင့် သူတို့နှစ်ယောက်ညနက်ထဲမှာ ပြေးသာ
ပြေးနေရသည် ဘယ်ရောက်လို ဘယ်ရောက်မှန်း
မသိချေ။ ပြေးရင်းပြေးရင်းနှင့် တောင်တစ်တောင်
ထိပ်ဖျားသို့ရောက်လေသည်။ သူတို့လည်ပြေးလာ
ရတာမောသဖြင့် ထိုတောင်ရဲ့ထိပ်ဖျားတွင် ပစ်လဲ
က အမောဖြေနေကြတော့သည်။ထိုနောက်က
လိုက်လာသော သူယောင်မယ်စုန်းတွေကိုတော့ မ
တွေ့ရတောပါ။ သူတိုလည် စိတ်ချပြီ  သူမမြေ
ပေါ်လဲချကာ အမောဖြေကြသည်။ သူမကောင်း
ကင်ကိုမော့ကြည့်မိရာ ကောင်းကင်နှင့်သူမ နီးကပ်နေသလို ဖြစ်နေတော့သည်။
"လှလိုက်တာ ကောင်ကင်ကြီးက ကြယ်တွေကလှ
လိုက်တာ ဒီလိုအနီးကပ်တစ်ခါမှမတွေ့ဖူးဘူး မိုး
ပေါ်ပျံနေရသလိုဘဲ ဦးလေးရွှီ"
"နင်ဘဲမိုးပေါ်ပျံ ငါတော့ အသက်လုပြီပြေးလာရ
တာ ဘာမှမခံစားနိုင်ဘူး"
သူမလဲနေရာမှာထကာ တောင်ပေါ်ကနေ အောက်ကိုကြည့်လိုက်သည်။ လရောင်မှိန်မှိန်
အောက်ကိုမြင်ရပေ့မယ်သစ်ပင်တွေသာတွေ့ရ
သည်။ သူမလည် သူမနှင့်မျက်နှာချင်ဆိုင်က လကိုကြည့်လိုက်ပြီ လခြမ်းလေးကွေးကောက်စွာ နှင့် လဘေးတစ်ဖတ်မှ ကြယ်စင် ခုနှစ်လုံးကို တွေ့လိုက်ရသည်။ လဘေးနားမှ ကြယ်တွေက
စိန်မှုံကျဲနေသလိုတွေ့ရသည်။ ထိုလဘေးတွင်
ကြယ်စင်ခုနှစ်လုံးမှာ ငါးလုံးမြောက်ကြယ်ကို မတွေ့ရခြေ။
"ဟင် ခုနှစ်စင်ကြယ်မှာ ကြယ်တစ်လုံးပျောက်နေ
ပါလား"
ထိုအချိန် ခုနှစ်ကြယ်ဆီမှာ မိန်းကလေးများရဲ့ရယ်
သံကို သူးနားဆီသို့ရဲရဲကြားရသည်။
"ခစ် ခစ် ခစ်  ခစ် ခစ် ……ခစ်ခစ်"
သူမက
"ဟင် ကြယ်တွေကရီနေပါလား"
သူအံသြစွာဖြင့် ကြယ်တွေကိုကြည့်နေရင်းနှင့်ဆေး
ဆရာရွှီက လှဲနေရာမှထလာပြီ
"မော့ရန်ဘာကြည့်နေတာလဲ"
"ဟို ခုနှစ်ကြယ်ဆီက ရယ်သံကိုကြားရတယ် ဦးလေးရွှီကြားရလား"
"မကြားရဘူး စိတ်ထင်တာနေမှာပါ"
"မဟုတ်ဘူး တစ်ကယ်ကြားရတာ မိန်းကလေး
တွေ့ရဲ့ရယ်သံပါ ဦးလေရွှီ"
"မကြားရပါဘူးမောရန် ဘာသံကိုမှမကြားရတာ"
"ဟို ခုနှစ်စင်ကြယ်ဆီကလာတဲ့ အသံဘဲဦးလေရွှီ"
"ခုနှစ်စင်ကြယ်က ဒဏ္ဍရီထဲမိန်းကလေးခုနှစ်ဖော်
လေ  အခုငါးလုံးမြောက်ကြယ်ကိုတော့မတွေ့
ရဘူး ဘယ်ရောက်သွားလဲမသိဘူး သမီးနှင့်ပတ်
သက်နေလားတော့မသိဘူး သမီးကိုမွေးတုန်းက
နတ်ကျွန်းကိုကြယ်ကြွေကျတယ် ငါလုံးမြောက်
ကြယ်ဟာ သမီးလား"
"မသိဘူး ဦးလေးရွှီ ခုနှစ်ကြယ်ကြောင်းသိလား"
"အင်း နည်းနည်းပါးပါးတော့သိတယ်"
"ပြောပြပါလား သိသလောက်လေး"
"ခုနှစ်စင်ကြယ်က ညီမ ခုနှစ်ယောက်စလုံး ကျိန်စာသင့်ပြီ အစိမ်းသေ သေကြတာ ဒါကြောင့် သူတိုညီမခုနှစ်ဖော်ကောင်းကင်မှာ ကြယ်စင်ခုနှစ်
