အင်္ဂါသား သမီးတို့ရဲ့ စိတ်နေစိတ်ထားအကြောင်း
။။။။။။။။။။။။။။။။
အင်္ဂါတွေဟာ အပြင်ပန်းသဏ္ဍန်တည်ငြိမ်အေးဆေးစွာနဲ့နေတတ်ကြပေမဲ့
အင်မတန်မှ ဒေါသကြီးတဲ့နေ့နာမ်တွေဖြစ်ကြတယ်။ မဟုတ်ရင် မခံချင်ကြဘူး။
ဒေါသဖြစ်ရင် အပြင်မှာပေါက်ကွဲကြတာထက် ပါးစပ်က ပူညံပူညံနဲ့ရေရွတ်နေ တတ်ကြတယ်။
လူတွေအပေါ် ဖော်ရွေစွာနဲ့ခင်မင်တတ်ပါတယ်။ ဝတ္တရားပျက်ကွက်မိ ရင်လည်း အပြန်ပြန်အလှန်လှန်တွေးပူနေတတ်ကြတယ်။
မိသားစုတွေအပေါ်မှာ ပျော်ရွှင်မှုတွေပေးချင်တဲ့စိတ်တွေရှိကြတယ်။
တည်ငြိမ်အေးချမ်းတဲ့ပုံစံမျိုးပေမဲ့တခါတလေမိသားစုထဲမှာ ပေါကြောင်ကြောင်နိုင်တတ်ကြတယ်။
အလုပ်လုပ်တဲ့နေရာမှာသူများအပေါ်ဦးဆောင်လိုတဲ့စိတ်ရှိတယ်။ ကိုယ်လုပ်ရင် ကိုယ်အကောင်းလို့ထင်မြင်တတ်ကြတာအင်္ဂါ။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ်။
အင်္ဂါတွေဟာ ကိုယ့်ကိုယုံကြည်မှုအပြည့်အဝရှိတယ်။ တခါတရံ ကိုယ့်ကိုယ်ပင် ချီးမွမ်းတတ်တယ်။ သူများတွေမြှောက်ပေးရင်တော့သိပ်မကြိုက်ဘူး။
အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာအေးအေးဆေးဆေးနေတတ်ကြတာ အင်္ဂါပါ။ တည်ငြိမ်အေးချမ်းတဲ့ အပြုံးတွေကိုလည်းပိုင်ဆိုင်ထားကြတယ်။
ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်သလောက် ကိုယ့် အပေါ်မကောင်းတဲ့လူဆိုရင်တော့ တသက်လုံးပြန်လှည့် မကြည့်တတ်ကြဘူး။
အင်္ဂါတွေဟာတိရစ္ဆာန်လေးတွေကို အသည်းယားစွာနဲ့ ချစ်တတ်ကြတယ်။
အိမ်မက်ထူးထူးဆန်းဆန်းတွေမက်ရင် သူငယ်ချင်းတွေကို သို့မဟုတ်
မိသားစုထဲက လူတစ်ယောက်ယောက်ကို ပြန်လည်ပြီးပြောပြချင်တတ်ကြတယ်။
ဝမ်းနည်းစရာ တစ်ခုခုနဲ့ကြုံရင်မျက်ရည်လွယ်တတ်ကြတာအင်္ဂါပါ။
တော်ရုံနဲ့မမေ့တတ်ကြဘူး။ သို့ပေမဲ့ မေ့ပြီးသွားရင်လည်း သူမဟုတ်သလိုပဲ အသစ်တဖန်ပြန်စတတ်ကြတယ်။
သူများအပေါ်မှာ ကူညီပေးချင်တဲ့စိတ်အပြည့်အဝရှိတယ်။ အားနာတတ်တယ်။ စကားပြောရင်လည်း သူများနားလည်အောင် ရှင်းလင်းစွာနဲ့ ပြောပြတတ်ကြတယ်။
အမှတ်တရတွေကိုတော့ တခုမကျန်မမေ့တတ်တာ အင်္ဂါပါပဲ။
သီချင်းအေးအေးလေးတွေဆို တည်ငြိမ်အေးချမ်းတဲ့နေရာမှာ
တိုးတိုးတိတ်တိတ် နားကျပ်နဲ့နားထောင်နေရတာတွေကိုနှစ်သက်ကြတာအင်္ဂါပါ။
အင်္ဂါတွေဟာ အချစ်ရေးမှာတော့ တွေဝေနေတတ်ကြပါတယ်။
ရှေ့တိုးရမလိုလို နောက်ဆုတ်ရမလိုလိုနဲ့ သံယောဇဉ်လည်း မပြတ်နိုင်ကြဘူး။
ဗုဒ္ဓဟူး သားသမီးတို့ အကြောင်းသိကောင်းစရာ
