နှင်းဆီကျိန်‌စာ

#နှင်းဆီကျိန်စာ

"ကလင် ကလင်"
"ဟဲလို အမိန့်ရှိပါရှင်"
"ဟုတ်ကဲ့  မဟန်နီလား မသိဘူးရှင့် "
"ဟုတ်ပါတယ် …"
"ဒါဆို ကျွန်မ တို့က ****Company ကပါ အမတို့ရဲ့ Softwareတွေ စိတ်ဝင်စားလို့ နယ် ကို Software နဲ့ ပတ်သတ်တာတွေ ပို့ပေးနိုင်မလားရှင့် ပြီးတော့ ဘယ်လိုအသုံးပြု ရမလဲဆိုတာလေး ပါ
Training လာပေး နိုင်မလား သိချင်လို့ပါ "
"ဟုတ် ကဲ့ ရပါတယ် "
"ကျေးဇူးတင်ပါတယ် Training လာပေးမယ့် သူက ဘယ်နှစ်ယောက်လောက်ပါ မလဲအမ ညီမတို့ဘက် က အားလုံးစီစဉ်ထား လိုက်ပါ့မယ် ညီမတို့ဘက်က အတန်း တက်မယ့်သူက ၅ယောက် လောက်ပါပဲ ဘယ်နှစ်ရက်လောက်ကြာ မှာလဲရှင့် "
"တစ်ပတ်လောက်ပါပဲ ကျွန်မတစ်ယောက်တည်း လာပါ့မယ် ၅ယောက်တည်းဆိုတော့လေ"
"လိုအပ်တာတွေ ကြို ပြင်ဆင်လို့ရအောင် ညီမ mail ပို့ပေးလိုက်ပါမယ် အမ ဘယ်နေ့လာမလဲရှင့် "
"သဘက်ခါလောက်ပေါ့"
"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင့်"
"ကျေးဇူးပါ"
ဒီတစ်ခေါက် ခရီးထွက်ရမှာစိတ်သိပ်မပါချေ  ဟန်နီ ဆီ Email ဝင်လာတယ် သွားရမယ့် နယ်က အေးအေး ချမ်း ချမ်း ရှိလှတဲ့ နယ်မြို့ လေးမို့ ရုံးကလူတွေ ဟန်နီ့ ကို အားကျနေပေမယ့် ဟန်နီ စိတ်ထဲမှာ တမျိုး ပေ…… ဒါပေမယ့် အလုပ် က အလုပ်ပဲဆို တော့ ဟန်နီ သွားရမယ့် နေ့ကို ရောက်လာပါပြီ……
"ကျွန်မ နမည် ဟန်နီပါ ကျွန်မတို့ဆီက Software ဝယ်ထားလို့ပါ"
"ဟုတ် ကဲ့ ဆရာမ လာပါရှင့် ဆရာမနဲ့ Training လာဆင်းမယ့် ၅ယောက် အတွက်အဆောင် စီစဉ်ထားပါတယ်"
"မနီလာ ဆရာမ ကို လိုက်ပို့လိုက်လေ"
"အေး မော် နင်ပဲလိုက်ပို့လိုက်"
"မနီလာက လဲမန်နေဂျာက အမ ကို ခိုင်းတာ အမ ပဲလိုက်ပို့လိုက်ပါ"
"ဟာ မသိဘူးဟာ နှစ်ယောက်လုံး လိုက်ပို့ကြမယ်"
"မနီလာ နဲ့ အေးမော် ဘယ်လို တွေဖြစ်နေကြတာလဲ ဟိုမှာ ဆရာမလေး စောင့်နေရတာ အားနာစရာကြီး"
"လာ ပါအေးမော်ရယ် မန်နေဂျာ အော်နေပြီ ဆရာမလေးလဲလာ "
