ကျောက်ဝဲဂူအိမ်ကြီးပေါ်ကမိန်းကလေး
=================
Written By:.ဖန်ဆင်းရှင်(ဂျပုလေး)
လင်းသစ် မင်းကို ဆရာက ဒီညသူ့အိမ်ကိုလာအိမ်ပါလို့ပြော
ခိုင်းလိုက်တယ်..
ဟု ဆိုက်ထဲ၌အလုပ်လုပ်နေသောကျနော့်ကို လှမ်းပြောလိုက်သည်။
အေး.. ငါလာခဲ့ မယ်.. လို့ ဆရာ့ကိုပြောလိုက်ကွာ
ဒီလိုနဲ့ ကျွန်နော်အလုပ်မှ အိမ်ကိုပြန်လာကာ ဆရာ အိမ်မှာ အိပ်ရန်
ဖျာလိပ်လေးထဲ ခေါင်းအုံရယ်စောင်ရယ် ထည့်ကာ စက်ဘီး ပေါ်တင်၍ ထွက်လာခဲ့သည်။
ဆရာဆိုသည်မှာ ကျွန်တော့်အလုပ်ထဲမှ မန်နေဂျာ ဖြစ်သည်။ ဆရာတို့ မိသားစုမှာ ရန်ကုန်တွင် နေသည်။ ဆရာ ဒီမြို့ကို ပြောင်းလာတော့လည်း မိသားစုနှင့်အတူဖြစ်သည်။ ဟိုတစ်နေ့ကမှ ဆရာ့မိသားစု ဘာအကြောင်း နှင့် ရန်ကုန်ပြန်သွားတယ်မသိ..
ကျွန်တော်က တော့ အလုပ်သမားအဆောင်၌နေသည်။ ဒီနေ့မှ ဆရာခေါ်လို့ ဆရာအိမ်မှာ နေရသည်။
ကျွန်တော် တရာ့အိမ်သို့ရောက်လာသည်။ ညနေ နေဝင်ရီတရော အချိန်
ဖြစ်သည်။ ဆရာအိမ်သို့ရောက်သောအခါ ကျွန်တော်အိမ်ပေါ်ဘက်သို့လှမ်းကြည့်လိုက်၏ ဝရံတာဘေးပြတင်းပေါက်၌ နောက်ကျောပေးကာ ဆံပင် ရှည်ချထားသော မိန်းကလေးတစ်ယောက်ကိုတွေ့မိလိုက်သည်။
ဆရာလိုရမယ်ရခိုင်းရအောင် ခေါ်ထားသော မိန်းကလေးဖြစ်မည်ထင်သည်။ အိမ်ကြီးမှာအတော်ကိုကြီးသည်။ ကိုလိုနီခေတ်ကတည်း ဆောက်ထားတဲ့အိမ်ကြီးဟုရွာသားများကပြောသည်။.
ဆရာနေမည်ဟုဆိုသောကြောင့်ဒီအိမ်ကြီးမှာရွာသားများကစီစဉ်ပေးထားခြင်းဖြစ်သည်။
ထိုအိမ်ကြီးကို ရွာသားများက ကျောက်ဝဲဂူ စံအိမ်ကြီးဟုခေါ်ဆိုသည်။
အကြောင်းမှာ ထိုအိမ်ကြီးသည် ကျောက်ဂူကြီးပေါ်၌ တည်ဆောက်ထားသည်။ ထိုကျောက်ဂူကြီး ထဲ၌ ရေဝကြီးတ်းခုရှိသည်။ ထို အချက်ကို အစွဲပြုကာ ကျောက်ဝဲဂူ ဟုခေါ်ဆိုခြင်းဖြစ်သည်ဟု လူကြီးများက ဆို၏ ။ ထိုအိမ်ကြီးပေါ်ကကြည့်လျှင် သံလွင်မြစ်ကိုမြင်ရ၏။.
ကျွန်တော် အိမ်ကြီးကိုကြည့်ကာစဉ်းစာနေရင်း..
