ကားကြုံလိုက်​စီး​သောသူတ​စ္ဆေမ စ/ဆုံး
``ကားကြုံလိုက်​စီး​သောသူ​စ္ဆေမ´´   ( ဖြစ်​ရပ်​မှန်​-စဆုံး )
   *​နေထွဋ်​​နောင်​​ရေးသားသည်​......
  ( ၁ ) ယ​နေ့မနက်​ခင်းကိုစိန်​လင်းတစ်​​ယောက်​အိပ်​ယာထလာပြီး လက်​ဖက်​ရည်​ဆိုင်​သွားရန်​ပြင်​ဆင်​​နေချိန်​တွင်​ပင်​ အိမ်အ​ပေါက်ဝမှသူ့နာမည်​ခေါ်သံကြားလိုက်​ရပါသည်​... သူအိမ်​​ပေါက်​ဝ​သို့လှမ်းကြည့်​လိုက်​​တော့ ကိုဝင်းမိုးတစ်​​ယောက်​ဖြစ်​​နေ​သော​ကြောင့်​ အလုပ်​အ​ရေးကြီး​နေ​ကြောင်း သူသ​ဘောပေါက်​မိသည်​...................
  ``လာဗျို့ကိုဝင်းမိုး စော​စောစီးစီးဘာ​တွေများအ​ရေးကြီးလာတာလဲဗျ...´´..............
   ``​ခွေးဘီလူးတစ်​စီး​လောက်​ မြင်းမူကိုပို့စရာရှိလို့ ကိုစိန်​လင်း​ရေ...´´..............
  ``​သြော်​ ရတယ်​​လေ ဒီရက်​ပိုင်းအတွင်းပဲလား...´´.............
   ``ဒီ​နေ့ကိုပို့ချင်​တာ ကိုစိန်​လင်းဖြစ်​နိ​င်​ရင်​ အခု​တောင်​ပို့ချင်​​နေတာ...´´.............
   ``အ​ရေးကြီးရင်​တော့ ကျွန်​​တော်​ဒီညပို့​ပေးပါ့မယ်​...´´.............
   ``​ကျေးဇူးဗျာ ဒါနဲ့ခင်​ဗျားဘယ်​​ဈေး​လောက်​ယူမလဲ ကိုစိန်​လင်း...´´.............
   ``အခုလမ်း​ကြောင်းအ​ခြေအ​နေအရ​တော့ (    ) သိန်း​တော့​ပေးဗျာ...´´.............
   `` (    ) သိန်းခွဲ​လောက်​ယူလို့မရဘူးလားကိုစိန်​လင်း... နဲနဲများ​နေသလားလို့...´´.............
    ``ကျွန်​​တော်​ပိုမ​တောင်းပါဘူး လက်​ရှိအ​ခြေအ​နေအရလမ်းမှာရှင်းရလင်းရနဲ့ဆိုရင်​ (    ) သိန်း​လောက်​မှကိုက်​မှာမို့ပါ... အခြားလူ​တွေဆိုဒီထက်တောင်​ပို​တောင်းနိင်​​သေးတယ်​ ကိုဝင်းမိုး...´´.............
   ``ဟုတ်​ပြီ​လေ ဒါဖြင့်​လဲ (     ) သိန်း​ပေါ့ဗျာ... ဒါဆိုကျွန်​​တော်​သွားပြီ ည​နေအိ​မ်​မှာပဲ ကားလာယူဗျာ...´´..............
