မင်းသမီး‌လေးရဲ့ အိပ်‌မက်‌ ၂

မင်းသမီးလေးရဲ့အိမ်မက်
………………………………
                အပိုင်း(2)
ကျွန်မနာမည်လဝန်းအိမ်ပါ အသက်ကနှစ်
ဆယ်သုံးနှစ်ရှိပါပြီ ကျွန်မမှာ အကိုတစ်
ယောက် ညီမလေးတစ်ယောက်ရှိပါတယ်
မောင်နှမထဲမှာ ကျွန်မကအလတ်ဆိုပေ့
မဲ အိမ်မှာအငယ်ဆုံးလို ဖြစ်နေတော့
သည်။အခုကျွန်မအကိုဖြစ်သူအလုပ်နေတဲ့ Hanman countryကုမ္မဏီမှာစာရင်း
ကိုင်လျှောက်ထားသဖြင့် အင်တာဗျူးဖြေ
ရန်သူငယ်ချင်းနှင့်အတူကုမ္မဏီသို့ရောက်လာပါတော့သည်။ ကုမ္မဏီက အထပ်ရှစ်
ထပ်လောက်မြင့်တာမို့ နှစ်ထပ်မြောက်
ကိုသွားရန် ဓါတ်လှေကားကို စီးရန်စောင့်
နေရတော့သည်။ ခဏကြာ ဓါလှေကားရဲ့
တံခါးပွင့်လာတော့သည် သူမတို့လည် ဝင်လိုက်ကြသည် သူတို့နောက်မှ စတိုင်
ခပ်ကျကျစမတ်ကျကျ ဝတ်ဆင်ထား
သော လူတစ်ယောက်က ဝင်လာပြီ သူ
တို့နောက်တွင်ရပ်၍ လိုက်ပါစီးနင်းလာ
တော့သည်။ မိုးမိုးက
"လဝန်အိမ် နင့်အကို ဒီကုမ္မဏီမှာအလုပ်
လုပ်တာဆိုတော့ နင့်ကအလုပ်ရမှသေ
ချာတာပေါ့ ကံကောင်းလိုက်တာဟယ်"
"ဒါပေါ့ ငါအကိုကလေး ဒီကသူဌေးနဲသူ
ငယ်ချင်းဟ ငါ့အကိုကဆရာကြီးနော်"
"ဟာဟုတ်လား ဒါဆိုနင်ကတော့ လုံးဝ
အလုပ်ရပြီ ကောင်းလိုက်တာ သူများတွေ
များအကိုရှိတာ ငါတော့မသေချာပါဘူး
ဟာ"
"ဟာ နင်ကလဲ ဘာစိတ်ပူစရာလိုလဲ ငါအကို့ ကိုပြောပေးမယ် နင်ပါအလုပ်
ရအောင် သူဌေးက ငါ့အကိုတစ်ခွန်းထဲပါ"
"တကယ်နော် ပြောပေးနော်"
ရုတ်တရက် ဓါတ်လှေးကားကရပ်သွား
သည် သူမကိုယိုင်တိုင်တိုင်ဖြစ်ပြီ အနောက်က လူကိုတိုက်မိတော့သည်။
"sorry နော် "
တစ်ဖက်လူက သူမကိုဘာမှပြန်မပြောဘဲ
မသိချင်ယောင် ဆောင်လိုက်သည်။ ခဏ
ကြာဓါတ်လှေကားက အပေါ်သို့ပြန်တတ်
သွားပြန်သည် သူမက မိုးမိုးနားကပ်၍
"အမယ်လေးဟယ် အလုပ်လာလျှောက်
တာများ ဆိုဒ်တမဟာ ရိုက်ချလိုတောင်
မကုန်ဘူး ဒါတောင်အလုပ်ရမယ်မသေး
ချာသေးလို မျက်နှာကလည် မသိရင်သူ
လုပ်စာစား ထားရတဲ့အတိုင် မတူသလို
မတန်သလိုနဲ"
မိုးမိုးက
"နင်ဘယ့်သူကိုပြောနေတာလဲ"
သူမကတိုးတိုး
"ဟာနင်ကလဲ ဘယ်သူကိုပြောရမလဲ အ
