အရိုးအိုးအတွင်းမှဓားတစ်‌‌ချောင်း
``အရိုးအိုးအတွင်းမှဓားတစ်​​ချောင်းပုံပြင်​´´
     *​နေထွဋ်​​နောင်​​ရေးသားသည်​.......
( လွန်​ခဲ့​သောနှစ်​​ပေါင်း ၇၀ ​ကျော်​ )
    ``ဟဲ့​ကောင်​​လေး​တွေ ခြင်းခတ်​​နေတာမပြီး​သေးဘူးး လာမြန်​မြန်​​ရေချိုးပြီးအိမ်​​ပေါ်တက်​လာခဲ့ကြ​တော့...´´...................
``ဟုတ်​ မကြီး ခန​လေးပါအခုလာ​တော့မှာပါ...´´..................
  ဒီလိုနှင့်​ထိုဘုမသိဘမသိအိုးကြီးကို ညီအကို​နှစ်​​ယောက်​သား တူး​ဖော်​ယူလိုက်​ကြပြီး ​ရေချိုးပြီးနောက်​ သူတို့တဲပေါ်သို့သူတို့နှစ်​ဦးပြန်​တက်​လာခဲ့ကြပါ​တော့သည်​... အချိန်​ကဂျပန်​​ခေတ်​ကြီးအတွင်းတွင်​ မြန်​မာပြည်​မှလူတိုင်းလိုလိုစီးပွား​ရေးကြပ်​တည်း​နေကြချိန်​... မြန်​မာပြည်​ဧရာဝတီတိုင်းအတွင်းငမြင်း​ချောင်း​ကျေးရွာက​လေးတွင်​ မတင်​​မေနှင့်​​မောင်​နှစ်​ဦးတို့ကရွာထဲရှိသူတို့​နေအိမ်​အတွင်းတွင်​ ထိတ်​လန့်​တုန်​လှုပ်​​နေကြပါသည်​..............
သူတို့ထိတ်​လန့်​မည်​ဆိုလျှင်​လဲထိတ်​လန့်​စရာပင်​​.... အ​ကြောင်းမှာယ​နေ့ညဓားပြတိုက်​​တော့မညဆို​သောသတင်းပင်​.... ထိုသတင်းကကျယ်​ကျယ်​ပြန့်​ပြန်​ထွက်​​ပေါ်​နေပြီး ​သေလဲ​သေချာသ​လောက်​ပင်​.... မိဘဖြစ်​သူများကလဲ သားကြီးနှစ်​ဦးနှင့်​အတူ ​လှေတစ်​စီးဖြင့်​ အ​ရောင်းအဝယ်​​လေးလုပ်​ဖို့ရန်​ ခရီးထွက်​​နေကြသည်​မဟုတ်​ပါလား...............
     ယခု​တော့ အပျိုမ​လေး မတင်​​မေနှင့်​ လူပျိုမကျက​လေးမကအရွယ်​​မောင်​က​လေးနှစ်​ဦးတို့က အ​ကြောက်​တရားကြီးစွာ​သောညတစ်​ညကိုဖြတ်​သန်းရ​ပေ​တော့မည်​.... ယခု​တော့ ညဦးပိုင်း ​စော​စောစီးစီး​ရေနံဆီမီးခွက်​ကိုပင်​ မထွန်းရဲပဲ​မောင်​နှမသုံးဦးသား တူတူပူးကပ်​ပြီး အ​ကြောက်​ပို​နေကြ​လေပြီ........
     ``မကြီး​ရေ ဓားပြ​တွေဒီညလာတိုက်​မယ်​ဆိုတာ တကယ်​လားဟင်​...´´................
   ``ကြားတာပဲ ​မောင်​​လေးရယ်​ လာချင်​မှလဲလာမှာပါ...´´................
    ``လာရင်​လဲ သားတို့ပြန်​ချမယ်​​နော်​ မကြီး... သားမှာလဲဓားရှိတယ်​​လေ...´´..................
