ပဉ္စမမြောက်ပန်းဒေဝီ
…………………………
အပိုင်း(8)
ရသေ့ကြီးဝုဟာ သူအဆောင်ဆီသို့ စာပို့ခိုရောက်
လာသဖြင့် သူ ခိုဆီကနေ စာကိုယူ၍ဖတ်လိုက်
သည်။ နတ်ကျွန်း၌ဖြစ်ပျက်နေသည်ကို တချိန်က သု၏တပည့်ဖြစ်ဖူးသော မူရန်ဆီက စာဖြစ်တော့
သည်။ သူစာကိုဖတ်လိုက်ပြီ သဘက်ခါနတ်ကျွန်း
ဆီသို့ ခရီးနှင်ရန်ဆုံးဖြတ်လိုက်တော့သည်။
ညကနက်နေခဲ့ပြီ သူမအိပ်သေးချေ။ ကိုရင်ကြီး
ပေးသော စာအုပ်ကိုဖတ်၍ မအိပ်နိုင်သေးပါ။ ရန်
ညီကိုနှစ်ယောက်က အချိန်မရွေး သူကို ပညာစမ်း
နိုင်သဖြင့် သူမအိပ်နိုင်ဘဲ စာအုပ်ကိုသာ ကြိုးစား၍
ဖတ်နေတော့သည်။ ည၏အချိန်ဟာ မည်သို့ပင်
ကုန်ဆုံးသည်ကိုပင် သူသတိမထားနိုင် သူမသိနိုင် တော့ချေ။မနက်လောက်မှ ထိုင်လျှက်စာဖက်နေ
ရင်း အိပ်ပျော်သွားတော့သည်။
မနက်လေးနာရီလောက် အချိန်တွင် ရန်ကျိနှင့်
ရန်ရှမ်းတို့ဟာ သူအခန်းသို့ရောက်လာကြပြီ သူကို
တံခါးခေါက်၍ နိုးကြတော့သည်။
"ကျန်မင်း ကျန်မင်း ကျန်မင်း ဒုန်း… ဒုန်…း ဒုန်း"
တံခါးကို ထုရိုက်ပြီ နိုးသဖြင့် သူလန့်နိုးသွားသည်။
သူထကာ တံခါးကိုဖွင့်လိုက်ပြီ ရန်ညီနောင်တွေကို
တွေ့ရသည်။
"ဘာဖြစ်လိုလဲ"
"ဆရာတော်ခေါ်ခိုင်းတယ် အခုလိုက်ခဲ့ပါ"
သူဘာမှဆက်မပြောတော့ဘဲ သူတို့နောက်ကို
လိုက်ခဲ့တော့သည်။မနက်အစောကြီး နိုးပြီဆရာ
တော်က ဘာလုပ်မှာလည် ဟုသူတွေးလိုက်မိ
သည်။ ဘုရားရှိခိုဆောင်သို့ ရောက်တော့ ဆရာ
တာ့က တရားထိုင်နေလျှက်ရှိသည်ကိုတွေ့ရ
သည်။ ဆရာတော်က သူရောက်လာသည်ကိုသိ၍
သူ တို့ကိုမျက်လုံးဖွင့်၍ ကြည့်လိုက်သည်။
"ကျန်မင်း"
"ဟုတ်ကဲ့ဆရာတော်"
"မနက်တိုင်း မင်း ငါးနာရီခန့် တရားထိုင်ရမယ်"
"ဟုတ်ကဲ့ဆရာတော်"
"ကယ် တပည့်တော်တို့ သုံးယောက်လုံး တန်းစီ၍
ထိုင်ကြပါ။"
"ဟုတ်ကဲ့"
သူတို့လည် ညီညီညာညာပြန်ဖြေလိုက်ကြသည်။
ဆရာတော်က
"ကျန်မင်း"
"ပြောပါဆရာတော်"
"ဆရာတော် ဘာကြောင့် တပည့်တော်ကို တရား
ထိုင်ခိုင်းလည် ဆိုတာသိသလား"
"မသိပါဘူးဆရာတော်"
သူက ရုတ်တရက်မနက်အစောကြီး ထရ၍ တရား
ထိုင်ရမည် ဖြစ်သဖြင့် စိတ်မရှည်စွာဖြင့်ဖြေလိုက်
သည်။ ဆရာတော်က သူစိတ်မရှည်ပုံကို သိ၍ပြုံး
မိသည်။
"ကျန်မင်း တပည့်ဟာ အခု နန်းတော်နဲ့အဝေးမှာ
လာနေရတာ နန်းတော်ကို သတိရတဲ့စိတ်ဖြစ်မိမှာ