ကျွန်မလဲ အမျိုးသမီး နှစ်ဦးခေါ်ရာ နောက်ကို လိုက်သွားခဲ့တယ် နှစ်ထပ် တိုက်အိမ် အို လေး တစ်ခုထဲဝင်သွား တယ် တိုက်ခံလေးနှင် ပြတင်ပေါက်နားထိ တွယ်တက်နေတဲ့နွယ်ပင် တွေ ကြောင့် အိမ်လေးက ချစ်စရာကောင်းနေပြန် တယ် "ဆရာမလေး ဒါက ဆရာမလေးနေရမယ့် အခန်းပါ ဒီဖက် အခန်းက တော့ Training လာဆင်းတဲ့သူတွေအတွက် ဆရာမလေး စာသင်ရမယ့် အခန်းပေါ့ အပေါ် ထပ်ကိုတော့ ဘယ်သူ့မှတက်ခွင့် မရှိဘူး ဆရာမလေး လိုတာရှိရင် ရုံးဖုန်းကိုခေါ်ပြီး #1 ကို နှိပ်လိုက်ရင် ကျွန်မတို့ဆီ ဖုန်း ဝင် လာပါလိမ့်မယ် အဲ့အချိန်ကြရင် ပြောနော် အခုတော့ ကျွန်မတို့ ပြန်လိုက်ပါအုန်းမယ်  ဆရာမလေးလည်းအနားယူအုန်းပေါ့"
မနီလာ ဆိုသူအမျိုးသမီးစကားများကို တရစပ် ပြောသွားပြီး လျင်မြန်စွာပဲ အိမ်ထဲက ပြန်ထွက်သွားတယ် ကျွန်မလဲ ခရီး ပြန်လာတာနဲ့ တခါတည်း ရေမိုးချိုးကာ အနားယူလိုက်တယ် မနက်ဖြန် Training အတွက် အဆင်သင့် ပြင်ဆင်စရာများ ပြင်ဆင်ထားလိုက်တယ်
"တင်း တောင် တင်း……………"
တံခါးဖွင့်ပေးလိုက်တဲ့အခါမှာတော့ မန်နေဂျာ နှင့် မနီလာတို့ကို မြင်လိုက်ရတယ်
"ဒီမှာ မ ဟန်နီအတွက် ညနေစာလာပို့ပေး တာပါ"
"ဟုတ်ကျေးဇူးတင်ပါတယ်"
"အထဲဝင်ပါအုန်း"
"မဝင်တော့ဘူး လိုတာရှိရင်ပြောနော် အော် မနက်စောစော ဆိုရင် ဒီအိမ်ကို သန့်ရှင်းရေးလာလုပ်နေကြ အမျိုးသမီးတစ်ဦး ရှိတယ်နော် သူဆီမှာလဲသော့ရှိတော့ သူ့ဘာသာဝင်လာပြီး မနက်စာ စီစဉ်ပေး ထားပါလိမ့်မယ် "
"ဟုတ်ကဲ့ပါရှင့် မနက်ဖြန် သင်တန်းကို ၉နာရီခွဲစ ပါ့မယ် အားလုံးအဲ့အချိန် အရောက် လာဖို့ ပြောပေးထားလိုက်ပါ"
အိမ်ထဲတောင်မဝင်ပဲ တန်းပြန်သွားကြ တယ် ဟန်နီလဲ သူတို့လာပို့တဲ့ထမင်း စားပြီး အပြင်ဘက်ကို ကြည့်မိတယ် ခြံအကျယ် ထဲမှာ မှ တိုက်အိမ်လေး တစ်လုံးတည်းရယ် ဟန်နီရဲ့ မျက်လုံးက အခန်းထဲဝေ့ကြည့်လိုက်တဲ့အချိန်မှာ ပြတင်းပေါက် ဘောင်ပေါ်မှာတင်ထားတဲ့ ပန်းအိုးလေးထဲက နှင်းဆီ ပန်းလေး တစ်ပွင့် ကို တွေ့လိုက်တယ် စိတ်ထဲမှာ တမျိုးထူးဆန်းနေသလို ခံစားရတယ်
"ပန်း ပင် လေး ကို ရေလောင်း ပေးအုန်းမှပဲ"
