ပဉ္စမမြောက်ပန်းဒေဝီ
…………………………
အပိုင်း(13)
ဆရာတော်ဝုရဲ့ဈာပနပြီဆုံးပြီ၍ အားလုံးလည် ခန်း
မတွင်တိတ်ဆိတ်နေလျှက်ရှိသည်။ ကိုရင်ကြီးက
"ဒကားလေး ကျန်မင်း နန်းတော်ကို ပြန်တော်မှာ
လား"
"ဟုတ်ကဲ့ ကိုရင်ကြီး"
"ကောင်းလေစွ ကောင်းလေစွ ဒကားလေး"
"ဒကာလေး ရန်ညီနောင်တို့ရော"
ရန်ကျိက
"မပြောတတ်ဘူး ခြေဦးတည်ရာပေါ့ ကိုရင်ကြီး
ဆရာတော်မှမရှိတော့တာ"
ရန်ရှမ်းကဘာမှမပြောချေ။ ကိုရင်ကြီးက တိတ်
ဆိတ်နေကြသော သူတို့ပုံကိုကြည့်၍ သက်ပျင်းချ
မိသည်။ သူက
"ရန်ကျိ ရန်ရှမ်း မင်းတို့ ငါနဲ နန်းတော်လိုက်ခဲ့ ပါ
လား ငါမင်းတို့ရဲ့အကူအညီလိုအပ်တယ်"
ရန်ကျိက
"မင်းက မင်းသားလေးဘဲ ငါတို့က မင်းနောက်
လိုက်ပြီ မင်းရဲ့နောက်လိုက် လုပ်ရမှာလား ငါတို့
မလုပ်ချင်ဘူး နန်းတော်က သပွတ်အူလို အာဏ
လုတွေနဲ နန်းတော်စည်းကမ်းတွေက ငါတို့မလိုက်
နာနိုင်ဘူး"
"မင်းတိုသဘောပါ ငါကို ဆရာတော်ဝုမှာခဲ့တယ်
တယ် မင်းတို့ကို ငါနဲအတူတူ ထားပါတဲ့ ငါအတင်း
မတောင်းဆိုပါဘူး စဉ်းစားပါ ရန်ကျိ"
ကိုရင်ကြီးက
"ဟုတ်တယ် ဒကာလေးရန်ကျိ ဆရာတော်က ဒကားလေးတို့နှစ်ယောက်ကို မင်းသားလေး
ကျန်မင်းဆီမှာ ခစားခိုင်းထားတာ ဒကားလေးတို့
လည် မသိကြတာလည် မဟုတ် ဆရာတော်က
မှားသွားတဲ့ စကားကိုနားထောင်ပါ ဒကာလေး
ရန်ကျိ"
ရန်ရှမ်းက စကားကိုသေချာနားထောင်ပြီမှာ
"ကောင်းပြီလေ ကိုရင်ကြီး ကျွန်တော်နားထောင်ပါ
မယ် ဒါပေ့မယ် ကျန်မင်းကို ကျုပ်တိုစမ်းသတ်ချင်
သေးတယ် ရန်ကျိ မင်းရော"
"ငါလည် မင်းလိုဘဲ ဆုံးဖြတ်တယ် သူကို ကာကွယ်
ဖို့ ငါတို့လေးစားလောက်တာ သူမှရှိမှာဖြစ်မယ်"
ကိုရင်ကြီးက
"ဒကားလေးကျန်မင်း ဘယ်လိုသဘောရလဲ"
'အဆင်ပြေပါတယ် ကျွန်တော်တို့က အတူနေလာ
ကြတာ ကြာပြီဘဲ ကျွန်တော်အကြောင်းလည် သူ
တို့သိပါတယ် စမ်းသတ်ပါ မင်းတို့ ဆန္ဒအတိုင်းဘဲ
ငါဟာ မင်းတို့လေးစားရတဲ့သူမဟုတ်ဘူးဆိုရင်
မင်းတို့ ကြိုက်တဲ့နေရာသွားလို့ရတယ် ငါမတားပါ
ဘူး"
ရန်ရှမ်းက
"ကောင်းပြီ ငါနဲမင်း ပြိုင်ကြတာပေါ့ မင်းရဲ့စိတ်
ဓါတ်ကိုတော့ လေးစားပါတယ် မင်းရဲ့အရည်ချင်း
