ဓလေ့ဆိုးတစ်ခု၏ နောက်ကွယ်
****************
၁၉၅၀ ဝန်းကျင်ကဖြစ်သည် ။
တောင်ပေါ်ဒေသတစ်ခုတွင် တိုင်းရင်းသား လူနည်း
စုများမှာ ကိုယ့်အစုနှင့်ကိုယ် ရွာဖွဲ့နေထိုင်ကြသည် ။ တစ်ရွာနှင့် တစ်ရွာ မဝေးသော်လည်း ရွာထဲရှိ တိုင်းရင်းသား
များမှာမူ (ကိုယ့်ရွာမှအပ) သွေးမနီးကြပေ ။
တိုင်းရင်းသားများ ဖြစ်သည့်အလျောက် ရှေးရိုးအ
ယူအဆများနှင့် ဓလေ့ထုံးတမ်းများတွင် အရိုးစွဲနေသည် ။
အဆိုပါ ရှေးရိုးအယူအဆများအနက် အဆိုးရွားဆုံး
မှာ ဤရွာမှ အပျို ၊ လူပျိုများနှင့် အခြားရွာမှ အပျို ၊ လူပျို
များ ချစ်ကြိုက်၍မရပေ ။
အကယ်၍ အိမ်ထောင်ပြုပါက ဆွေမျိုးအားလုံး
အား ရွာမှ နှင်ထုတ်လေ့ရှိသည် ။ ထိုမျှမကသေးပဲ ရွာနစ်
နာကြေးအတွက် ထိုသူတို့၏ပိုင်ဆိုင်မှုအားလုံးအား လျော်ပေးဆောင်ရကာ မည်သည့်ပစ္စည်းမှ ယူဆောင်သွားခွင့်
မရှိချေ ။ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ရွာမှ ထွက်ခွာ
သွားကြရသည် ။ ထို့ကြောင့် ထိုပြစ်မှုမျိုး ကျူးလွန်သည် မရှိပေ ။
နောက်တစ်ခုမှာ လင်သားမရှိဘဲ ကိုယ်ဝန်ရလာ
သော တိုင်းရင်းသူများအား သတိပေးချက်ဖြစ်သည် ။
အကယ်၍ ထိုသို့ဖြစ်လာပါက ရွာအကြီးအကဲမှ
ခေါင်းဆောင်ကာ ဖြေရှင်းလေ့ရှိသည် ။ထိုတိုင်းရင်းသူ၏
ကိုယ်ဝန်သည် မည်သူနှင့်ရသည်ကို စစ်မေး၏ ။ ထုတ်ဖော်
ပြောကြားသည်ရှိသော် ထိုသူနှစ်ဦးအား ထိမ်းမြားလက်
ထပ်ပေးလေ့ရှိပြီး ထုတ်ဖော်ခြင်းမရှိလျှင်(သို့မဟုတ်) အ
ခြားရွာသားနှင့် ဖြစ်ပျက်ခဲ့လျှင် အထက်ပါဖြစ်ရပ်အတိုင်း
ရွာနစ်နာကြေးပေးကာ ရွာမှ နှင်ထုတ်ပစ်သည် ။
ထိုနည်းတူစွာ တိုင်းရင်းသူများအား အလိုမတူ ကြံ
စည်မှုနှင့် တာဝန်မယူဘဲ ဖျက်ဆီးသူများကို သေဒဏ်ပေး
လေ့ရှိသည် ။
တင်းကျပ်လှသော ရှေးရိုးအယူအဆများကြားတွင်
ပျော်ရွှင်စွာ နေထိုင်ကြသော ရွာသူရွာသားများမှာ တစ်ခါ
တရံတွင် ထိုပစ်မှုများအနက် တစ်ခုခုကို ကျူးလွန်လေ့ရှိ
ကြသည် ။
ထိုအခါ ရွာအကြီးအကဲမှာ ကျောသား ၊ ရင်သား မခွဲ
ခြားဘဲ ရိုးရာဥပဒေအတိုင်း ဆောင်ရွက်လေ့ရှိသည် ။ ပြစ်
မှုကျူးလွန်သူကိုလည်း တစ်ရွာလုံးက ရွံရှာမုန်းတီးကြသည် ။ လက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲရေးတိုင်းထွာကြသည် ။ မည်သူတစ်ဦးတစ်ယောက်မှ ဂရုဏာမသက်ကြသည်မှာ
အံ့ဖွယ်ဓလေ့ဆိုးတစ်ခုဖြစ်သည် ။
ထိုအဖြစ်ဆိုးမျိုး ရွာတစ်ရွာတွင် ဖြစ်ပျက်ခဲ့သည်မှာ
~~~~~~~~~
" ခေါင်မြ ... ဝေ့ .. ခေါင်မြ "
ခြေတံရှည် အိမ်တစ်လုံးအတွင်းမှ လူရွယ်တစ်ဦး
ထွက်လာသည် ။
" ဘာလဲ ဖထီး "
လှေကားမှ ဆင်းလာရင်း မေးလိုက်သည် ။
" အကြီးအကဲက နင့်ကို ခေါ်ခိုင်းလိုက်လို့ "
" ဘာကိစ္စလဲ "
" ငါလည်း မသိ ... အရေးကြီးတယ်ဆိုပဲ "
" အေး .. ဒါဆိုလည်း ခုပဲသွားလိုက်မယ် "
" ငါပြန်ပြီနော် "
" အေး ... ကျေးဇူးဖထီး... ချာနူးရေ ... ချာနူး ... "
" ရှင်... အစ်ကိုကြီး "
အိမ်ထဲမှ အသက်နှစ်ဆယ်အရွယ် မိန်းမပျိုတစ်ဦး
ထွက်လာပြန်သည် ။စင်စစ် သူတို့မှာ မောင်နှမများ ဖြစ်ကြ
သည် ။
" အကြီးအကဲက ငါ့ကိုခေါ်လို့ သွားရမယ် ... ယာ
ထဲသွားဖို့ အသင့်ပြင်ထားလိုက် "
" ဘာကိစ္စလဲ အစ်ကိုကြီး "
" ငါလည်း မသိဘူး ... သွားမယ် ... ငါအမြန်ပြန်ခဲ့
မယ် "
ထိုသို့ဆိုကာ ခေါင်မြတစ်ယောက် ရွာအကြီးအကဲ
အိမ်သို့ ထွက်လာခဲ့သည် ။ မကြာမီ ရွာအကြီးအကဲအိမ်သို့
ရောက်လာခဲ့သည် ။
" အကြီးအကဲ ... ကျုပ်ကို ခေါ်တယ်ဆို "
" ဟုတ်တယ် ခေါင်မြ ... မင်းကို သတိပေးစရာ
ရှိလို့ "
" ဟင် ... "
" ဒီလိုကွ ... တို့ရွာက ဓလေ့တွေ ... စည်းကမ်းတွေ
ကို ဒီရွာသားဖြစ်တဲ့ မင်းလည်း သိပါတယ်နော် "
" နေပါဦး ... ကျုပ်က ဘာစည်းကမ်းတွေဖောက်
ဖျက်ပြီး ဘာအပြစ်တွေကျူးလွန်နေလို့ သတိပေးရတာလဲ "
" ဒီမှာ ခေါင်မြ ... ငါက မင်းကို ပြောနေတာမဟုတ်
ဘူး ... မင်းညီမ ချာနူးနဲ့ ပတ်သတ်ပြီး သတိပေးချင်တာ "
" ဗျာ.... ချာနူး ... ချာနူး ဘာဖြစ်လို့လဲ "
ခေါင်မြ လေသံများ ပျော့သွားသလို ခက်ထန်နေ
သော မျက်နှာမှာလည်း ညီမအတွက် စိုးရိမ်သွားသည် ။
" ချာနူး ဟိုဖက်ရွာက ကောင်လေးတစ်ယောက်နဲ့
ကြိုက်နေတယ် "
" ဗျာ ... ဟုတ်လို့လား "
" ဟုတ်တယ် ခေါင်မြ ... ရွာထဲကလူတွေ တွေ့တာ
များပြီ ... ငါက မသေချာသေးလို့ မပြောတာ ... အခု သေ
ချာသလောက် ဖြစ်နေပြီမို့ မင်းကိုခေါ်ပြီး သတိပေးတာ ..