"တီ..တီ..တီ..''
ဆရာကားသံကြားရလေသည်။
" ဟော မင်းတောင်ရောက်နေပြီ လာအိမ်ထဲဝင်လေကွာ..''
"အော်...ဟုတ်ဟုတ်'''
ဆရာနှင့်အတူအိမ်ထဲသို့ ဝင်လာခဲ့သည်။
"အော်.. ဆရာ ဒါနဲ့ ဆရာ အိမ်မှာ ခိုင်းဖို့ မိန်းကလေး တစ်ယောက် ခေါ် ထားသေး လား''
" မခေါ် ထားပါဘူး... ဘာဖြစ်လို့ လဲ''
"ဘာမှ မဟုတ် ပါဘူး မေးကြည့်တာ ပါ ''
ဒိန်း ဆိုပြီး ကျွန်တော့် ရင်ထဲ လှိုက် ခနဲ့ ဖြစ်သွားသည်။ အခုနက ဝရံတာပေါ် ကတွေ့ လိုက်တဲ့ မိန်ကလေးမှာ မျက်လုံး ဘဲမှားမြင်
မိတာလား..ဒါမှမဟုပ် အဲ့ဒီမိန်းကလေးက မည်သူနည်း မသိပေ...
သို့နှင့် အမြင်မှားမိတာဘဲ ဟုတွေး ကာ ဆရာနှင့် အတူအိပ် ရန် သာပြင်ဆင်လိုက်သည်။
"ဆရာ အိပ်တော့မှာဆို အပေါ်ထပ်မှာ အိပ်..ကျွန်တော်အောက်ထပ်မှာဘဲအိပ်တော့မယ်ဆရာ..''
"နေ နေ ငါ အောက်ထပ်မှာ ဘဲအိပ်မယ်.. မီးဖိုချောင် ဘေးက အခန်းမှာ ကုတင်နှစ်လုံးရှိတယ် အဲ့မှာ ဘဲအိပ်မယ်''
" ဒါနဲ့ ဆရာ ဆရာ့ မိန်းမနဲ့ ကလေးတွေကဘာလို့ပြန်သွားတာလဲဗျ
ဒီမှာနေကြဦးမယ်ဆို''
"အေး သူတို့လဲ ပျင်းစရာကြီးလည်းဖြစ် တီဗ္ဗီလည်း မကြည့် ရ ဆိုတော့ ပြင်းလို့ပြန်သွားကြတာနေမှာပေါ့ကွာ''
"အော်... အိပ်ရာခင်းပြီး ပြီ ကျွန်တော် မီးတွေပိတ်လိုက်ဦးမယ်''
ကျွန်တော် အပေါ်ထပ်မီး ပိတ်ရန်သွား အိမ်အပေါ်ထပ်သို့
ခိုင်ခံ့သော လှေကား ကြီးအတိုင်းတတ်ကာ အိမ်အပေါ် ထပ်သို့ ရောာက် သွားသည်။ ထိုအခါ ကျွန်တော် ညနေတုန်းကဆံပင်ဖျားလျားနှင့် ကျောခိုင်းထားသော မိန်းကလေးတစ်ယောက်တွေ့ရာ ဝန်ရံတာ ဘေးရှိ ပြတင်းပေါက်အားကြည့်လိုက်၏။ မိန်းကလေးအားမတွေ့ ထို့ကြောင့် ပွင့် နေသောပြတင်းပေါက်ကို သာ
ပိတ်၍ မီးများ အားလုံးပိတ်ကာ အောက်ထပ်သို့ အိပ်ရန်သာဆင်းလာခဲ့သည်။
"ဆရာကျွန်တော် မီးတွေပိတ်ပြီးပြီ''
"အေးအေး အဲ့ဒါဆိုလာအိပ်ကြရအောင်..''
"ဟုပ်..ကဲ့..''
...............