    ဒီလိုနှင့်​ ကားဝယ်​​ရောင်းသမားကိုဝင်းမိုးတစ်​​ယောက်​ သူ့ကိုနှုတ်​ဆက်​ပြီးထွက်​ခွာသွားခဲ့ပါသည်​... သူက​တော့ကားများကိုတစ်​​နေရာမှတစ်​​နေရာသို့ သယ်​​ဆောင်​​ပေးသူ... တစ်​နည်းအားဖြင့်​လိုင်​စင်​မရှိ​သောကားများကိုကယ်​ရီ​မောင်းပို့​ပေး​သော ယာဉ်​​မောင်းတစ်​ဦးလဲဖြစ်​ပါ​တော့သည်​... အလုပ်​ကအနဲငယ်​အန္တရာယ်​များပြီးရင်​ခုံရတတ်​​သော်​လဲ သူက​တော့ ဒီလိုရင်​ခုံစရာအလုပ်​​တွေကိုကြိုက်​နှစ်သက်​သည်​... ထို့ကြောင့်​လဲ ကိုစိန်​လင်းတစ်​​ယောက်​ယခုလိုအလုပ်​လိုမျိုးကို ဆယ်​စုနှစ်​ချီပြီးလုပ်​ကိုင်​လာနိင်​ခဲ့ပါသည်​...  ထို့​ကြောင့်​လဲ ပဲခူးမြို့တွင်​​တော့ သူကအ​တွေ့အကြုံရင့်​​သော ကားမျိုးစုံသယ်​​ဆောင်​​ပေး​သောယာဉ်​​မောင်းတစ်​ဦးဖြစ်​လာခဲ့ရ​ခြင်းဖြစ်​သည်​....................
   ( ၂ ) ကိုစိန်​လင်းကည​နေပိုင်းတွင်​​တော့ထုံးစံအတိုင်း​သူငယ်​ချင်းများနှင့်​အတူအ​ပျော်​တမ်းခြင်းလုံးခတ်​​နေပါသည်​... ရေမချိုးခင်​ခြင်းလုံးခတ်​​တတ်ခြင်းကလဲသူ့အတွက်​ပုံမှန်​လုပ်​ရိုးလုပ်​စဉ်​တစ်​ခုပင်​... ဒီ​နေ့​တော့အလုပ်​အတွက်​ခရီးသွားရမည်​မို့ ဝိုင်းမှ​စော​စောစီးစီးနားမည်​ကြံ​နေ​သော်​လဲ သူဝိုင်းထမှနှုတ်​ဆက်​ထွက်​လာ​တော့ည​နေ​ခြောက်​နာရီထိုး​နေ​လေပြီ...................
    အိမ်​ပြန်​​ရောက်​​တော့ အချိန်​ဆွဲမ​နေ​တော့ပဲ ​ရေတန်းချိုးချပစ်​လိုက်​ပြီး ဇနီးဖြစ်​သူခူး​ခပ်​ပေးထာ​သောထမင်းဝိုင်းတွင်​ ထမင်းတူတူစား​နေပြီးစိတ်​က​တော့ ကိုဝင်းမိုထံကားသွားယူရန်​သာစိတ်​​စော​နေပါသည်​.... အမှန်​​တော့ သူကည​နေ​ခြောက်​နာရီထက်နောက်​မကျပဲခရီးစရန်​​တွေးထားမိပြီး အခု​တော့တစ်​နာရီသာသာ​လောက်​​နောက်​ကျ​ပေ​တော့မည်​မဟုတ်​ပါလား...................
   ``အမြန်​လမ်းမကြီးကိုသွားရတာ သတိထားနော်​အကို... ခနခနကားတိုက်​မှုတွေဖြစ်​​ဖြစ်​နေ​တော့​လေ...´´.............
   ``စိတ်​မပူပါနဲ့ကွာ ဒီတခါက​ခွေးဘီလူး​လေးသွားပို့ရမှာ မြန်​မြန်​​မောင်းလို့​ကောင်းတဲ့ကားမဟုတ်​​တော့ သက်​သက်​သာသာ​လေးပဲ​မောင်းသွားမှာပါ စိတ်​ချ...´´.............
   ``ဟုတ်​ပါပြီ​လေ... ​တော်​ကအ​ဖော်​​ခေါ်သွားဆိုလဲမ​ခေါ်ချင်​ပဲလေ...´´.............