ကိုလေးစားဖို့ ငါတို့ ကျားထိုးပြိုင်ကြတာပေါ့"
"ကောင်းပြီ ငါမှာအချိန်သိပ်မရှိလို အခုဘဲစတင်
ကြရအောင်ရန်ရှမ်း"
"ကောင်းပြီလေ မင်းသဘောပါ "
ကိုရင်ကြီးက သူဘေး၌ရပ်နေသော ကိုရင်လေးကို
"ကိုရင်လေး ကျားခုံချပေးလိုက်ပါ"
ကိုရင်လေးက ကိုရင်ကြီးစကားဆုံးတာနှင့် ကျား
ခုံကိုခင်းပေးလိုက်သည်။ သုတို့နှစ်ယောက်လည်
တစ်ယောက်တစ်ဖက်ဆီ နေရာယူလိုက်ကြတော့
သည်။ ဇယ်သီးများကို စီလိုက်ပြီ ရန်ရှမ်းက
"မင်းအရင်စပါ"
ကျန်မင်းက အရင်စလိုက်သည်။ ဘေးတွင် သူတို့
နှစ်ယောက် ပြိုင်ပွဲကို ကိုရင်ကြီး စစ်သူကြီးမူလန်
ရန်ကျိ ကိုရင်လေးတို့က ဝိုင်း၍ဘေးက စောင့်ကြပ်
ကြည့် ရှုကြတော့သည်။ သူက ရန်ရှမ်းဟာ ဥာဏ်
ကောင်းရုံသာမက မျက်လှည်လည် အလွန်တော်
သူဖြစ်သည်။ သု၏မျက်စိကို လှည့်စားသွားနိုင်
သည်။သူတော်တော် သတိထား၍ ကစားရမည်ဖြစ်
တော့သည်။ အရှုံးခံ၍လည်မဖြစ်နိုင်ချေ။
ရန်ရှမ်းမှာလည် မင်းသားလေးဟာ ဥာဏ်
ရည် ဥာဏ်သွေး ထက်မြတ်သူဖြစ်သည်။ သူတော်
ယုံ ပညာပြ၍မနိုင်ဘူးဆို သိ၍ ပညာကုန်သုံး၍
ကစားရန် ဆုံဖြတ်လိုက်လေတော့သည်။ မင်းသား
လေးရဲ့ ဥာဏ်ရည် ထက်မြတ်မူကို သူကိုယ်တိုင်း
ခံစားလိုခြင်းကြောင့်ဖြစ်တော့သည်။
သူတို့နှစ်သည် အစပိုင်းတွင်ပုံမှန် ကစားခြင်းမျိုး
ကစားကြ၍ ကစားပွဲအလယ်လောက်တွင် ရန်ရှမ်း
က မင်းသားလေးရဲ့ မျက်စိလျင်မူကိုသိချင်သဖြင့်
ဇယ်သီးတစ်လုံးဖျောက်လိုက်သည်။ မင်းသားလေး
ကပြုံးလိုက်ပြီ လိုသွားသော ဇယ်သီးနေရာအစား
ထိုထည့်၍ လမ်းဖောက်ကာ ဇယ်လေးလုံးလောက်
ကို ကျော်၍စားလိုက်သည်။ ရန်ရှမ်းလည် မင်းသား
လေးရဲ့ မျက်စိလျင်မူကို လေးစားသွားသည်။ ထို
နောက် ရန်ရှမ်းက မင်းသားလေးဇယ်သီးကို ညာ
ထောင့် မှာ ဇယ်သီးတွေကို ချိန်၍ထောင်ဖမ်းလိုက်
သည်။ မင်းသားလေးဘယ်လို ရုန်းထွက်မလည်
ဆိုတာ သိချင်သဖြင့် ဖြစ်တော့သည်။ သူလည်
လှုပ်ရခက်သည် အနေအထားကို ရောက်သွား
သဖြင့် ဇယ်သီးတွေကို ကြည့်၍ စဉ်းစားလိုက်
သည်။ခဏကြာ ညာထောင့်ကာ ချိန်ထားသော ရန်ရှမ်းဇယ်သီးကို ဘယ်ထောင့်ကနေ ဇယ်နှစ်လုံး