"ဒေါက် ..ဒေါက်..ဒေါက်''
ကျွန်တော် ထိုအသံကြောင့် လန့်နိုးသွားသည် ။
"အမလေး''ဟု ထအော် ချင်မိသည်။ သို့သော် အသံကမထွက်ပေ။
ကျွန်တော် အိပ်ခါနီးမှ သေချာပိတ်ခဲ့သော အပေါ်ထပ်ရှိမီးများအားလုံးပွင့်နေသည်။ ခုနက ထွက်သောအသံသည်လည်း
မီးခလုပ်ဖွင့်သံဖြစ်သည်။
"ဟေ့ကောင်...ဟေ့ကောင်''
ဆရာနိုးလာသည်နှင့်တူသည်။ ကတုန်ကယင် ဖြစ်နေသော ကျွန်တော့အား ခေါ်နေခြင်းဖြစ်သည်။
"ဗျာ..ဗျာ''
"မင်းဘာဖြစ်နေတာလဲကွ''
"ဆရာဟို..ဟိုမှာ အပေါ်ထပ်ကမီးတွေပွင့်နေတယ်''
"ဟေ..ဟုတ်တယ်ဟ..လာ အပေါ်တက်ကြည့်ရအောင်''
ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်အပေါ်ဘက်သို့တတ်သွား၏။
"ဟာ...''
ကျွန်တော် ပါးစပ်က ယောင်ပြီးထွက်သွားမိ၏
"ဘာဖြစ်လို့လဲ ကွ''
"ဟိုမှာ ကျွန်တော်သေချာပိတ်ခဲ့တဲ့ ပြတင်းပေါက်
လည်းပွင့်နေတယ်''
"ဟင် ဟုပ်လား... လာလာ သွားပြန်ပိတ်မယ်၊ မီးတွေလည်းပြန်ပိတ်၊''
"ဟုပ် ဟုပ်''.
ဆရာနှင့်အတူ မီးပိတ် ပြီး အိမ်အောက်ဘက်သို့ ပြန်ဆင်းလာခဲ့၏။ ထို့နောက်အိပ်ရာ ထဲဝင်ကျောခင်းပြန်သည်။
ထိုအချိန်မှစပြီး ကျွန်တော် တွေဝေသွားခဲ့သည်၊ အကြောင်းမှာ
ညနေက ဝရံတာဘေးပြတင်းပေါက်တွင် ဆံပင်ဖားလျားချ၊ကျောပေးထိုင်နေသောမိန်းကလေးနှင့် အိပ်ခါနီးသေချာပိတ်ခဲ့သောမီးနှင့် ပြတင်းပေါက်များ ပွင့်နေသောကြောင့်ဖြစ်သည်။
တီ..တီ..တီ...တီ..
နာရီမှာနှိုးစက်သံမြည်လာသည်။ နှိုးစက်သံနှင့်အတူ ကျွန်တော်နှင့် ဆရာ အိပ်ရာမှ ထာသည်။
"လင်းသစ် မင်း ဈေးကို ငါ့ကားနဲ့လိုက်ခဲ ငါမင်းကို ဈေးထဲမှာ ချခဲ့မယ် မင်း ကထမင်းချက်ပြီး အလုပ်ထဲ လိုက်ခဲ့ပေါ့ကွာ''
"ဟုတ် ဆရာ''
"အင်း.. အော် ငါတို့ မီးဖိုချောင်က ဝါယာကြိုးတွေက ရှော့ခ်
ဖြစ်နေတယ်ကွ မီးပြင်သမား တော့ခေါ်ထားတယ် မင်းလျှပ်စစ်အိုးနဲ့မချက်နဲ့ဦး မီးဖို့နဲ့ဘဲချက်ထား...''
"ဟုတ်ကဲ့..ဆရာ''
ဒီလိုနှင့် ဆရာကားနှင့်ဈေးထဲသို့ ကားဖြင့် လိုက်သွားသည်။
ဆရာက ကျွန်တော့်ကို ဈေးထဲမှာ ချခဲ့ပြီး အလုပ်သို့ တန်းသွားလေသည်။ ကျွန်တော်ကတော့ဆရာမှာထားသည့်အတိုင်း ဈေးထဲမှာ
ဈေးဝယ်ပြီး အိမ်သို့ ပြန်ကာ ထမင်းချက်တော့သည်။
" ဒေါက်..ဒေါက်..ဒေါက်..''
