မင်းသမီး‌လေး အိပ်‌မက်‌ ၁

မင်းသမီးလေးရဲ့အိမ်မက်
………………………………
                အပိုင်း(1)
မနက်ငါးနာရီခွဲလောက်အချိန်တစ်ခုတွင်
အခန်းတံခါးများကိုလိုက်ခေါက်၍
"ဖေဖေ မေမေ ထပါအုံး  ကိုကို ထအုံး
ညီမလေး ထပါအုံး ဒုန်း ဒုန်း ဒုန်း"
သူမရဲ့တံခါးထုသံကြောင့် တစ်အိမ်လုံး
နိုးကြရတော့သည်။ အာလုံးလည်လန့်ပြီ
အိပ်ခန်းဆီမှ ဘာများဖြစ်လည်ဆိုပြီ
ထွက်လာကြတော့သည်။အကိုဖြစ်သူက
သူမဘာဖြစ်လဲဆိုပြီ အိပ်ပုံစုံဝါးဖြင့်
"ဘာဖြစ်တာလဲ လွဲစိန်ရာ နင်ဟာလေ
မနက်စောစောစီးစီသောင်းကျန်းလှကြီး
လားဟ"
အမေဖြစ်သူကလဲ
"ညည်းဘာဖြစ်ပြန်ပြီလဲအေ့"
ညီမဖြစ်သူကလဲ
"ဟာမမရာ ညကစာကျက်နောက်ကျလို
အိပ်ရေးပျက်ရတဲ့အထဲ ဘာဖြစ်တာလဲ"
"ဖေဖေ မေမေ ကိုကို ညီမလေး ဝန်းလေ
အိမ်မက်မက်လို့"
"ဘာာာာ အိမ်မက်မက်တယ်!!!"
အားလုံးပြူပြဲစွာဒေါသထွက်ပြီ သူကိုဝိုင်း
ကြည့်ကြတော့သည်။အကိုဖြစ်သူက
"လာပြန်ပြီလာ ဒီအိမ်မက် လွဲစိန် နင်
တော်တော်မွှေပါလား ငါမှတော့ ဘာများ
ဖြစ်လဲလို ဝပိနိုပ်ထားတဲ့ အိမ်မက် မက်
တာကိုများ လာပြောနေသေးတယ်ဟာနင်
တော့လေ တစ်အိမ်လုံးနိုးပြီပြောရသလား ဟ အမေသမီးတော်တော်လွန်သွားပြီ"
"အေ့ဟယ် ဘယ့်နှဲ ဒီအရူးအိမ်မက်မက်
တာကိုများ ငါ့တိုပါအိပ်ရေးပျက်တယ်"
ညီမဖြစ်သူက
"တော်ပြီ မမအိမ်မက်ကိုနားမထောင်ဘူး
ပြန်အိပ်တာဘဲကောင်းတယ် အဲဒီအိမ်
မက်ထဲက မင်းသားလေးလည် မမကိုမြန်
မြန်လာခေါ်သွားလိုက်ပါတော့ ဒီအိမ်မက်
ကိုဆက်နားမထောင်နိုင်တော့ဘူး"
ညီမဖြစ်သူက အိပ်ခန်းတံခါးကို ဒုန်းကနဲ
ပြန်ပိတ်ပြီ ဝင်သွားတော့သည်။ညီမလုပ်
တဲ့လူက စကားနားမထောင်တော့ အကို
ရဲ့လက်ကို ဆွဲကာ
"ကိုကို ခဏနေပါအုန်း"
"တော်ပြီ နင့်ရဲ့အရေမရအဖက်မရ အိမ်
မက်ကို ထပ်ပြီနားမထောင်နိုင်ဘူး ငါမနက်အလုပ်သွားရမယ် လွတ်ငါလက်
ကို"
ကိုင်ထားသောသူမလက်ကို ဖြုတ်ကာ
အထဲပြန်ဝင်သွားတော့သည်။
"မေမေ"
"ငါမအားဘူး ညည်းအဖေကိုပြော"
သူမကနူတ်ခမ်းလေးစူပုတ်ကာ
"ဝန်း သူဌေးဖြစ်သွားမှ သမီးလာမတော်နဲ
ညီမလည်လာမတော်နဲ အမလည်လာ
မခေါ်နဲ ဟွန့်တွေ့အုံးမယ်"
"ကယ်ပါသမီးရယ်အဖေကိုပြော အဖေ
နားထောင်ပေးမယ် ကယ်ဘာမက်တုန်း
အိမ်မက်က"
အဖေဖြစ်သူက သူမကိုချော၍
"တစ်အိမ်လုံးမှဖေဖေဘဲ ကောင်းတယ် ကျန်တဲ့လူ ဘယ်သူမှမကောင်းဘူး ဟွန့်
ပြောပြမယ် အဖေ အရင်ကလိုဘဲအိမ်မက်
ကသိလား ပျော်လိုက်တာ"
"ဟုတ်လား ဒါဆိုတစ်ကယ်ဖြစ်နိုင်တယ်
သမီး"
အဖေဖြစ်သူကသူမ၏စကားကို သံရောင်