ရွာဓလေ့လည်း မင်းသိပါတယ် ... မင်းညီမကို အချိန်မီ
တားပေးပါ ... ပြီးမှ ငါ့အဆိုးမဆိုနဲ့ "
ရွာအကြီးအကဲမှာ ပြတ်သားစွာပြောဆိုပြီး ခေါင်မြ
အား ပြန်လွှတ်လိုက်သည် ။ ခေါင်မြမှာ ခေါင်းငိုက်စိုက်ဖြင့်
အိမ်သို့ပြန်လာခဲ့သည် ။ အိမ်ရောက်တော့ ယာထဲသွားရန်
အသင့်ဖြစ်နေသော ချာနူးကို တွေ့ရသည် ။
" အကြီးအကဲက ဘာပြောလဲ အစ်ကိုကြီး "
" ချာနူး .... "
ဒေါသတကြီးအော်လိုက်သော ခေါင်မြ မျက်နှာကို
ကြည့်ကာ ချာနူး လန့်သွားသည် ။ ခေါင်မြ၏ မျက်နှာမှာ
ဒေါသများဖြင့် ခက်ထန်လျက်ရှိကာ ချာနူးအား စိုက်ကြည့်
နေသည် ။
" လာစမ်း ... "
ဟုဆိုကာ ချာနူး၏ လက်မောင်းကို တင်းတင်း ဆုပ်
ကိုင်ပြီး အိမ်ပေါ်သို့ ဆွဲခေါ်သွားသည် ။ ချာနူးမှာ နားမ
လည်နိုင်စွာ ရုန်းကန်ရင်း လိုက်ပါသွားသည် ။ အိမ်ပေါ်
ရောက်သော် သူမအား တွန်းလှဲလိုက်သောကြောင့် ကြမ်း
ပြင်တွင် ထိုင်လျက်သားဖြစ်သွားသည် ။
အစ်ကို ခေါင်မြ၏လုပ်ရပ်ကြောင့် ချာနူးမှာ မျက်
ရည် ပေါက်များ ကျဆင်းလာသည် ။
ခေါင်မြနှင့် ချာနူးသည် လွန်စွာချစ်ခင်သော မောင်
နှမနှစ်ယောက်ဖြစ်သည် ။ မိဘများ မရှိတော့သည့်အပြင်
ဆွေမျိုးသားချင်းလည်း မရှိပေ ။ မိဘလက်ရင်းဖြစ်သော
ယာကွက်များကို ခေါင်မြမှ ဦးစီးလုပ်ကိုင်သောကြောင့် စား
ဝတ်နေရေး ပြေလည်သည် ။
ခေါင်မြသည် ချာနူးအပေါ်တွင် အစ်ကိုလိုတစ်မျိုး ၊
မိဘလိုတစ်သွယ် ချစ်ခင်စောင့်ရှောက်လာသူုဖစ်၍ ယခု
လုပ်ရက်များသည် ချာနူးအဖို့ အစိမ်းသက်သက်ဖြစ်ကာ
နာကျင်စေသည် ။
" ချာနူး .. "
" ရှင် ... ရှင် .. အစ်ကိုကြီး "
" နင်ငါ့ကို မှန်မှန်ပြောစမ်း ... နင် အခြားရွာက
ကောင်နဲ့ ကြိုက်နေတာဆို "
" အို ... မဟုတ်ရပါဘူး "
" ငါကိုမလိမ်နဲ့ ... အကြီးအကဲကိုယ်တိုင် ငါ့ကို
ပြောလိုက်တာ "
" မဟုတ်ဘူး "
" နင်တို့ ချိန်းတွေ့တာ ရွာထဲကလူတွေ တွေ့တယ်တဲ့"
" ရိုးရိုး ... "
" ဘာရိုးရိုးလဲ ... တစ်ရွာနဲ့တစ်ရွာ ဘယ်သူတွေစ
ကားပြောလို့လဲဟင် ချာနူး .... ရွာဓလေ့ကို သိရဲ့သားနဲ့
ဘာလို့မိုက်ရတာလဲ ညီမလေးရာ ... ဘာလို့ ဒီလိုလုပ်ရတာ
လဲ "
ခေါင်မြပြောမှ ချာနူးသေချာစဉ်းစားမိသည် ။ ရွာဓ
လေ့များကို သူမမေ့လျော့နေခဲ့သည် ။ အချစ်ကလွဲပြီး အ
ရာအားလုံးကို မေ့ထားခဲ့သည် ။ ယခုမူ ဓလေ့ဆိုးသည် အရာအားလုံးအား ရစ်ပတ်လွှမ်းခြုံထားလေပြီ ။ ထိုအထဲ
တွင် အပြစ်မဲ့သူ အစ်ကိုခေါင်မြလည်း ပါသည် ။
" ချာနူး ... ချာနူးမှားမိပါတယ် အစ်ကိုကြီးရယ် "
ခေါင်မြ၏ ခြေစုံကိုဖက်ကာ အားရပါးရ ရှိုက်ငိုမိ
တော့သည် ။ ချာနူး၏အဖြစ်ကိုကြည့်ကာ ခေါင်မြ၏ဒေါသ
များ ကွယ်ပျောက်သွားလေသည် ။ အချစ်ရဆုံး ညီမလေး
ကို စိတ်မဆင်းရဲစေလိုပေ ။ ထို့ကြောင့် ချာနူးအနီးတွင်
ထိုင်ချလိုက်သည် ။
" တိတ်တော့ ချာနူး .... နင်မှားမိတယ်ဆိုရင် ငါခွင့်
လွှတ်တယ် .... နင် ထပ်ပြီး မမှားနဲ့တော့နော် ... နင်သာ
ထပ်ပြီး မှားရင် အားလုံး ဒုက္ခရောက်ရမှာ ... နင် ဟိုကောင်
နဲ့ သွားမတွေ့တော့နဲ့နော် ... မဆက်သွယ်တော့နဲ့ ... နင်
ငါ့ကို ကတိပေးပါ "
" ချာနူး ကတိပေးပါတယ် "
" နင်သာ ကတိပျက်ရင် ဆွေမျိုးမရှိတဲ့ ငါတို့မောင်
နှမကို ရွာထဲကလူတွေ လက်ညှိုးထိုးကြမယ် .. ပြီးရင် .. "
" ချာနူး သိပါတယ် ... ချာနူး ကတိမပျက်ပါဘူး "
" ဒီစကားကြားရတာ ငါဝမ်းသာတယ် ... နင်ဒီနေ့
