ပဉ္စ‌မြောက်‌ ပန်း‌ဒေဝီ အပိုင်း၁၁

ပဉ္စမမြောက် ပန်းဒေဝီ
……………………………
                  အပိုင်း(11)
၁၄နှစ်ကြာပြီနောက် သူမလေးအသက် ဆယ်ကိုး
နှစ်ပြည့်လာခဲ့လေပြီ မင်းသားလေးကျန်မင်း နတ်
ကျွန်းကနေပြန်သွားပြီ ကတည်းက သူမကြောင့်
လူအသေအပျောက် သိပ်မရှိတော့ပါ။ သူမလေး
စကားလည် လူတိုင်းကိုပြောလာတော့သည်။သာ
မာန်လူတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တော့
သည်။ ဒါပေ့မဲ့အဖေဖြစ်သူ စော်ဘွားမူရမ်ဟာ သူမ အသက်နှစ်ဆယ်ပြည့်ဖို့ တစ်နှစ်ဘဲလိုတော့
တာမို့ စိုးရိမ်နေမိသည်။ သူမလေးက စကားပြော
လာပေ့မယ် သီးခြားတော့နေသည်။ညီအမတွေနဲ
အခေါ်အပြော သိပ်မရှိပါ။သူလိုချင်တာ သူလုပ်ချင်
တာတွေကို စော်ဘွားမူရမ်ပြောပြသည်။ ယခုဆို
သူမဟာ ဆေးပညာကို ကျွမ်းကျင်စွာတတ်မြောက်
နေလေပြီ စော်ဘွားမူရမ်ရဲ့သမီး ငါယောက်တည်း
မှာ မော့ရန်ဟာ ဆေးပညာအတော်ဆုံးဖြစ်သည်။
သူ့အဆောင်မှာတစ်ယောက်တည်း ဆေးဖော်ပြီ
ပန်းတွေ လိပ်ပြာတွေနှင့် စကားပြောရင်း သူတစ်
ယောက်တည်း ပန်းခြံအတွင် နတ်ကျွန်းတစ်ခုလုံး
နှင့် သီးခြားလေနေလေ့ရှိသည်။ တစ်ချို့နတ်ကျွန်း
ကဆေးဆရာများက လက်မှိုင်းချရတဲ့လူနာတွေကို
တောင် သူဆေးကုရင်ပျောက်ကင်းလာသည်။ နတ်
ကျွန်းရှိလူများလည် သူမလေးကိုတစ်ဖြေးဖြေး ယုံ
ကြည့်လာကြသည်။ သူမဟာ ထက်မြတ်သည်။
စေတနာကောင်းသည် စော်ဘွားမူရမ်းသမီးများ
ထဲတွင်သူမလေးဟာ နတ်သမီးအလား ချောလွန်း
လှလွန်းသည်။ သူအပြင်ထွက်လျှင် သူကိုလူတွေ
ကကြောက်ကြ ထွက်ပြေးကြမှာ သူစိုးရိမ်နေရ
သဖြင့် မျက်နှာတစ်ပိုင်းကို ပုဝါဖြင့် အုပ်ထားပြီ အပြင်ထွက်လေ့ရှိတော့သည်။ သူကိုမည်သူမှ မသိ
ကြသဖြင့် သူနတ်ကျွန်းမှလွတ်လပ်စွာ သူသွားချင်
သောနေရာ ကိုသွားလေ့ရှိတော့သည်။ ဆရာဝု
စကားကြောင့် မူရမ်ဟာ သူမလုပ်ချင်တာတိုင်းကို
ခွင့်ပြုပေးထားသည်။ မည်သည့်အရာကိုမှမတား
မိချေ။ ယခုလည်သူမတခြားနတ်ဆေးဆရာတွေ
နှင့်အတူ တောင်ပေါ်သို့ ဆေးရွက်ဆေးမြစ်ရှာရန်
နတ်ကျွန်းက ဆေးဆရာငါးယောက်နှင့် သူမလိုက်
သွားသည်။ ထိုဆေးဆရာများက သူမကို ယုံကြည့်
ကြသော သူများဖြစ်ကြသဖြင့် သူတို့နှင့်လိုက်ရန်
ခေါ်သွားကြလေတော့သည်။ မုရမ်လည်သူမကို ယုံ
ကြည့်သဖြင့် နတ်ဆေးဆရာများနှင့် ပေးသွားစေ
လိုက်သည်။
