ဘဝကဖြစ်‌မလာရင်‌အချက်‌၅ချက်‌သတိရပါ

ဘဝက ထင်သလိုဖြစ်မလာရင် ဒီအချက် (၅) ချက်ကို သတိရပါ
----------
၁ - ဦးစားပေးတွေကို ပြန်လည်သုံးသပ်ပါ

လက်ရှိအခြေအနေမှာ ကိုယ့်ဘဝရဲ့ ဦးစားပေးက ဘာလဲဆိုတာကို ပြန်လည် သုံးသပ်ပါ။ ဝင်ငွေနည်းသွားပေမဲ့ အချိန်ပိုရတာမျိုး ဖြစ်လာနိုင်ပါတယ်။ အခွင့်အရေးတစ်ခု လက်လွှတ်ရပေမဲ့ ဒီထက့်ကောင်းတဲ့နေရာရဖို့ ပိုမို အချိန်ရလာတာလည်း ဖြစ်နိုင်ပါတယ်။

၂ - စိတ်ကူးယဉ်တာတွေ လျော့

ဘဝက ထင်သလိုဖြစ်မလာတာကြောင့် စိတ်ကူးတွေ ပိုယဉ်လာတာမျိုးလည်း မဖြစ်ပါစေနဲ့။ ထီပေါက်ရင်၊ တစ်ယောက်ယောက်က မမျှော်လင့်ဘဲ ကူညီလာရင် ဆိုတာမျိုးတွေ တွေးတာကို စွန့်လွှတ်လိုက်ပါ။ လက်တွေ့အကျဆုံး စဉ်းစားပါ။

၃ - စွန့်လွှတ်

လိုချင်တာတွေ ရှိသလို စွန့်လွှတ်ရမှာတွေလည်း ရှိပါတယ်။ ငွေကြေးပိုင်း အားနည်းပေမဲ့ ဘဝမှာ ကိုယ်လုပ်ချင်တာတွေ လုပ်နေရတယ်ဆိုရင်လည်း အမြတ်ပါပဲ။

၎ - ဖြစ်ခဲ့သင့်တာက

ကိုယ်လုပ်လိုက်တာတွေက အလုပ်မဖြစ်တဲ့အခါ ဒီလိုဖြစ်ခဲ့ရင် ကောင်းမှာ၊ ဒီလိုဖြစ်ခဲ့သင့်တာ ဆိုတာမျိုး တွေးတတ်ပါတယ်။ ဒါက တကယ်တော့ အသုံးမဝင်ပါဘူး။ ဘာတွေ မှားခဲ့လဲဆိုတဲ့ ပြန်သုံးသပ်မှုမျိုးကပဲ သင့်အတွက် အကျိုးရှိပါတယ်။

၅ - အထင်အမြင်

အခြားလူတွေရဲ့ အထင်အမြင်တွေကို ဂရုစိုက်နေတာမျိုးကို အထူးရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ထင်သလို ဖြစ်မလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်ကန်ကန်သုံးသပ်ဖို့က အရေးကြီးဆုံးပါ။ အခြားလူတွေရဲ့ အထင်အမြင်ကို ဂရုစိုက်နေတာဟာ တာထွက်မှာ နောက်ကျလို့ စိုးရိမ်နေတဲ့ တာဝေးအပြေးသမားလိုပဲ။ အရေးကြီးတာက ပန်းဝင်မှာ ဗိုလ်စွဲဖို့ပါ။

Photos & Source: Elite Daily
Duwun

Post a Comment