ယာထဲမလိုက်တော့နဲ့ ... အိမ်မှာပဲ နေခဲ့တော့ ... ယာထဲကို
ငါပဲသွားတော့မယ် ... နင်ငါ့ကို စိတ်မဆိုးနဲ့နော် "
" ချာနူးကိုသာ စိတ်မဆိုးပါနဲ့ "
" မဆိုးပါဘူး ... ဒီအကြောင်းတွေကို မေ့လိုက်တော့
နော် ... ငါ ယာထဲသွားတော့မယ် "
" ဟုတ်ကဲ့ "
ခေါင်မြမှာ စိတ်လက် မပေါ့မပါးဖြင့် ယာထဲသို့ ထွက်
လာခဲ့သည် ။
ချာနူးအား အချိန်မီ ဖျောင်းဖျနိုင်၍ ပီတိလည်း ဖြစ်
မိသည် ။ အခြေအနေများသာ ရှုပ်ထွေးကုန်ပါကဟူ
သောအတွေးကို ယောင်လို့ပင် မတွေးရဲပေ ။ ဤအဖြစ်မျိုး
အရင်က ဖြစ်ခဲ့ဖူးရာ ထိုလူများကို နမူနာယူကာ ထိုအဖြစ်
မျိုးမှ ရှောင်ရှားကြသည် ။ ခေါင်မြတို့ မောင်နှမလည်း
ထိုအဖြစ်မျိုးမှသီသီကလေးကွေကွင်းသွားခြင်းမှာ စဉ်း
စားမိတိုင်း ကျေနပ်ချင်စရာ ။
မကြာမီ ယာခင်းသို့ ရောက်လာခဲ့သည် ။
ခေါင်မြ၏ယာခင်းမှာ အင်မတန်ကျယ်ဝန်းကာ
ယာစပါးများ စိုက်ပျိုးထားပြီး အိမ်စားသီးနှံအချို့ကိုလည်း
စိုက်ပျိုးထားသည် ။
ယာစပါးများမှာ အလွန်ကောင်းမွန်ပြီး အထွက်တိုးမည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်သည် ။ ယာခင်းအား
ကြည့်ကာ အစီအစဉ်ရေးဆွဲထသည်မှာ ကြာပြီ ။ ၎င်း မှာ
စပါးအောင်လျှင် ထူးထူးခြားခြား ကိစ္စတစ်ခု ဆောင်ရွက်
မည် ။ ထိုအကြောင်းကိုမူ ချာနူးနှင့် မတိုင်ပင်ရသေးပေ ။
ချာနူးအား အံ့သြဝမ်းသာ ဖြစ်သွားစေချင်သည် ။ မည်
သည့် ကိစ္စမျိုး ဖြစ်သည်ကိုတော့ သူကိုယ်တိုင်ပင် တိတိ
ပပ မဆုံးဖြတ်ရသေးပေ ။
ယာခင်းအလယ်ရှိ ယာယီတဲလေးထဲတွင် အနားယူ
ကာ ပလိုင်းထဲမှ ကောက်ညှင်းပေါင်းအား အစာပြေစား
လိုက်သည် ။
၎င်း နောက် ယာခင်းအား လှည့်လည်ကြည့်ရှုသည် ။
ယာခင်းအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
ရင်း နေမွန်းတည့်ချိန်သို့ပင် ရောက်လာသည် ။ ထို့ကြောင့်
တဲငယ်လေးအတွင်းဝင်ကာ နေ့လည်စာ စားလိုက်သည် ။
ခေါင်မြ၏ တဲလေးသည် ငယ်ပင်ငယ်သော်လည်း
ကျောဆန့်ဖြစ်သည်မို့ ခေတ္တ လှဲနေလိုက်သည် ။ လူပင်
နားသော်လည် စိတ်ကမနားပေ ။ စပါးများ ရိတ်ပြီးလျှင်
ယာထဲမှာပင် အစေ့ခြွေ၍ အိမ်ကို သယ်ရမည်လော (သို့
မဟုတ်) ရိတ်ပြီးစပါးထုံးများ အိမ်သယ်၍ အစေ့ခြွေရမည်
လော စဉ်းစားရသည် ။
ပထမတစ်ချက်က ပိုအဆင်ပြေသည် ။ ရွာထဲမှ
အလုပ် သမားများ ခေါ်ယူကာ စပါးရိတ်သိမ်းမည် ။ ယာ
ထဲမှာပင် အစေ့ခြွေမည် ။ ပြီးလျှင် လှည်းငှါးကာ စပါးများ
ကို အိမ်သို့ သယ်မည် ။
ယာယီအစီအစဉ်များ ရေးဆွဲပြီး ခေါင်မြ အိပ်ပျော်
သွားသည် ။ သူ၏ စိတ်ဝိညာဉ်သည် သာယာလှသော
တောအုပ်တစ်ခုအတွင်းမှ အဖိုးအိုတစ်ဦးထံသို့ ရောက်ရှိ
သွားလေသည် ။
အဖိုးအိုသည် ဝတ်ဖြူစင်ကြယ် ဝတ်ဆင်ထားပြီး
အေးငြိမ်းသော ရုပ်သွင် ၊ နွေးထွေးသော အပြုံး ၊ စူးရှသော
မျက်ဝန်းတို့ဖြင့် ခေါင်မြအား စိုက်ကြည့်နေလေသည် ။ အ
ဖိုးအိုအား ကြည့်ကာ ခေါင်မြမှာ မိမိကိုယ်ကို သိမ်ငယ်သ
ယောင်ယောင် ၊ ရှက်ရွံ့သယောင်ယောင် ခံစားလိုက်ရသည် ။
ထိုစဉ် အဖိုးအိုမှ စကားဆိုလာသည် ။
" လူကလေး ... လူကလေးရဲ့ ဘဝဟာ အင်မတန်
ဆိုးရွားလှတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတော့မယ် ... ရှောင်လွှဲ
လို့ မရတဲ့ ဝဋ်ကြွေးကို ဆပ်ရလိမ့်မယ် ... ဓလေ့ဆိုးရဲ့
သားကောင်အဖြစ် ရောက်ရှိရတော့မယ် ... ပြီးတော့ နှမ
အတွက် ပူဆွေးသောကရောက်ရလိမ့်မယ် ... လူတွေရဲ့
ပစ်ပယ်ခြင်းကို ခံရလိမ့်မယ် "
