နှင်းဆီ နီနီ ဇတ်‌သိမ်း

{နှင်းဆီနီနီ}    {Part 2}

**ဟေမာန်ရေးသည်**

နှင်းဆီအမေကသူ၎နှစ်သမီးလောက်မှာ
ဆုံးသွားတယ်လေအဖေကလည်း
နောက်အိမ်ထောင်ပြုလိုက်တော့
မိထွေးတွေအများစုရဲ့ထုံးစံ
အတိုင်းနှင်းဆီကနှိပ်စက်ခံ
အရိုက်ခံရတဲ့ဘဝပေါ့ကွယ်

တစ်ရက်ရပ်ကွက်ထဲမှာမီးတွေ
တအားလောင်ပြီးနှင်းဆီရဲ့
အဖေနဲ့မိထွေးကအဲ့ဒီမီးထဲပါ
သွားတယ်နှင်းဆီလေးက
အသက်၆နှစ်ကျောင်းနေ
အရွယ်ရောက်နေပြီအဖွား
မှာကလည်းသားသမီးမရှိ
တော့သူလေးကိုရပ်ကွက်လူကြီး
တွေဆီမှာတောင်းပြီး
မွေးစားလိုက်တယ်

သူလေးကလေ

''အဟင့်ဟင့်ဟင့်ဟင့်''
အဖွားအိုမှာပြောနေရင်း
မှငိုနေပြန်သည်

''သူလေးကအရမ်းလိမ္မာတာ
အဲ့လောက်အရွယ်လေးနဲ့ကို
သိပ်သိတတ်တာကျောင်းက
ပြန်လာတာနဲ့အဖွားကိုအိမ်အ
လုပ်တွေလိုက်ကူလုပ်တာ
အသက်ကြီးလာလေပိုသိတတ်ပြီး
ပိုလိမ္မာလာလေဖြစ်လာတယ်

အဖွားလည်းရသမျှအလုပ်အကုန်
လုပ်ပြီးသူ့ကိုကျောင်းထားတယ်
သူလည်းကျောင်းအားတာနဲ့ရ
တဲ့တောက်တိုမယ်ရမှန်သမျှ
အကုန်လုပ်ပြီးပိုက်ဆံစုတယ်
ဒီလိုနဲ့သူဘွဲ့ရတဲ့နေ့ကဆိုလေ
အနီရောင်ဝမ်းဆက်လေးနဲ့
အရမ်းလှတာပဲသမီးရယ်

ဟောဟိုမှာကြည့်အဲ့တုန်းက
ရိုက်ထားတဲ့ပုံ''ဟုပြောကာ
နံရံမှဓါတ်ပုံအားလက်ညိုး
ထိုးပြလေသည်ဝေဝေလည်း
လှည့်ကြည့်လိုက်ရာသူမ
စိတ်တွင်ပင်မှတ်ချက်ချမိလေသည်

''ဟုတ်သားပဲနှင်းဆီကတော်တော်လှတာပဲ''

''အဲ့လိုနဲ့သမီးရယ်သူလည်း
ဘွဲ့ရပြီးသိပ်မကြာဘူးကုမ္မဏီ
အကြီးကြီးတစ်ခုမှာအလုပ်ရတယ်
်ဆိုပြီးလာပြောတော့အဖွားလေ
ပျော်လိုက်တာသိလားအဖွားရဲ့
သမီးလေးကရုပ်လေးကလည်း
အရမ်းလှတော့ကြိုက်တဲ့သူတွေက
ဝိုင်းဝိုင်းလည်နေတာပဲလေ

ဒါပေမဲ့ရုပ်လေးလှသလောက်
အဖွားသမီးလေးကကံမလှခဲ့ရဘူး
အီးးးဟီးးးဟီးးဟီးးး''အဖွားအိုအား
ကြည့်ကာဝေဝေပင်စိတ်များ
မခိုင်တော့ပဲမျက်ရည်များ
ရစ်ဝဲလာလေသည်

အတန်ကြာသည်အထိအဖွား

''သူတစ်ရက်ကအဖွားကိုလာ
ပြောတယ်သူ့မှာချစ်သူရှိနေပြီတဲ့
လူငယ်သဘာဝဒါမျိုးကရှိ
တတ်ကြတာပဲလေအဲ့တော့
အဖွားသူ့ကိုမတားပါဘူး
သူ့ချစ်သူဘယ်လိုလူလဲဆိုတာ
တောင်အဖွားမမေးဘူး
ဘာလို့လဲဆိုတော့သူရွေးချယ်တဲ့
သူဟာသူ့အပေါ်ကောင်းတဲ့
သူပဲဖြစ်မယ်လို့ထင်ခဲ့တာလေ
အဖွားအရမ်းမှားခဲ့တာပေါ့ကွယ်