ဘဲ စိတ်ဓါတ်ကျတာတွေလည် ဖြစ်လာနိုင်ပါတယ်
တပည့်တော်ဟာ ကလေးတစ်ယောက်နဲ မတန်တဲ့
တာဝန်တစ်ခုကို လက်ခံထားရတယ် မဟုတ်လား
စိတ်ထဲမှာ ကြောက်ရွံ စိုးရိမ်တဲ့စိတ်တော့ဖြစ်မိမှာ
ဘဲ မဟုတ်ဘူးလား"
"ဟုတ်ပါတယ် ဆရာတော်"
"ဒါကြောင့်ဘဲ တပည့်တော်ကို တရားထိုင်စေပြီ မိမိစိတ်ကို တည်ငြိမ်အောင် ချုပ်ထိန်းခိုင်းတာပါ"
သူဆရာတော်စကားကြောင့် ဘာပြန်ပြောရမလည်
တောင်မသိတော့ပါ။ ဆရာတော်ပြောတာလည် မှန်ပါသည်။
"ဟုတ်ကဲ့ပါ ဆရာတော်"
သူထိုလည် ထိုအချိန်မှစ၍ တရားထိုင်ကြတော့
သည်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ သူတို့ဘုရား
ကျောင်းဆောင်ကြီးမှာ ငှက်သံမှအပ မည်သည်
အသံ တစ်စုံတရားမျှမကြားရချေ။ အပြင်၌ကိုရင်
လေးရဲ့ တံမြက်စည်းလှဲသံကိုလည် သဲသဲသာကြား
ရတော့သည်။ တရားထိုင်ရတာ ကျင့်သားမရတဲ့
သူအတွက် စိတ်ကိုတော်တော်လေ လျော့နေရ
တော့သည်။ မနက်ခုနှစ်နာရီလောက်ခန့်တွင် သူတို့ တရားထိုင်ပြီ သက်သက်လွတ်ဖြင့် မနက်စာ
စားကြရသည်။ သူဒီအစားအသောက်တွေ လုံးဝမ
စားနိုင်ပါ။ မစားနိုင်လည် ကြိတ်မှိတ်၍စားနေရ
တော့သည်။ ကိုရင်ကြီးက သူမစားချင်တာကို သိ၍
"ဒကားလေ ဒီဘုန်းတော်ကြီးကျောင်းမှာတော့ စား
စရာ ဒါဘဲရှိတယ်ဒကားလေး နန်းတော်နဲတော့ ဘယ်အရာမှမတူ နိုင်ဘူး သည်းခံပါ"
"ဟုတ် ကဲ့ ပါ"
ရန်ညီနောင်တို့က သူမစားနိုင်တာကို ကြည့်ပြီ ရယ်
နေကြတော့သည်။ နေ့လည်လောက်အချိန်တွင်
သူတို့ဓါးသိုင်းကို ဆရာတော်က သင်ပေးနေလျှက်
သည်။ သူလည် ရန်ညီနောင်နှင့်အတူ ကြိုးစား၍
သင်ယူနေတော့သည်။ ထိုအချိန်တွင် သူလုံးဝမျော်
လင့်မထားသော လူတစ်ယောက် ရောက်လာခဲ့
တော့သည်။ ကိုရင်လေးကပြေးလာပြီ
"ဆရာတော် ဆရာတော် ဆရာတော်"
"ဘာဖြစ်လာတာလည် ကိုရင်လေး သတိထားမှာ
ပေါ့"
"လူသုံးယောက်ရောက်လာတယ် အခုဝင်ပေါက်
မုတ်ဝမှာ ကိုရင်ကြီးနှင့်စကားပြောနေတယ် ဆရာ
တော်ကို လာတွေ့တာလိုပြောတယ် သုံယောက်
တောင် တောင်ပေါ်ကိုဘယ်လို တတ်လာလည် မ
သိဘူးဆရာတော်"
"သူတို့ကို ဝင်လာခိုင်းလိုက်ပါ"
"ဟုတ်ကဲ့ ဆရာတော်"
ကိုရင်လေး ရဲ့အမူအယာက်ုကြည့်ပြီ သူတို့လည်
ဓါးသိုင်းလေ့ကျင်နေရင် ရပ်လိုက်ကြသည်။ ကိုရင်
လေးကပြေးရင် သွားပြန်ပြောတော့သည်။ ခဏ