အဖိုးအို၏ စကားများသည် ခေါင်မြနားထဲတွင် ကျိန်
စာတစ်ခုကဲ့သို့ ပဲ့တင်ထပ်နေသည် ။ အဖိုးအို၏ စကား
များကို သူနားမလည်ပေ ။
" အ. .. အဘက ဘယ်သူလဲဟင် "
" လူလေးနဲ့ တစ်ချိန်ချိန်က ဆွေမျိုးတော်ဆပ်ခဲ့သူ
ပေါ့ "
" ကျုပ်က တကယ် ဒုက္ခရောက်မှာလား "
" အမှန်ပဲ လူကလေး "
" အဲ့ဒီဒုက္ခက လွန်မြောက်အောင် လုပ်လို့မရဘူး
လား "
" အင်း ... ခက်တော့ခက်နေပြီ ... လူလေးဟာ ဒီ
ကြမ္မာဆိုးကနေ ဘယ်လိုမှ မလွန်မြောက်နိုင်ဘူး ... အဘ
အနေနဲ့ ပြောချင်တာကတော့ ဘုရား ၊ တရား ၊ သံဃာဆို
တဲ့ ရတနာသုံးပါးကို မမေ့နဲ့ ... ပြီးတော့ ဒီနှစ် စပါးပေါ်
တာနဲ့ ရွာပြင် အရှေ့စူးစူးမှာရှိတဲ့ ကံ့ကော်ပင်တွေပေါက်
နေတဲ့ တောင်ကုန်းထိပ်မှာ စေတီတစ်ဆူ တည်လိုက်ပါ "
" ဒါဆို ဒုက္ခက လွတ်ပြီလား "
" မဟုတ်ဘူး ... လူလေး ဘဝကူးကောင်းအောင်
လို့ "
" ဗျာ .... "
" ဟုတ်တယ် လူလေး ... လုပ်ဖြစ်အောင် လုပ်လိုက်
ပါ "
" စေတီဆိုတာ ဘယ်လိုမျိုးလဲ အဘ "
" ဟိုး မှာကြည့် .. "
ဟုဆိုကာ အဖိုးအိုသည် တစ်နေရာကို လက်ညှိုး
ညွှန်ပြသည် ။ ထိုနေရာသို့ ခေါင်မြကြည့်လိုက်သော် ရှေး
ဟောင်းစေတီငယ်တစ်ဆူအား မြင်တွေ့လိုက်ရသည် ။ သူ့
ဘေးတွင်မူ အဖိုးအို မရှိတော့ပေ ။ ထိုအသိနှင့်အတူ အိပ်
ပျော်ရာမှ နိုးလာခဲ့သည် ။
" ဘုရား ... တရား ...သံဃာ ... "
ဟု နှုတ်မှ ရေရွတ်ကာ အိမ်မက်အကြောင်း စဉ်းစား
နေမိသည် ။ [ထိုဒေသရှိ ရှာများသည် ဘာသာရေး ခေါင်း
ပါးပြီး စေတီပုထိုးရှားပါးသည် ။ မိရိုးဖလာ ကိုးကွယ်မှုရှိ
သော်လည်း တိမ်ကောလုပြီဖြစ်သည် ။] ခေါင်မြသည် အိမ်
မက်ဆိုးဟုသာဖြေသိမ့်ကာ ခေါင်းထဲမှ ထုတ်ပစ်လိုက်သည် ။ နောက် အလုပ်များ ဆက်လက်လုပ်ကိုင်ပြီး နေ
စောင်းသော် ရွာသို့ ပြန်လာခဲ့သည် ။
ယာတဲတွင် မက်ခဲ့သော အိမ်မက်သည် ခေါင်မြ၏
စိတ်များအား နှစ်ရက်ထက်ပို၍ မစိုးမိုးနိုင်ပေ ။ နှစ်ရက်
လွန်သော် ယခင်အတိုင်း မောင်နှမနှစ်ယောက် ပျော်ရွှင်စွာ
နေထိုင်ကြလေသည် ။
တစ်နေ့တွင်ဖြစ်သည် ။
ထိုနေ့က ခေါင်မြတစ်ယောက် ယာတဲမှ စောစီးစွာ
ပြန်လာသည် ။ ၎င်း နောက် ရေမိုးချိုးကာ မောင်နှမနှစ်
ယောက် ထမင်းလက်စုံ စားကြသည် ။ ခေါင်မြ နှုတ်မြိန်သ
လောက် ချာနူးမှာ စိတ်ပါဟန်မတူပေ ။
" ချာနူး ... "
" ရှင် ... "
" ထမင်းစားမကောင်းဘူးလား ... နင် အခုတလော
ထမင်းစားနည်းတယ်နော် "
ချာနူးမှာ ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ကာ ထမင်း
ဆက်စားနေသည် ။
" ချာနူး .. "
" ရှင် .. "
" ယာစပါးတွေ မနက်ဖြန်ရိတ်ရတော့မယ် ... ရွာ
ထဲမှာ ငါ လူခေါ်ထားပြီးပြီ ... မနက်စောစော ထမင်းထ
ချက် .... စားစရာတွေပါ ပြင်ဆင်ထားပြီး ယာတဲကို လိုက်
ခဲ့ ... နင် အဖော်ရအောင် ခမ်းဝါကို ခေါ်ခဲ့ ... လုပ်အားခ
ပေးမယ်လို့ ပြောခေါ် ... နောက်မကျစေနဲ့နော် "
" ဟုတ်ကဲ့ "
နောက်တစ်နေ့တွင် ခေါင်မြနှင့် ရွာထဲမှ အလုပ်
သမား ၅ ယောက် ယာတဲသို့ စပါးရိတ်ရန် ထွက်သွား
ကြသည် ။ ချာနူးမှာမူ ချက်ပြုတ်ပြီးစီးမှ ထမင်းပို့ လိုက်ရ
မည်ဖြစ်သည် ။
နံနက် ၁၀ နာရီခန့်တွင် ခေါင်မြတို့ ခေတ္တနားကြ
သည် ။ အပန်းဖြေရင်း အားလုံးက ခေါင်မြ၏ ယာခင်းကို
ကြည့်ကာ ချီးကျူးကြသည် ။ ထိုမျှမကသေးဘဲ ခေါင်မြ
၏ဘဝကိုပါ မေးမြန်းကြသည် ။
" ခေါင်မြ ... အလုပ်တွေချည်း ကြိုးစားမနေနဲ့. ..