   ဓား​ထောင်​ပြရင်း​ပြောလာ​နေ​သော ​မောင်​အငယ်​​မောင်​တင်​​ထွေးကိုကြည့်​ပြီး မတင်​စိန်​သက်​ပြင်းသာချလိုက်​မိပါသည်​... တကယ်​​တော့ ၁၃ နှစ်​သား​မောင်​အငယ်​​မောင်​တင်​​ထွေးနှင့်​ ၁၅ နှစ်​သား​မောင်​တ​င်​အောင်​တို့နှစ်​ဦးမှာ သူခိုးဓားပြများကို ခုခံနိင်​စွမ်းရှိ​သောအသက်​အရွယ်​လဲမဟုတ်​ပါ.... ပြီး​တော့ ဓားပြဆိုသည်​မှာတစ်​​ယောက်​နှစ်​​ယောက်​ထဲလာတတ်သောအမျိုးအစားလဲ မဟုတ်​ကြ​ကြောင်းသူမသိ​နေသည်​မဟုတ်​ပါလား.................
     ``ဓားပြ​တွေကိုခံချဖို့ဆိုတာ ​မောင်​​လေးတို့အသက်​အရွယ်​နဲ့ဆို ဘယ်​လိုမှမဖြစ်​နိင်​ဘူး​လေ... သူတို့လာခဲ့ရင်​ အသာတကြည်​သာ သူတို့လိုချင်​တာ​ပေးလိုက်​ကြတာ​ကောင်းပါတယ်​ကွယ်​... ပြန်​ချဖို့စိတ်​မကူးရဘူး​နော်​ မမ​ပြောတာကြားလား...´´...............
   ``ဟင်​မမကလဲဗျာ သားတို့မှာ ဓား​တွေရှိ​နေတာပဲဟာကို...´´...............
   ``ဓား​တွေကို သွားသိမ်းထားလိုက်​စမ်း​မောင်​တင်​​ထွေး မမ​ပြောတာနား​ထောင်​ကြ​နော်​ ကြားလား...´´.................
    ဒီလိုနှင့်​​မောင်​နှမသုံးဦးသား ​ကြောက်​​ကြောက်​လန့်​လန့်​ ညအိပ်​ယာဝင်​လာခဲ့ကြပြီး​နှောက်​ တိတ်​ဆိတ်​ငြိမ်​သက်​ခြင်းကသာကြီးစိုး​နေပါ​တော့သည်​... ထို​ကြောက်​လန့်​မှုကြောင့်​လဲ သူတို့​မောင်​နှမသုံးဦးစလုံးမည်​သူမှ အိပ်​​ပျော်​နိင်​စွမ်းမရှိကြပဲ အ​ရေးထဲတွင်​အဖာတစ်​ရာဖြစ်​​နေ​သော ခြင်​​ထောင်​အတွင်းမှခြင်​များကလဲ သူတို့သုံးဦးကိုလှည့်​ပတ်​ကိုက်​ခဲ​နေကြပါ​တော့သည်​.................
   အချိန်​တို့ကတ​ရွေ့​ရွေ့ဖြတ်​သန်းလာ​နေပြီး​နောက်​ ညသန်း​ခေါင်​ယံအချိန်​သို့ပင်​နီးကပ်​လာ​နေ​လေပြီ.... ထိုအချိန်​တွင်​အ​ဝေးဆီမှ​ခွေး​ဟောင်​သံအချို့ကိုလဲသဲ့သဲ့မျှကြားလာ​နေရ​သော​ကြောင့်​ သူတို့ရင်​တွင်းကိုလဲ အ​ကြောက်​တရားကပိုသည်​ထက်​ပိုလာ​စေပြန်​ပါသည်​................
    ``မကြီး သားအီးအီးပါချင်​တယ်​...´´.................
   ``ခက်​တာပဲတင်​​ထွေးရယ်​ အရမ်းပါချင်​​နေရင်​လဲ ​နောက်​​ဖေး​ရေကပြင်​က​နေသာပါချလိုက်​...မင်း​ကြောက်​​နေရင်​မမ​စောင့်​​နေ​ပေးမယ်​...´´..............