ထမင်းချင်နေတုန် အိမ်တံခါးကို တစ်စုံတစ်ယောက် လာခေါက်နေသည်။
"ချလပ်..''
ကျွန်တော် တံခါးပေါက်အား ဖွင့် ပေးလိုက်သည်။
" အော်.. မီးပြင်သမား တွေပါလား''.
"အေးကွ.. ဆရာခေါ်ထားတာတော့ လေးငါးရက်ရှိပြီ မအား
တာနဲ့ မလာဖြစ်တာ''
"အော်..ရပါတယ်ဗျာ''
"အေး..မီးဖိုချောင်က ဝါယာတွေ ဘဲပျက်နေတာမှလား''
"ဟုတ်တယ်ဗျ.. မီးဖိုချောင်က ဝါယာတေဘဲ''
"အေးပေါ့ကွာ ဝါယာတွေက ကြာနေပြီဆိုတော့ဘယ်ကောင်းတော့မလဲ.. ကြိုးတွေ က အကုန်လဲရမှာကွ''
"ဟုတ်ပါ့ဗျာ.. အကိုတို့ဘဲ သေချာလုက်သွားပေးပါဗျာ''
ကျွန်တော်လည်း ထမင်းဟင်းချက်လို့ပြီးသွားပြီ။
"ဟူး...င့ါညီရေ. မီးကြိုးတွေအကုန်လပြီးပြီ တော်တော်လေးလဲလိုက်ရတယ်''
"ဟုတ်ကျေးဇူးဘဲဗျာ.. ဒါနဲ့ ဘယ်လောက်ပေးရမလဲအကို''
"နေနေ ရပါတယ်ကွာ ဘယ်လောက်မှပေးမနေနဲ့ ငါက
ဆရာ့ကိုတောင်အားနာနေတာကွ''
"အော်.. ဒါဆိုလည်းကျေးဇူးတင်ပါတယ်ဗျာ''
"အေးအေး...ငါတို့သွားပြီနော်..''
"ဟုတ်ကဲ့..ဟုတ်ကဲ့''
ကျွန်တော် လည်း ထမင်းဟင်း ချက်ပြီး အလုပ်ထဲသို့ စက်ဘီး လေးနှင့် ထွက် လာခဲ့တယ် ။
" ဟ မင်းရောက်လာပြီ လား..''
, 'ဟုတ်ဆရာ အော်.. ဆရာ မီပြင်တဲ့သူတွေ လာပြင်ပေးသွားတယ်''
"ဟုတ်လား ကောင်းတာပေါ့ ကွာ မင်းလည်း မီးဖို့ သုံးစရာမလိုတော့ဘူးဆိုတော့ ချက်ပြုတ်ရတာ သက်သာ တာပေါ့''
ကျွန်တော်လည်းဆိုက်ထဲမှာ အလုပ်လုပ် ပြီး အိမ်သို့ပြန်လာခဲ့သည်။ ဆရာက တော့ ဝယ်စရာ လေးတွေရှိလို့ဆိုပြီးဈေးထဲ၌ကျန်ခဲ့သည်။ အခုလောလောဆယ်တော့ အိမ်ထဲမှာ ကျွန်တော် တစ်ယောက်တည်းသာ..