မိန်းမယူဖို့လည်း စဉ်းစားဦး "
" မစဉ်းစားနိုင်သေးပါဘူးဗျာ ... မိန်းမမယူတော့
ဘူးလို့ ဆုံးဖြတ်ထားတယ် "
" ဘာဖြစ်လို့လဲ "
" ချာနူးကြောင့်ပေါ့ ... ချာနူးနဲ့ပဲ တစ်သက်လုံး
အတူနေသွားတော့မယ် "
" ချာနူး ယောက်ျားယူသွားရင်ရော "
" သူ မယူပါဘူး "
" ဒါနဲ့ ခေါင်မြ ... ချာနူး အခြားရွာကကောင်နဲ့
ကြိုက်နေတာဆို "
" မဟုတ်ပါဘူး ... အခု အားလုံး အဆင်ပြေသွားပြီ "
ထိုစဉ် ထမင်းတောင်းရွက်ကာ ထမင်းလာပို့သော
ခမ်းဝါကို တွေ့လိုက်ရသည် ။ ချာနူးကိုမူ မတွေ့ရပေ ။
" ခမ်းဝါ ... ချာနူးရော "
" ချာနူး နေမကောင်းဘူးပြောတယ် ... သူ မလိုက်
တော့ဘူးတဲ့ "
" မနက်က အကောင်းကြီးပါ ... ဟုတ်ရဲ့လား "
" သူ မျက်နှာမကောင်းဘူး "
" ဟုတ်လား ... ဒါဆို ငါပြန်မှရမယ် ... ခမ်းဝါ .. နင်
ဒီမှာစောင့်ပြီး ထမင်းကျွေးလိုက်ဦး ... ခင်ဗျားတို့လည်း
ဖြည်းဖြည်းရိတ်နှင့်ကြပါ .. ကျုပ်ပြန်လာခဲ့မယ် "
ခေါင်မြတစ်ယောက် အိမ်သို့ အပြေးပြန်ခဲ့သည် ။
အိမ်ရောက်သော် အိမ်ပေါ်သို့အတက် တစ်စုံတစ်ခု ပြိုလဲ
သံနှင့်အတူ အိမ်ကလေးမှာ သိမ့်ခနဲ့ ဖြစ်သွားသည် ။
ခေါင်မြမှာ အလျင်အမြန် ချာနူးအခန်းထဲဝင်လိုက်ရာ မ
မျှော်လင့်သော မြင်ကွင်းကြောင့် လွန်စွာ တုန်လှုပ်သွား
သည် ။
" ချာနူး .... "
သတိမလွတ်ဘဲ အိမ်ရှေ့ခန်းနံရံမှ ဓားကိုယူကာ
ကြိုးကို ဖြတ်ချလိုက်သည် ။ အရှိန်ဖြင့် နှစ်ဦးစလုံး ကြမ်း
ပြင်ပေါ်သို့ လဲကျသွားလေသည် ။ ခေါင်မြမှာ ချာနူး၏
လည်ပင်းမှ ကြိုးကွင်းအား အလျင်အမြန် ဖြုတ်ပစ်လိုက်
သည် ။
" အဟွတ် ... အဟွတ် .... အဟွတ် ... "
ချာနူးမှာ အသက်ပြင်းပြင်းရှူကာ ပြန်လည်
ကောင်းမွန်လာလေသည် ။ ခေါင်မြ အရောက်မြန်၍ တော်
သေးသည် ။ အနည်းငယ်သာ နောက်ကျခဲ့ပါက ခေါင်မြ
၏ဘဝ ပြောင်းပြန်ဖြစ်သွားနိုင်သည် ။
" ချာနူး ... ချာနူး ... နင် ဒါ ဘာလုပ်တာလဲ "
" ဟီး ... ဟီး .. ဟီး ... ဟီး ... "
ချာနူးမှာ သည်းထန်သွာ ငိုကြွေးလေသည် ။
" နင် ဘာဖြစ်လို့ ခုလိုလုပ်ရတာလဲ "
" ချာနူး မနေချင်တော့ဘူး ... ချာနူးကို သေခွင့်ပေး
ပါ အစ်ကိုရယ် "
" နင့်မှာ ဘာစိတ်ညစ်စရာရှိလို့လဲ ... နင် ငါ့ကို
စိတ်ဆိုးလို့လားဟင် "
" မဟုတ်ပါဘူး ... ချာနူးရဲ့ အမှားတွေကြောင့်ပါ ..