လိုက်၍ပြောသဖြင့် သူမပျော်သွားတော့
သည်။
"ဒီလိုအဖေရဲ့အိမ်မက်ထဲမှာလေ မြင်းဖြူ
ကြီးစီးထားတဲ့ မင်းသားလေးကလေးက
သမီးကို လာခေါ်သွားတယ် ခန်းနားတဲ့
ရဲတိုက်ကြီး ထဲသို့ သမီးကိုခေါ်သွားတာ
ဝိုင်းကြည့်နေကြတဲ့ လူတွေကလည်
အများကြီးဘဲ သမီးကလည်လေ ဂါဝန်လှ
လှလေးဝတ်ထားပြီ စိန်တွေရွှေပါဆင်မြန်း
ထားတာအဖေ သိလား သမီးကိုယ်သမီး
လေအဲဒီအချိန်မှ နတ်သမီးလေးများလား
တောင်ထင်မိတယ်သိလား"
"ဒါပေါ့ အဖေသမီးလေးက နတ်သမီးလေး
လိုချောတဲ့ဟာ ကယ်ပါသမီးရယ်သွား
့ပြန်အိပ်လိုက်သွား အဲဒီအိမ်မက်လေ
ဆက်မက်ရအောင်လို့အစောကြီးရှိသေး
တယ်"
"ဟုတ်ကဲ့ဖေဖေ သမီးအဲဒီအိမ်မက်လေ ဆက်မက်ရအောင် သွားပြန်အိပ်လိုက်
အုန်းမယ်နော်"
"သွားအိပ်ချေ သွားအိပ်ချေ"
သူမအဖေဖြစ်သူကိုပြုံးပြကာ သူမအိပ်
ခန်းဆီသို့ ပြန်ပြေးသွားလိုက်တော့သည်။
မျက်နှာတွင်လည်အပြုံးတွေဖြင့်
"ငါမင်းသားလေးမျက်နှာတစ်ခါမှမမြင်ဖူး
ဘူး ဒီတစ်ခါအိမ်မက်မက်ရင် မင်းသား
လေးမျက်နှာမြင်အောင် အိမ်မက်မက်ရ
မယ်"
သူမသူအတွေးနှင့်သူပျော်ပြီ ပြန်အိပ်
တော့သည်။ အဖေဖြစ်သူက သူမကို
ကြည့်ပြီ သက်ပြင်းချမိသည်။ မနက်သို့
ရောက်သောအခါ သက်မင်းနောင်တစ်
အလုပ်နောက်ကျနေ သဖြင့်အဝတ်အစား
အမြန်လဲနေတော့သည်။ သူမကအခန်း
ထဲသို့ဝင်လာပြီ
"ကိုကို ဝန်းအလုပ်ရမှသေချာလား"
"ငါဘယ်သိမလဲ MDကနင်ကိုအလုပ်ခန့်
မှရမှာပေါ့"
"ကိုကို အင်တာဗျူးမှာ အဲဒီMDက ခက်
တာတွေမေးမှာလား"
"အဲဒါလည်ငါမသိဘူး"
"ဟာကိုကိုလည် ဘာမှလည်မသိဘူး အဲ
ဒီMDက ကိုကိုသူငယ်ချင်းဘဲမဟုတ်ဘူး
လား"
"ဟုတ်တော့ဟုတ်တယ်လေ သူငယ်ချင်း
ကသူငယ်ချင်း အလုပ်ကအလုပ်ဘဲ ငါ
နောက်ကျနေပြီနင်လုပ်လို့ ငါကိုထမင်း
ချိုင့်ထည့်ပေးစမ်းပါ"
"ဝန်းကဘာလုပ်လိုလဲ"
"ဘာနင်ဘာလုပ်လည်ဆိုတာနင်မသိဘူး
လား မနက်အစောကြီးနင်ဘဲလျှောက်နိုး
ပြီတော့ မနက်မှပြန်အိပ်တော့ ငါနောက်
ကျပြီပေါ့ လွဲစိန်ရဲ့ သွားသွားလိမ္မာတယ်
သွားကိုကို ကို ထမင်းချိုင့်တစ်ချက်သွား
ထည့်ပေး"
"ထည့်ပေးမယ် ပြန်လာရင် ကြေးအိုးတစ်
ပွဲဝယ်ခဲ့ပေး"
"အေးပါဟာ ငါဝယ်ခဲ့ပေးပါ့မယ် မြန်မြန်
သာသွားထည့်ပေးစမ်းပါ"
"ဟုတ်"
"သေချာလည်လုပ်အုံး တစ်ခုခုမကွဲစေနဲ
နော် ခဏနေနင်ကိုခိုင်းမိလို ငါပါရောပြီ
အော်ခံထိနေအုန်းမယ်"
"ဟုတ်ကဲ့ပါ"
သူမမျက်နှာလေးစူပုတ်ကာ အခန်းအပြင်
သို့ထွက်လာသည်။ ကျောင်းသွားဖို့ထမင်း
ချိုင့်ထည့်နေသော ညီမဖြစ်သူကိုတွေ့