      တောင်ပေါ်၌သူတို့တွေ တောင်တစ်တောင်
လုံးကို ဆေးမြစ်လိုက်ရှာကြသည်။ ဆေးမြစ်ရှာ
လျှင် တစ်ခါသွားလျှင် တစ်ပတ်ဆယ်ရက်ကြာ
သည်။ သူမဟာ မည်သည်ကိုမကြောက် ရဲရင့်လှ
သော မိန်းကလေးဖြစ်သည်။ သူအကြောင်းလည်
သူသိသဖြင့် သူစိတ်ကို သူအမြဲတမ်းထိန်းချုပ်ထား
လေ့ရှိသည်။ ထိုကြောင့် မူရမ်စိတ်ချရသည်။ ယခု
မူရမ်စိုးရိမ်နေမိသည်။ သူမအသက်နှစ်ဆယ်ပြည့်
တော့မည်။ မင်းသားလေးက သူမဆီသို့ ရောက်
မလာသေးပါ။ သူမအသက်နှစ်ဆယ်ပြည့်လျှင် မိစ္ဆာဖြစ်လာမှာကို အားလုံးထက်မူရမ်က ပို၍
ကြောက်နေတော့သည်။ ထိုကြောင့် မင်းသားလေး
အလာကို သာမျှော်နေမိတော့သည်။
     နှင်းတောင်ဟာအရင်ကလိုဘဲ တိတ်ဆိတ်ငြိမ်
သက်လျှက်ရှိသည်။ စစ်သူကြီးမူလန်ဟာ နှင်း
တောင်ပေါ်သို့ မေးခွန်းတွေဖြေပြီ တောင်ပေါ်သို့
တတ်လာသည်။ တောင်ပေါ်ရောက်တော့ ကိုရင်
ကြီးက နောက်ဆုံးဘုရားကျောင်းဝင်ပေါက်၌ ရပ်
၍ မူလန်ကိုစောင့်နေသည်။ မူလန်က ကိုရင်ကြီး
ကိုကြည့်၍
"ကျုပ် လူတစ်ယောက်ကို လာတွေ့တာပါ သူကို
လာခေါ်တာလည် ဟုတ်ပါတယ် ကျုကိုလမ်းဖွင့်
ပေးပါ ကိုတော်"
"ကောင်းပြီ ဒကားကြီး ဝင်ပါ ဒကားကြီးကို လူကောင်းတစ်ယောက်လိုမြင်မိပါတယ်"
"ကျေးဇူးတင်ပါတယ် ကိုရင်ကြီး"
ကိုရင်ကြီးက ခွင့်ပြုပေးလိုက်သည်။ နောက်မှ
ကိုရင်လေးကပြေးလာ၍
"ကိုရင်ကြီး ကိုရင်ကြီး ဆရာတော် မရတော့ဘူး"
"ဘာ "
ကိုရင်ကြီးက လန့်သွားပြီ ချက်ချင်းပင် ကိုရင်လေး
နောက်ကို ပြေးလိုက်လာလေတော့သည်။ စစ်သူ
ကြီးမူလန့်လည် ဘုမသိဘမသိဖြင့် သူတို့နောက်
ကိုလိုက်ခဲ့လေတော့သည်။
ဆရာရသေ့၏ အဆောင်အပြင်ဘက်တွင် ရန်ညီ
နောင်နှစ်ယောက်က တစ်ယောက်တစ်ဖက်ဆီ
လှည့်ကာ ငိုနေကြတော့သည်။ကိုရင်ကြီးက ရန်ကျိ
ကို
"ဆရာတော်ရော"
"အထဲမှာ"
"ဒကားလေကျန်မင်းရော"
"အထဲမှာ ဆရာတော်က ကျန်မင်းနဲပြောစရာရှိ
လိုတဲ့ ကျွန်တော်တို့ကိုအပြင်ထွက်ခိုင်းတယ် ဘယ်
သူမှဝင်မလာစေနဲတဲ့"
"ဒါဆို ကျန်မင်းထွက်လာတာကို အပြင်ကစောင့်
ကြတာပေါ့"
သူတို့တွေအားလုံး မျက်နှာတွေ ငြိုးငယ်စွာနှင့်
တိတ်ဆိတ်ငြိမ်သတ်နေကြတော့သည်။ စစ်သူကြီး
မူလန့်လည် သူလာတာဘာကြောင့်လည် ဆိုတာ
ဘာလိုပြောရမယ်မှန်းမသိသဖြင့် သူလည် ကျန်
မင်း အဆောင်ထဲမှအထွက်အလာကို စောင့်နေ
ရန်အပြင်မရှိတော့ချေ။