ပြင်လို့မရတဲ့ အမှားတွေက ချာနူးသေသွားမှ ရမှာ ... ချာနူး
သေပါရစေ "
" မသေရဘူး ... နင်သေရင် ငါဘယ်လို အသက်ရှင်
ရမလဲ ချာနူး ... ငါ့အတွက် ထည့်စဉ်းစားပါဦး ... အမှား
အားလုံးအတွက်လည်း ငါခွင့်လွှတ်ပေးလို့ ရတယ် "
" မရဘူး ... အခုအမှားက ချာနူးကိုယ်တိုင်တောင်
ခွင့်လွှတ်လို့ မရနိုင်ဘူး ... ချာနူးသေမှ ရမှာပါ .. ဒါမှ
အစ်ကိုလည်း အဆင်ပြေမှာ "
" ချာနူး ... နင် ဘာမှားတာလဲ "
ချာနူး ချက်ချင်းမဖြေဘဲ ငိုမြဲငိုနေသည် ။ ခေါင်မြ
မှာ ချာနူးဆီမှ အဖြေအား ရီဝေစွာကြည့်ရင်း နားထောင်နေသည် ။
" ပြောလေ ... နင်ဘာမှားတာလဲ "
" ချာနူးမှာ ... ချာနူးမှာလေ ... ကိုယ်ဝန်ရှိနေပြီ "
" ဘာ ..... "
ခေါင်မြ၏ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်သွားသလို ခံ
စားလိုက်ရသည် ။ အသက်ရှူရန်ပင် မေ့လျော့သွားသလား
မသိတော့ ။ ထိတ်လန့်ခြင်း၊ အံသြခြင်း၊ ဝမ်းနည်းခြင်း၊ မ
ယုံကြည်နိုင်ခြင်းများနှင့်အပြိုင် မျက်ရည်ပေါက်များ စီးကျ
လာသည် ။
" ဟုတ် ... ဟုတ်ရဲ့လား ချာနူးရယ် "
" ဟုတ်တယ်အစ်ကို .. ကိုယ်ဝန်က ငါးလရှိနေပြီ ..
ဘယ်လိုမှ ဖုံးကွယ်ထားဖို့ မရတော့တာမို့ ချာနူး မိုက်လိုက်
တာပါ "
" ဖြစ်မှဖြစ်ရလေ ချာနူးရာ ... ငါတို့မောင်နှမမှ ဒီအ
ဖြစ်မျိုး ဖြစ်ရတယ်လို့ "
" ချာနူးရဲ့ အပြစ်တွေပါ ... ချာနူးကိုသာ သတ်လိုက်
ပါတော့ "
" တော်စမ်း ချာနူး ... ဒီကိစ္စကို ခေါင်းအေးအေး
ထားပြီး စဉ်းစားရမယ် ... ဒီအကြောင်းတွေကို ဘယ်သူ
တွေသိသေးလဲ "
" ဘယ်သူမှ မသိသေးဘူး "
" ကောင်းတယ် ... ငါ အကောင်းဆုံးဖြစ်အောင်
လုပ်မယ် ... နင်အားမငယ်နဲ့ ... အခုလိုမျိုးလည်း ထပ်
မလုပ်နဲ့ ... ရွာထဲကလူတွေ မရိပ်မိအောင်နေ ... ခုချိန်က
စပြီး အိမ်အောက်ကိုတောင် မဆင်းတော့နဲ့ ... စိတ်ကို
ပျော်အောင်ထားနော် ညီမလေး "
" အစ်ကိုရယ် ... ချာနူးလေ .. ချာနူး ... "
" တော်တော့ ချာနူး ... အစ်ကို့စကားကို နား
ထောင်ပါ ညီမလေးရယ် "
" နားထောင်တာက နားထောင်လို့ရတယ် ... ဒါပေ
မယ့် ချာနူးရဲ့အပြစ်တွေကို ဘယ်အချိန်အထိ ဖုံးကွယ်ထား
လို့ ရနိုင်မှာလဲ ... ရွာကလူတွေသာ သိကုန်ကြရင် အပြစ်မ
ရှိတဲ့ အစ်ကို့ကိုပါ ဆွဲထည့်ကြတော့မှာ ... ချာနူးသာမရှိ
တော့ရင် အစ်ကိုတစ်ယောက်တည်း ... "
" ချာနူး ... နင်ဘာလို့ ရူးမိုက်တဲ့အတွေးတွေ တွေး
နေတာလဲ ... ပြေးကြည့်မှ ငါတို့မောင်နှမနှစ်ယောက်တည်း
ရှိတာ ... နင်မရှိဘဲ ငါဘယ်လိုအသက်ဆက်ရှင်ရမလဲ ...
အစ်ကိုပြောတာသာ နားထောင်ပါ ညီမလေးရယ် ... နော် ..
အစ်ကိုတို့လေ .. ယာတဲကစပါးတွေအကုန်သိမ်းပြီးတာနဲ့
ရွာထဲလူတွေမသိအောင် ဒီရွာကနေ တိတ်တိတ်လေး ထွက်
ပြေးကြမယ် "
ခေါ်မြ၏စကားကြောင့် ချာနူး တွေတွေလေးဖြစ်
သွားသည် ။
" ဖြစ်ပါ့မလား အစ်ကိုရယ် .. ချာနူးကြောက်တယ် "
" ဘာမှမပူနဲ့ ... ငါကြည့်စီစဉ်လိုက်မယ် ... နင်
နောက်တစ်ခါ ဒါမျိုးထပ်မလုပ်ပါဘူးလို့ ငါ့ကိုကတိပေး "
ချာနူးစဉ်းစားနေသည် ။
အခုလောလောဆယ်တွင် ခေါင်မြပြောသည်များ
ကို အဖြစ်သင့်ဆုံးဟုသာ သူမနှလုံးသွင်းရပေတော့မည် ။
" ဟုတ် ... ချာနူးကတိပေးပါတယ် "
" ကောင်းပြီ ချာနူး ... ဒီနေ့တော့ ငါယာတဲကို သွား
ရဦးမယ် ... နင့်ကိုငါ စိတ်ချပါရစေနော် "
" စိတ်ချလက်ချသွားပါ ... ညီမအတွက် ဘာမှမပူ
ပါနဲ့. "
၎င်း နောက် ခေါင်မြတစ်ယောက် ချာနူးထံမှ ကတိ
အထပ်ထပ်တောင်းကာ ညှိုးငယ်သောမျက်နှာထားဖြင့်
ယာခင်းသို့ ထွက်လာခဲ့ရသည် ။