ဒီိလိုနဲ့ ည က ၈ နာရီ ကျော်လို့ ၉ နာရီထိုး ခါနီး လောက်မှာ နှင်းဆီ ပန်းက ရုတ်တရတ် ညှိုး ကျ လာတယ် ဒါကို ဟန်နီ သတိမထားမိပါ အပြင်ဘက်က နွယ်ပင်တွေကလဲ မနက်ကလို ချစ်စရာမကောင်းတော့ပဲ ည အမှောင်အောက်မှာ ထိတ်လန့်ဖွယ် မြင်ကွင်း အဖြစ်ပြောင်းလဲကုန်တယ် ရုတ်တရတ် လေတိုက်နှုန်းများ မြန်လာတယ်လို့ထင်ရတယ်ဟန်နီ လဲ အေးလာ သလို ကျော စိမ့် လာတာ ကြောင့် ပြတင်းပေါက်တွေ အကုန် လိုက်ပိတ်ပြီး အိပ်ယာ ဝင်ခဲ့တယ်
အိပ်ပျော်ခါစ အချိန်မှာပဲ
"ဝုန်း…………"
"ရွှန်း ရွှန်း ………"
"အား …… အမလေး လေး……ကြောက်ပါပြီ တော်ပါတော့"
"အီး……အီး……………"
ဘယ်သူက များ ဒီလောက် မိန်းကလေး တစ်ယောက် မညှာမတာ လုပ်ရက် ရတာလဲ ဟန်နီတစ်ယောက် အတွေး များဖြင့် လန့်နိုးလာတယ် ဘာအသံမှာ မကြားပဲ အရာအားလုံး တိတ်ဆိတ်နေ တော့တယ် ဒါနဲ့ ပြန်အိပ်မယ် လုပ်တော့ အပေါ်ထပ် မှာ တ ဝုန်း ဝုန်း ဖြင့် ခြေသံ ခပ်ပြင်း ပြင်း ဖြင် လမ်းလျှောက်သံကို ကြားလိုက်ရတယ် ဟန်နီတစ်ယောက် အခြေ အနေ ဆက်စပ်ပြီး တွေးကြည့်တဲ့အခါမှာ တော့ အဖြေ တခုပဲထွက်လာတယ် ဒီအိမ်မှာ သရဲ ရှိတယ် ဆိုတာပါပဲ ဒါနဲ့ ကြောက်နေလို့ လဲ ဘယ်လိုမှမတတ်နိုင်တာကြောင့် တသ်ယောက်တည်း ခေါင်းမြှီး ခြုံ အိပ် လိုက်တယ် ထိုအချိန်အတွင်းမှာပင် အပေါ်ထပ် မှ ငိုသံ ဒေါသ တကြီး ရိုက်နှက်သံ နှင့်အတူ ဟန်နီလဲ စိတ်မကောင်း ဖြစ်ရတယ်
မနက် လင်းတော့ အိပ်ယာ မှ မထ ချင်ပဲဖြစ်နေတယ် တစ်ကိုယ်လုံးလဲ ရိုက်ခံထားရသလို နာကျင်နေတယ် မီးဖိုခန်း ထဲမှ တတောက်တောက်နှင့် သန့်ရှင်းရေး လာလုပ်တဲ့အမျိုးသမီး မနက်စာ ပြင်နေတဲ့ပုံပဲ ဟန်နီ လဲ အိပ်ရေး မဝ တာနဲ့ စိတ်သိပ်မကြည်ပဲရှိနေ တာကြောင့် အပြင်ဘက်က အမျိုး သမီး ကို မကြည့်အားသေးပဲရေချိုး ရန် ရေချိုး ခန်း ထဲ ကိုပဲ အမြန်ဝင်လိုက်တယ် ပထမဦး ဆုံး ရေလောင်း လိုက်တဲ့အချိန်မှာပဲ
"အား……"နောက် ကျောများမှ စပ်ဖျင်း ဖျင်း ခံစားမှုကြောင့် အသံများထွက်အောင်ပင် ညီးညူ မိတယ်