     ဆရာတော်ဝုဘေးနားတွင်ငြိမ်သတ်လျှက်
ထိုင်နေသော ကျန်မင်းကို အိပ်ယာ၌လဲလျှောင်
နေသော ဆရာဝုက
"ကျန်မင်း"
"ပြောပါဆရာတော်"
"တပည့်တော် နောင်ဖြတ်သန်းရမယ် ခရီးလမ်းဟာ ကြမ်းလှတယ် တပည့်တော်ဟာ သာမာန်လူတွေ
ထက် ဆပေါင်းများစွာ တော်သောလူတစ်ယောက်
ဖြစ်တယ် တိုင်းပြည်တစ်ခုလုံးဟာ တပည့်တော်
လက်ထဲမှရှိတယ် တပည့်တော် လက်ထဲရောက်
လာဖို့ ကြိုးစားယူရလိမ့်မယ် နာကျင်စရာတွေများ
စွာတွေ့လိမ့်မယ် စိတ်ဓါတ်မကျပါနဲ သင်ခန်းစာ
ယူပါ အခြေနေပေါ်မူတည်ပြီ လုပ်သင့်လုပ်ထိုက်
တာလုပ်ပါ ဘေးစကားနားမယောင်နဲ ကိုယ်တိုင်
ဆုံးဖြတ်ပါ တပည့်တော်ရဲ့အဆုံးသတ်ကမကောင်း
ဘူး ဒါပေ့မဲ့လည် တပည်တော်ကြောင့် အားလုံး
အန္တရာယ်ကင်ကြလိမ့်မယ် တိုင်းပြည်အေးချမ်း
လိမ့်မယ် ညီအကိုတွေ စည်းလုံးလိမ့်မယ် အမတ် တွေတပည့်တော်စကား တစ်ခွန်းသာ နားခံကြလိမ့်
မယ် တပည့်တော် ကိုယ်ရံတော်ကောင်းတွေရ
လိမ့်မယ် သစ္စာရှိပြီ ကိုယ်အတွက်အသတ်ပေးပြီ
ကာကွယ်ပေးမယ်သူတွေရလိမ့်မယ် ဒါပေ့မဲ့
တပည့်တော် အားလုံးကို အလွယ်တကူတော့မရ
နိုင်ဘူး တပည်တော် ဆရာတော်ပြောတာနားလည်
လား"
"ဟုတ်ကဲ့ပါ ဆရာတော် တပည့်တော်နားလည်ပါ
တယ်"
"နောက်ဆုံး မှာခဲ့ချင်တာက တပည့်တော်ကို နတ်ကျွန်းကိုသွားပါ ဒီနှစ်ထဲမှာ သွားတွေ့ပါ  တပည့်တော်ကို မော့ရန်စောင့်နေလိမ့်မယ် တပည့်
ဒီနှစ်ထဲမှာ သုမကိုတပည့်တော်မတွေ့ခဲ့ရင် သူမ
လေးဟာ တိုင်းပြည်တစ်ပြည်လုံးမှာ အန္တရာယ်အရှိ
ဆုံးလူဖြစ်လာပါလိမ့်မယ် သူကို တပည့်တော် အချိန်မီ ဒီနှစ်ထဲမှာသွားတွေ့ပါ သူမကို တပည့်
တော် တပည့်တော်အနားမှာထားပါ ဒီနှစ်မှာသူမ
မတွေ့မိရင် တပည့်တော်သူကို ထိန်းမရနိုင်တော့
ဘူး ဆရာတော်စကားကို သေချာနားထောင်ပါ
နော် ဆရာတော် တပည့်တော်ကို မစောင့်
လျှောက်နိုင်ဘူးထင်တယ်"
" ဟုတ်ကဲ့ ဆရာတော် ကျွန်တော် မော့ရန်ကို
သွားတွေ့မှာပါ စိတ်မပူပါနဲ"
"ကောင်ပြီတပည့်တော် ဒါဆိုဆရာတော် စိတ်ချပြီ"
"ဟုတ်ကဲ့ပါ ဆရာတော် အနားယူပါတော့နော်"
အမောဖောက်နေသော ဆရာတော်ဝုဟာ ပြုံး၍
သူကိုကြည့်နေပြီငြိမ်ကျသွားတော့သည်။ သူ မငို
ဘဲနဲ မျက်ရည်များကျလာတော့သည်။ သူကိုကြည့်
နေသော ဆရာတော်မျက်လုံးကို လက်ဖြင့်အုပ်ကာ
ပိတ်ပေးလိုက်သည်။
"ငြိမ်ချမ်းစွာအနားယူပါတော့ ဆရာတော်"