အိမ်ရောက်သည်နှင့်ကျွန်တော် ရေချိုးရန် ပြင်ဆင်ကာ ရေချိုးခန်းထဲသို့ဝင်လိုက်သည်။
" ရှပ်... ရှပ်...ရှပ်''
ရူတ်တရက် အပေါ်ထပ်မှ လူတစ်ယောက် လှမ်းလျှောက်သည့်
အသံကြားလိုက်ရသည်။ ရေချိုးရန် ပြုနေသော ရေချိုခန်းထဲမှကျွန်တော်၏ ခန္ဓာကိုယ်တခုလုံး တုန်ရီ ကာကြက်သီမွှေညှင်းထသွားသည်။
အပေါ်ထပ် ခြေသံကြားရာသို့ကျွန်တော် သွားကြည့်ရန်
သာ တွေးလိုက်၏။ ကျွန်တော် အပေါ်ထပ်သို့ တက်ရန်လှေကား
ပေါ်သိုတက်ရန် ခြေထောက်ဟန်ပြုချိန်မှာဘဲ...
"တီ..တီ..''
ဆရာကားသံကြားရလေသည်။ ဟွန်းသံကြောင့် ကျွန်တော်လည်း ခြံတံခါးဖွင့် ရန် ပြေးကာ ခြံတံခါးကြီး ကို တွန်ဖွင့် လိုက်သည်။
"ဟ..ဟေ့ကောင် အကျီင်္ချွတ်ကြီး နဲ့ ဘာလုပ်နေတာလဲကွ''
"ရေချိုးဖို့ပါ ဆရာ၊ ဆရာ့ ကားသံကြားတာနဲ့ထွက်လာတာ''
"အော်..အေးအေး''
ဆရာကားပေါ်မှလှမ်းပြောခြင်းဖြစ်သည်။
ကျွန်တော် အပေါ်ထပ်ရှိပြတင်းပေါက်ကို လှမ်းကြည့် မိသည်။
ကျွန်တော် လန့်သွားကာမျက်လုံးပြူးမိသွာသည်။ မနေ့ညက ပိတ်ခဲ့သော ပြတင်းပေါက်တံခါးပြန်ပွင့်နေပြန်သည်။
"ဟေ့ကောင် လာလေ ဘာလုပ်နေတာလဲ''
"ဟုတ် လာပြီ..လာပြီ''
ဆရာခေါ်သံကြောင့် အိမ်ထဲသို့ပြန်ဝင်လာသည်။
ဒီလိုနှင့် လေးငါး ရက်လောက်ကြာသော အခါ ဈေးထဲကလူနှင့်လည်းရင်နှီးလာသည်။
ဒီနေ့ကျွန်တော် ဈေးထဲ၌ ကျွန်တော် ဝယ်နေကျ ကြက်သားရောင်းတဲ့ အန်တီကြီး အား ကျောက်ဝဲဂူ အိမ်ကြီး အကြောင်းမေးရန်ဆုံးဖြတ်လိုက်သည်။
"အဒေါ်ကြီး ကျွန်တော့် ကို ကျောက်ဝဲဂူ အိမ်ကြီး အကြောင်း ပြောပြနိုင်မလား''
"အော်... နင်ကသိချင်လို့လား..အေး အရင် က ဆရာကတော်တို့တော့ ဒီဈေးထဲမှာ တွေ့မိပါတယ် အခုတော့မတွေ့တော့ဘူး''
"ဟုတ် ဆရာကတော်တို့ က ရန်ကုန်ပြန်သွားကြပြီ၊ ဘာလို့ပြန်သွားကြတာလဲတော့မသိပါဘူးဗျာ''
"အေး..နင်အဲ့အိမ်ကြီးအကြောင်းသိချင်ရင် ဟိုးမှာ အသီးအရွက်ရောင်းနေတဲ့အဘတွေ့လား သူ့ဆီမှာမေးကြည့် သူ့ ကဂှေ့မှီနောက်မှီဘဲ''
"အော်..ဟုတ်ကဲ့ ဒေါ်ကျေးဇူးဘဲ''
အဒေါ်ကြီးပြောတဲ့ အဘဆိုင်ကို ကျွန်တော် သွားလိုက်၍ အသီအရွက်လေး ဝယ်ကာ
" အဘ ကျွန်တော့် ကို ကျောက်ဝဲဂူ အိမ်ကြီး အကြောင်ပြောပြပါလားဗျ''
"အော်..လူလေးက အဲ့အိမ်ကြီမှာနေတာမှလား''
"ဟုတ်ကဲ့ အဘ''
"အေး..ဒီအိမ်ကြီး က အဘတို့ငယ်ငယ်တုံးထဲကရှိတာကွဲ့
အရင်ကတော့ ဂျပန် အရာရှိကြီးနေတာကွဲ့
နောက်လည်း ကျတော့ သူဌေးကြီးတစ်ဦး က ဒီအိမ်ကြီး ကို လာဝယ်လိုက်တယ်၊ သူဌေးကြီး ကဝယ်ပြီး အိမ်ကြီးကိုပြန်ပြင်ဆောက်ဖို့ပြင်ဆင်ကြတာ..၊ အဲ..အဲ့ဒီ့နေ့မှာဘဲ အဲ့ဒီ့အိမ်ကြီး ပေါ်က နေသူဌေးကြီးရဲ့သမီးလေးတစ်ယောက်ပြုတ်ကျပြီး ဆုံးသွားတယ်''
"အော်...''
