တသက်‌တာ လက်‌တွဲသင့်‌တဲ့ ‌ယောက်ျား၎မျိုး

တစ်သက်တာ လက်တွဲသင့်တဲ့
ယောက်ျားလေးမျိုး ဆိုတာ

၁။ သင်နဲ့ ပတ်သက်လာရင်...
အသေးအဖွဲလေးတွေက အစမှတ်မိနေမယ်။

၂။ သင်နဲ့ ပတ်သက်လာရင်....
ပွင့်ပွင့်လင်းလင်းရှိမယ်။ ဘာဖြစ်ချင်တယ်၊
ဘာမဖြစ်ချင်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း
ပြောလေ့ရှိတယ်။

၃။ သင့်ကို မကြာခဏ
ရယ်မောအောင် လုပ်နိုင်တယ်။

၎။ သင့်ရဲ့ အမြင်ကို သူအလေးထားတယ်။
လက်ခံဆွေးနွေးပေးလေ့ ရှိတယ်။

၅။ လူကြားထဲမှာလည်း သင့်ကို ချစ်ပြဖို့
သူဝန်မလေးဘူး။

၆။ သင့်ရဲ့ ဆုံးဖြတ်ချက်ကို...
လေးလေးစားစားရှိတယ်။
လက်မခံနိုင်ရင်တောင်မှ ဘာကြောင့်
လက်မခံနိုင်လဲဆိုတာ သေချာရှင်းပြတယ်။

၇။ သူ့သင့်ကို ဘယ်လောက်ချစ်ကြောင်း
သက်သေပြလေ့ရှိတယ်။
အချိန်မှန်၊ နေရာမှန်မျိုးမှာပေါ့။

၈။ စူပါမန်းလို မဟာလူသားမဟုတ်ပေမယ့်
သင့်ကို စိတ်ကျေနပ်အောင် ထားနိုင်တယ်။
စိတ်ညစ်နေတဲ့ အခါမျိုးမှာ သင့်ကို ဘယ်နေရာ
ခေါ်သွားရမယ်ဆိုတာ သူသိနေတက်တယ်။

၉။ သင်တို့ကြားက ဆက်ဆံရေးတည်တံ့ဖို့
သူ့ဘက်က သည်းခံပြီး စိတ်ရှည်ပေးတယ်။
ရန်မဖြစ်အောင်လည်း ထိန်းတတ်တယ်။

၁၀။ သင့်ကို ချစ်သူတစ်ယောက်လို ချစ်သလို
သူငယ်ချင်းတစ်ယောက်လိုလည်း ကိစ္စတွေ
တိုင်ပင်လေ့ရှိမယ်။

အထက်မှာ ဖော်ပြတဲ့ အချက်တွေရှိတဲ့
အမျိုးသားမျိုးကို ပိုင်ဆိုင်ထားပြီ ဆိုရင်တော့
သင့်အတွက် အိမ်ထောင်ဖက်
အမျိုးသားကောင်း တွေ့ပြီလို့သာ မှတ်လိုက်ပါ။

အချစ်နှင့် အိမ်ထောင်ရေး
ဖက်မိသမျှ စာစုများထဲမှ ကောက်နှုတ်ချက်

Post a Comment