သူမျက်ရည်ကျလျှက် တီးတိုးရေရွတ်လိုက်သည်။
သူထိုင်လျှက် ဆရာတော်ကိုကြည့်ပြီ ငေါင်နေ
လျက်ရှိသည် အချိန်အတော်ကြာ ငြိမ်သတ်နေ
တဲ့ ဆရာတော်ကို ကြည့်ပြီထိုင်နေတော့သည်။
အချိန်အတော်အကြာထိုင်နေပြီမှ သူမျက်ရည်များ
သုတ်ကာ အခန်းအပြင်သို့ထွက်ရန်ပြုလိုက်သည်။
တံခါးကိုဖွင့်လိုက်ချိန် အပြင်၌ငြိမ်သတ်နေကြသော
ကိုရင်ကြီး ကိုရင်လေး ရန်ညီနောင်နှင့် အပြင် လူတစ်ယောက်ကိုပါ သူတွေလိုက်ရသည်။ ရန်ရှမ်းကသူကို
"ဆရာတော် ရော ကျန်မင်း"
သူရဲ့စိတ်ကိုဖြေလိုက်ပြီ
"ဆရာတော် ကွယ်လွန်တော်မူသွားပြီ ရန်ရှမ်း"
"ဘာ"
အားလုံးလည် အံအားသင့်သွားကြတော့သည်။
သူတို့အားလုံး အဆောင်ထဲသို့ ပြေးဝင်ကြတော့
သည်။ သူကတော့ အပြင်တွင်ရပ်လျှက်ရှိသည်။
စစ်သူကြီးမူလန်က သူနှင့်မျက်နှာချင်းဆိုင်ရပ်ကာ
သူကိုကြည့်လိုက်သည်။ သူဟာ အသက်ဆယ်နှစ်
နှစ်ထဲက နန်းတော်မှ ထွက်သွားသူမို့ ယခုသူအ
သက်နှစ်ဆယ်ခြောက်နှစ်ရှိလေပြီ အရပ်အမောင်း ဦးပတိရုပ်အလွန် ခံညားလွန်းလှသည်။ ယောကျာ်းတစ်ယောက်၏ ရုပ်အဆင်း အဂါင်္တည်
ကြည့်တဲ့ မျက်နှာ ပြတ်သားရဲရင့်တဲ့မျက်လုံး ကျက်
သရေရှိတဲ့သူပုံစံကို တွေ့မြင်လိုက်ရသည်။ မင်းကောင်းမင်းမြတ် ပုံဏ္ဍန်းကိုတွေ့မြင်သဖြင့် စစ်သူကြီးမူလန်ပြုံးမိသည်။သူကစိတ်ညစ်နေသည်မို့ သာမာန်ဝတ်စုံဖြင့် သူကိုစိုက်ကြည့်နေသော မူလန်ကို သတိထားမိလာပြီ သေချာကြည့်၍
"ဦးလေးက နန်းတော်ကလား"
"အရိုသေးပေးပါတယ် မင်းသားလေးကျန်မင်း"
သူကအံသြသွားသည် သူ၏ဖခမည်းတော်ဟာ သူ
ကို ခေါ်ယူဖို့လွတ်လိုက်ပြီဆိုတာ သိလိုက်တော့
သည်။ သူကမူလန်ကိုသေချာကြည့်၍ သူသိနေ
သောသူနှင့် တူသည်ဟု မည်သူဖြစ်မလည်ဟုတွေး
လိုက်သည်။
"ဦးလေးက ဒီကိုတသ်ယောက်တည်းလာပြီ
ကျွန်တော်ကိုလာခေါ်တယ် သာမာန်အရည်ချင်း
ရှိသူတော့ ဒီကိုမလာနိုင်ဘူး ဦးလေးဟာ စစ်သူကြီး
မူလန်လား"
"ဟားးးးးးမှန်လှပါ မင်းသားလေး ကျွန်တော်မျိုးရုပ်
ဖြတ်ပြီလာတာတောင် မင်းသားလေးက သိနိုင်
တယ် တစ်ကယ့်တော်တဲ့ မင်းလောင်းပါဘဲ တွေ့ရတာဂုဏ်ယူမိပါတယ် မင်းသားလေး"
သူပြုံးကာ စစ်သူကြီးမူလန်းကိုပြေးဖက်လိုက်
သည်။ ပြီတော့မျက် နှာချင်းဆိုင်ရပ်လိုက်ပြီ မူလန်
က
"ငါတို့မင်းသားလေးက တော်တော်အရွယ်ရောက်
လာပြီဘဲ မင်းသားလေးအတွက် ကြင်ယာတော်