   ``ဟင်​အင်း သားရှက်​တယ်​ မကြီး အိမ်​သာအပြင်​ကပဲ​စောင့်​​နေ...´´..............
   ``​မင်းက​တော့ အ​ရေးအ​ကြောင်းဆိုရင်​လုပ်​ပြီ... ကဲလာလာ ထထ...´´..............
   ``သားလဲလိုက်​မယ်​မမ သားလဲ​သေး​ပေါက်​ချင်​တယ်​...´´...............
   ထိုစဉ်​မှာပင်​မတင်​စိန်​တစ်​​ယောက်​အိုးတစ်​လုံးကို​နောက်​​ဖေး​ရေကပြင်​ငပိအိုးအနီးတွင်​​တွေ့လိုက်​ရပါသည်​..... ထိုအိုးကသူမအရင်​ကမ​တွေ့ဖူး​သောအိုးတစ်​လုံး.... အခုဒီ​နေရာမှာဒီအိုးကဘယ်​လိုများ​ရောက်​​နေတာပလိမ့်​ဟု​သောအ​တွေးဖြင့်​ သူမကထိုအိုးကိုစူးစိုက်​ကြည့်​​နေမိပါသည်​..................
   ``ဟဲ့​ကောင်​​လေး​တွေ ဒီအိုးကဘယ်​ကအိုးကြီးတုန်း...´´................
  ``အဲ့တာတင်​​ထွေးလယ်​တောထဲက ​တွေ့လို့ တူးယူလာတာ​လေ​မမ...´´...............
   ``ဟဲ့ တင်​​ထွေး​ရေ နင်​က​လေ ​ပေါက်​ကရ ဘယ်​ကအိုး​ဟောင်းကြီးကို အိမ်​​ပေါ်ယူလာရတာတုန်း...´´...............
   ``အိုးကလက်​ရာလှတယ်​ မကြီးရဲ အပဲ့အစင်​​တောင်​မပါဘူး... လာပါ မမရဲ့ သား​အီးတအားပါချင်​​နေပြီဗျ...´´................
   ဒီလိုနှင့်​ သူတို့​မောင်​နှမသုံးဦးသား ​နောက်​​ဖေး​ရေကပြင်​မှဆင်းလာကြပြီးတင်​​ထွေးက​တော့အိမ်​သာတက်​​နေ​လေပြီ... တင်​​အောင်​ကအိမ်​သာန​ဘေးတွင်​​သေး​ပေါက်​​နေပြီး မတင်​စိန်​က​တော့ သူမအလှည့်​​ရောက်​​အောင်​ တင်​​ထွေးပြီးသည်​အထိ​စောင့်​ရ​ပေအုံး​တော့မည်​.... ခန​နေ​တော့ တင်​​ထွေးအိမ်​သာ​ပေါ်မှဆင်းလာပြီး မတင်​​မေလဲသေးအမြန်​တက်​​ပေါက်​ပြီးနောက်​သူမတို့​မောင်​နှမသုံးဦးသားအိမ်​​ပေါ်သို့အမြန်​ပြန်​​ပြေးတက်​လာခဲ့ကြပါ​တော့သည်...............
   သူမတို့အိမ်​​ပေါ်သို့ပြန်​​ရောက်​လာလို့မှ မကြာလိုက်​ပါ... ​ခြေသံများကသူမတို့လယ်​တဲဘက်​သို့လာ​နေသံကိုကြား​နေရပါသည်​.... ထို့​ကြောင့်​လဲအိပ်​မ​ပျော်​နိင်​​သေး​သောသူမတို့​မောင်​နှမသုံး​ယောက်​သားအ​ကြောက်​လွန်​​နေကြ​လေပြီ....ခနအကြာတွင်​​တော့ သူမတို့အိမ်​​ရှေ့တံခါးကို တဝုန်းဝုန်းထုနှက်​သံများလဲ အဆက်​မပျက်​ထွက်​​ပေါ်လာ​နေပါ​တော့သည်​................
      ``​ဟေ့ တံခါးဖွင့်​ကြစမ်းကွ... တဲပါပြိုသွားချင်​ကြတာလားကွ...´´..............