ချကျွေးပြီ ဇယ်ငါးလုံးကို ပြန်စားက ဖောက်ထွက်၍ ကျားဝင်သွားသည်။ ရန်ရှမ်းဇယ်ကိုကြည့်၍ မအံသြဘဲမနေနိုင်တော့ပါ။ ဒါပေ့မယ်မရှုံးသေး
သဖြင့် စစ်မြေပြင်လို အကွက်စီကာ ပြန်၍ တိုက်
လေတော့သည်။ စစ်တတ်ပမာ ပုံဏ္ဍန်ဖြင့် ဒါကို
လည် မင်းသားလေးက ဖောက်ထွက်သွားပြန်
သည်။ နောက်ဆုံတွင် ရန်ရှမ်းက ဘုရင်ဆိုသော ကျားကို ဖမ်းရန် ဇယ်သီးတွေကို အကွက်ကျကျ စီလိုက်ကာ ပိုက်ကွန်သဖွယ်ခင်းလိုက်သည်။
သူက ပြုံး၍ ဘုရင်ကို ဖမ်းချင်ရင် အဲလောက်မ
လွယ်ဘူးဟုတွေးကာ စကြာင်္ပုံသဏ္ဍန် စစ်တပ်ကို ဆင်၍ တတိုင်းပမာဘုရင်ကို ကာကွယ်လိုက်
သည်။ ဒီနည်းကို သူနှင့်စစ်သူကြီးမူလန်သာ သိသဖြင့် စစ်သုကြီးမူလန်ကကြည့်ပြီ ပြုံးလိုက်
သည်။ မင်းသားလေးဟာ သူသင်ပေးခဲ့တာကို မမေ့သေသဖြင့် ကျေနပ်မိတော့သည်။ ရန်ရှမ်းမှာ
မူ ဖောက်ဝင်၍ ဘုရင်ကိုစားရန် လမ်းကြောင်း
ပျောက်သွားသည်။ သူတော်တော်ကြာစဉ်းစားပေ့
မယ် နည်းမတွေ့ တစ်ကွက်ရွေ့မိလျှင် သူရှုံး ရတော့မည်ဖြစ်သည်။ မင်းသားလေးကစားကွက်
ကအရမ်းကို ပညာမြင့်လွန်းသည်။ သူမယှဉ်နိုင်ပါ
ဒါကြောင့် ရန်ရှမ်းဟာ ကစားပွဲကို ရပ်လိုက်ပြီ
"ငါရှုံးပြီ ကျန်မင်း ငါမင်းနဲလိုက်ခဲ့မယ်"
ကျန်မင်းက ပြုံးပြီ
"ကောင်းပြီ ရန်ရှမ်း"
"မင်းကစားတာသိပ်တော်ပါတယ် မင်းက နိုင်ငံ
တော်ကို ကာကွယ်နိုင်မှာပါ ငါတိုက်သလောက် မင်းကာကွယ်သွားနိုင်ခဲ့တယ် ငါဟာ မင်းရဲ့ပြိုင်
ဘက်မဖြစ်နိုင်ဘူး ဒါကြောင့်ငါ မင်းရဲ့အမိန့်ကို နာခံပါတယ် ငါဟာမင်းကို ယှဉ်ပြိုင်ဖို့အရည်ချင်း
မရှိပါဘူး မင်းအရမ်းတော်ပါတယ်"
"ကျေးဇူးပါ ရန်ရှမ်း ငါ အတွက် မင်းတို့လိုအပ်
တယ် မင်းလည်အရည်ချင်းရှိသူပါ"
ရပ်ကြည့်နေကြသော သူများလည် ကျေနပ်ကြ
တော့သည်။ ရန်ရှမ်းလည် သူရှုံးတာကိုဝန်ခံက
ရန်ရှမ်းရဲ့လေးစားမူကို သူရခဲ့တော့သည်။ သူက
"ရန်ကျိ မင်းကရော ငါကို ဘာစမ်းသတ်မှာလဲ"
ရန်ကျိက
"ငါကသိုင်းဘဲ တတ်တယ် ငါကျွမ်းကျင်တာက
မြှားပစ်တာ သိုင်းကတော့မပြိုင်တော့ဘူး မင်းနဲ
ငါက လက်ရည်သိပ်မကွာဘူး မြှားပစ်ပြိုင်ကြမယ်
ဒါဟာ အသင့်တော်ဆုံးနည်းလမ်းဘဲ"
"ကောင်းပြီလေ အပြင်မှပြိုင်ကြတာပေါ့"
"အင်း"
သူတို့အားလုံးအပြင်သို့ ထွက်လာကြတော့သည်။
