ပန်းသီးရဲ့ ကျန်းမာ‌ရေးအကျိုး‌ကျေးဇူးများ

ပန်းသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

(၁) ပန်းသီးကို စားသုံးခြင်း၊ ပန်းသီးကို ကြိတ်ထားသော
ဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် အသည်းကင်ဆာဖြစ်ပွားမှုကို ၅၇ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်။

(၂) ပန်းသီးတွင်ပါဝင်သည့် Pectin ဒြပ်ေ်ပါင်းက အထောက်အပံ့ပေးသဖြင့် ဆီးချိုသွေးချိုကိုလည်း ထိန်းညှိပေးသည်။

(၃) ပန်းသီးစားသုံးသူအယောက် ၁၀၀၀၀ ကို သုတေသီများက စစ်ဆေးစမ်းသပ်ကြည့်ရာ ရာခိုင်နှုန်း ၅၀ ခန့် အဆုတ်ကင်ဆာဖြစ်ပွါးမှုနှုန်းကို ကာကွယ်ပေးကြောင်း တွေ့ရှိရသည်။

(၄) ပန်းသီးတွင် ပါသည့် Boron ဒြပ်ပေါင်းသည် အရိုးများကို ခိုင်မာစေသည်ဟု ပြင်သစ်သုတေသီများက စမ်းသပ်ဖော်ထုတ်နိုင်ခဲ့သည်။

(၅) ကိုယ်ဝန်ဆောင်မိခင်များ ပန်းသီးကို မကြာခဏ စားသုံးပေးပါက
မွေးဖွားလာမည့်ရင်သွေးမှာ ပန်းနာရင်ကျပ်ရောဂါကင်းစင်စေကြောင်း
လေ့လာတွေ့ရှိထားသည်။

(၆) ပန်းသီးကို မကြခဏစားသုံးပေးခြင်းဖြင့် သွေးအတွင်းမှ အဆီဓါတ်များကို ၁၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သည့်အတွက် ကိုလက်စထရောကို ကျစေပါသည်။

(၇) ပန်းသီးကို တစ်နေ့တစ်လုံးမျှ စားသုံးပေးပါက ရင်သားကင်ဆာဖြစ်ပွါးမှုနှုန်းကို ၁၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင့် လေ့လာတွေ့ရှိထားကြသည်။

(၈) ပန်းသီးတွင်ပါဝင်သည့် Pectin ဒြပ်ပေါင်းသည် အူလမ်းကြောင်းတစ်လျှောက်ရှိ အစာချေစနစ်ကို အထောက်အကြူပုရုံမက အူမကြီးကင်ဆာဖြစ်ပွားမှုကိုလည်း ထိန်းချုပ်ပေးသည်။

သတိပြုရန် -

(၁) ပန်းသီးကို အခွံမခွါပဲ စားတတ်သူများအနေဖြင့် တာရှည်ခံအောင် အခွံပေါ်သုတ်လိမ်းထားသည့် ဖယောင်းရည်ကို ခြစ်ထုတ်ပြီးမှ စားသင့်ပါသည်။

(၂) ပန်းသီးအစေ့ကိုလည်း မစားမိစေရန် သတိထားရပါမည်။ ပန်းသီးအစေ့မှာ ဓါတ်မတည့်သော အစားအစာများနျှင့်တွေ့လျှင် အဆိပ်အဖြစ် ပြောင်းသွားတတ်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - Benefits of Apple, Good Health

စောနွဲ့ နေဆိုင် - ပူတာအို

Post a Comment