   ``အ​ဖော်​​ခေါ်သွားရင်​ စားစရိတ်ရောအပြန်​လိုင်းကားခနဲ့ သူ့ကိုတစ်​​သောင်းပဲပေးအုံးတစ်​​ခေါက်​ကိုသုံး​သောင်း​လောက်​စားရိတ်ရှိတယ်​... အ​​ခေါက်​ရည်​များလာရင်​ သိသာတယ် အဖော်​မပါ​တော့တစ်​နှစ်​ကိုရှစ်​သိန်း၊ဆယ်​သိန်းဝန်းကျင်​​လောက်​အသာ​လေးပိုကျန်​တယ်​ကွ မိန်းမရ...´´..............
   ``​ကောင်းပါပြီရှင်​ ​တော့်သ​ဘောပါပဲ သတိဝီရိယ​လေးတော့ထား​မောင်းပါ ကိုစိန်​လင်း​ရေ...´´..............
  ``ဒါ​တော့စိတ်​ချစမ်းပါကွာ...´´...............
   ( ၃ ) ကိုဝင်းမိုးထံသို့သူ​ရောက်​သွား​တော့ ညခုနှစ်​နာရီထိုး​နေ​လေပြီ... ကိုဝင်းမိုးက​တော့ သူ့ကို​မျှော်​​နေ​သည်​ထင်​သည်​... အိမ်​​ရှေ့ခြံ​ပေါက်​ဝတွင်​​သူ့ကိုအသင့်​တွေ့လိုက်​ရပါသည်​................
   ``လာ ကိုစိန်​လင်း​နောက်​ကျလိုက်​တာဗျာ... အခုပဲကျွန်​​တော်​ဖုန်းလှမ်းဆက်​​တော့မလို့...´´.............
   ``ည​နေကခြင်းခတ်​ရင်း အချိန်​နဲနဲ​ကျော်​သွားလို့ဗျာ... ဒါနဲ့ကားကဒီကားလား...´´...........
  သူ​တွေ့​နေရသည်​ခြံ​ရှေ့အသင့်​ရပ်​ထားသည့်​​ခွေးဘီလူးကားတစ်​စီး... ကားက​နောက်​အမိုးကို​င်းမပါရုံသာမက ​နောက်​ပိတ်​နှင့်​​ဘေးကာများပင်​ပါရှိမ​နေ​​သောကားတစ်​စင်းဖြစ်​သည်​... ဒါ​တွေက​တော့ သူ့အတွက်​ပြသနာရှိ​သောအရာ​တွေမဟုတ်​​သော​ကြောင့်​သူ​ထွေ​ထွေထူးထူး​ပြော​မ​နေ​တော့ပါ...................
   ``ဟုတ်​တယ်​ ကားဒက်​ရှ်​ဘုတ်​​ပေါ်မှာ ပို့ရမဲ့လိပ်​စာနဲ့ဖန်းနံပတ်​​တောင်​ရေးတင်​ထား​သေးတယ်​...´´............
   ``ဟုတ်​ပြီ​ဗျာ ဒါဆိုကျွန်​​တော်​အခုပဲသွားလိုက်​​တော့မယ်​...´´.............
    ခနအကြာတွင်​​တော့ကိုစိန်လင်းတစ်​​ယောက်​သုံးဆယ့်​ကိုးမိုင်​​ပေါက်​မှ ရန်​ကုန်​မန္တလေးအ​ဝေး​ပြေးလမ်းမကြီး​ပေါ်တက်​ပြီးခရီး​ဝေးစတင်​​မောင်းနှင်​​နေခဲ့ပြီဖြစ်​ပါသည်​... ယခုအ​ခေါက်​​မောင်းရသည်​ကားက ကား​ကောင်းမဟုတ်​သည့်​အတွက်​​ကြောင့်​လဲ ကိုစိန်​လင်းတစ်​​ယောက်​ကားကိုကီလိုခုနှစ်​ဆယ်​ထက်မပို​အောင်​ထိန်း​ကြောင်း​မောင်းနှင်​လာ​နေသည်​.. ထို့ကြောင့်​လဲလမ်းတွင်​​တွေသမျှကားတိုင်းက​တော့ သူ့ကိုကျော်​တက်​သွားကြသည်​ချည်းပင်​... ဒီလိုနှင့်​ ညဆယ်​နာရီ​လောက်​တွင်​​တော့ သူကတစ်​ရာ့ဆယ့်​ငါးမိုင်​ယာဉ်​ရပ်​နားစခန်းသို့​ရောက်​ရှိလာခဲ့ပါသည်​......................