သူ့ချစ်သူကသူ့ကိုအရမ်းချစ်တယ်
အလိုလိုက်တယ်ဘာညာ
တွေအမြဲပြောနေကြ
သူခဏခဏပြောလာတော့
အဖွားကလည်းတွေ့ဖို့အိမ်ခေါ်
ခိုင်းလိုက်တော့သူပြာပြာသလဲ
ထငြင်းတယ်တွေ့ပေးလို့မဖြစ်ဘူးတဲ့
သူ့ချစ်သူကသူကလုပ်လုပ်နေတဲ့
ကုမ္မဏီပိုင်ရှင်ရဲ့သားဖြစ်နေတယ်

အဖွားအဲ့ဒါကိုသိတာနဲ့သူ့ကိုတား
ခဲ့သေးတယ်ဒါပေမဲ့တားမရခဲ့ဘူး
ဘယ်သူဌေးသားကမှဒီလိုနေ့
လုပ်နေ့စားလူတွေပဲနေတဲ့
ရပ်ကွက်ထဲကမိန်းကလေးကို
မိသားဖသားပီပီတောင်းယူမှာ
လဲလေဒါပေမဲ့သူလက်မခံခဲ့ဘူး
တစ်ညသူအလုပ်ကပြန်လာတော့

''နှင်းဆီသမီးဘာဖြစ်တာလဲ
မျက်နှာလည်းမကောင်းပါလား
ကွယ်အဖွားကိုပြောအဖွား
ဘာလုပ်ပေးရမလဲ''

''ဖွားဖွားသမီးမှာကိုယ်ဝန်
သုံးလရှိနေပြီတဲ့အဟင့်ဟင့်ဟင့်''

''ဘုရားဘုရားဘယ်လိုဖြစ်တာလဲ
သမီးရယ်ဘယ်သူဘယ်သူနဲ့ရ
တာလဲသမီးဖွားဖွားကိုပြော
ဖြစ်တာကပြန်ပြင်လို့မရပေ
မဲ့လုပ်သင့်တာလုပ်ရမယ်''

''သမီးချစ်သူနဲ့ရတာပါ''
အခြေနေက
ပိုဆိုးကုန်ပြီအဖွားလည်း
ဘယ်လိုလုပ်ပြီး
သူဌေးသားကိုသွားပြောရဲမှာလဲ
ဒါပေမဲ့နောက်ရက်မနက်မှာ
နှင်းဆီကသွားပြောခဲ့တယ်
သူပြန်အလာကိုအဖွားရင်
တထိတ်ထိတ်နဲ့စောင့်နေ
မိတယ်သူပြန်လာတော့ပြုံး
လို့ရွှင်လို့ပြန်လာခဲ့တယ်

''သမီးသမီးချစ်သူကဘာပြောလဲ''

''ဖွားဖွားကြားရင်ယုံမှာ
တောင်မဟုတ်ဘူးသူသမီး
ကိုလက်ထပ်ယူမယ်တဲ့''

''ဟယ်တကယ်လားသမီး''

''တကယ်ဖွားဖွားရဲ့ပြီးတော့
သမီးတို့မင်္ဂလာပွဲကိုတဘက်ခါ
စီစဉ်ခိုင်းလိုက်တယ်လိုတာ
တွေသာအကုန်ယူထားပြီး
စီစဉ်ထားတဲ့သူအကုန်လာ
ရှင်းပေးမယ်တဲ့''

''ဟုတ်ပါ့မလားသမီးရယ်
်သမီးပြောတော့သူတို့က
အရမ်းချမ်းသာတာဆိုတော့''

''ဖွားဖွားစီစဉ်မှာသာစီစဉ်ပါတဲ့''