သူတိုသိုင်းလေ့ကျင်နေရာ ၌သူနှင့် ရန်ကျိနေရာ ယူလိုက်ကြသည်။ သူက
"ရန်ကျိ မင်း မြှားကိုဘယ်လိုပစ်စေမှာလဲ"
"မိုးပေါ်ကို ပစ်မယ် ပျံနေတဲ့ ငှက်ကိုထိအောင် ပစ်
ရမယ်"
"ကောင်းပြီလေ မင်းအရင်စပစ်ပါ ရန်ကျိ"
သူတို့နေထိုင်သော တောင်းပေါ်၌ ငှက်များက အလွန်ပေါများလှသည်။ တောဖြစ်၍ ငှက်သံသာ
အဆူအညံဆုံးဖြစ်တော့သည်။ ငှက်တွေက မိုးပေါ်
၌ အဆက်မပျက် ပျံသန်းနေကြသဖြင့် ရန်ကျိက
စ၍ မြှားကို သေချာ ချိန်လိုက်ပြီ ငှက်အုပ်ဆီသို့
ပစ်လွှင့်လိုက်သည် မြှားတံဟာ လေမှာပျံဝဲ၍ ငှက်
တစ်ကောင်ကို ထိမိကာ မြေပေါ်သို့ မြားစိုက်
လျှက် ကျလာတော့သည်။ ကြည့်နေကြသူများ
လည် ရန်ကျိမှာပစ်ပုံကို သဘောကျ၍ လက်ခုပ်
တီးပြီ အားပေးကြတော့သည်။ ရန်ကျိကပြုံး၍
"မင်းအလှည့်ဘဲ ကျန်မင်း"
"ကောင်းပါပြီ ရန်ကျိ"
သူလည် ရန်ကျိမြှားကို ပစ်ပြီတော့သူ အလှည့်ကျ
ပစ်ရတော့မည်ဖြစ်သည်။
ငှက်တွေကလည် ရုတ်တရပ်လန့်ပြီပျောက်ကုန်
ကြတော့သည်။ သူ လေးကိုကိုင်၍ ကောင်းကင်သို့
ချိန်ရွယ်လိုက်ပြီ ငှက်တစ်ကောင်၏ အလာကို
လေးချိန်လျှက်စောင့်တော့သည်။အားလုံးလည်
သူမြှားပစ်တာကို စိတ်ဝင်စားကြလျှက်ရှိတော့
သည်။ထိုအချိန် ငှက်နှစ်ကောင်ဟာ ကောင်းကင် ကို ဖြတ်၍ တစ်ဖက်ဆီသို့ ကူးလေသည်။ သူလည် ချိန်ထားသော လေးမြှားသည် အဆင်သင့်ဖြစ်၍
အချိန်မဆွဲဘဲ ပစ်လွှင်လေတော့သည်။သူ၏ မြှား
တံဟာ လေမှာဝဲ၍ဝိုက်ကာ ရှေုဆင့်နောက်ဆင့်ပျံ
နေသော ငှက်နှစ်ကို သေချာမြှားကိုချိန်၍ ပစ်လိုက်
တော့သည်။
ဘယ်သူမှမထင်မှတ်ထားသော မြာှးဟာငှက်
နှစ်ကောင်ကို တပြိုက်နက်တည်း ထိမှန်၍ မြေပြင်
ထက်သို့ ကျလာတော့သည်။ ရန်ကျိလည် ထိုအ
ဖြစ်ကို သူကြည့်၍ အံသြသွားသည်။ ဘာမှပြောစ
ရာမရှိတော့ဘဲ ကိုင်ထားသော မြှားတံကိုပစ်ချကာ
မင်းသားလေးရှေ့ ဒူးထောက်၍
"ကျွန်တော် မင်သားလေးကို ခစားပါစေမင်းသား"
"ကောင်းပြီ ရန်ကျိ ထပါ ဒူးထောက်စရာမလိုပါ
ဘူး ငါတို့ကညီအကိုတွေဘဲ"
"ကျေးဇူးတင်ပါတယ် မင်းသား"
ရန်ကျိက ထရပ်လိုက်သည် အားလုံးကလည် ဝမ်း
သာစွာဖြင့် ဟေးလို အော်ကာ သူအား အားပေကြ