လုံးဖြစ်လာကြတာလေ"
"ဟင် ဘယ်လိုကျိန်စာသင့်တာလဲ ဦးလေးရွှီ"
"ကောင်းကင်က နတ်မင်းကြီးမှာ နတ်သမီးလေး
ခုနှစ်ယောက်ရှိတယ် သူတို့က နတ်ပြည်ဥယျာဉ်မှ
ပျော်ရွှင်စွာနေကြတယ် သူတိုဟာ ကောင်းကင်မှာ
နေလာတာကြာတော့ ပျင်းလာကြတယ်  ကောင်း
ကင်ကနေ လူပြည်ကိုကြည့်ပြီ လူပြည့်ဟာ သိပ်လှ
ပတယ် လူပြည်ကို အလယ်သွားချင်တယ်လို
နတ်မင်းကြီးမှ ပူဆကြတယ် နတ်မင်းက ခွင့်မပြု
တော့ နတ်မင်းအမိတ်ကို ဆန့်ကျင့်ပြီ လူပြည်သို့
ဆင်းကြသည်။ ထိုဆင်းကြတယ် ညီမခုနှစ်ယောက်
တည်းမှာ လေးယောက်မြောက် ဂီးရီနတ်သမီးလေး
က မပါသွားဘူးတဲ့ လနတ်သမီးဆီ အလယ်သွား
နေလိုကျန်ရစ်ခဲ့တယ် ကျန်ညီမခြောက်ယောက်က
တော့လူပြည့်ရဲ့ဘယ်နေရာရောက်မှန်းကို မသိဘဲ
ဆင်းလာကြတယ် သုတို့ဆင်းလာပြီ လယ်ကွက်
ကြီးဆီကို ရောက်သွားကြတယ် သူတို့က လူပြည်
ကို ရောက်လာပေ့မယ် ဘယ်သွားရမယ်မှမသိ
ကြချေ။ ထိုအချိန်မှာကောင်းကင်ကတစ်ခု ကျလာ
သည်ကို ထိုတိုင်းပြည့်က ဘုရင့်သားကတွေ့ပြီ
ကောင်ကင်းက ဆင်းကျလာတာကို လိုက်ရှာတော့
သည်။ နတ်ပြည်မှာတော့ ဂီးရီနတ်သမီးလေးဟာ
လနတ်သမီးနှင့် စကားပြောပြီ သူညီမတွေဆီပြန်
လာတာပေါ့။ သူလာတော့ သူညီမတွေကို မတွေ့
ရသဖြင့်သူစိတ်ပူသွားသည်။ သူမလူပြည်ကိုနတ်
ပြည်ကနေကြည့်လိုက်ရာ သူညီမတွေဘယ်သွား ဘယ်လာရမှန်းမသိ ဖြစ်နေတောသည် ကိုမြင်ရ
သည်။ ဒါကြောင့်ဂီရီနတ်သမီးလေးက ကောင်းကင်
ကနေ သူညီမတွေ နတ်ပြည်ပြန်တတ်လာဖို့ သူမ ၏ကြယ်အလင်းရောင်ဖြင့် မိုးပေါ်ကနေ ထိုးပြပေး
တယ် သူညီမတွေကလည်ဂီးရီခေါ်နေတာကို ငြင်းဆိုကြတော့သည်။ ထိုအချိန်မင်းသားလေးက ထိုကောင်းကင်ကကျလာသော အလင်းကြောင့် သူညီမတွေရှိတဲ့နေရာကို အလင်းရောင်ကြောင့်
ရဲမက်တွေနှင့် လာကြတော့သည်။ ထိုလူတွေအ
များကြီး လယ်ကွင်းဆီသိုလာကြသည်ကို ဂီရီလေး
ကမြင်တော့ သူအလင်းရောင်ကို သူပြန်သိမ်းလိုက်
သည်။ လူပြည်ကသူညီအမတွေ လည် လူတွေအ
များကြီးလာနေသဖြင့် ကောက်ရိုပုံကို ဖန်တီးက
ကောက်ရိုပုံထဲဝင်ပုံကြတော့သည်။ မင်းသားလေး
လည်ကောက်ရိုးပုံနားရောက်လာပြီ အလင်းရောင်
ကပျောက်သွားသဖြင့် ဒါလူမဖြစ်နိုင်ဘူး မိစ္ဆာမြူး
တယ်လို ထင်ကာ ကောက်ရိုးပုံကို မီးရှို့လေးတော့
သည်။ သူကောက်ရိုးပုံးကို မီးရှို့နေရင်း ကောက်
ရိုပုံဆီကာ ရောင်စဉ်ခြောက်တန်း ဟာ မီးလောင်း
ကျွမ်းပြီကောင်းကင် သို့တတ်လေတော့သည်။
မင်းသားလည် ထိုအဖြစ်ပျက်ကို ကြည့်ပြီ အံသြမိ