''အဖွားတို့ကဆင်းရဲသား
လူရိုးတွေပါသမီးရယ်အဲ့တော့
သူ့ချစ်သူသူဌေးလေးပြောတာ
ကိုယုံပြီးရပ်ကွက်ထဲမှာပွဲခင်း
ဖို့အစစအကုန်အကြွေး
တွေယူပြီးစီစဉ်လိုက်တယ်လေ
နှင်းဆီအဲ့ဒီနေ့ကနှင်းဆီ
ဂါဝန်အနီလေးနဲ့နှင်းဆီပွင့်ရဲရဲလေး
တွေကိုင်ပြီးသူ့သတို့သားအလာ
ကိုစောင့်နေတယ်လေဒါပေမဲ့ အဖွားအို၏အသံများမှာတိမ်ဝင်သွားပြီး
သူ့ချစ်သူကောင်လေးကမလာခဲ့ဘူး''

''ရှင်''ဝေဝေအံ့အားသင့်သွားခဲ့လေသည်

''ဟုတ်တယ်သမီးအဲ့နေ့က
တစ်ရပ်ကွက်လုံးမင်္ဂလာ
ဆောင်လာကြတာ
သူ့သတို့သားကမလာ
တော့အားလုံးဝိုင်းကဲ့ရဲ့ကြ
တော့တာပေါ့အားလုံးအတွက်
်ရယ်စရာကြီးဖြစ်သွားခဲ့တယ်လေ
ဘယ်မိန်းကလေးကသည်းခံနိုင်ပါ့မလဲ
ဲနှင်းဆီရှက်လွန်းပြီးအိမ်ကနေပြေး
ထွက်သွားခဲ့တယ်အဖွားသူ့နောက်
်ပြေးလိုက်တာဘယ်လိုမှမမှီတော့ဘူး

အနီးနားကသူတွေတချို့ကလည်း
့ပြန်လာမှာပါစိတ်ညစ်တုန်းခဏ
ထွက်သွားတာဖြစ်မယ်ဆိုပြီး
ဝိုင်းဖြောင်းဖျကြတော့အဖွား
ဆက်မလိုက်ဖြစ်တော့ဘူး
အဖွားသာဆက်လိုက်သွားရင်
ကောင်းမှာဆိုပြီးခုထိနောင်တ
ရသေးတယ်နှင်းဆီထွက်သွားပြီး
ခဏကြာတော့မိုးတွေတအား
ကျလာတာနဲ့အဖွားအိမ်ဘေးက
ကောင်လေးကိုအကူညီတောင်းပြီး
သူ့နောက်လိုက်သွားကြတာ

သူ့ကိုရှာဖို့ကမခက်ခဲဘူး
ဖြစ်သွားတယ်သူသွားခဲ့သမျှ
လမ်းတစ်လျှောက်သူ့
လက်ထဲကနှင်းဆီပန်းစည်း
ထဲကပန်းတွေကျခဲ့တော့
အဲ့ပန်းတွေအတိုင်းလိုက်သွား
လိုက်ကြတာနောက်ဆုံး နောက်ဆုံး အီးးးဟီးးးးးဟီးးးးးဟီးးးး''

ဒီတစ်ခါအဖွားအိုမှာ
ဘယ်လိုမှချော့မရတော့ပေ
ဝေဝေက

''သူ့ကို၈ထပ်တိုက်အောက်မှာ
မျက်နှာတစ်ခုလုံးကြေမွပြီး
တွေ့လိုက်ရတာမလားအဖွား''
အဖွားအိုမှသူမအား
အံ့သြစွာမော့ကြည့်လေသည်

''သူသမီးကိုဒါတွေပဲအမြဲအိပ်မက်လာ
ပေးနေတယ်ထူးဆန်းတယ်
ဘယ်လိုဆက်စပ်မှုကြောင့်
သူလာအိပ်မက်နေတာလဲမသိဘူး''
အဖွားအိုမှာလည်းတရှုပ်ရှုပ်ဖြင့်
ငိုနေလေသည်ဝေဝေအဖွားအိုအား
တင်းကြပ်စွာဖက်ထားမိလေသည်

ထိုစဉ်

''ခလွမ်းးးးး''နံရံတွင်ချိတ်ထားသော
နှင်းဆီ၏ဓါတ်ပုံဘောင်များထဲမှ
တစ်ခုကျကာကွဲသွားလေသည်
အဖွားအိုမှသွားကောက်ရန်ထ
လိုက်စဉ်ဝေဝေက

''အဖွားနေနေသမီးကောက်ပေးမယ်''
ဟုဆိုကာဓါတ်ပုံအားကောက်ယူ
လိုက်လေသည်နှင်းဆီ၏
ဘွဲ့ယူတုန်းကပုံဖြစ်လေသည်
ဝေဝေထိုဓါတ်ပုံအားဘောင်ထဲ
ဲပြန်ထည့်ရန်ဘောင်အား
ကောက်ယူလိုက်လေသည်