တော့သည်။ ညနေလောက်အချိန်တွင် သူတို့
တွေ ကိုရင်ကြီးနှင့် ကိုရင်လေးကို နူတ်ဆက်ကာ
နှင်းတောင်မှ ထွက်လာကြတော့သည်။ နန်းတော်
သို့ သူစတင်ခရီးနှင်လေတော့သည်။ အရာရာ အ
ရင်ကနှင့်မတူတော့သည့် နန်းတော်ဆီသို့ သူပြန်
ချိန်ရောလေပြီ ဦးရီတော်က သူအလာကို စောင့်
၍ အားလုံးကို သိမ်းယူထားလိမ့်မည်ဆိုတာ သူသိ
သည်။ သူရဲ့ ဦးရီးတော်နှင့် သူရဲ့ ပြိုင်၍ နန်းတော်
ကို မည်သို့ပြန်ယူရမည်ကို မသိနိုင်သေးချေ။ ဆရာ
တော်ဝုစကားအတိုင်း အခြေနေကိုကြည့်ကာ ဖြစ်
လာသည့် ပြသာနာအပေါ်မူတည်၍ သူကိုင်တွယ်
ဖြေးရှင်းရတော့မည်။ သူတို့လေးယောက်လည်
ခရီးကို မြင်းကိုယ်စီဖြင့် ခရီးနှင်လေကြတော့သည်။
နတ်ကျွန်း၌ သူမဟာ ဆေးနည်းသစ်တစ်မျိုးကို
ဖော်ဆက်နေတော့သည်။ သူကိုယ်တိုင်းလည် သူ
မိစ္ဆာဖြစ်လာမှာကို တဖြေးဖြေနဲကြောက်လာနေမိ
သည်။ သူအကြောင်းကို နတ်ကျွန်းရှိလူတိုင်းက
သိကြသည်။ သူကိုယ်တိုင်းလည်သိသည်။ သူအခု
တလော ရုတ်တရပ်ပန်းတွေကို ခူး၍ စားမိတာ
တွေရှိလာသည်။ သူစိတ်ကို သုမထိန်းဘဲ ပန်းတွေ
ရုတ်တရက်စားချင် စိတ်တွေပေါ်လာကာ ပန်းတွေ
ကို ၍သုစားလေ့ရှိသည်။ ဒါကိုမည်သူကမှ သတိမ
ထားမိကြသေး။ သူလည် မပြောပြပါ။ နတ်ကျွန်း
တွင် လွန်ခဲ့တဲ့ဆယ်သုံးနှစ်ကလိုဘဲ ဘုရားကျောင်း
အဟောင်းတွင် လူထက်သေပြန်သည်။ စော်ဘွား
မူရမ်လည် သေချာပိတ်ထားသော ဘုရားကျောင်း
ပျက်တွင် ထပ်၍လူသေသဖြင့် စိတ်ညစ်ရပြန်သည်
နတ်ကျွန်းရှိသူများလည် သူမလုပ်သည်ဟုထင်
တော့မည်။ သတ်သော သူရဲခံကိုမရှာနိုင်လျှင် သူမ
လေးအပြစ်လို တင်ကြဦးပေမည်။ သူမလေးလည်
အသက်နှစ်ဆယ်ပြည့်တော့မည်။ မင်းသားလေး
ကလည် နတ်ကျွန်းကို ရောက်မလာသေးချေ။ သူလည် နှင်းတောင်သို့ စာပို့ခိုဖြင့် ဆရာတော်ဝု
ဆီသို့ နတ်ကျွန်းကိုလာရန်ဖိတ်လေတော့သည်။
မူရမ် စိတ်အရမ်းကို ညစ်ရသည်။ ဘုရားကျောင်း
ပျက်ထဲတွင် သက်သေအစအနတောင် မတွေ့ရ
လူကသေတာ နှစ်လောင်းဖြစ်နေသည်။ ဘုရား
ကျောင်းထဲတွင် ချယ်ရီပန်းပင် နှစ်ပင်ဟာ ပန်းများ
ပွင့်လန်း၍ အလွန်လှလွန်းသည်။ အပင်နှစ်ပင်ကြား
တွင် စစ်သူကြီးပုံ ရုပ်ထုက မြေပြင်၌ဆွဲထာသော