     တံခါးကိုတဝုန်းဝုန်းထုနှက်​​နေသံများနှင့်​အတူ ​​အော်​ဟစ်​ကြိမ်း​မောင်းသံများကပါ ကျယ်​​လောင်​စွာထွက်​​ပေါ်လာ​နေပါသည်​... တံခါးကခိုင်​ခန့်​လွန်းလှသည်​မဟုတ်​​သော​ကြောင့်​ ခပ်​ကြမ်းကြမ်း​ဆောင့်​ကန်​လိုက်​လျှင်​တံခါးရွက်​များပါ လွင့်​စင့်​ထွက်​လာပြီးတဲ​ရှေ့ပိုင်းပါပြိုကျပျက်​စီးသွား​ပေ​တော့မည်​....မတင်​​မေကတစ်​စုံတစ်​ရာကိုအပြင်းအထန်​စဉ်းစား​တွေး​တော​နေမိပါသည်​....​နောက်​ဆုံး​တော့ဆုံးဖြတ်​ချက်အခိုင်​အမာချလိုက်​ပြီးခြင်​ထောင်​ထဲမှ ထထွက်​ရန်သာပြင်​လိုက်​ရပါ​တော့သည်​.................
   ``​မောင်​​လေးတို့ ထထ... မမ တံခါးသွားဖွင့်​​ပေးလိုက်​မယ်​... မင်းတို့က တံခါးရွက်​တစ်​ဖက်​စီမှာအသာ​လေးရပ်​ပြီးပုန်း​နေကြ.... သူတို့ကိုမမတံခါးဖွင့်​​ပေးလိုက်​ရင်​ မင်းတို့ကိုတံခါးရွက်​ကဖုံးပြီးသားဖြစ်​​နေလိမ့်​မယ်​... မမဘာပဲဖြစ်​ဖြစ်​မင်းတို့ထွက်​မလာနဲ့​နော်​ ဆက်​ပုန်း​နေကြ အသံလဲမထွက်​​စေနဲ့​နော်​ ကြားကြလား...´´...................
   ``ကျွန်​ ကျွန်​မအိမ်​မှာ ဘာမှ မရှိပါဘူးရှင်​... ကျွန်​မကိုချမ်းသာ​ပေးပါ...´´...............
   ``မင်း​ပြောတိုင်းယုံရမှာလား က​လေးမရဲ့... ဓားပြတိုက်​​နေတာ​နော်​ အလှူ ခံကြွ​နေတာမဟုတ်​ဘူး..ဟားဟား ဟားဟား...´´...............
     မတင်​​မေတစ်​​ယောက်​​ကြောက်​လန့်​​နေ​ကြောင်း သူမ၏ဒူးနှစ်​လုံးတဆတ်ဆတ်​ခါ​နေခြင်းအပြင်​​မေးများပင်​ရို​က်​ခါ​နေခြင်းဖြင့်​သိနိင်​​ပါ​လေသည်​.. တဲကစုပ်​ပြတ်​​နေပြီး ဘာတန်းဖိုးရှိသည်​ပစ္စည်းမှရှိပုံမရပါ... ယခု​တော့ တဲအတွင်းတစ်ခုတည်း​သော အဖိုးတန်​ပစ္စည်းအဖြစ်​အပျိုမ​လေးမတင်​​မေကိုကြည့်​ပြီး ဓားပြများကစိတ်​​ပြောင်းကုန်​ကြ​လေပြီ.... ဓားပြဗိုလ်​လုပ်​သူကလဲ ဦးဦးဖျားဖျားပွဲ​တော်တည်​ရမည့်ပုဏ္ဏားပမာ လျှာကိုပင်​သပ်​​နေ​လေပြီ...............
   ``ကျွန်​ ကျွန်​မ​တောင်းပန်​ပါတယ်​ရှင်​... ရှိသမျှကြိုက်​တာယူပါ လူကို​တော့ချမ်းသာ​ပေးပါရှင်​...´´.............
