ကျောက်ကပ်ရောဂါအတွက် သဘာဝဆေးနည်း
ကျောက်ကပ်ရောဂါဟာ အသက်အန္တရာယ်အတွက် အလွန်အရေးကြီးတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကျောက်ကပ်ဝေဒနာကို ကုသနေရသူများဟာ ငွေကြေးကုန်ကျမှုလည်း အလွန်များပြားလှပါတယ်။
ယခုဆိုလျှင် အနောက်တိုင်းသားများဟာလည်း ဘေးထွက်ဆိုးကျိုးမရှိသည့် သဘာဝကျကျ သစ်ဥ သစ်ဖုများနှင့် အသီးအနှံများဖြင့် ဖော်စပ်ပြီး သုံးစွဲရသည့် သဘာဝဆေးနည်းများကို အားကိုပြီး သုံးစွဲလာနေကြပါပြီ။
ဒါ့ကြောင့် ကျောက်ကပ်အတွက် သဘာဝဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။
၁။ ကျောက်ဖရုံသီး ဟင်းချိုကို အသား၊ ငါးတို့မထည့်ပဲ မကြာခဏ ချက်ပြီး သောက်ပေးပါ။
၂။ တရုတ်နံနံပင်ကို (၅)ရွက်ခန့် ရေနွေးထဲ ထည့်စိမ်ပြီး သောက်ပါ။ အရွက်စိမ်း၊ အရွက်ခြောက်တို့ကို လက်ဖက်ခြောက်ခပ်သလို ခပ်၍ သောက်ပါ။ အဖတ်များကိုလည်း ၀ါးစားနိုင်ပါတယ်။ ညစာစားပြီး အိပ်ယာမ၀င်ခင် ည(၇) နာရီခန့်တွင် သောက်လျှင် အသင့်တော်ဆုံးပါ။
၃။ ကျောက်ကပ်ကြောင့် ဗိုက်အောင့်ဗိုက်နာနေလျှင် ကျောက်ဖရုံသီးကို ခွဲ၍ အူတိုင်ကို ထုတ်ပြီး အတွင်းသားဖြင့် ကျောက်ကပ်ရှိသည့်နေရာသို့ ကပ်၍ စည်းထားပါ။ တဖြေးဖြေး သက်သာလာပါလိမ့်မည်။
၎။ ရေပူစမ်းနှင့်နီးပါက တစ်ပါတ်တစ်ကြိမ် ချိုးပေးပါ။ ရေပူစမ်းမရှိပါက
ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။ ချွေးထုတ်ပါ။
၎င်းသဘာဝနည်းများကို ပြုလုပ်ပေးပါက (၃)လအတွင်း ကျောက်ကပ်ရောဂါ လုံးဝသိသာစွာ သက်သာလာပါလိမ့်မည်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား - မြန်မာတို့အတွက် ဆေးနည်းကောင်းများ
Credit : ဆေးနည်းမှတ်စု
ကျောက်ကပ်ရောဂါတွက် သဘာဝဆေးနည်း
in
ကျောက်ကပ်ရောဂါတွက် သဘာဝဆေးနည်း
- on 10:00 AM
- No comments
Post a Comment