နောက်တစ်ယောက်ကိုပေါ့ ကြည့်ပါလား
ပုံစံကို မင်းသားလို ဘာလိုလိုနဲ ငါအကို
ပြောပြီ သူကိုအလုပ်ဖြုတ်ခိုင်းရမယ်"
ထိုလူက ကြားနေရသဖြင့်စိတ်မရှည်တော့
ဟန်နှင့် အပြင်ကိုထွက်ရန်စက် ခလုတ်
ကိုနှိပ်လိုက်သည်။မိုးမိုးက
"တော်ပါတော့ဟယ်နင်ကလဲ သူများကို
ကိုယ့်နဲလည်မသိဘဲနဲ"
"ကြည့်ပါလား ရုပ်ကိုက သူကိုမင်းသား
များလာရွေးနေတယ်များ ထင်နေလာမသိ
ဘူး ငါအကိုကိုပြောရအုံး ဒီလိုလူမျိုးတွေ
အလုပ်မခန့်နဲလို့"
နှစ်ထပ်မြောက်သို့ရောက်တော့ တံခါးပွင့်
သွားတော့သည် သူကထွက်ရန်လုပ်ချိန်
သူမက ရှေ့ကကာ၍ သူကိုတိုက်ကာအ
ရင်ထွက်လိုက်သည်။ သူယိုင်သွားကာ
ဒေါသထွက်သွားတော့သည် သူမကသူ
ကိုကြည့်ပြီမျက်စောင်းလေးထိုးကာ လှည့်
ထွက်သည် မိုးမိုးကသူနောက်နေ
"နင်ကလဲဟယ် သူများကို တောင်ပန်းပါ
တယ်နော် နင်ဘာလိုလုပ်တာလဲ"
"အမြင်ကပ်လို့"
သူမလှည့်ထွက်သွားတာကို သူကြည့်ပြီ
လေပူတစ်ချက်မူတ်ထုတ်လိုက်သည်။
"ဟူးးးးးး"
သူမတို့အင်တာဗျုးရန် အခန်းအပြင်တွင် လူအယောက်နှစ်ဆယ် နှင့်အတူခုံတွင်
ထိုင်စောင့်နေရတော့သည်။ နာမည်
အလိုက်တစ်ယောက်ချင်ဆီခေါ်တော့
သည် ဒီလိုနဲတစ်ယောက်ပြီ တစ်ယောက်
ခေါ်ကာ
"လဝန်းအိမ်ရှိလား ဝင်လာလိုရပါပြီ"
"ဟုတ်ကဲ့"
သူမက မိုးမိုးကို တာတာ့ပြကာ စိတ်ကို
လျော့ပြီ အင်တာဗျုဖြေရန် အခန်းထဲသို့
ဝင်လိုက်ရာ သူမမထင်မှတ်ထားသော
ခုဏကတွေ့ခဲ့တဲ့သူက ထိုင်ခုံ၏အလည်
တွင် သေချာထိုင်နေလျှက်ရှိတော့သည်။ အကိုဖြစ်သူက သူဘေးတွင်ရပ်၍ရှိသည်
သူ အံအားသင့် သွားကာ သူခြေလှမ်းတွေ
ကရှေ့မတိုးရဲတော့ပါ
"သူဌေး လဝန်းအိမ်ရောက်ပါပြီ"
သူက
"အင်း ထိုင်ပါ"
"ဟာ သေပြီ ခုဏကတွေ့တဲ့လူက သူကဌေးလား ဒုက္ခဘဲ ငါခုဏကပြောတာ
တွေ သူအကုန်ကြားတယ် ဘယ်လိုလုပ်
ရမလဲ ငါကိုမောင်းထုတ်ရင်သေးပြီ လွဲစိန်
လွဲစိန် နင်တော့ဒီတော့ဒီတစ်ခါတော်
တော်လွဲသွားပြီ"
ဘေးကရပ်နေတဲ့အမက
"ညီမ ထိုင်လိုရပြီဘာရပ်ကြည့်နေတာ
လဲ  "
"ဟုတ် ဟုတ် ဟုတ်ကဲ့"
သူမ သူ့နှင့် မျက်နှာချင်းဆိုင်တည့်တည့်
တွင်ထိုင်လိုက်တော့သည်။မျက်နှာငယ်
လေးဖြင့် ခေါင်းလေးငုတ်ကာ သူက