။။။။။။။။။။။။။။။။။။
ဗုဒ္ဓဟူးသားသမီးများဟာ အေးဆေးစွာနဲ့ နေတတ်တဲ့နေ့နာမ်များပဲဖြစ်တယ်။
အပြင်မှာအေးသလောက် အပေါင်းအသင်းတွေနဲ့တွေ့ရင်တော့ ပျော်ပျော်နေ တတ်တယ်။ စကားချိုချိုနဲ့အတည်ပေါက်စတတ်နောက်တတ်တယ်။
ဗုဒ္ဓဟူးများဟာ ကိုယ်လုပ်တဲ့အလုပ်တစ်ခုကို လုပ်မယ်လို့ ဆုံးဖြတ်ထားရင်
ဖြစ်အောင်ကို ကြိုးစားပြီးလုပ်တတ်တာ ဗုဒ္ဓဟူးပါ။ ကိုယ်တကယ် ဝါသနာပါတဲ့ အရာကိုလုပ်ရင်လည်း အောင်မြင်တတ်သလောက် စိတ်မပါတဲ့အရာ ဆိုရင်တော့ အောက်ဆုံးထိလက်လျော့ထားတတ်တယ်။
အလုပ်လုပ်တဲ့နေရာမှာအင်မတန်မှ စိတ်ကူးဥာဏ်ကောင်းတယ်။
ကိုယ်ဖြစ်ချင်တာကို ဘယ်တော့မှ လက်မလျော့တတ်တာ ဗုဒ္ဓဟူးပါ။
ဗုဒ္ဓဟူးများဟာ မာနကို သိပ်ပြီးအလေးမထားတတ်ဘူး။ စိတ်ဆိုးအောင် လုပ်ပြီးရင်လည်း ပြန်ချော့တတ်တာ ဗုဒ္ဓဟူး။
သူငယ်ချင်းတွေကြားထဲမှာ အချစ်ခံချင်ကြတယ်။သူ့အပေါ်အလေးထားတဲ့သူဆိုရင် သူဟာအရမ်းကောင်းတယ်။ စကားချိုချိုလည်းပြောတတ်သလိုမျက်နှာအနေအထား ပွင့်လင်းတယ်။
တခါတလေ လူကြီးဆန်ဆန်နဲ့နေတတ်သလို တခါတလေကလေးလေးဆန်ဆန်နဲ့ အတည်ပေါက်စနောက်တတ်တယ်။
မိသားစုထဲမှာ ကိုယ့်ကိုချီးမွမ်းတာကိုခံချင်တယ်။ ကိုယ့်ထက် အကြီးဖြစ်စေ အငယ်ဖြစ်စေ ကိုယ့်ထက်ဂရုစိုက်ပေးပြီး ကိုယ့်ကိုပစ်ထားကြရင် ဝမ်းနည်းလွယ်တတ်တာ ဗုဒ္ဓဟူး။ သို့ပေမဲ့ မိသားစုကိုအရမ်းချစ်တယ်။
ဗုဒ္ဓဟူးတွေဟာ စိတ်ကူးသစ် အမြင်သစ်နဲ့ မိတ်ဆွေအသစ်တွေကိုလည်း ရှာဖွေလေ့ရှိပါတယ်။ သို့ပေမဲ့ အဟောင်းကိုမေ့လားဆိုလည်း
အဟောင်းတွေကိုလည်း မမေ့တတ်ပါဘူး။
ကိုယ့်အပေါ်ကောင်းတဲ့သူဘက်ကို ပိုပြီးအလေးထားဆက်ဆံတယ်။ ဗုဒ္ဓဟူးတွေဟာ ကိုယ့်ကိုယုံအောင်လာပြောရင်လည်းအယုံလွယ်တတ်တယ်။
ဗုဒ္ဓဟူးများဟာ ဒေါသဖြစ်ရင်လည်း မျက်ရည်တွေပေါက်ပေါက်ကျတယ်။
ဝမ်းနည်းမှုဖြစ်စေ ဒေါသဖြစ်စေ ဖြစ်လာရင်လည်း စိတ်ထဲမှာ အကြာကြီး အစွဲမထားတတ်တာ ဗုဒ္ဓဟူးပါ။
ဗုဒ္ဓဟူးများဟာ အားနေရင် ခင်မင်ရတဲ့သူတွေကို ဟာသပြောရတာတွေ သီချင်းနားထောင်တာတို့ သို့မဟုတ် game တွေဆော့ရတာကိုဝါသနာပါတယ်။
ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ဝေးနေရင် သူကမလာရင် ကိုယ်ကသူ့ဆီကို အရောက်သွားချင်တတ်ကြတဲ့စိတ်ထား ဗုဒ္ဓဟူးမှာရှိတယ်။
ဗုဒ္ဓဟူးတွေရဲ့ အချစ်ရေးကတော့ ကိုယ့်ရဲ့ တော့ကီတွေကြောင့်စန်း အလွန်ပွင့် သလို တခါတလေ ကိုယ်ပဲခံစားနေရတာ ဗုဒ္ဓဟူး ??
Credit : ÂChîtThîtSãr ᠌᠌᠌
Post a Comment