ယာခင်းသို့ရောက်ကာလုပ်ငန်းခွင်ဝင်ရသော်လည်း
သူ၏စိတ်များ လေးလံထိုင်းမှိုင်းနေသည် ။
ရှေ့ဆက်ရမည့် အနာဂတ်လမ်းသည် မြူမှုန်များ
ကြဲဖြန့်ထားသလို ထင်လင်းမြင်သာမှုမရှိ ။
အတွေးပေါင်းစုံတို့ လူးလားခေါက်တုံဝင်ရောက်
နေသောသူ၏ခေါင်းထဲတွင် လွန်ခဲ့သော ရက်အနည်းငယ်
က မြင်မက်ခဲ့သော အိမ်မက်အကြောင်း ပေါ်လာပြန်သည်။
ထို့နောက် အဖိုးအို၏ ပြောစကားများကို တစ်လုံး
ချင်း ပြန်လည်ကြားယောင်လာသည် ။ ထိုစကားသံများ
သည် သူ၏နားထဲတွင် ကျိန်စာတစ်ခုအလား ပဲ့တင်ထပ်
နေသည် ။
နောက်ပိုင်းရက်များတွင် သူတို့မောင်နှမနှစ်
ယောက်၏ကမ္ဘာလေးသည် လွန်စွာကျဉ်းမြှောင်းလာခဲ့
သည် ။
နှစ်ဦးသားဆုံတိုင်း ကျိတ်၍မျက်ရည်ကျရသည့်
အခါတိုင်း နှစ်ယောက်စလုံး ထမင်းစားပျက်ခဲ့ရသည် ။
ချာနူးသည်လည်း အစ်ကိုဖြစ်သူ၏စကားအတိုင်း
အိမ်ထဲမှအိမ်ပြင်ပင် မထွက်တော့ပေ ။ ဧည့်သည်လာလျှင်
ပင် ခေါင်မြသာ လက်ခံတွေ့ဆုံသည် ။
သို့ဖြင့် ခေါင်မြ၏ယာကွက်မှအလုပ်များ အားလုံး
ပြီးစီးသွားလေပြီ ။
ချာနူးပျောက်နေသည်ကိုလည်း ရွာထဲကလူများ
တစ်စွန်းတစ်စ သတိထားမိလာကြသည် ။
တစ်ည ။
ချာနူးသည် ည ၁၀ ကျော်မှ ရေဆင်းချိုးလေ့ရှိသ
ဖြင့် ယခင်နေ့များကဲ့သို့ပင် ရေချိုးပြီး မောင်နှမနှစ်ယောက်
ထမင်းလက်စုံစားနေကြသည် ။
" အစ်ကို "
" ပြောလေ ညီမလေး "
" ချာနူးတို့ ဘယ်တော့သွားကြမှာလဲဟင် "
နေ့ချင်းညချင်းပိန်ကျသွားသော ညီမဖြစ်သူအား
ကြည့်ကာ ခေါင်မြမှာ ထမင်းလုပ်ပင်မြိုမကျတော့ ။
" ချာနူးတော့ ဒီမှာနေရတာ ကြောက်လာပြီ "
" အားတင်းထားပါ ညီမလေးရယ် ... အစ်ကို
မနက်ကျရင် ကျန်နေတဲ့စပါးတွေ ရောင်းကြည့်ဦးမယ် ...
ဒါပြီးတာနဲ့ တစ်ရက်နှစ်ရက်အတွင်း အစ်ကိုတို့ ဒီနေရာနဲ့.
ဝေးတဲ့ နေရာသစ်တစ်ခုမှာ အခြေချကြမယ် "
" အစ်ကိုရယ် ... အဲ့စပါးတွေမရောင်းလည်း ချာနူး
တို့မှာ စုဆောင်းထားတာတွေရှိနေတာပဲ "
" ဒါတော့ဒါပေါ့ ညီမလေးရယ် .. ဒါပေမယ့် တစ်နှစ်
ပတ်လုံး ပင်ပင်ပန်းပန်းရုန်းကန်ထားတဲ့ စပါးတွေကိုတော့
ဒီအတိုင်းထားခဲ့ရမှာ နမြောမိတယ် "
" အခုတလော ချာနူးစိတ်ထဲမှာတစ်မျိုးကြီးပဲ "
" ဘာဖြစ်လို့ ... "
ခေါင်မြ၏စကားမဆုံးလိုက်
" ခေါင်မြရေ ... ခေါင်မြ ... ချာနူး ... "
အိမ်အောက်မှ အလောတကြီးအော်ဟစ်သံကြား
လိုက်ရသည် ။
" ဘယ်သူလဲ "
ခေါင်မြ အသံပေးလိုက်သည် ။
" ငါပါဟ .. ခမ်းဝါ ... အရေးကြီးလို့ အပေါက်ဖွင့်
ပေးပါဟ "
ခမ်းဝါသည် ခေါင်မြတို့မောင်နှမနှင့် အရင်းနှီးဆုံး
လူပင်ဖြစ်သည် ။ ခေါင်မြအပေါ်တွင် လွန်စွာသံယောဇဉ်
ကြီးရှာသည် ။
သို့သော် ယခုအခြေအနေမျိုးဖြင့် ခမ်းဝါကို အိမ်ထဲ
ခေါ်၍မဖြစ်သောကြောင့် အပေါက်ဖွင့်ကာ ခေါင်မြ
အောက်သို့ဆင်းရသည် ။
" အချိန်မတော်ကြီး ဘာဖြစ်လို့လဲ ခမ်းဝါ "
" ခေါင်မြ ... နင်နဲ့ ချာနူးတို့ ဒီရွာကနေအမြန်ပြေး
ကြတော့ "
ခမ်းဝါမှာ ပြောရင်း ငိုလေသည် ။
" ဘာ ... ခမ်းဝါ ... ဘာ ...ဘာဖြစ်လို့လဲ "
" ချာနူးအဖြစ်ကိုလေ .. ရွာထဲကလူတွေ သိကုန်ပြီ"
" ဘာ ... ချာ .. ချာနူး ... "
ခေါင်မြဆွံ့အသွားသလို ချာနူးသည်လည်း ထိတ်
လန့်တုန်လှုပ်စွာဖြင့် အိမ်ပေါ်မှ ပြေးဆင်းလာသည် ။
" ဟုတ်တယ် ခေါင်မြ. .. ချာနူးကိုရွာထဲကလူတွေ
သတိထားမိနေတာ ကြာပြီ ... မနေ့ညက ချာနူးရေချိုးတာ
ကို ရွာသားတစ်ယောက်ကတွေ့သွားတယ် ... အခြားလူ
တွေကိုပြောတော့ မယုံကြတာနဲ့ ဒီနေ့ညမှာ စောင့်ကြည့်
ကြပြန်တယ် ... အခု အခြားလူတွေပါ ယုံသွားကြပြီ ...