ဘောင်ထဲတွင်နောက်ထပ်ဓါတ်ပုံ
တစ်ပုံရှိနေလေသည်သူမ၏
ဘွဲ့ဓါတ်ပုံနှင့်ကျောချင်းကပ်ကာ
ထည့်ထားသောပုံဖြစ်လေသည်

ဝေဝေထိုဓါတ်ပုံအားအတည့်
လှည့်ကာကြည့်လိုက်လေသည်

''ဟာ ဒါ''သူမထိုဓါတ်ပုံအား
ကောက်ယူကာအချိန်အကြာ
ကြီးကြည့်နေမိလေသည်

ထို့နောက်ကောက်ယူကာ
သူမအိတ်အတွင်းထဲသို့
ထည့်လိုက်လေသည်
အဖွားအိုအားနှုတ်ဆက်ကာ
ငွေစက္ကူအချို့ထုတ်၍ပေးလိုက်လေ
ရာအဖွားအိုကတွင်တွင်ငြင်းလေသည်

''ယူပါအဖွားအဖွားရဲ့သမီး
နှင်းဆီပေးတယ်လို့သ
ဘောထားပါအဖွား''

''ဒါတွေကအဖွားအတွက်မ
လိုတော့ပါဘူးကွယ်သမီး
ပြန်ယူသွားပါအဖွားမယူပါရစေနဲ့''
ဘယ်လိုပေးပေးမရသော
ကြောင့်သူမပြန်လာခဲ့လေ
သည်ကော်ဖီဆိုင်ဆီသို့ပြန်
ရောက်သောအခါသူမကား
ထဲဝင်ထိုင်ရင်းဆုံးဖြတ်ချက်
တစ်ခုချလိုက်ကာကား
စက်နှိုးလိုက်လေသည်

ခြံကျယ်ကြီးတစ်ခြံ၏ရှေ့တွင်
ကားရပ်ပြီးသူမတည်ငြိမ်စွာ
ပင်ဆင်းလာလေသည်
ထို့နောက်ခြံကြီးတစ်ခြံ၏
လူခေါ်ဘဲလ်အားနှိပ်လိုက်လေ
ရာအစောင့်မှတံခါးလာ၍
ဖွင့်ပေးလေသည်

''ဆရာလေးရှိလား''

''ဟုတ်ရှိပါတယ်မမလာပါ''
သူမအိမ်ထဲထိဝင်သွား
လေသည်ထို့နောက်ဆိုဖာ
ပေါ်တွင်သူမဘက်အားကျော
ပေးကာထိုင်နေသောသူ၏
ရှေ့တည့်တည့်ဆီသို့လျှောက်သွား
လိုက်လေသည်ထိုလူမှာ
သူမအားမြင်လိုက်သည်နှင့်

''ဟာဝေဝေပါလားလာထိုင်''

''သူမဆိုဖာတွင်ဝင်ရောက်ထိုင်လိုက်ကာ
သူမအိတ်အတွင်းမှဓါတ်ပုံအား
ထုတ်လိုက်ကာထိုသူ့ထံလှမ်း
ပေးလိုက်လေသည်ဓါတ်ပုံမှာ
စုံတွဲတစ်တွဲ၏ပုံဖြစ်လေသည်

ကောင်လေးမှမိန်းကလေး
အားပါးတွင်အနမ်းပေးနေ
သောပုံဖြစ်လေသည်ကောင်မလေး
မှာသေဆုံးသွားသူနှင်းဆီ၏ပုံဖြစ်ပြီး
ကောင်လေးမှာတော့ဝေဝေ၏
ချစ်သူရန်နိုင်ဖြစ်နေလေသည်  

''အဲ့ဒီဓါတ်ပုံထဲကမိန်းကလေး
နဲ့ကိုရန်နိုင်ရှင်နဲ့ဘယ်လို
ပက်သက်လဲ''ရန်နိုင်ပြာ
သလဲလဲအမူအယာဖြင့်

''ဝေဝေဒီဓါတ်ပုံဘယ်ကရတာလဲဒါ ဒါကိုမဟုတ်ဘူးဝေဝေ''