ရှာပေးရတော့မယ်ထင်တယ်"
"အဲဒါတွေမလိုသေးပါဘူး ဦးလေးမူလန်  ဘာဖြစ်
လို ကျွန်တော်ကိုလာခေါ်တာလဲ"
"နန်းတော်မှာ အခြေနေမကောင်းဘူး မင်းသား
လေ မင်းကြီးမကျန်းမာတာကြာပြီ နန်းတော်တစ်ခု
လုံးကို ဦးရီးတော် ထိန်းချုပ်ထားတယ် မင်းသား
လေးပြန်ဖို့လိုအပ်နေပြီ"
"အခု ကျွန်တော်ပြန်လိုမရသေးဘူး ဆရာတော်
ကွယ်လွန်သွားပြီ ဒီမှာလုပ်စရာရှိတာလုပ်ပြီမှ ပြန်
မှဖြစ်မယ် ဒီက ညီကိုတွေနဲ ကိုရင်ကြီးတို့ကို ဒီအ
တိုင်းထခဲ့လိုမရဘူး"
"ကောင်းပြီ မင်းသား ကျွန်တော်မျိုး အချိန်သုံးရက်
ပေးမယ် မင်းသားလေး နန်းတော်ကို အမြန်ပြန်ဖို့
လိုအပ်လာပြီ နောက်မှနန်းတော်အကြောင်းသေ
ချာပြောပြမယ် "
"ကောင်းပါပြီ နန်းတော်အကြောင်းကို ကျုပ်နောက်
မှဘဲမေးတော့မယ်"
"ဟုတ်ကဲ့ပါ မင်းသားလေး"
ကိုရင်ကြီးက အဆောင်ထဲပြန်ထွက်လာပြီ
"ဒကားလေး ကျန်မင်း"
"ပြောပါ ကိုရင်ကြီး"
"ဆရာတော် ဈာပနလုပ်ရအောင်"
"ဟုတ်ကဲ့ ကိုရင်ကြီး"
"ဆရာတော်မှာသွားတယ် ဒကာကျန်မင်း သုဈပန
ကို မည်သူမှမသိစေနဲတဲ့ ဘယ်သူကိုမှမဖိတ်ဘဲ ဒါ
ကြောင့် ဆရာတော် ကွယ်လွန်တာ အပြင်ကိုမ
ပေါက်ကြားစေချင်ဘူးနဲတူတယ် ဒီက ဒကားက"
"သြော် မိတ်ဆက်ပေးရဦးမယ် ဒါက နှင်းတောင်ရဲ့
ကိုရင်ကြီးလုပါ"
"မင်္ဂလာပါ ကိုရင်ကြီးလု"
"ဘုရားအားစောင့်မပါ"
"ကိုရင်ကြီး ဒီ ဦးလေးက နန်းတွင်းက စစ်သူကြီး
မူလန်ပါ စိတ်မပူပါနဲ ဆရာတော်ဈာပနအပြင် မ
ပေါက်ကြားစေပါဘူး"
"ကောင်းပါပြီ ဒကားကျန်မင်း ကိုရင်ကြီး စီစဉ်လိုက်
ဦးမယ်"
ကိုရင်ကြီးကစိတ်မကောင်းစွာနှင့် သူရှေ့ကနေ
ထွက်သွားလိုက်တော့သည်။ သူဆရာတော်အ
ဆောင်ကို အပြင်ဘက်ကနေကြည့်ပြီ သက်ပျင်းချ
မိသည်။ အဆောင်ကြီးဟာတိတ်ဆိတ်လျှက်ရှိနေ
တော့သည်။ စစ်သူကြီးလည် သူကိုကြည့်၍
"ဒီလိုအချိန်မှ လာခေါ်ရတာ စိတ်မကောင်းပါဘူး
မင်းသားလေး တောင်းပန်းပါတယ်"
သူစစ်သူကြီးကို မဲပြုံးတစ်ချက်ပြုံးကာ
"ဒါက အစဘဲရှိသေးတယ်ထင်တယ်ဦးလေးမူလန်"
သူနှင့်စစ်သူကြီးလည် အဆောင်အပြင်ဘက်ကနေ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီ သူဘဝ
ရဲ့တိုက်ပွဲအစကို ကိုကြည့်၍ပြုံးမိလေတော့သည်။

အပိုင်း(11)ပြီး၏စာဖတ်သူများအားလေးစားလျှက်
                                  စာရေးသူ…လင်းသုခ

Post a Comment