သူတို့ အခုပဲ ရွာအကြီးအကဲဆီကို သွားကြပြီ ... ပြီးရင်
နင် .. နင်တို့ကို ... "
ခမ်းဝါ ဆက်မပြောနိုင်တော့ ။
ချာနူးမှာ နေရာတွင် မလှုပ်မယှက်ရပ်နေသည် ။
ခေါင်မြသည် ချက်ချင်းပင် အိမ်ပေါ်သို့ပြေးတက်
ကာ မိမိတို့တွင် စုဆောင်းထားသမျှ ဥစ္စာပစ္စည်းများကို
အလျင်အမြန် ထုတ်ပိုးလေသည် ။
အားလုံးပြီးစီးသော် ရွာလည်လမ်းတွင် မီးတုတ်
များကို လှမ်းမြင်လိုက်ရသည် ။
" သူတို့လာကုန်ကြပြီ ... ခေါင်မြ ... နင်တို့ပြေး
တော့ "
" ခမ်းဝါ .. နင့်ကိုငါ အရမ်းကျေးဇူးတင်တယ် သိ
လား ... နင့်ကျေးဇူးကို ငါတို့မောင်နှမ ဘယ်တော့မှမမေ့
ပါဘူး "
" အေးပါဟာ ... ပြေး .. ပြေးကြတော့ "
ထို့နောက် ခေါင်မြသည် ချာနူး၏လက်ကိုဆွဲကာ
ပြေးလေတော့သည် ။ ထိုအခိုက် ခမ်းဝါလည်း အမှောင်ရိပ်
တစ်ခုအတွင်း တိုးဝင်သွားလေသည် ။
ခေါင်မြတို့မောင်နှမ ရွာပြင်သို့မရမ်မနားပြေးရာမှ
နောက်လှည့်ကြည့်ရာ သူတို့နေထိုင်ခဲ့ရာ အိမ်လေးကို မီး
တောက်ကြီးများ၏ ဝါးမြိုနေသည်ကို မြင်လိုက်ရသည် ။
လရောင်သည် ကောင်းစွာမလင်းသဖြင့် အလဲလဲ
အပြိုပြိုဖြစ်နေသည် ။
မီးတုတ်များ ကိုင်ဆောင်ထားသော ရွာသားများ
သူတို့နောက်မှလိုက်လာသည်ကို တွေ့ရသဖြင့် အားစိုက်
ကာ ပြေးနေရသည် ။
ချာနူးသည် ကိုယ်ဝန်ဆောင်ထားရသည့်အပြင်
စိတ်ထောင်းကိုယ်ကြေဖြစ်နေသဖြင့် မပြေးနိုင်တော့ ။
" အစ်ကို ... ချာနူးလေ ... ချာနူး မပြေးနိုင်တော့
ဘူး "
ပြောပြောဆိုဆိုပင် ပုံလျက်သားလဲကျသွားသည် ။
ခေါင်မြသည် အချိန်ဆိုင်းမနေဘဲ ချာနူးကို ပွေ့ချီ
ကာ ဆက်ပြေးလေသည် ။
အမှောင်ထဲမို့ ခရီးမတွင်သလို လမ်းလည်း မမြင်ရ
ပေ ။ ထို့ကြောင့် ရှေ့တူရှုသို့သာ ပြေးနေရသည် ။
ချာနူး၏ အသက်ရူသံပြင်းပြင်းနှင့် ခေါင်မြထံမှ မော
ဟိုက်သံများရောထွေးနေသည် ။
ရှေ့တွင် တောင်ကုန်းကြီး ။
ခေါင်မြ၏ပြေးနှုန်းများ နှေးလာသည် ။ သို့သော် ရပ်
တန့်၍မဖြစ်သေး ။ ပြေးနိုင်သမျှ ပြေးရဦးမည် ။
ထို့ကြောင့် တောင်ကုန်းထိပ်ပေါ်သို့ ကြိုးစားကာ
တက်သည် ။
ထိုတောင်ကုန်းပေါ်တွင် ကံ့ကော်ပင်များ မြောက်
များစွာ ပေါက်ရောက်နေသည် ။
တောင်ကုန်းထိပ်ရောက်သော် မဟန်နိုင်တော့ဘဲ
နှစ်ဦးသားထပ်လျက် လဲကျသွားသည် ။
" ချာနူး ... "
" ချာနူး ... "
ခေါင်မြ မောဟိုက်နေမှုများ လွင့်စင်ကုန်သည် ။
" ချာနူး ... ညီမလေး ... "
ချာနူးထံမှ အသက်ရှူသံသဲ့သဲ့လေးမျှပင် ခေါင်မြ
မကြားတော့ ။
" ချာနူး ... ညီမလေး ... အစ်ကိုခေါ်နေတယ်လေ
... ညီမလေး ... ထပါဦး ညီမလေး ... "
ခေါင်မြအဘယ်မျှပင် ခေါ်စေကာမူ ချာနူးမှာ ငြိမ်
သက်ခြင်းမှ မလွန်မြောက်နိုင်တော့ ။
ရွာသားများမှာ မီးတုတ်များတဝင်းဝင်းဖြင့် တောင်
ခြေသို့ ရောက်လာလေပြီ ။
" ညီမလေး ..... "
ခေါင်မြ၏ အော်သံကြီးသည် တိတ်ဆိတ်နေသော
ညနှင့် အမှောင်ထုကို ဖြိုခွင်းလိုက်သည် ။
" ချာနူးရယ် ... ဖြစ်မှဖြစ်ရလေတယ် ... နင်မရှိ
ရင် ငါလည်း အသက်မရှင်ချင်ဘူး ... ရွာကလူတွေမိသွား
ရင် ငါတို့ပိုင်တဲ့ ပစ္စည်းတွေကို ယူသွားကြမှာ ... ဒါတွေကို
ပေးလိုက်လို့မဖြစ်ဘူး ... ဒါတွေကို အဘပြောတဲ့အတိုင်း
ဒီတောင်ထိပ်မှာ စေတီတည်ရမယ် ...
ဒါပေမယ့် အခုဘဝမှာတော့ ငါမလုပ်နိုင်တော့ဘူး
.. ဒါပေမယ့် လုပ်ပေးမယ့်သူပေါ်လာတဲ့အထိ ငါတို့မောင်
နှမ ဒီကနေ စောင့်ကြမယ် ... ဟုတ်တယ်နော် .. ညီမလေး"
" ဒီနှစ်ယောက်ကို အသေသတ်ကြ "
" မလွတ်စေနဲ့ "
အသံများ နီးကပ်လာချေပြီ ။
ခေါင်မြသည် ချာနူးအား ပွေ့ကာ ဒယိုင်းဒယိုင်ခြေ
လှမ်းများဖြင့် တောင်ကုန်း၏ အခြားတစ်ဖက်သို့ လျှောက်
သွားသည် ။
နှုတ်မှလည်း
" ဘုရား ... တရား ... သံဃာ ... "
ဟု ရေရွတ်ကာ ...
အဆုံးတွင် လွန်စွာနက်ရှိုင်းမတ်စောက်သော
ချောက်ကမ်းပါးကြီးထဲသို့ ... ။
(ပြီး)
#####
တစ်စုံတစ်ရာ ခံစားမှု
ရနိုင်ကြပါစေလို့
ဆန္ဒပြုရင်း ...
Jupiter koko
(ဂမ္ဘီရရွာ)
#ခွက်ဒစ်
Post a Comment