ရေချိုးခန်း မှန်မှ မြင်ရသော် မြင်ကွင်း ကြောင့် ဟန်နီ့ မျက်လုံးများ ပြူးကျယ်သွား သည် အဲ့တာကတော့ နောက် ကျောပြင် တလျှောက် သွေးစို့ နေသော အရှိုး ရာ မျင်း ပင် ဖြစ်တယ်
"ဟဲ လို မန်နေဂျာ လား ဟန်နီပါ ကျွန်မ အခန်း ကို အမြန်လာခဲ့ပေးပါ"
သိပ်မကြာခင်မှာ မန်နေဂျာ ရောက်လာတယ် ကျွန်မ နောက်ကျော က ဒဏ်ရာ များ အတွက် ကျွန်မ အဖြေမရှာတတ်ပါ ကျွန်မ ဒီအိမ်မှာ လုံးဝ မနေချင်တော့တာအသေချာ ဆုံးပါပဲ
"အမတို့ ဘယ်လို လုပ်လိုက်တာ လဲ ဒီအိမ်က သရဲ ရှိတယ် မို့လား"
"ခွမ်း…………" မီးဖို ခန်းထဲမှ အမျိုးသမီး ပန်ကန်တွေဆေးနေရင်းဖြင့် ကျကွဲသော အသံကို ကြားလိုက်ရတယ်
"အန်တီထား………ဘာဖြစ်လို့လဲ"
"ဟင့်  အင်း……… ဘာ ဘာ မှမဖြစ်ပါဘူး ကွဲ အန်တီဆရာမလေး အတွက် စိတ်မကောင်းလို့ပါ"
"ကျွန် မ ကို နေရာပြောင်းပေးပါ ကျွန်မ ဒီမှာ စာ ဆက်မသင်နိုင်တော့ ဘူး မဟုတ်ရင် လဲ ကျွန်မ ပြန်မယ် "
"အို အဲ့ လိုတော့ မလုပ်ပါနဲ့ရှင်…"
"အမ တို့ ယုံမ ယုံ မသိဘူး ကျွန်မ နောက်ကျော မှာ အရှိုး ရာတွေ ရှင့် တစ်ကိုယ်လုံးလဲ အရိုက်ခံထား ရသလို နာကျင်နေတာပဲ"
"ရှင်"
"ဒီမှာ ကြည့် "
ကျွန်မ အိကျီင်္ ကို အနည်းငယ်လှန် ပြလိုက်တယ်
"ဟယ် ဘယ်လိုဖြစ်ရတာလဲ "
"အဲ့တာတော့ ကျွန်မ မသိဘူး ခု ကျွန်မ ကို ဘယ်လို လုပ်ပေးမလဲ"
"ဟို တယ် မှာ အခန်းစီစဉ်လိုက်ပါ့မယ်"
မနေ့ညက ညှိုးနေတဲ့နှင်းဆီပန်းလေး ပြန်လန်းနေတာကို တော့ မည်သူမျှ သတိမထားမိပါဘူး
ကျွန်မ ဟိုတယ်ကို ချက်ချင်းပဲလိုက်သွား လိုက်ပါတယ် ဟိုရောက်ျတာ့ အခန်းထဲမှာ ခဏ အနားယူပြီး မနေ့က အဖြစ်အပျက်များကို ခေါင်း ထဲက ထုတ် နိုင်သမျှ ထုတ် ထားလိုက်တယ် ည ရောက်တဲ့အခါမှာတော့ ကျွန်မ စောစောပဲ အိပ်ယာဝင်ခဲ့တယ် ဒါပေမယ့်
"ရွှန်း ရွှန်း …………"
"အား နာ တယ် အား ကြောက်ပါ ပြီ အား အား………"
မနေ့ညက အဲ့ဒီ့အိမ်မှာ ကြားခဲ့ရတဲ့အသံ များကို ပြန်ကြားရပြီး ကျွန်မ တစ်ကိုယ်လုံး နာ ကျင်နေပါတော့တယ် ကျွန်မ ဆက်မအိပ်နိုင်တော့ဘဲ ရေချိုး ခန်းမှ မှန်ကို သွားကြည့်ရာ ကျွန်မ နောက်ကျော မှာ မနေ့ည က အရိုက်ခံထားရလို့ ညို ပုတ်နေတဲ့အပေါ်မှာ မှ သွေးများ စို့နေတဲ့ လက် လက် ဆတ် ဆတ် အရှိုး ရာ များ ပေါ်လာ တော့တယ် ကျွန်မ ထိုအိမ်ကြီးကို တစ်ယောက်တည်းထွက်လာခဲ့တယ် နာကျင်တာက တစ်ဆစ် ဆစ်နဲ့ပဲ