ကြာ ကိုရင်ကြီးနှင့် လူသုံးယောက် ပါလာတော့
သည်။သူနောက်သို့ကြည့်လိုက်ရာ
"ဦး ရီးတော်ပါလား"
သူအံသြသွားသည် ငါဒီရောက်နေတာ သူသိသွား
ပြီပါလား သူဘာရည်ရွယ်ချက်ရှိလိုလိုက်လာတာ
လဲဟု သူတွေးလိုက်မိသည်။ ဆရာတော်ကကြည့် ၍ သူတပည့် ဖြစ်ဖူတဲ့သူဖြစ်နေသည် နှင်းတောင်
ရဲ့အကြောင်းကို ကောင်းကောင်းသိနေသူဖြစ်
သည်။ဦးရီးတော်က ဆရာတော်ဝုကို
" ကန်တော့ပါတယ် ဆရာတော်"
"သြော် ငါရဲ့တပည့်တော်ကြီး ရန်ချွေပါလား"
"ဟုတ်ပါတယ် ဆရာတော်"
သူကတော့ ဦးရီးတော်ကိုကြည့်၍ အံသြနေတော့
သည်။ ဦးရီးတော်နောက်မှ လူတစ်ဦးက သုကို စိုက်ကြည့်နေတော့သည်ကို သူသတိထားမိလိုက်
သည်။ ထိုသူ၏ အမူအယာကိုကြည့်ရတာ နန်းတွင်
အမတ်မဖြစ်နိုင် အမဲရောင်ဝတ်စုံကို ဆင်မြန်းထား
ပြီ လက်တွင် လက်စွပ်များဝတ်ထားသည် ညာ
လက်ခလယ်တွင် လူရိုးခေါင်းပုသဏ္ဍန်း လက်စွပ်
ကို ဝတ်ထားသဖြင့် သူဟာ မှော်ဆရာလော့ရင်း ဖြစ်နိုင်သည်ဟုဆိုတာ သူရိပ်မိသွားတော့သည်။ ဆရာတော်က
"ဘာကိစ္စရှိလိုလည် တပည့်ကြီး"
"မင်းသားလေးနေမကောင်းဘူးဆိုလို လာကြည့်
တာပါ ဆရာတော်ကိုလည် တွေ့ချင်တာကြောင့်
ပါကျန်းမာရေးကောင်းရဲ့လား ဆရာတော်"
"သြော် ကောင်းပါတယ် တပည့်ကြီး"
"ဆရာတော် ကျွန်တော်မျိုး မင်းသားလေးနဲ စကား
ပြောလိုရမလား ဆရာတော်"
"တပည့်လေး ကျန်မင်းက ခွင့်ပြုရင်စကားပြော နိုင်
ပါတယ်"
ဦးရီးတော်က သူဘက်သို့လှည့်လာပြီ
"မင်္ဂလာပါ မင်းသားလေး နေကောင်းလား"
သူက
"ကောင်းပါတယ် ဦးရီးတော် စိတ်ပူစေမိလို တောင်းပန်ပါတယ်"
"မဟုတ်တာ မင်းသားလေးရယ် ဦးရီးတော်က မင်း
သားလေးရဲ့ ဦးတော်အရင်းဘဲ ဒီလောက်တော့
ဂရုစိုက်ပေးရမှာပေါ့"
"ကျေးဇူးတင်ပါတယ် ဦးရီတော်။ ဦးရီးတော် ကျုပ်
နဲပြောစရာ ဘာများရှိလိုလဲ"
"ရှိပါတယ် နှစ်ယောက်တည်းပြောလို့ရမလား"
"မရဘူး ကျုပ် သိုင်းလေးကျင့်နေတယ် ဆရာတော်
ကို ရိုသေရမယ်လို ဖခမည်းတော်က မှားထား
တယ် သေချာဂရုတစိုက် ပညာကိုသင်ဖို့ကို မှာထားတယ် စိတ်မကောင်းပါဘူး"
"ခဏလေးပါ မင်းသားကျန်မင်း သူက မင်းသားရဲ့
ကျန်းမာရေးကို စစ်ခိုင်စေချင်လိုပါ"
"ကျုပ်ကောင်းပါတယ် ဘာမှမဖြစ်တော့ဘူး"
"ခဏလေးပါ ဦးရီးတော် စစ်ပြီတာနဲ ပြန်မှာပါ နှင်း
တောင်က ညအိပ် မတည်ရဘူး ဒါကြောင့် ခဏ