''ဘာရှင်တော်တော်အောက်တန်း
ကျပါလားကိုရန်နိုင်ဒီလောက်
သက်သေရှိနေတာကိုငြင်း
နေသေးတယ်မှန်မှန်ပြောပါ
ရှင်နှင်းဆီနဲ့ဘယ်လိုပက်သက်ခဲ့တာလဲ''

''သူ့နာမည်ပါသိနေတာလားဝေဝေ''

''သူ့နာမည်မဟုတ်ဘူးရှင့်ကျမက
သူ့အကြောင်းစဆုံးသိပြီးနေပြီ
သူသေသွားတာရှင့်ကြောင့်ပဲ
ကိုရန်နိုင်ရှင့်ရဲ့တာဝန်မယူမှု
ကြောင့်သူသေသွားတာရှင်
တော်တော်ယုတ်မာတာပဲ
တော်တော်အောက်တန်းကျတာပဲ

ပိုက်ဆံချမ်းသာသလောက်
ရှင်အဆင့်အတန်းမရှိလိုက်တာ
ဒါများတောင်ရှင်ကကျမကိုစိတ်ချမ်း
သာစေမယ်တဲ့လားတော်
တော်ရယ်ချင်စရာကောင်းတာ
ပဲရှင်ဘာကြောင့်အလိုလုပ်ခဲ့တာ
လဲကိုရန်နိုင်ရှင်သူ့ကိုချစ်ခဲ့တယ်မဟုတ်လား''

''အဲ့ဒါကိုအချစ်လို့မခေါ်ဘူး
ဝေဝေငါသူ့ကိုသဘောကျတာ
ဒါပဲအဲ့ဒါကိုသူကအချစ်ဆိုပြီး
ခေါင်းစဉ်တတ်လိုက်တာ
တော့ငါလည်းမတတ်နိုင်ဘူး''

''ဒါဆိုရှင်သူ့ကိုအပျော်ကြံခဲ့တာလား''

''အဲ့သလိုပဲပြောပါတော့''

''တော်ပြီကိုရန်နိုင်ရှင်လိုလူ
ကိုလက်ထပ်ဖို့လက်ခံခဲ့တာ
ကျမတော်တော်မှားတာပဲ''

''ငါအလကားလုပ်ခဲ့တာမဟုတ်ဘူး
သူ့ကိုနားလည်အောင်ပြောပြတာ
ကိုသူလက်မခံပဲငါ့ကိုအရှက်ခွဲခဲ့တယ်''

''သူ့ကြောင့်ငါအရှက်ကွဲခဲ့ရတယ်
သူ့မှာငါနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ
ဆိုပြီးဖုန်းဆက်လာတယ်ငါ့ဘဝ
တက်လှမ်းစနေတဲ့ချိန်မှာ
ဘယ်လိုလုပ်ပြီးသူ့ကို
လက်ထပ်ယူနိုင်ပါ့မလဲ
ဲပြီးတော့သူလိုဆင်းရဲတဲ့မိန်းမ
တစ်ယောက်ကိုလည်းအိမ်က
ဘယ်လိုမှလက်ခံမှာမဟုတ်ဘူး

ဒါကြောင့်သူ့ကိုတိုးတိုးတိတ်တိတ်
ကိုယ်ဝန်ဖျက်ချဖို့ပြောတော့
လူကြီးတွေနဲ့အစည်းဝေး
လုပ်နေတဲ့နေ့မှာဝင်လာပြီး
အားလုံးရှေ့မှာငါ့ကိုပါး
ရိုက်တယ်ပြီးတော့ရစရာ
မရှိအောင်ပြောပြီးပြန်
ထွက်သွားတယ်အဲ့တော့ငါ
အရှက်ကွဲသလိုသူကွဲစေ
ဖို့ငါစီစဉ်ရတော့တာပဲ''

''သူ့ကိုအချိုပြန်သတ်ပြီးမင်္ဂလာ
ဆောင်ဖို့ပြောလိုက်တယ်

ဟားးးဟားးးးဟားးးးရီချင်တယ်
သူလိုအရူးမမလို့ငါ့စကား
ကိုယုံတာငါမသွားခဲ့ဘူး
ငါအရက်သောက်ပြီး
သူတို့ရပ်ကွက်ထဲသွားခဲ့သေး
တယ်အဲ့ကောင်မကိုထပ်ပြီး
အရှက်ခွဲဖို့ဒါပေမဲ့သူတို့
ရပ်ကွက်ထဲစဝင်တုန်းမှာ
သူငါ့ကားရှေ့ကနေဖြတ်သွား
တာမြင်လိုက်တယ်မူးမူးနဲ့
ငါသူ့နောက်လိုက်သွားတာ''