"မင်းနာမည်က လဝန်းအိမ်နော်"
"ဟုတ်"
"စာရင်းအင်းနဲကျောင်းပြီထားတယ်ပေါ့"
"ဟုတ်"
"မင်းဘယ်ဌာနမှအလုပ်လျှောက်ဖူးလဲ"
"ဘယ်မှာမှမလျှောက်ဖူးဘူး"
"လုပ်ငန်းအတွေ့အကြုံရောရှိလား"
"မရှိဘူး"
"ကွန်ပြူတာရောကျွမ်းကျင်လား"
"ဟုတ်"
"မင်းစာရင်းရောသေချာနိုင်လား"
"ဘွဲ့ယူထားတာအလည်ကားထင်လိုလားစာရင်းတွေတော့နိုင်တာပေါ့"
အကိုဖြစ်သူကသူမအမူက ကလန်တော့
ဟန်ပေါ်လာသဖြင့်
"ဝန်းလေ မပြောရဘူး"
"ဘာတော်လဲ ညီမလား"
"ဟုတ်တယ် သူဌေး"
"သြော် ဒါကြောင့်ကိုး ဒီမှမင်းစကားပြော
ဆင်ကျင်း မဟုတ်ရင်မင်းအကိုပါ အလုပ်
ပြုတ်သွားမယ် မင်းလေသံကို နည်းနည်း
လျော့လိုက်"
"ဟုတ်'
သူမက မျက်နှာစူပုတ်ကာ တိတ်ဆိတ်
လျှက် သူက
"မင်း  English speakingရောတတ်လား"
"လိုလို့လား"
"ဘာ"
"မြန်မာနိုင်ငံမှာနေတာဘဲ အဲဒါတွေတတ်
ဖို့လို လို့လား"
"ဘာ မင်းတော့မဟုတ်တော့ဘူး"
"သူဌေးရော တတ်လိုလား"
"ဘာ ဘာပြောတယ်မင်း ဟားးးးးဟားးး
ငါကိုတတ်လားပြန်မေးတယ် မင်းတော့"
"သူကဖြင့်မတတ်ဘဲ သူများကိုလာမေး
နေတယ်"
"ကဲထားပါတော့ ထားပါတော့ငါမတတ်
ဘူးဘဲထားလိုက်ပါတော့ ရပါပြီ ရပါပြီ
မင်းဒီလောက်ဆိုပြန်လိုရပြီ "
"ပြီးရော"
"ဘာ ငါ့ကိုများ ဟားးးးမင်းတော့မလွယ်
ဘူးဘဲ"
သူမစကားကြောင့် သူဒေါသမထွက်ဘဲရီ
မိတော့သည်။ သူမကထရပ်လိုက်ပြီ
"အလုပ်ခံမှလည်မဟုတ်ဘဲနဲ အချိန်ကုန်
ခံပြီမေးနေသေးတယ် ဟွန့်"
"ဘာကွ"
အကိုဖြစ်သူက
"ဝန်းလေ နင်တော်တော့ ငါနင့်ကို မှာ
ထားတယ်မဟုတ်ဘူးလား"
"မှာထားတော့မှာထားတာပေါ့ သူက ဝန်း
ကိုအလုပ်ခန့်မှာမှမဟုတ်တဲ့ဟာ"
"နင်ပြန်တော့ အိမ်ရောက်မှနင်နဲငါနဲတွေ့
မယ်"
သူမ စောက်ချည်းအောက်ချည်းဖြင့် မျက်
နှာစူပုတ်ကာ ပြန်သွားသည်။ သူကသူမ
အဖြစ်ကို ကြည့်ပြီရယ်တော့သည်။ တစ်
ခြားဝန်းထမ်းတွေလည် သူမပုံစံကိုကြည့်
ပြီ အံအားသင့်ကုန်ကြတော့သည်။သူက
"ငါအင်တာဗျူးမေးတဲ သက်တန်းတစ်
လျှောက်မှာ ငါ့ကိုပြန်မေးပြီရန်တွေတာ ဒါ
ပထမဦးဆုံးမြင်ဖူးတာဘဲ ဟားးးသက်မင်း
မင်းညီမကတော့ တစ်ကယ်စံဘဲ"
"တောင်းပါတယ်သူဌေး"