လေး အချိန်ပေးပါ"
သူက ဆရာတော်မျက်နှာကိုကြည့်လိုက်ပြီ ဆရာ
တော်ကခေါင်းငြိမ့်ပြသည်။ သူလည်
"ကောင်းပြီ ကျုပ်ကို စစ်ဆေးပါ ဒီနေ့ရာမှာဘဲ စစ်
ဆေးပါ အားလုံးရဲ့ရှေ့မှာဘဲ စစ်ဆေးနိုင်မလား"
"ကောင်းပါပြီ မင်းသားလေးက ဒီလိုဖြစ်စေချင်မှ
တော့ ငါကိုတော်ကလည် စစ်ဆေးခိုင်းရတာပေါ့
လော့ရင်း မင်းသားလေးကို စစ်ဆေးပါ"
"ဟုတ်ကဲ့ ဦးရီးတော်"
ပုံမှန်မဟုတ်တဲ့ အပြုအမူဆိုတာကို သူသိပေ့မဲ့
လည် မျက်နှာချင်ဆိုင်ဖြစ်နေသဖြင့် ငြင်း၍မရပါ။
သူလက်ခံလိုက်ရသည်။ မှော်ဆရာလော့ရင်းက
တဖြေးဖြေးသူအနားသို့ကပ်လာပြီ
"မင်းသားလေးကို အပြစ်ပြုမိပြီ"
"ရပါတယ် လုပ်စရာရှိတာလုပ်ပါ"
သူလော့ရင်းကို စိုက်ကြည့်လိုက်ပြီ သူခေါင်းကို လက်ဖြင့် အုပ်မိုးလေသည်။ လော့ရင်းကမျက်လုံး
မှိတ်ကာ အာယုံခံလေသည်။ သူကငြိမ်၍ရပ်နေရာ မှ မေ့လဲဟန်ပြုလိုက်သည်။ ဆရာတော်က လန့်
သွားသည် ဦးရီးတော်လည် ကြောင်တောင်တောင်
ဖြစ်သွားသည်။ သူကရုတ်တရပ် မေ့သွားခြင်း
ကြောင့်ဖြစ်သည်။ မှော်ဆရာလော့ရင်းလည် သူကိုကြည့်ပြီ တအံအား ဖြစ်သွားသည်။ သူလည် ဘာမှမလုပ်ရသေးဘဲ မင်းသားလေးက ဘာဖြစ်
တာလဲဟု တွေးလိုက်သည်။ ဆရာတော်ကသူမေ့
သွားတာနှင့်
"တပည့်ကြီးရန်ချွေး တပည့်ကြီးခေါ်လာတာက သမားတော် မဖြစ်နိုင်ဘူးထင်တယ် ရည်ရွယ်ချက်
ရှိလိုလား တပည့်လေး ကျန်မင်းတစ်ခုခု ဖြစ်မယ်
ဆိုရင် ဆရာတော်ခွင့်မလွတ်မဘူးနော် ကယ်ကယ် ရန်ကျိ ရန်ရှမ်း တပည့်လေးကျန်မင်းကိုသူ အ
ဆောင်သို့ခေါ်သွားပါ"
"ဟုတ်ကဲ့"
ဦးရီးတော်က
"ခဏနေပါဦးဆရာတော်"
ှီုဦးရီတော်က မင်းသားဥာဏ်ဆင်ပြီ ဟန်ဆောင်
တာကို ရိပ်မိသွားသည်။ ဒါကြောင့်မင်းသားနား
ကပ်၍ တိုးတိုးလေဖြင့်
"မင်းသား ဟန်ဆောင်နေတာကို ရပ်လိုက်ပါ မင်း
သားလေး အခုဟန်ဆောင်လိုက်ရင် မင်းသားလေး
နန်းတော်ပြန်ရောက်ရင် မင်းသားလေးရဲ့ညီကိုနဲ
ခမည်းတော်မင်းကြီး တို့ကိုငါကိုတော် သတ်ပြစ်ရ
လိမ့်မယ် ထပါ ဟန်ဆောင်နေတယ်ဆိုတာ ငါကိုယ်တော်သိတယ်"
သူမေ့ချင်ယောင်ဆောင်နေရမှ ထ ထိုင်လိုက်
သည်။ ဝိုင်းကြည့်နေကြသူများလည် အံသြသွား
ကြသည်။
"ကောင်းပြီလေ ကျုပ်ကိုထိခိုက်အောင်လုပ်ရင် ကျုပ်ခွင့်မလွတ်ဘူး ဦးရီးတော်ကိုလည် ကျုပ်မယုံ
သလို မှော်ဆရာလော့ရင်းကိုလည် ကျုပ်မယုံဘူး"