   ``ရှိသမျှချမ်းသာ​ပေးရ​အောင်​ မင်းမှာ ဘာပစ္စည်းမှမရှိပဲကွ... ဒါနဲ့မင်းတစ်​​ယောက်​ထဲ​နေတာ​လား မင်း​ယောက်ျား​ရော ဘယ်​သွားပုန်း​နေတာတုန်း...´´................
      ``ကျွန်​မ ကျွန်​မက အပျိုပါ မိဘ​တွေခရီးသွား​နေကြလို့...´´..............
   ``ဘာရယ်​ အပျို ဟုတ်​စ.. တယ်​ဟုတ်​ပါလားကွ အပျိုဆိုတော့ပို​ကောင်းတာ​ပေါ့ က​လေးမရယ်​.... ပျို​လေကြိုက်​​လေပဲကွ ဟားဟား ဟားဟား...´´...............
       ဓားပြဗိုလ်​စကား​ကြောင့်​ သူ့တပည့်​ဓားပြများပါပွဲကြကုန်​ကြုပြီးတဟားဟားဝိုင်းပြီး သူတို့​ခေါင်း​ဆောင်​နှင့်​​ရောကာရီ​မော​နေကြ​လေသည်​.... သူတို့ကလဲ ခြ​င်္သေ့မင်းအနားမှ​မြေေ​ခွးများပမာ ဓားပြဗိုလ်​စားပြီး အရိုးကိုက်​ရချည်​ရဲ့ဆို​သော ရာဂထန်​​နေ​သောမျက်​နှာ​ပေးများကိုယ်​စီဖြင့်​ပင်​...............
   ``ရှင်​​ ရှင်​​နော်​ ... ကျွန်​မလက်​ကိုမထိနဲ့...´´...............
   ``လက်​က​လေးထိတာများ ဘာဖြစ်​လို့လဲ က​လေးမရယ်​... ကျုပ်​က လက်​အပြင်​တစ်​ကိုယ်​လုံးကိုပါထိ​ပေးလိုက်​အုံးမှာကွ ရှက်​မ​နေပါ​တော့နဲ့ က​လေးမရယ်​ လာခဲ့စမ်းပါ ဟဲဟဲ...´´.................
    ယခု​တော့ မတင်​​မေက​ပြေး ဓားပြဗိုလ်​က လို​က်​ဆွဲရင်းဖြင့်​​နောက်​​ဖေး​ရေကပြင်​သို့ပင်​​ရောက်​ရှိ​နေ​လေပြီ.... မတင်​​မေတစ်​​ယောက်​​​ခြေချော်​လဲသွားရင်း ထမီများကလဲလှန်​​နေပြီး လဲကျ​နေ​သောသူအ​ပေါ်မှ ဓားပြဗိုလ်​က အ​ပေါ်စီးမှခွစီးထားပြီး သူမပါးပြင်​များကို သူ့မုတ်​ဆိတ်​ထူထူအဆီတဝင်းဝင်းမျက်​နှာကြီးဖြင့်​ အတင်းငုံနမ်း​နေပါသည်​.... ကျန်​လက်​တစ်​ဖက်​ကလဲ လှန်​​နေ​သောထမီ​အောက်​မှ ​ပေါင်သားဖြူ ဖြူ ​လေးများကိုပွတ်​သပ်သုံးသပ်​ရင်း တ​​ဘောကျစွာတဟဲဟဲရီ​မော​နေကြပါ​တော့သည်​.................
   မတင်​​မေက သူ့မကိုယ်​သူမ ဘဝဆုံးပြီ​ဆိုသော အသိစိတ်​ဖြင့်​ထိ​တ်​လန့်​​ခြောက်​ခြား​နေပြီး အသံကုန်​အော်​ဟစ်​ရုန်းကန်​​နေရှာပါသည်​.... ရှက်​ရွံ့ခြင်း ​ခြောက်​ခြားခြင်း ​ဒေါသထွက်​ခြင်းဟု​သောတရားသုံးပါးကလဲ သူမရင်​တွင်းတွင်​တပြိုင်​နက်​ထဲကြီးစွာဖြစ်​တည်​​ပေါ်​ပေါက်​​နေရှာပါ​သေးသည်​.... တံခါး​နောက်​ထဲမှ သူမ​မောင်​​လေးနှစ်​ဦးဖြစ်​ကြ​သော တင်​​အောင်​နှင့်​တင်​​ထွေးတို့ကလဲ ဓားပြအုပ်​ကြီးကိုထွက်​ချချင်​စိတ်​နှင့်​ ​ကြောက်​စိတ်​ကိုခံစား​နေကြရင်းချီတုံချတုံဖြစ်​​နေရှာပါ​တော့သည်​.................