"တောပြီဗျာ ဒီက ကုမ္မဏီအဖွဲ့ဝင်တွေဘဲ
အင်တာဗျူးလိုက်တော့ ကျွန်တော်တော့
ဆက်ပြီ မထိုင်နိုင်တော့ဘူး"
သူက အင်တာဗျူးအခန်းမှ သူရုံးခန်းဆီ
သို့လာလိုက်တော့သည် သက်မင်းလည်
သူနောက်မှဘာပြောရမှန်းမသိသဖြင့် မျက်နှာငယ်လေးဖြင့် လိုက်လာတော့
သည်။သူက ရုံးခန်းသိုရောက်တော့
"သက်မင်း သူက မင်းညီမနှစ်ယောက်ထဲ
ကအလတ်လား အငယ်လားသူက"
"အလတ်ပါ"
"သြော်ငါမှတ်မိပြီ ငါတို့ဆယ်တန်းတုန်းက
နှာချီးတွဲလောင်းနဲ ငါတို့chemisty သင်
နေတုန်း အိမ်မက်မက်တဲ့အကြောင်း မင်း
ကိုလာပြောတဲ့ တစ်ယောက်မဟုတ်လား"
"အင်း ဟုတ်တယ်သူဘဲ"
"အဲဒီတုန်းက ဘာတဲ့သူအိမ်မက်က မင်း
သားလေး တစ်ယောက် မြင်းဖြူစီးပြီ သူကိုလာခေါ်တယ် ဆိုလားဘဲ သူပြော
တာကိုကြည့်ပြီ တစ်ခန်းလုံးဝိုင်းရီကြ
တယ် ငါတောင်မနေနိုင်လို ထရီမိသေး
တယ်"
"ပြောမနေနဲတော့ အမြဲတမ်းသူက အဲဒီ
အိမ်မက်ဘဲ အမြဲတမ်းမက်နေတယ်"
"သူတွေပြီလား အဲဒီမင်းသားလေး"
"တွေ့လည်ကောင်းသားဘဲ တွေ့ဖို့ကိုမ
ရှိတာ ဖြစ်မှမဖြစ်နိုင်ဘဲ"
"မင်းညီမက ကြပ်မပြည့်တာလား စိတ်ကူး
ယဉ်နေတာလား"
"မသိတော့ပါဘူးဟာ အသက်ဘဲနှစ်ဆယ်
ကျော်လာပြီ အခုထိမရင့်ကျပ်သေးဘူး"
"ငါကိုလည်ခုဏက ဓါတ်လှေကားမှာပြော
တာရစရာကိုမရှိဘူး"
"တောင်းပန်းပါတယ်ကွာ"
"ရပါတယ်ကွာ မင်းညီမ ငါ့ညီမပေါ့ ငါ့သူ
ကိုအလုပ်ခန့်မယ် ဒါပေ့မဲ့ မင်းသူကိုမကူ
ညီရဘူး မင်း ညီမကိုနည်းနည်း lesson
ပေးရမယ်"
"အလုပ်ခန့်မယ်မဖြစ်ပါဘူးကွာ ငါမျက်နှာ
ပူနေရမယ်"
"ဘာမှမျက်နှာမပူနဲ အခုဟာက ငါနဲသူနဲ
ပြသာနာ မင်းနဲမဆိုင်ဘူး မင်းဖာသာမသိ
မသာနေ"
"ဟူးးးငါတော့မထင်ဘူးနော် သူက
ကလေးစိတ်ဘဲရှိသေးတာ"
"ငါသိပါတယ် ဘာမှမပူနဲ ကယ်ပါမင်းအ
အလုပ်မင်းသွားလုပ်ပါ မင်းညီမကို မနက်
ဖြန်ကစပြီအလုပ်ဆင်းလိုရပြီလို့ပြောလိုက်
ပါ"
"အေးပါ"
သက်မင်းဘာမှ ထပ်မပြောတော့ဘဲအ
ခန်းထဲကထွက်သွားတော့သည်။နေထက်
ဇော် မှာတော့ ပြုံးလျှက် ကျန်ခဲ့တော့
သည်။

အပိုင်း(2)ပြီး၏စာဖက်သူများအားလေးစား
လျှက်
                 စာရေးသူ…လင်းသုခ

Post a Comment