"ကောင်းပါပြီ ဘာမှမဖြစ်စေရဘူး လော့ရင်း စစ်ဆေးတော့"
"ဟုတ်ကဲ့"
သူရော ဦးရီးတော်ရော ထရပ်လိုက်သည်။ မှော်
ဆရာလော့ရင်းက ခုနကအတိုင်း ဆက်လုပ်၍ အာ
ယုံခံကြည့်လေသည်။ သူကိုကြည့်လိုက်ရာ ဘုရင်
ဝတ်စုံဖြင့် မြင်ရလေသည်။ ချော့မောလှပသော မိန်းကလေးတစ်ယောက်က သူကိုပြုံးလျှက်ကြည့်
နေတော့သည်။ မှော်ဆရာအာယုံခံဖြင့် သုမကို
ကြည့်လိုက်ရာ သူမအပြုံးတွေကရပ်တန့်သွားပြီ
သူကို တစ်ခုခုနှင့်ဆောင့်၍တွန်းထုတ်လိုက်သလို
ဖြစ်သွားတော့သည်။ သူအာယုံခံနေရင်း အနောက်
သို့ ခြေသုံးလှမ်းယိုင်သွားတော့သည်။ လော့ရင်၏
အမူအယာပျက်ပုံကို အားလုံးကြည့်၍ အံအားသင့်
သွားကြသည်။ လော့ရင်းမတ်မတ်ရပ်လိုက်ပြီ ဦးရီး
တော်မျက်နှာကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
ဦးရီးတော်က ဆရာတော်ရိပ်မိမှာစိုးသဖြင့် စိတ်
ပူဟန်ဖြင့်
"မင်းသားလေး ဘာမှမဖြစ် မပါဘူးနော်"
"ဟုတ်ကဲ့ ဘာမှမဖြစ်ပါဘူး"
ဦးရီးတော်က ဆရာတော်ဘက်လှည့်ပြီ
"ဆရာတော် မင်းသားလေးဘာမှ မဖြစ်ဘူးဆို
တော့ ကျုပ်တို့ကို ပြန်ခွင့်ပြုပါဦး"
"ကောင်းပါပြီ ပြန်ကြပါ နှင်းတောင်က ဧည့်သည်
လက်မခံပါဘူး"
"ဟုတ်ကဲ ဆရာတော့ သိပါတယ်"
"ကောင်းပြီ"
ဦးရီးတော်က
"မင်းသားလေး မင်းသားလေး အပြန်အလာကို ငါ
ကိုယ်တော် စောင့်နေပါမယ်"
"ကောင်းပါပြီ ကျုပ်ပြန်လာခဲ့ရင် ဦးရီတော် ကျုပ်
ဆီက တစ်ခုယူထားရင် တစ်ခုပြန်ပေးရပါလိမ့်
မယ်"
"ကောင်းပါပြီ အဲဒီလိုပြန်ယူနိုင်တဲ့ အရည်အချင်း
ရှိလာပါစေ"
"ဟုတ်ကဲ့ပါ ကျုပ်ကိုစောင့်နှင့်ပါ"
"ပြန်ကြစို့ ခွင့်ပြုပါ ဆရာတော် အနှောက်အယှက်
ပေးမိပြီ"
"ကောင်းပါပြီ လာလမ်းသာ၍ သွားလမ်းလည်
ဖြောင့်ပါစေ တပည့်ကြီး"
"ကျေးဇူးပါ"
ဦးရီးတော်တို့ဟာ မင်းသားလေးနှင့်တွေ့၍ သူတို့
သိချင်တာ သိရပြီဖြစ်သဖြစ် နှင်းတောင်မှ ပြန်
လည်ထွက်ခွာခဲ့လေတော့သည်။ သူကတော့ ဦးရီး
တော် ပြန်သွားသဖြင့် ဘာမှမဖြစ်မတုန်လှုပ်မစိုးရိမ်
ချေ။ မှုလအတိုင်း ဓါးသိုင်းကို ဂရုစိုက်၍ ပြန်လည်
လေ့ကျင့်လေတော့သည်။ ဆရာတော်ဝုလည် မင်း
သားရဲ့ ကြောက်ရွံ့မှုမရှိပုံကို ကြည့်၍ လေးစားမိ
လေတော့သည်။
အပိုင်း(8)ပြီး၏စာဖက်သူများအားလေးစားလျှက်
စာရေးသူ…လင်းသုခ
Post a Comment