တော့သည်။ သူမီးရှို့မိတာ မှားပြီ ထင်ပြီ မီးကို ငြိမ်
သတ်ခိုင်းပေ့မဲ့ မီးက ကောင်းကင်ထိ လောင်ကျွမ်း
လေတော့တယ် ဒါကို နတ်မင်းကြီးက စိတ်ဆိုးပြီ
သူ၏သမီးခုနှစ်ဖော်ကို ကန့်သတ်နယ်မြေထဲ၌
ထား၍ အပြစ်ပေးထားတော့သည်။ တစ်ယောက်
တလှည့်ဆီ လူပြည်သို့ ဆင်း၍ သာမာန်လူထက်
ပို၍နာကျင်စေသော နာကျင်မူကို ခံယူရန်အပြစ်
ပေးတယ် လိုဆိုကြတော့သည်။ ယခုကောင်းကင်
မှာ ငါလုံးမြောက်ကြယ်မရှိဘူးဆိုတော့ အခုအပြစ်
အလှည့်ကာ ငါလုံးမြောက်ကြယ် ဒေဝီအလှည့်ဘဲ
ထင်တယ်"
"ဒေဝီ "
"အင်း ဒေဝီ အလှည့်ဘဲ ဒေဝီ ပန်းဘုမလိုခေါ်တဲ့
ဒေဝီနတ်သမီးလေးအလှည့်ဘဲ"
"သမီးများလား ဒေဝီဟာ"
"အဲဒါတော့ ငါလည်မပြောနိုင်ဘူးမော့ရန်"
"ဒါဆို ဂီးရီကရော ဘာလိုကျိန်စာသင့်တာလဲ သူမှ
လူပြည်မဆင်းတာ"
"သူမကအပြစ်ပေးတာကို သူညီမတွေနဲအတူတူခံ
ယူလိုက်တယ် ဓူဝံကြယ်မင်းကြီးက နတ်သမီးခု
နှစ်ဖော်ထဲမှာ ဂီးရီးကို အချစ်ဆုံးဖြစ်၍ အပြစ်ပေး
ထားပေ့မယ် လွတ်လပ်စွာနေခွင့်ပေးထားတယ်"
"ဒီလိုလား ဒါဆို ကျန်တဲ့ညီမတွေက အပြစ်ခံယူ
ရတော့ပေါ့ဟုတ်လား ဦးလေးရွှီ"
"ဟုတ်တယ်မော့ရန်"
"ဦးလေးရွှီ သမီးက ဒေဝီများလား"
"ဘာဖြစ်လိုလဲ မော့ရန်"
"သမီးအခု အပြစ်ပေးခံနေရသလိုဘဲ"
"ငါမသိဘူးမော့ရန် ငါမပြောနိုင်ဘူး ဒါက သမီးရဲ့ကံပါဘဲ"
"ကောင်းပါပြီ ဦးလေးရွှီ"
"ငါတော့တရေးတမောအိပ်ဦးမယ် သမီးလည်
တရေးလောက်နားလိုက်ပါ"
ဆေးဆရာရွှီက သူမကိုပြောဆိုပြီ တောင်စောင်း
လေးမှာ လှဲအိပ်လိုက်သည်။ သူမကတော့ လနှင့်
ခုနှစ်ကြယ်ကိုသား ငေးကြည့်ရင်းပြုံးနေမိသည်။
တစ်ညလုံးသူမ ကောင်းကင်ကိုသားငေးကြည့်နေမိ
သည်။ မနက်ရောင်ချည်ကလင်းလာသည်။ သူမ
တရေးမှမအိပ်ရသေးချေ။ ဆေးဆရာရွှီက နိုးလာပြီ
"မိုးလင်းတော့မယ်မော့ရန် ထင်တယ် ငါတို့ပြန်ရ
အောင်"
သူလှည့်လိုကြည့်လိုက်ပြီ ဆေးဆရာရွှီကိုပြုံးပြကာ
"ဟုတ်ကဲ့ ဦးလေ "
သုမတို့ သူတို့ပစ္စည်းတွေ သယ်ကာဖြင့်တောင်
ပေါ်မှာပြန်ဆင်းလာကြတော့သည်။ သူတို့နှစ်
ယောက် တောအထပ်ထပ်တောင်တွေ ကျော်ဖြတ်
ကာနေ့လည်လောက်မှာ နတ်ကျွန်းသို့ပြန်ရောက်
တော့သည်။
                              
အပိုင်း(12)ပြီး၏စာဖတ်သူများအားလေးစားလျှက်
အပိုင်းဆက်များကို သည်းခံပြီစောင့်ကြပေးပါနော်
အလုပ်တစ်ဖတ်နှင့် အားတဲ့အချိန်လေးရေးတင်
ပေးရတာမို့ပါ။ အချိန်အတိအကျနှင့်မတင်ပေးနိုင်
တာနားလည်းပေးကြပါနော်။
                        စာရေးသူ…လင်းသုခ

Post a Comment