"အင်း..အဲ့သူဌေးကြီးကလည်းသူ့သမီးလေးဆုံးသွားတော့ အဲ့အိမ်ကြီးမှာမနေတော့ဘဲပြောင်းသွားတာ.. ၊ပြန်ပြင်လည်းမဆောက်ဖြစ်တော့ဘူးပေါ့၊ ဒီလိုဖြစ်တော့ အဲ့ဒီအိမ်ကြီးမှာက ဘယ်သူမှလည်း မရှိကြတော့ဘူးပေါ့၊ တနေ့ တို့ရွာထဲမှာ ထိုအိမ်ကြီးက နာမည်ကြီး လာတာဘဲ''
"အမ်..ဘယ်လို နာမည်ကြီးလာတာလဲအဘ''
"ထိုအိမ်ကြီး မှာ သရဲခြောက်တယ်ဆိုပြီး အသံထွက်လာရောပေါ့ကွာ''
"ဗျာ..သရဲခြောက်တယ် ဟုတ်လာအဘ''
"အေးဟုတ်တယ်၊ တနေ့မှာ ရွာထဲကလူငယ်တွေက အဲ့အိမ်ကြီးမှာ နေဖို့ လောင်းကစားလုပ်ကြတယ်၊ အဲ့လူငယ်လည်းကြောက်ပြီးထွက်ပြေးလာကြတာ ရွာထဲလဲရောက်ကော တော်တော် လုပ်ယူရတယ် ကွ ဘာမှကိုမေးမရဖြစ်သွားတာ''
"သရဲ က ဘယ်လိုခြောက်လိုက်လို့လဲ အဘ''
"အေး..အဲ့လူငယ်တွေထဲမှ အဘလည်းပါတာကိုး..၊
ဒီလိုလူလေးရ အဘတို့တွေ အလောင်းကစားလုပ်ပြီ အဲ့အိမ်ကြီးမှာ
ညသွားအိပ်ကြတယ်၊ အဲ့နေညမှာ ဘဲ အဘတို့တွေစခြောက်ခံရတာ
၊
အဲ့တုန်းက တို့တွေက အောက်ထပ်မှာ အိပ်ကြတယ် အင်းအဘတို့ အိပ်နေတုန် အပေါ်ထပ်က 'ဒုန်း'ဆိုတဲ့အသံကြီးကြားလိုက်ရတယ်
အဘတို့က ဘာသံလဲဆိုပြီး ထကြည့်ကြတာပေါ့ကွာ၊ အေးအဲ့ ဒီ့မှာဘဲ ပြတင်းပေါက်မှာ ဆံပင်ရှည်နဲ့ကောင်မလေးတစ်ယောက်ထိုင်နေတာတွေ့လိုက်တယ်၊ အဘတိုလည်းအနားသွားကြည့်ကြတာပေါ့''
"အနားသွားကြည့်တော့ ဘာတွေ့လည်းအဘ''
"အေး အနားလဘ်းရောက်ကော မျက်နှာ က သွေးသံတရဲရဲနဲ့
ရုပ်ပျက်ဆင်းပျက်ကြီးတွေ့လိုက်ရတာဟေ့.. အဘတို့ဆိုညတွင်းချင်းအော်ပြီးပြေးရတာ၊ တော်သေးတယ် အသက်မသေတာ''
"အော်ဒီလိုကို''
"အေးအေး လူလေးလည်းဘုရားတရားနဲ့နေပေါ့ကွာ''
ကျွန်တော်လည်း ဈေးထဲက အဘပြောစကားကိုနားထောင်ပြီး