ထို အိမ်ကို ဘယ် လိုက နေရောက်သွားမှန်း မသိဘူး ရောက်သွားတယ် ကျွန်မလဲ အိမ်ထဲ ရောက်ကော အပေါ်ထပ်က
"ဒုန်း ဒုန်း ဒုန်း………ရွှန်း ရွှန်း "
ထိုအသံများကို ဆက်တိုက် ကြားနေရတယ် တဆက်တည်းမှာပဲ ကျွန်မတစ်ကိုယ်လုံး နာကျင်မှုဒဏ် ကြောင့် နုံးချိ နေကာ အရမ်းကို ပင်ပန်း စွာ ကြမ်းပြင်ပေါ်ပစ်လဲ သွားတော့တယ် ကျွန်မ မျက်စိမမှိတ်ခင်အချိန် တို လေးအတွင်းမှာ ကျွန်မကို သနားစဖွယ်ကြည့် နေသည့်အလား နှင်းဆီပန်း ခပ်နွမ်း နွမ်းလေး ကိုမြင် မိတယ် အဲ့ဒီ့နောက် ကျွန်မ နာကျင်မှုတွေ နဲ့ အသံတွေက ခေတ္တ ခဏ တိတ်ဆိတ် သွားပါတော့တယ်
"ဟင် ဆရာမလေး………… လာကြပါအုန် ဒီအိမ်ထဲမှာ ဆရာမလေး လဲ နေလို့"
ဒေါ် ထား က အနီး အနား က လူတွေ ကို အော်ဟစ် အကူအညီတောင်းပေမယ့် ဘယ်သူမှ ရောက်မလာ ဘူး ဒါနဲ့ ဒေါ်ထား မန်နေဂျာ ဆီ ဖုန်းဆက်ပြီး ခေါ်လိုက်ရတယ်
"အင် ဟင်း ဟင်"
"ဟယ် ဆရာမလေး သတိရလာပြီ"
"ကျွန်မ ကို ကယ်ပါအုန်းရှင် ကျွန်မ ကိုယ့်ဘာသာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိဘူး "
"မ ဟန်နီ ဘယ်လို ဖြစ်တာလဲ ကျွန်မကို ပြောပြ ပါအုန်း"
"ကျွန်မ ဟို တယ် မှာနေ နေရင်းနဲ့ တကိုယ်လုံး အရှိုး ရာတွေ ပေါ်လာတယ် ပြီးတော့ စိတ်ကဘယ်လိုဖြစ်မှန်း မသိဘဲ ဒီအိမ် ကိုပြန်ရောက်လာတယ် နောက် အပေါ်က ရိုက်နှက်သံတွေ ကြားရတယ် အဲ့မှာ တစ်ချက်ရိုက်တယ် ကျွန်မ ကို လာထိတယ် ဘာတွေဖြစ်နေမှန်းကျွန်မ မသိတော့ဘူး"
"အန်တီထား အဲ့အကြောင်းတွေ အန်တီ ထားတော့ သိမှာပါနော်" ကျွန်မ အန်တီထားဆိုသူကို ကြည့်မိတယ် သူ က ကျွန်မရဲ့ ဒဏ်ရာတွေကို ဂရုဏာသက်စွာ ကြည့်ပြီး
