လေဖြတ်မည့်လက္ခဏာ မပေါ့ဆသင့်ပါ
ရုတ်တရက်လေဖြတ်လာလျှင် ဆေးရုံကို အသက်ရှူကျပ်ပြီး အချိန်မီမရောက်၍ သေဆုံးရသူပေါင်းများစွာ ရှိနေပါသည်။
ထို့ကြောင့် လူတစ်ယောက် လေဖြတ်ထားခြင်း ရှိမရှိကို သိရှိရန် အလွန်ပင် လိုအပ်လှပါသည်။ ထိုသို့ သိရှိထားမှသာလျှင် အရေးပေါ်ကြုံလာလျှင် အသက်တစ်ချောင်းကို ကယ်တင်နိုင်မည် မဟုတ်ပါလော။
လေဖြတ်ထားခြင်း ရှိမရှိကို စမ်းသပ်သိရှိနိုင်ရန်အတွက် ဆေးလောကမှာ လူသိများသည့် စကားလုံးမှာ FAST (Face, Arm, Speech, Time) တို့ဖြစ်ပါသည်။
(၁) Face - လေဖြတ်ရန် လက္ခဏာပြလာလျှင် မျက်နှာဟာ သာမန်အချိန်နှင့်မတူပဲ ပါးစောင်ရွက်ခြင်း၊ မျက်ခွံတွန့်ခြင်း၊ အကြောဆွဲခြင်းများ ရှိမရှိကို ကြည့်ပါ။
(၂) Arm - လက်မောင်းကို ဘေးတိုက်၊ အရှေ့၊ အပေါ် ဆန့်ထုတ်ကြည့်ပါ။ ကျင်ခြင်း၊ ထုံခြင်း၊ ပစ္စည်းတစ်ခုခု ကိုင်လျှင် လွတ်ကျခြင်းရှိမရှိ ကြည့်ပါ။
(၃) Speech - စာကြောင်းတစ်ခုခုကို ရွတ်ခိုင်း၍ အသံအနေအထားနှင့် ရှာလေးအာလေးဖြစ်မဖြစ်၊ ပုံမှန်ဟုတ်မဟုတ် နားထောင်ကြည့်ပါ။
(၄) Time - အထက်က စမ်းသပ်ချက် ၃ ချက်မှာ မသင်္ကာစရာ တစ်ခုခုရှိလျှင်၊ ထူးခြားမှုရှိလျှင်၊ လေဖြတ်တာ သေချာနေပြီဟု ယူဆလျှင် အရေးပေါ်ဌာနကိုသာ အမြန်ဆက်သွယ်လိုက်ပါ။ ဦးနှောက်နှင့် အာရုံကြောနှင့် အဆက်အသွယ် ပြတ်သွားပြီး သတိလစ်သွားသည့်အထိ အရောက်မခံပါနှင့်။
( ဤ Post ကို Share တစ်ချက်စီ လုပ်ပေးခြင်းဖြင့် တန်ဖိုးရှိလှသော လူ့အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်ကြပါစေ )
လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့နေဆိုင် (ပူတာအို)
ကျမ်းကိုး - Stroke Warning and Signs Symptoms
စောနွဲ့ နေဆိုင် - ပူတာအို
အစွမ်းထက် သဘာဝဆေးနည်းများ
Post a Comment