ကြောက်စိတ်တွေပိုဝင်လာခဲ့တယ်၊ အရင်လိုဘဲ ချက်ပြုတ်ပြီး အလုပ်ထဲကို လာခဲ့သည်။ သို့သော် စိတ်က အလုပ်ထဲမှာမရှိ ထိုအိမ်ကြီးကို သာ စိတ်ရောက်နေခဲ့သည်။
ညနေရောက်လာလေပြီ၊ ထိုအိမ်ကြီးကို ကျွန်တော်မပြန်ရဲတော့ပေ။ သို့သော်မပြန်လိုကမရ၊ မဖြစ်နိုင်တဲ့အဆုံး ဆရာနှင့် ထိုအိမ်ကြီး ကိုသာပြန်လာခဲ့ရသည်။
ညဘက်အိပ်ချိန်သို့ရောက်လေပြီ။ ထိုအခါပေါ်ထပ်၌
ဒေါက်..ဆိုတဲ့မီးခလုပ်သံကြားလိုက်ရ၏။
ထိုအသံကြောင့်ကျွန်တော်လန့်နိုးသွားသည်။ ဆရာလည်းအတူနိုးလာ၏။
"ဟေ့ကောင် မင်းကြားလား''
"ဟုတ်ကြားတယ်ဆရာ.. ''
"အေးလာ အပေါ်ထပ်ကြည့်ရအောင်..''
ဆရာနှင့် အပေါ်ထပ်သို့တတ်လာခဲသည်။
ထိုအခါမထင်မှတ်ဘဲ အော်ကလီ ဆန်စရာအနံတစ်ခုကိုရလိုက်သည်။ တကယ်ကို အော်ကလီဆန်စရာ အပုပ်နံ့ကြီးဖြစ်သည်။
ကျွန်တော်နှင့်အတူ ဆရာလည်းထိုသို့ပင် ကျွန်တော်လည်း နှာခေါင်းကိုပိတ်ပြီး အပေါ်သို့ဆက်တတ်လာခဲ့သည်။
ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်ရာ…
"အား………"ထိတ်လန့်စရာ.သွေးပျက်စရာမြင်ကွင်းတစ်ခု
ကြီးကိုမြင်တွေ့လိုက်ရသည်။ မျက်နှာကြီးမှာသွေးသံတရဲရဲနှင့်
ဖြစ်သည်။ ဆရာလည်းထိတ်လန့်ကာ အောက်ထပ်သို့နှစ်ယောက်သားပြေးဆင်းကြလိုက်ရတယ်။
အဲ့ဒီ့အချိန်ကတည်းက ကျွန်တော်တို့ အဲ့အိမ်ကြီးမှာ မနေတော့ဘဲ ဆိုက် ထဲမှာသာပြောင်းနေခဲ့သည်။ မကြာပါ ဒီသတင်းဟာ တစ်ရွာလုံးပြန့်သွားခဲ့သည်။
ပြီးပါပြီ
ကျေးဇူးတင်ပါတယ်
အမှာပါရင်ခွင့်လွှတ်ပေးကြပါ…
ကျောက်ဝဲဂူအိမ်ကြီးပေါ်က မိန်းကလေး (Ghost story) စဆုံး
- on 9:17 AM
- No comments
Post a Comment