"အန်တီထား သိထားပါတယ်ကွယ် ဒီအိမ်ကြီးကို မန်နေဂျာရဲ့ သူဌေး မဝယ်ခင်လွန်ခဲ့တဲ့ ၅နှစ်က အရင်အိမ်ရှင်တွေ လက်ထပ်တည်းက အန်တီထား အိမ်အကူ လုပ်လာတာပါ ဒီအိမ်ကြီးက အပြင်ပန်းက နေ့ဘက်မှာ လှပေမယ့် ည ရောက်ရင်တော့ ကျိန်စာတွေနဲ့ပြည့် နေတာပဲ အဲ့ဒီ့ ကျိန်စာပိုင်ရှင် နမည်က မ နှင်းဆီတဲ့ သူက ဒီအိမ်ကို ၇ နှစ်အရွယ်လောက်မှာ ရောက်လာတယ် အိမ်ရှင်အမျိုးသမီး ရဲ့တူမ တော်တယ် နှင်းဆီရဲ့အမေ က အောက်လမ်းတက်တယ် ဒါပေမယ့် နှင်းဆီလေး ၆ နှစ်ကျော်ကျော်မှာဆုံးသွား ရှာတယ် အဲ့တော့ တစ်ဦးတည်းသော သွေးသားဖြစ်တဲ့ အဒေါ်အိမ့်ကို ရောက်လာ တဲ့နှင်းဆီက နေ့တိုင်းဟငရဲခန်း မှာနေ ရသလိုပါပဲကွယ် အမြဲအရိုက်ခံရတယ် နှင်းဆီလေး က နှင်းဆီပန်း အရမ်းကြိုက်တယ် ဟော ဟိုမှာတွေ့လား အဲ့ပန်းက သူစိုက်ထားတာလေ အမြဲလန်းနေတယ် "
ကျွန်မ အန်တီထား ညွှန်ပြတဲ့နေရာ ကို ကြည့်မိတော့ နှင်းဆီပန်းက ည ကနှင့်မတူပဲ လန်းနေတယ်
"ည က အဲ့ဒီ့ပန်းကို ကြည့်တုန်းက ညှိုးနေတယ် အခုကြတော့ လန်းနေတယ်နော်"
ဒါပေမယ့် ဘယ်သူမှ အဲ့တာကို သတိမထား မိဘူး ဟန်နီစိတ်ထင်တာပဲ လို့တွေးပြီး
"နှင်းဆီ ၁၀နှစ်လောက်ရောက်တော့ နှင်းဆီရဲ့ အဖေ ကို တွေ့သွားပြီး သူ့အဒေါ်က သွားပို့တယ် ဒါပေမယ့် သူ့အဖေ က အရင်ထဲကအိမ်ထောင်နဲ့ သမီးလေး တစ်ယောက်ရှိတယ်တဲ့ နှင်းဆီရဲ့ အမေကလည်း  သူ့ကို အောက်လမ်းနဲ့လုပ်ပြီး ယူထားတာမို့ စိတ်နာ နေတဲ့ပုံပဲ အဲ့တော့ နှင်းဆီရဲ့ အဒေါ် ကို ပိုက်ဆံပေးပြီး ပြန်လွှတ်လိုက်တယ် သူ့အဒေါ်က ဖဲအရမ်းရိုက်တယ် နှင်းဆီအတွက်ပေးတဲ့ ပိုက်ဆံတွေ အားလုံး သူဖဲရိုက် လေ့ ရှိတယ် တနေ့ သူ့ယောက်ျားက မူးလာပြီး နှင်းဆီ အဖေက ပိုက်ဆံ ပို့လား မေးတော့ မပို့ဘူးလို့ သူ့အဒေါ်က ဖြေလိုက်တယ်လေ အဲ့အချိန်မှာ အရက်မူးလာတဲ့ အဒေါ့်ယောက်ျားက အရမ်းစိတ်ဆိုးသွားပြီး နှင်းဆီလေးကို စ ရိုက်တော့တာပဲ ကွယ် ဘယ်သူမှ လဲဝင်မဆွဲရဲ ဘူး
ငယ်ရွယ်သေးတဲ့ခလေး လေး စိတ်ထဲမှာ မုန်းတီးစိတ်တွေနဲ့ သူ့အမေဆီက ပါလာတဲ့ အခံ စုန်းအတက်နဲ့ပေါင်းပြီး သူကျိန်စာ တိုက်တယ် အဲ့ကျိန်စာကို သူမနှုတ်က ထွက်တဲ့ အချိန် တုန်းကများ အန်တီ ထား အရမ်းကြောက်နေခဲ့တာ ငါ့အဖေနဲ့  ဆက်လို့တော်တဲ့ ငါ့အမျိုး ကော
ငါ့အမေနဲ့ ဆက်လို့တော်တဲ့ ငါ့အမျိုး ကော