    ထိုစဉ်​ပက်​လက်​ရုန်းကန်​​နေရှာ​သေး​သော မတင်​​မေလက်​တစ်​ဖက်​ကလွတ်​သွားပြီး ​ခေါင်းအ​နောက်​သို့အားကိုးရာတခုခုလိုက်​စမ်း​နေမိရာ ​မောင်​တင်​ထွေးလယ်​​တောထဲမှရလာ​သော အိုးကိုတိုက်​မိပြီးအိုးလဲကျသွားခြင်းနှင့်​အတူ အံကျပိတ်​​နေ​သော အိုးအဖုံးပါပွင့်ထွက်​သွားပြီး အိုးထဲလက်​နှိုက်​စမ်းမိ​နေ​သော သူမကအိုးအတွင်းမှတစ်​စုံတစ်​ရာစမ်းသပ်​မိသွားပါသည်​................
    ဓားပြဗိုလ်​လုပ်​သူက သူမအဝတ်​များကို ဆွဲဖြဲနေရင်းတစ်​ဝက်​တစ်​ပျက်​​ပေါ်ထွက်​လာ​နေ​သော အပျို စင်​မ​လေး၏ရင်​သားနှစ်​မွှာကိုအငမ်းမရရှိ​နေစဉ်​မှာပင်​ သူမခန္ဓာကိုယ်​ကရုတ်​ချည်း​ပြောင်းလဲသွား​ကြောင်း ခံစားလိုက်​ရပါသည်​... ​ပြောင်းလဲခြင်းမှာ အခြားမဟုတ်​ပဲသူမခန္ဓာကိုယ်က​အေးစက်​လာ​နေခြင်းပင်​.... ထိုအ​ခြေအ​နေကိုသူနားမလည်​နိင်​​တော့ ပြီး​တော့ ဆံတုံးပြယ်​​လျော့​နေပြီး ​ခေါင်းစုတ်ဖွားဖြစ်​​နေ​သော သူမမျက်​နှာကဖြူ ဆုတ်​ဆုတ်​ကြီးဖြစ်​​နေခါ မျက်​လုံးမျာက​တော့ နက်​မှောင်​​နေပြီး အ​ရောင်​ပင်​ထွက်​​နေသလိုမြင်​လာ​နေရပါသည်​..............
    တဲအတွင်းဓာပြအချို့ကမီးဒုတ်​များကိုင်​ထား​ကြ​သော​ကြောင့်​လဲ ထိုအ​ခြေအ​နေကသိသာထင်​ရှားစွာမြင်​​တွေ့လိုက်​ရပါသည်​..... သူမသည်​အားပါ​သောလှုပ်​ရှားမှု့အဖြစ်​ လက်​တစ်​ဖက်​​မြှောက်​သွားခြင်​နှင့်​အတူ သူမလက်​အတွင်းမှ အရာကအ​ရောင်​တစ်​ချက်​လက်သွားခဲ့ပါသည်​.... ထိုအရာဖြင့်​ဓားပြဗိုလ်​​ကျောကုန်းကိုထိုစိုက်​ချလိုက်​သကဲ့သို့ရှိပြီး တဆက်​ထဲဓားပြဗိုလ်​ပါးစပ်​မှ နာနာကျည်းကျည်း​အော်​ညည်းသံကလဲ ကျယ်​လာင်​စွာထွက်​​ပေါ်လာပါ​တော့သည်​................