တော့
"ရတီ ညီမလေး မမအချစ်ဆုံးလေ"
"အန် လုပ်လာပြီ ဘာခိုင်းဖို့လည်"
"ငါ့ညီမကဘယ်ဆိုလည် ကြိုသိနေတယ်"
"သိတာပေါ့ မမအကြောင်းကိုဒီအိမ်မှာ
ဘယ်သူမှမသိတဲ့လူမရှိဘူး ပြောဘာခိုင်း
ဖို့လဲ ကျောင်းသွားရအုံးမယ်နော်"
"သိပါတယ်နင်ကလဲ ကိုကိုအတွက်
ထမင်းချိုင့်ထည့်ပေးလိုပြောမလို့"
"မမကိုထည့်ခိုင်းတာမဟုတ်ဘူးလား"
"အေးလေး ငါက တစ်ခုလုပ်ရင်တစ်ခု
ဖြစ်တယ်လေသိမှတ်လား လုပ်ပေးလိုက်
ပါညီမလေးရယ် ကိုအမကိုကူညီတယ်
လိုဘဲ သဘောထားလိုက် ဆယ်တန်းကို
ဂုဏ်ထူးတွေအများကြီးနဲအောင်မှာ ဆရာ
ဝန်ကြီးလုပ်မယ်ဆို မမဆုတောင်းပေးမှ
ပေါ့"
"နေပါစေဆုမတောင်းပေးပါနဲ ကို့ကိုဖာ
သာကိုဘဲကြိုးစားယူပါမယ်"
ဆောင်းရတီက သူမအကြောင်းကိုသိသ
ဖြင့် ဘာမှထပ်မပြောတော့ဘဲ ထမင်းချိုင့်
ကိုထည့်ပေးလိုက်တော့သည်။
"ရော့ ရပြီ"
"ok ညီမလေး မမချစ်ဆုံးလေ"
ထမင်းချိုင့်ကိုယူပြီ အပြင်သို့ထွက်လာ
သည်။စောင့်နေသော သက်မင်းနောင်ကို
"ရော့ရပြီ"
"နင်အင်တာဗျူး ဆယ်နာရီမှနော် ဟို
ရောက်ရင် ငြိမ်ငြိမ်နေ ပြသာနာမရှာနဲ
နော် ပြီတော့ ငါကိုလည်လိုက်မရှာနေနဲ
သူတို့မေးတာကိုဘဲဖြေ နင်ပြန်မမေးရ
ဘူး"
"ဟုတ်ကဲ့ပါ"
"သေချာမှာထားတဲ့နော် MDကငါသူငယ်
ချင်းဆိုပေ့မဲ့ နင့်ကြောင့်တော့ မျက်နှာငါ
မပျက်ချင်ဘူး"
"သိပါပြီ လိမ်လိမ်မာမာနေပါ့မယ်"
"အဲဒါဆိုငါသွားပြီ အမေ အဖေ သားအ
လုပ်သွားပြီနော်"
"အေးအေးသား ဂရုစိုက်သွားနော်သား"
"မေမေ သမီးလည်ကျောင်းသွားတော့
မယ်"
"အေးအေး ကို့ကိုနဲတူတူသွား"
"ဟုတ်"
သူမက အိမ်ပေါ်ကနေရပ်ကြည့်နေပြီ
"တာတာ့ ညီမလေးတာတာ့ ကိုကို့တာ့တာ့"
အကိုဖြစ်သူကတော့ တာတာ့ပြန်ပြပေ့မဲ့
ညီမဖြစ်သူကတော့ မျက်စောင်းလေးထိုး
သွားသည်။
"ကို့ကို မမကလေ အခုချိန်ထိကလေး
စိတ်မပျောက်သေးဘူးလား"
"အင်း နင်အမကိုနင်မချစ်ဘူးလာနောက်"
"ချစ်တော့ချစ်တာပေါ့ ဒါပေ့မဲအမဖြစ်ပြီ
အနိုင်ကျင်တယ်"
"သူကအလုပ်နေရာသာနင်ကိုအနိုင်ကျင့်တာ နင်လိုချင်တာဆိုသူအားလုံးပေးတယ်
မဟုတ်ဘူးလား"
"အင်း ဒါတော့ဟုတ်တယ်"
"မြန်မြန်လျှောက်ရအောင် ငါတို့နောက်
ကျတော့မယ်"
"ဟုတ်"
မောင်နှမနှစ်ယောက် ခပ်သွက်သွက်လေး
လမ်းလျှောက်သွားကြတော့သည်။

အပိုင်း(1)ပြီ၏စာဖတ်သူများအားလေးစား
လျှက် နှစ်ရက်လျှင်တစ်ပိုင်းတင်ပေးပါ
မည်အလုပ်တစ်ဖက်နှင့် စာရေးတင်ပေး
ရတာမို့ နားလည်ပေးကြပါနော်
                   စာရေးသူ…လင်းသုခ

Post a Comment