ငါ့လို့ ညတိုင်း ညှင်းပန်းနှိပ်စက် ခံရပါစေ မသေခင်တည်း က ငရဲတွင်း ကျပါစေ နောက် ထပ် ပြောတဲ့ စကား ကို အန်တီထား မကြာလိုက်ဘူး ကျိန်စာ ပြယ်အောင် လုပ်တဲ့စကားလား တော့မသိဘူးဒါပေမယ့် အဲ့လို မာန် ပါ ပါ ပြော ပြီးတဲ့ အချိန်မှာ သူ့ဦးလေး ရဲ့ရိုက်နှက်မှု ဒဏ်ကြောင့် သေဆုံးသွားခဲ့တယ် သူ့ဦးလေးက လဲအဲ့နေရာမှာပဲ နှလုံးသွေးရပ် ပြီးဆုံးသွားတယ် သူ့အဒေါ် က ည တိုင်း တူမကြီးလို ညတိုင်းအရိုက်အနှက် ခံရပြီး ရူးသွားတယ် သူလဲ ဒီအိမ်ပေါ်မှာပဲ ဆုံးသွားတယ် သူအရင်က ဖဲရှုံးလို့ ဒီအိမ်ကြီး အကြွေးနဲ့သိမ်းပြီး သူသေတော့ ရောင်းလိုက်တယ် သူကျိန်စာ အတိုင်းဆို ဆရာမလေးနဲ့ သူနဲ့ က အမျိုး တော်လို့ ပဲ ဖြစ်မယ် "
ကျွန်မ ခေါင်းထဲ ကို ဖေဖေ မဆုံးခင်က တ ခဲ့တဲ့ နမည်တခု တိုးဝင် လာတယ် နှင်းဆီ ဆိုတဲ့ နမည်လေးပါပဲ ကျွန်မတို့က ဖေဖေရဲ့ တချိန်က အိမ်ထောင်ကျဖူး တာကလွဲရင် အရမ်း တည်ကြည်တဲ့ ဖေဖေ က ဘာအကြောင်းမှ မပြောခဲ့ပေ ထို့ကြောင့် နှင်းဆီဆိုသူက ဘယ်သူလဲဆိုတာ တစ်ယောက်မှ မသိခဲ့ပါ
အခုတော့ နှင်းဆီက ကျွန်မ ညီမလေး ဖြစ်နေခဲ့တယ် ကျွန်မ ရုတ်တရတ် မျက်ရည်များ စီးကျလာတယ် ကျွန်မရဲ့ တစ်ဦးတည်းသော သွေးသား က အဲ့လို့ ရက်စက်မှုမျိုးတွေကြုံတွေ့နေရပါလား
"ညီမလေး ရေ မမ ဘယ်လို လုပ်ပေးရမလဲ ညီမလေးရဲ့ အမုန်းတွေ အတွက် မမ ဘယ်လို လုပ်ပေးရမလဲဟင် "
ကျွန်မ လဲ နှင်းဆီရဲ့ အဒေါ်လို တစ်ဘဝလုံး ဒီအိမ်ထဲမှာပဲ သေဆုံးရမယ်  ထင်တယ်…………
နောက် ၅ ရက်လောက်နေတဲ့အခါမှာနော် ကျွန်မ အမေ ရောက်လာခဲ့တယ် ကျွန်မ ရဲ့ နောက်ကျော မှာလဲ အရှိုးရာတွေအပြည့်ပဲ အမေ ဖြစ်သူဆိုတော့ ကျွန်မအတွက် စိတ်မကောင်းရှာဘူး အမေ က ဘုန်ကြီးတစ်ပါး လဲပင့်လာတယ် ဒီကျိန်စာကို ပြေစေဖို့ပါ
"အင်း တကာမလေး ပြောပုံအရဆိုရင် ကျိန်စာ တော်တော်ထိတာပဲ သူက သူ့အမုန်းတွေအားလုံး ကျိန်စာ အနေနဲ့ပြောင်းလဲ ခဲ့တာပဲ မလွယ်ဘူး ထင်တယ်"
"ဘုန်း ဘုန်းရယ် တပည့်တော်ရဲ့သမီးလေး ကို ကယ်ပေးပါ"