''ဒါဆိုသူခုန်ချတာရှင်သိတယ်ပေါ့
အဲ့ဒါ ရှင့်ကြောင့်ရှက်ပြီးတိုက်ပေါ်က
နေခုန်ချသွားတယ်ရှင့်မှာ
တာဝန်ရှိတယ်ကိုရန်နိုင်ရှင်
လိုလူနဲ့လည်းကျမလက်မ
ထပ်နိုင်ဘူးကျမကိုထပ်
တွေ့ဖို့မကြိုးစားနဲ့တော့''

''ဟားးးဟားးးဝေဝေနင်တို့မိန်း
ကလေးတွေကလေတော်တော်အ
ကြတာပဲသူခုန်ချတာမဟုတ်ဘူး
ဝေရဲ့သူ့ကိုငါတွန်းချလိုက်တာ''

''ဘာရှင် ရှင်ဘာပြောတယ်''

''ဟုတ်တယ်လေမဟုတ်လည်း
သူသတ်သေဖို့သွားနေတာပဲလေ
အဲ့တော့သူသွားရလွယ်အောင်
ကူညီပေးလိုက်တာ''

''ရှင်ရှင်လူယုတ်မာတော်တော်
်ယုတ်မာတာရှင်ကျမရှင့်ကိုဒီတိုင်း
မထားနိုင်ဘူးရှင့်ကြောင့်သူသေတာ
ကျမအခုအမှုသွားဖွင့်မယ်''

''ဟားးဟားးးဟားးးဟားးးသွားလေသွား
နင့်မှာသက်သေဘာရှိလို့လဲဝေဝေ''

''ဒီအမှုပွင့်ပြီဆိုတာနဲ့ဒီမြို့ရဲ့
အတော်ဆုံးသူတွေကိုကျမ
ဌားမယ်ပြီးရင်ဒီအမှုရ
အောင်ဖော်မယ်ရှင့်ကိုထောင်
ထဲရအောင်ထည့်မယ်ရှင်
လူတစ်ယောက်အသက်
ကိုသတ်ခဲ့တာရှင်ဒီတိုင်း
နေနေလို့မရဘူး''

ဝေဝေနေရာမှထကာ
ထွက်ရန်ပြင်လိုက်စဉ်

''ခွပ်''ရန်နိုင်ပန်းအိုးအား
ကောက်ယူကာဝေဝေအား
ရိုက်ချလိုက်လေသည်
ဝေဝေသူမနောက်စေ့အား
ကိုင်ကာလဲကျသွားလေသည်

ဝေဝေသတိရလာလေသည်
်မျက်လုံးအားအားယူကာ
ဖွင့်ကြည့်လိုက်ရာသူမမှာ
ရန်နိုင်တို့အိမ်၏ကားဂိုဒေါင်ထဲတွင်
ထိုင်ခုံတစ်လုံးပေါ်၌ရှိနေလေသည်
ခြေနှင့်လက်များအားလှုပ်ကြည့်ရာ
လှုပ်၍မရပေသူမ၏ခြေလက်များ
အားကြိုးဖြင့်တုပ်ထားလေသည်

သူမရုန်းကန်ကာကြိုးများ
ပြုတ်စေရန်ကြိုးစားနေမိသည်

''ဟားးးဟားးးးဟားးးးဟားးးးး''
အော်ဟစ်ရယ်ကာ
ရန်နိုင်ဂိုဒေါင်ထဲသို့ဝင်လာ
လေသည်

''ရန်နိုင်နင်ငါ့ကိုလွတ်နော်''

ရန်နိုင်သူမနားကပ်လာကာ
သူမပါးပြင်အားလက်ဖြင့်ပွတ်ရင်း

''သေမင်းရဲ့ခံတွင်းထဲရောက်နေ
တာတောင်မာနတွေမလျှော့
သေးပါလားဝေရယ်အဲ့ဒါလေး
ကိုပဲကိုကကြွေနေတာ
နှင်းဆီကိုတော့အပျော်ကြံခဲ့ပေ
မဲ့ဝေကိုကိုတကယ်ချစ်တာပါ''

''ထွီရှင်လိုလူကိုကျမက
ချစ်ရမယ်ဟုတ်လားရှင်က
ကျမအမုန်းနဲ့တောင်မတန်ဘူး''

