သောကြာသားသမီးတို့၏ စိတ်နေစိတ်ထားအကြောင်း
။။။။။။။။။။။။။။။။။။။။
သောကြာသားသမီးတွေဟာ လူ့လောကကိုစရောက်ပြီဆိုကတည်းကအငိုသန်တယ်။ သွေးအေးအေးနဲ့ စိတ်ကြီးတတ်တယ်။
အနေအေးတဲ့ လူအများစုဖြစ်ကြပေမဲ့ ကိုယ်ခင်ရတဲ့သူ အရင်းနှီးဆုံးလူတွေနဲ့စကားပြောရင်တော့ အင်မတန်မှ စကားများတယ်။ လေကြောမပြတ်နိုင်ဘူး။ သူများအကြောင်းထက် ကိုယ့်အကြောင်းတွေကို ပိုပြီး ပြောပြလေ့ရှိတယ်။
ရည်မှန်းချက်တခုကို အကောင်အထည်ဖော်ရင်စိတ်ရှည်တယ်။ သီးခံတယ်။ ကိုယ်မကြိုက်တဲ့ အရာ ကိုယ်မနှစ်သက်သော လူတွေဆိုရင်တော့ ဘယ်တော့မှ ဂရုမစိုက်တတ်ဘူး။ ကိုယ်မှန်တယ် လို့ ထင်ရင်လည်း ဘယ်သူပြောပြော ဂရုမစိုက်တတ်တာ သောကြာပါ။
လူမှုရေး နဲ့ပတ်သက်ပြီး ဆက်ဆံရင် ဖော်ရွေတတ်တာသောကြာပါ။ကိုယ်ခင်သောမိတ်ဆွေတွေရဲ့ လူမှုရေးပွဲတွေအတွက်ဆိုရင် သောကြာတွေဟာ မပျက်မကွက် သွားရောက်တတ်ပါတယ်။
အပြင်မှာအေးစက်စက်နဲ့မာနကြီးတယ်လို့ထင်ရပေမဲ့ ကိုယ်ခင်တဲ့လူတွေအပေါ်မှာဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ပြောဆို ဆက်ဆံတတ်တာသောကြာပါ။ ကလေးတွေကိုလည်း ကြင်နာစွာနဲ့ချစ်တတ်တယ်။
စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေရှိရင် တစ်ယောက်ထဲအေးဆေး တွေးတောနေရတာကိုပိုပြီး နှစ်သက်တာသောကြာ။
သောကြာတွေဟာ ကိုယ့်အနားမှာရှိနေတဲ့သူတွေကို အရင်းနီးဆုံး ခင်မင်စွာနေတတ်ပေမဲ့
စိတ်ထဲမှာ သိပ်ပြီးအစွဲအလန်းမထားတတ်ဘူး။ ခင်မင်ရတဲ့ လူအချို့ကို အချိန်တွေကြာသွားလည်း အမှတ်ရနေတတ်တဲ့သူတွေဖြစ်ပေမဲ့ အစွဲအလန်းကြီးစွာနဲ့ သတတနဲ့သတိရနေတတ်တဲ့ လူတွေတော့ မဟုတ်ဘူး။
သောကြာတွေဟာ အားနေရင် ကိုယ်ကြိုက်တဲ့ အစားအစာတွေ စားနေရတာတွေကို ကျေနပ်ကြသလို
အအိပ်လည်းမက်တယ်။ ဖြစ်ချင်တာတွေ မဖြစ်လာရင်လည်း ဒေါကန်တတ်တာသောကြာ။
အချစ်ရေးကိစ္စမှာ သောကြာတွေဟာအရှက်ကြီးတယ်။ ကိုယ့်ရဲ့အချစ်ရေးအချစ်ရာအကြောင်းတွေကို
သူငယ်ချင်းတွေအပေါ်မှာ အကြောင်းစုံသိပ်ပြီးပြောပြလေ့မရှိဘူး။ လျို့ဝှက်တတ်တာ သိပ်တော်တာ သောကြာပါ။
သောကြာတွေဟာ ပစ္စုပ္ပါန်ထက် အနာဂတ်ကိုပိုပြီး စိတ်ကူးယဉ် တွေးတောလေ့ရှိတယ်။
သောကြာတွေရဲ့မျက်ဝန်းဟာ စွဲဆောင်မှုရှိသလို စကားပြောရင်လည်း စွဲဆောင်မှုအပြည့်အဝ ပိုင်ဆိုင်ထားတာသောကြာတွေပါ။
သောကြာ တွေရဲ့အချစ်ရေးကတော့ အချစ်ဦးနဲ့လွဲနေပေမဲ့ အချစ်စစ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားလေးပါ။
Credit : ÂChîtThîtSãr
Post a Comment