"တနည်းတော့ရှိမယ် တကာမလေး သာသနာ့ဘောင်ထဲဝင် လိုက်ပါ အဲ့တာဆို ရင် တကာမလေး အခု လို့ဝေဒနာတော့ ခံစားရမှာမဟုတ်တော့ဘူး
အိမ်မက်အနေ လောက်ပဲထိတ်လန့် နေရ လိမ့်မယ် .… ဘုန်း ဘုန်းလဲ အဲ့လောက်ပဲ အကြံပေးနိုင် ပါတယ်……"
ကျွန်မ လဲ ဘုန်းဘုန်းစကားအတိုင်းပဲ မယ်သီလရှင်ဝတ်ဖို့ ဆုံးဖြတ်လိုက်တယ် ကျွန်မ သီလရှင်ဝတ်နေစဉ်မှာလဲ ညတိုင်း ကျွန်မနောက်ကျော ကို တစ်ယောက် ယောက်က ရိုက်နေသလို ခံစား ရပါတယ် ဒါပေမယ့် အရှိုး ရာတွေတော့ မရှိတော့ ဘူး အပြင်မှာတော့ မနာကျင်ဘူးဒီလိုနဲ့ ၁နှစ်လောက် ကျော်တော့ အန်တီထား ရယ် ကျွန်မအမေရယ် ဘုန်းဘုန်းရယ် ရောက်လာခဲ့တယ်
"တကာမလေး ကျိန်စာ က လွတ်မြောက်ဖို့ လမ်းစ တွေ့ပြီ"
"ဟုတ်တယ် ဆရာလေး ဒီမှာ "
အန်တီထား ညွှန် ပြ တဲ့နေရာကိုကြည့်တော့လိုက်တော့ နှင်းဆီပန်း အိုးလေး
"ဒီလိုဆရာလေးရယ် လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ဟိုအိမ်ကြီးမီး လောင်တယ် ဒါပေမယ့် ဒီနှင်းဆီပန်း ကတော့ ဘာမှမဖြစ်ဘူး အဲ့တာနဲ့ထူးဆန်းလို့ ဆရာလေး ရဲ့ မယ်တော် ဆီ ပန်းအိုး ယူလာပေးတော့ တပည့်တော်ထင်တဲ့အတိုင်း ဆက်စပ်နေတယ်တဲ့"
"ဟုတ်တယ် ဆရာလေး ဒီပန်းအိုးကို ဆရာလေး ကိုယ်တိုင်မီးရှို့ လိုက်ပါ"
ဟန်နီ တဖြစ်လဲ ဆရာလေး ကိုယ်တိုင်  အဲ့ဒီ့ ပန်းအိုး ကို မီးရှို့ ပေမယ် မီးမလောင်ဘူး ဘုန်း ဘုန်းလဲ မစဉ်းစား တတ်တော့ဘူး ရုတ်တရတ် ဟန်နီ့ လက် ကို နှင်းဆီပန်းမှာပါတဲ့ဆူး ဆူး ပြီး သွေးစက်တွေ နှင်းဆီ ပန်းပေါ် ကျ ကုန်တယ် တချိန်တည်းမှာပဲ နှင်းဆီ ပန်တွေ ညှိုးကျ ကာအကုန်လုံး ကြွေ ကုန်တော့တယ်အဲ့အချိန်က စပြီး ဟန်နီစိတ်လဲ ပေါ့သွားတယ် ညတိုင်း အိမ်မက်တွေလဲမ မက်တော့ဘူးစ………
ဟန်နီလဲ သီလရှင် ဝတ်တာကို နောက် တစ်နှစ် ထပ်ဝတ်ပြီးတော့မှ လူပြန်ထွက် လာခဲ့တယ် ညီမ ဖြစ်သူနှင်းဆီ အတွက်လဲ ကုသိုလ် ကောင်းမှုတွေ နှစ်တိုင်း လုပ်ပေးတယ် နှင်းဆီကိုတော့ တစ်နေ့မှ မမေ့ခဲ့ပါဘူး အငြိုးကြီးတဲ့ ညီမလေးရေ……………

#Thet Tant Chit Thu ရေးသည်။

Post a Comment