ပန်းချီးကား ထဲက မိန်းကလေးကို ကြိုးချည်၍ စောင့်လျောက်နေသည်ဟန် ရုပ်ထုကလွဲ၍ မည်သည် အရာကိုမျှမတွေ့ရပေ။ မူရမ်းလည် သေ
ချာလိုက်၍ ကြည့်ပေ့မယ့် တစ်စုံတရာမှမတွေ့ရပါ
အံသြစရာ အလွန်ကောင်းနေတော့သည်။ သူလည်
ချယ်ရီပင်နှစ်ပင်ကို ကြည့်၍ သူသမီးနှင့် ပတ်သတ်
မလားလို့ တွေးကာ သူမဆီသို့ လာ၍ မေးရန် လာ
တော့သည်။ သူမက ဆေးတွေကိုဖော်စပ်နေလျှက်
သည်။ မူရမ်အနားသို့ရောက်လာပြီ
"သမီး မော့ရန်"
"အဖေ လာတယ်"
"အင်း"
"ဘာကိစ္စရှိလိုလည်း အဖေ"
"မေးစရာရှိလို ခဏလောက်စကားပြောရအောင်
ထိုင်ပါသမီး"
သူမလေးကမူရမ်နှင့် မျက်နှာချင်ဆိုင်ထိုင်လိုက်ပြီ
"မေးပါအဖေ ဘာမေးမှာလဲ"
"မော့ရန် ပိတ်ထားတဲ့ ဘုရားကျောင်းပျက်ထဲမှာ
လူသတ်မူ ဖြစ်တယ်သမီး"
"သမီးသတ်တယ်ထင်လို့လားအဖေ"
"မထင်ပါဘူး သမီးရယ် ဒါပေ့မယ် အထဲမှာထူး
ဆန်းတာ ချယ်ရီးပင်နှစ်ပင်ဟာ ပန်းတွေဝေဝေ
ဆာဆာ ပွင့်နေတယ်သမီး ဒါကြောင့် သမီးနဲပါတ်
သတ်နေမလား တခြားတစ်စုံတရားကိုမတွေ့
ရဘူး သမီး"
"သမီးမသတ်ဘူး အဖေ ဒါပေ့မယ် ပန်းကနေတော့
လူသတ်နံ့ရနေတယ် ဘယ်ကရလည်ဆိုတော့
သမီးမသိဘူး အဖေ သမီးကို ဘုရားကျောင်းပျက်
ဆီကိုခေါ်သွားပေးပါလား သမီး သူသတ်သမား
ကိုရှာနိုင်မယ်ထင်တယ် ပန်းရှိရင် သတ်သေရှိ
တယ် သမီးရှာပေးနိုင်မယ်ထင်တယ်"
"ကောင်းပြီ သမီး မနက်ဖြန်ကြရင်အဖေ နဲသမီး
ဘုရားကျောင်းပျက်ဆီကို သွားကြတာပေါ့ အခု
တော့ အဖေလည်းပင်ပန်းနေလို ခဏနား လိုက်ဦး
မယ်"
"ဟုတ်ကဲ့အဖေ"
"ကယ်ကယ်သမီးလုပ်စရာရှိတာလုပ်ပါ အဖေကို
ခွင့်ပြုဦး"
"ဟုတ်ကဲ့"
မူရမ်က သူမကိုနူတ်ဆက်ပြီ သုမလေးအဆောင်
မှ ထွက်သွားလိုက်တော့သည်။ သူမစိတ်ထဲတွင်
ဘဝမကျဖြစ်သွားသည်။ ဘုရားကျောင်းဆောင်
ပျက်ကာ အရင်ကတစ်ခါကလို ထပ်ဖြစ်ပြန်သည်
ဒါဟာ တစ်ခုခုရှိနေသည် ဆိုတာသူမသိလိုက်
သည်။ သူမ ညကြလျှင် လူခြေတိတ်အချိန်တွင် ဘယ်သူမသိအောင် ဘုရားကျောင်းပျက်ဆီကို
သွားရန် စဉ်းစားလိုက်တော့သည်။ အခုတော့သူ
မ ဆေးစပ်မူက မပြီသေးသဖြင့် ဆက်၍သာလုပ်
နေတော့သည်။
အပိုင်း(13)ပြီ၏စာဖတ်သူများအားလေးစားလျှက်
စာရေးသူ…လင်းသုခ
Post a Comment