   ထိုအရာသည်​ဓားတစ်​လက်​ဖြစ်​​နေပြီး ထိုဓားဖြင့်​အချက်​​ပေါင်းများစွာ ဓားပြဗိုလ်​​ကျောကိုအဆက်​မပျက်​ထိုးစိုက်​နေ​သော​ကြောင့်​ ဓားပြဗိုလ်​က​အော်​ပင်​မ​အော်​နိင်​​တော့ပဲ အသက်​ထွက်​​လေပြီ.... သူမကဓားပြဗိုလ်​ကိုဆွဲ​မြှောက်​တွန်းထုတ်​လိုက်​ရာ ဓားပြဗိုလ်​အ​သေ​ကောင်​ကြီးက တဲအမိုးနှင့်​ထိသွားသည်​အထိလွင့်​စင်​​မြောက်​တက်​သွားခဲ့ပါ​တော့သည်​....မယုံနိင်​စရာမြင်​ကွင်း​ကြောင့်​ ကျန်​ဓားပြများရုတ်​တရက်​ကြက်​​သေ​သေကုန်​ကြ​လေပြီ... ရုတ်​တရက်​ဘာလုပ်​ရမှန်းမသိ​အောင်​ဖြစ်​သွားပြီးမှ ဓားများဖြင့်​ချိန်​ရွယ်​ရင်း မတင်​​မေကိုခုတ်​ပိုင်းကြရန်​ ​ပြေးဝင်​လာကြပါ​တော့သည်​..................
  သို့​သော်​ မတင်​​မေသည်​သာမန်​မိန်းက​လေး တစ်​ဦးဖြစ်​​သော မတင်​​မေနှင့်​လုံးလုံးလျားလျားမတူ​တော့ပါ.... လွန်​စွာလျှင်​မြန်​ပြီးကြမ်းတမ်းလှ​သော မတင်​​မေဖြစ်​နေ​လေပြီ.... သူမပါးစပ်​မှ စူးစူးရဲရဲ​အော်​ဟစ်​သံကြီးနှင့်​အတူ လျှင်​မြန်​စွာပြန်​လည်​တိုက်​ခိုက်​​နေပြီးသူမလက်​တစ်​ချက်​​ဝှေ့ယမ်းလိုက်​တိုင်း ​သွေးစက်​များကဖွားနဲပန်းထွက်​ကန်​ကြသည်​သာ.... ဆယ်​​ယောက်​ခန့်​ပါသာ ဓားပြများအနက်​မှ ​ခြောက်​ယောက်​ခန့်​မှာ မျက်​စိတစ်​မှိတ်​အတွင်းလဲကျ​သေဆုံးကုန်​ကြလေပြီ....ကျန်​ဓားပြ​လေး​ယောက်​လဲ ​ကြောက်​လန့်​တုန်​လှုပ်​ခြင်းကြီးစွာဖြင့်​တဲ​ပေါ်မှ ဒ​ရော​သောပါးဆင်း​ပြေးကုန်​ကြ​လေပြီ..............
   တရံတံခါး​နောက်​ကွယ်​မှ​ခိုးကြည့်​​နေ​ကြ​သော​မောင်​ငယ်​နှစ်​ဦးလဲ သူတို့မျက်​စိကို သူတို့မယုံနိင်​ကြ​သေးပဲတအံ့တ​အောကြည့်​​နေကြရင်းတံခါး​နောက်​ကွယ်​မှထွက်​မလာနိင်​ခဲ့ကြပါ... သူမလက်​နှင့်​ ဓား​ပေါ်မှ​သွေးစက်​များက ဓားဦးချွန်​ထိပ်​ဖျားကိုဖြတ်သန်းစီးဆင်းရင်း တစက်​စက်​ကျဆင်း​နေကြဆဲ...ဆံပင်​ဖားလျားချပြီး ​သွေးသံအရွှဲသားဖြင့်​ရပ်​​နေ​သော သူတို့အမဖြစ်​သူကိုလဲ​ကြောက်​လန့်​​နေကြ​သော​ကြောင့်​ တခါး​နောက်​ကွယ်​မှထွက်​မလာရဲကြ​သေးပါ.................