''ဖြန်း''    ''အားးး'' ဝေဝေအားရန်နိုင်ပါး
ရိုက်ချလိုက်လေသည်

''နင်တို့မိန်းမတွေကလေ
တော်တော်အမြင်ကပ်စရာ
ကောင်းတယ်မချစ်တော့မ
ချစ်လို့ချစ်တော့ချစ်လို့ ''

''ခုတော့စိတ်မကောင်းဘူး
ဝေရယ်ငါလူသတ်တယ်ဆိုတာ
တော့နင်သိသွားတော့နင်လည်း
သေပေးရတော့မယ်''ဟုဆိုကာ
လက်ထဲမှပေါက်စိန်အား
မြှောက်လိုက်လေသည်

ရန်နိုင်ဘေးတွင်နှင်းဆီ၏
ဝိညာဉ်ပေါ်လာကာသူ၏
လက်အားချုပ်ထားလေသည်
ရန်နိုင်မျက်လုံးပြူးမျက်ဆံပြူးဖြင့်

''ဟာ နင် နင် နင်ကသေပြီးသားလေ''

''အဲ့ဒီညကကျမသတ်သေ
ဖို့တက်သွားတာမှန်ပေမဲ့အဖွား
အတွက်ပြန်တွေးပြီးကျမ
လှည့်အထွက်ရှင်တွန်းချတာခံလိုက်
ရတာပဲခုလည်းရှင်ဒီမိန်းကလေး
ကိုလည်းသတ်ဖို့လုပ်နေတယ်ကျမ
ခွင့်မပေးနိုင်ဘူး'
ဆိုကာရန်နိုင်၏လက်အား
ချိုးချလိုက်လေသည်

''အားးးးးးးးးးးးးးး''အသံနက်ကြီး
ဖြင့်အော်ကာရန်နိုင်ဂိုဒေါင်ထဲမှ
ထွက်ပြေးသွားခဲ့လေသည်

ထိုအခါနှင်းဆီ၏ဝိညာဉ်မှာ
ဝေဝေအနားရောက်လာကာ
သူမ၏ခြေလက်များမှကြိုးများ
အားဖြည်ပေးလေသည်ဝေဝေ
ဘာစကားမှမပြောလိုက်ရခင်မှာ
ပင်နှင်းဆီ၏ဝိညာဉ်မှာ
သူမအနားမှရုတ်ချဉ်း
ပျောက်ကွယ်သွားလေသည်

ဝေဝေဂိုဒေါင်ထဲမှပြေး
ထွက်ကာရန်နိုင်၏
အိမ်ဧည့်ခန်းတွင်ကျန်ခဲ့သော
သူမအိတ်ထဲမှဖုန်းထုတ်ကာ
ရဲစခန်းအားဖုန်းနှိပ်လိုက်လေသည်

ရန်နိုင်ဂိုဒေါင်ထဲမှပြေးကာ
အိမ်ထဲဝင်ပြေးရာ ''ဝုန်း ဒုန်း''
တံခါးများအားလုံး
ပိတ်သွားလေသည်

ရန်နိုင်အိမ်အပြင်ထိုမှတစ်ဆင့်
့်ခြံပြင်ထိုမှလမ်းပေါ်သို့တင်ကာ
ပြေးလေသည်ကျိုးနေသော
လက်တစ်ဖက်အားဖိကိုင်ကာ
သူမရပ်ရဲပဲဘယ်ပြေးမှန်းမသိပြေး
နေလေသည်နှင်းဆီဝိညာဉ်မှာလည်း
သူ၏နောက်တရစပ်လိုက်လာ
နေလေသည်

်တစ်နေရာအရောက်အမှိုက်ပုံး
တစ်ခုအားတွေ့ရာထိုထဲမှအ
မှိုက်များအားသွန်ပြီးရန်နိုင်
ထိုထဲသို့ဝင်ပုန်းနေလိုက်လေသည်

''ဝုန်းးး''အမှိုက်ပုံးမှာတစ်စုံ
တစ်ယောက်မှကန်လိုက်လေ
သည့်အလားဘေးသို့ယိုင်ကာ
လဲကျသွားလေသည်

''အားးးးးးးးးးး''ရန်နိုင်ထိုထဲမှ
ရုန်းထွက်ကာထပြေးရန်ကြိုးစား
လေတော့သည်သို့ပေမဲ့သူ၏
ခြေထောက်အားနှင်းဆီက
ဆွဲကိုင်ထားလေသည်

