အစာအိမ်‌‌ရောဂါ

အစာအိမ်ရောဂါအတွက် ဆေးနည်းများ

အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုးသုံးပြီး မသက်သာလို့ စိတ်ညစ်နေသူများ အောက်ပါ အစွမ်းထက်သော သဘာဝဆေးနည်းလေးကို သုံးကြည့်နိုင်ကြပါတယ်။

၁။ အာလူး ၁၅ ကျပ်သားခန့်ကို ရေစင်အောင်ဆေးပြီး အခွံမခွါပဲ နုတ်နုတ်စင်းလိုက်ပါ။

၂။ ရေအနည်းငယ်ဖြင့် ဆန်ပြုတ် ပြုတ်သကဲ့သို့ ပြုတ်ပေးပါ။

၃။ ရင်ပြည့်ရင်ကယ်မဖြစ်စေရန် ဂျင်းအနည်းငယ်ကို ထည့်ပေးပါ။

၎။ ၄င်းအာလူးစိမ်းပြုတ်ရည်ကို ပျားရည်စစ်စစ် တစ်ဇွန်းခန့် ထည့်ပြီး သောက်ပါ။

နှစ်ရက်ကို တစ်ကြိမ် သောက်ပေးပါ။ သက်သာလာပါက ၅ရက်ကို ၁ကြိမ်၊ တစ်ပတ်ကို ၁ကြိမ် စသဖြင့် သောက်ပါ။ အစာအိမ်ရောဂါ ပျောက်ကင်းသွားပါလိမ့်မယ်။

(သတိပြုရန်) အစိမ်းရောင်ဖြစ်နေသော အားလူးများကို လုံးဝမသုံးရပါ။ ဆီးချို၊ သွေးချိုသမားများအတွက် သောက်ရန် မသင့်ပါ။

နောက်ထပ်ဆေးတစ်နည်း

ပျားရည်နှင့်နနွင်းကို အစစ်ရအောင်ရှာပါ။ နနွင်းစစ်စစ်ရအောင် အတက်ကို ၀ယ်ပြီး ကိုယ်တိုင်ကြိတ်ယူပါ။ ၄င်းနနွင်းမှုန့်စစ်စစ်ကို ပျားရည်နှင့် မန်ကျည်းစေ့ခန့် လုံးထားပြီး နေရိပ်မှာ ခြောက်နေအောင် လှမ်းထားပြီး လေလုံတဲ့ ဖန်ပုလင်းထဲကို ထည့်ထားပြီး မနက်စာ၊ ညစာမစားမီ ဆေးတစ်လုံးကို ရေနွေးနဲ့ သောက်ပါ။ နနွင်းနဲ့ ပျားရည်သာ စစ်ပါစေ။ တစ်ပတ်အတွင်း ရောဂါပျောက်လိမ့်မယ်။

အစာအိမ်သမားများ ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာချမ်းသာကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - တိုင်းရင်းဆေးစွမ်းကောင်းများ

စောနွဲ့ နေဆိုင် - ပူတာအို
.

Post a Comment