   ထိုအ​ခြေအ​နေအတိုင်းနာရီနှင့်​ချီ​အောင်​ သူတို့​စောင့်​ဆိုင်း​နေကြရပြီး ​နောက်​ဆုံးသူတို့ညီအကိုနှစ်​​ယောက်​ဒူးများလဲမခိုင်​ချင်​ကြ​တော့ပါ...... တစ်​ဖက်​တစ်​ချက်​စီ​သောတံခါး​နောက်​များမှလဲ အပြန်​အလှန်​စကားမ​ပြောရဲ​ကြ​သော​ကြောင့်​လဲ သူတို့တဲကလေးဝယ်​တိတ်​ဆိတ်​ခြင်းကကြီးဆိုး​နေလွန်း​နေလျှက်​..... အမဖြစ်​သူ၏​သွေးသံရဲရဲပုံစံကိုကြည့်​ပြီး တဲ​ပေါ်မှထွက်​ပြေးချင်​ကြ​သော်​လဲ လှုပ်ပင်မလှုပ်​ဝံ့​သောအ​ခြေအ​နေတွင်​သာ သူတို့ထိ​တ်​လန့်​စွာဖြတ်​သန်း​နေကြရဆဲပင်​.................
ကံ​ကောင်း​ထောက်​မစွာဖြင့်​ မနက်​​နေထွက်​ချိန်​တွင်​​တော့ မိဘများနှင့်​ အကိုနှစ်​ဦးတို့လဲ ​လှေဖြင့်​ပြန်​လည်​​ရောက်​ရှိလာကြပါ​တော့သည်​.... အံ့​အောစရာ ထိုမနက်​မြင်​ကွင်းနှင့်​ညကဖြစ်​ရပ်​ကို​တော့ သူတို့အားလုံးမယုံနိင်​ကြပါ... သမီးဖြစ်​သူကလဲဓားပြဗိုလ်​က သူ့ကိုအဓ္ဓမပြုကျင်​ရန်​ကြိုးစား​နေချိန်​ကလွဲပြီး​နောက်​ဆက်​တွဲဖြစ်​ရပ်​များကိုလဲ မမှတ်​မိ​တော့ပါ.... သူမဓားပြများကိုသတ်ခဲ့သည်​ဆိုသည်​မှာလဲ သူမအတွက်​ပုံပြင်​တစ်​ခုသာ...သူမဘယ်​​လိုမှမယုံကြည်​နိင်​ခဲ့ပါ.............
    ထို့​နောက်​တွင်​​တော့ ဓားပြအ​လောင်းများကို​ဖျောက်​ဖျက်​ပစ်​လိုက်ကြပြီး အရိုးပြာမှုန့်​ထည့်​ထား​သောအိုးအတွင်းသို့ ဓားကိုပြန်​ထည့်​လိုက်​ကြပြီး ထိုအိုးကိုလဲ သားအငယ်​နှစ်​ဦး​တွေ့ရှိရာ​နေရာအနီးကုက္ကိုလ်ပင်​ကြီး​ခြေရင်းတွင်​ပြန်​လည်​မြှုတ်​နှံလိုက်​ကြပါသည်​.... ​ကျေးဇူးကိုတုန့်​ပြန်​​သောအားဖြင့်​ ပန်းအိုးငယ်​က​လေးတင်​နိင်​သောစင်​က​လေး​ကိုထိုသစ်​ပင်​ကြီးတွင်​ကပ်​ရိုက်​ပြီး ပန်းဆက်​ထားရင်း ဆက်​လက်​ထားရှိခဲ့ကြပါ​တော့သည်​.... သို့​သော်​ထိုဓားမြှာင်​ထည့်​သွင်းထားသာ အရိုးအိုးအ​ကြောင်းကို​တော့ ယ​နေ့တိုင်​မည်​သူကမှ​သေချာစွာနားလည်​ခဲ့ခြင်းမရှိခဲ့ကြပါ​ကြောင်း................!
                     10.10.2016...
                         Written by - ​နေထွဋ်​​နောင်​.......!
Post a Comment