''ငါ့ ငါ့ကိုလွတ်ပေးပါ
တောင်းပန်ပါတယ် လွတ်ပေးပါ''

''လွတ်ပေးမယ်ရှင်ရဲစခန်း
သွားပြီးဝန်ခံရမယ်ရှင်ကျမ
ကိုသတ်တဲ့အကြောင်း''

ရန်နိုင်တွေဝေနေစဉ်နှင်းဆီမှ
သူ၏ခြေထောက်အားလိမ်ချ
လိုက်လေသည်

''အားးးးးးးးးးးးးးးးငါ ဝန်ခံ ဝန်ခံပါ့မယ် အားးး''ရန်နိုင်မျက်ရည်များ
ပင်ဖြိုင်ဖြိုင်ကျလာလေသည်

''သွားအခုသွား''

ရန်နိုင်မနည်းအားယူကာထ၍
ခြေတစ်ဖက်တရွတ်ဆွဲဖြင့်
ရဲစခန်းသို့ရောက်အောင်သွား
ရလေတော့သည်နှင်းဆီဝိညာဉ်မှာ
သူ့နောက်ထပ်ကြပ်မခွာ
လိုက်လာလေသည်

ရန်နိုင်နောက်လှည့်ကြည့်
လှည့်ကြည့်ဖြင့်ရဲစခန်းတွင်း
သို့ဝင်လာလေသည်
နှင်းဆီဝိညာဉ်မှာသူ့ထက်
အရင်အထဲရောက်နေ
လေသည်ရန်နိုင်ရဲချုပ်ထံသွား၍

''ကျနော် ကျနော်အပြစ်ဝန်ခံစရာရှိလို့ပါ''

ဝေဝေရန်နိုင်၏အိမ်တွင်ပင်
ထိုင်စောင့်နေလေသည်ခဏ
အကြာရဲများရောက်လာကာ
သူမအားလာရောက်ခေါ်ယူကြလေသည်

သူမစကားစရန်ပြင်လိုက်စဉ်မှာပငှ်
ရဲမေတစ်ဦးမှ

''မောင်ရန်နိုင်ကရဲစခန်းထိလာပြီး
သူလူသတ်ထားကြောင်းအ
ကုန်ဝန်ခံသွားခဲ့ပြီ''ဝေဝေနှုတ်မှ
စကားများဆွံ့အနေသည့်အလား
တစ်လုံးမှထွက်မလာ

နှစ်ပတ်တိုင်ရန်နိုင်အား
ရုံးတင်စစ်ဆေးလေသည်
ရန်နိုင်အားအလုပ်ကြမ်း
နှင့်ထောင်ဒဏ်လျှော့ရက်
မရှိ၁၅နှစ်ချမှတ်လိုက်လေသည်

ဝေဝေမှနှင်းဆီ၏အဖွားအားလည်း
ဝေဝေတို့မိသားစုမှအဓိက
အလှူငွေထည့်သောဘိုးဘွား
ရိပ်သာဆီသို့ပို့ပေးလိုက်လေသည်

ရန်နိုင်အားအမိန့်ချမှတ်ပြီးသည့်
ည၌ဝေဝေမှနှင်းဆီအားအိပ်မက်
်မြင်မက်လေသည်သို့ပေမဲ့အရင်
ကဲ့သို့ခြောက်ခြားစရာမျိုး
မဟုတ်ပဲဝတ်ဖြူစင်ကြယ်
ဝတ်ဆင်ထားကာဝေဝေအား
ပြုံးပြက၍လက်ပြနှုတ်ဆက်နေ
လေသည်

ဝေဝေအိပ်မက်မှနိုးလာသော
အခါသတိထားမိသည်က
သူမ၏အိပ်ယာဘေးတွင်
နှင်းဆီပန်းစည်းလေး
တစ်စည်းရှိနေလေသည်
ထိုပန်းစည်းလေးအား
တယုတယကောက်ယူကာ
ဝေဝေပြုံးလိုက်မိလေသည်

''ရောက်ရာဘဝမှာကိုပေးဆပ်
သလောက်အပြည့်အဝပြန်ရသော
အချစ်စစ်နဲ့တွေ့ပါစေနှင်းဆီရေ''
သူမရင်ထဲမှဆုတောင်းပေး
မိလိုက်လေသည်။ ။ ။

             ပြီးပါပြီ

               **ဟေမာန်**

Post a Comment