   ပထမ​တော့ဗိုက်​သိပ်​မဆာ​သေးလျှင်​သူ​ရှေ့ဆက်​​မောင်းသွား​တော့မည်​ဟုကြံရွယ်​လိုက်​ပြီးမှ ည​နေကအစားနဲသွား​သော​ကြောင့်​ဗိုက်​ကအ​တော်​ဟာလာ​နေပါသည်​... ထို့​ကြောင့်​လဲ တစ်​ရာ့ဆယ်​ငါးမိုင်​တွင်​သူတခုခုစားမှဖြစ်​​ပေ​တော့မည်​... ဆိုင်​များတွင်​​လဲလူအတန်​ငယ်​ပါး​နေပါသည်​....  အချိန်​က​လဲ ညကားများ​ရောက်​မလာ​သေး​သော​အချိန်​ဖြစ်​​သောကြောင့်​လဲဖြစ်​မည်​ထင်​ပါသည်​.....................
    အစားအ​သောက်​များမှာယူစား​သောက်​ရင်း ဘီယာအနဲငယ်​​သောက်​လိုက်​ချင်​မိ​သော်​လဲ အကျင့်​ပျက်​သွားမည်​စိုး​သော​ကြောင့်​ ကိုစိန်​လင်းတစ်​​ယောက်​မ​သောက်​ရဲပါ... ယာဉ်​​မောင်းသမားတစ်​​ဦးအ​နေဖြင့်​အမြန်​လမ်း၏အန္တရာယ်​များမှုကို သူ​ကောင်းစွာသိ​နေ​သော​ကြောင့်​ပင်​... ထို့​ကြောင့်​လဲ ညပိုင်းအမြန်​လမ်းတွင်​မောင်းခဲ့သည့်​ ယာဉ်​​မောင်းသက်​တမ်းရင့်နေပြီဖြစ်​သည့်တိုင်​ ယခုအချိန်​ထိ​တော့ ထူးထူးခြားခြားပြသနာကြီးများမရှိခဲ့​သေးပါ..................
   ဒီလိုနှင့်​ ကိုစိန်​လင်းကဗိုက်​ပြည့်​ရုံစား​သောက်​ခဲ့ပြီး​နောက်​ ​ငွေရှင်းပြီးသူရပ်​ထား​သော​ခွေးဘီလူးကားက​လေးပေါ်တက်​ပြီး​မောင်းနှင်​လာခဲ့ပါသည်​... သူ့ကား​လေးကအ​ဝေး​ပြေးလမ်း​ပေါ်တက်​သွားစဉ်​ကားအသွားအလာရှင်း​နေ​ကြောင်း သူသတိပြုမိလိုပါသည်​.... ဖြစ်​နိင်​သည်​က​တော့ ရန်​ကုန်​မှညပိုင်းထွက်​ခွာလာကြ​သော ခရီးသည်​တင်​ကားကြီးများရောက်​မလာ​သေးခင်​အချိန်​လဲဖြစ်​​နေ​သော​ကြောင့်​ပင်​ဖြစ်​​ကြောင်းသူ​တွေးကြည့်​လိုက်​ပါသည်​.....................
    ထို့ဖြင့်​တစ်​ရာ့ဆယ့်​ငါးမိုင်​ယာဉ်​ရပ်​နားစခန်းမှထွက်​လာခဲ့ပြီးအရင်​လိုပင်​ကီလိုခုနှစ်​ဆယ်​ဝန်းကျင်​ကိုသာထိန်း​ကျောင်းပြီးသာ​မောင်းနှင်​လာ​နေခဲ့ပါသည်​... သို့​သော်​ယ​နေ့ညကား​မောင်း​နေရသည်​မှာသူ့စိတ်​ထဲတွင်​တစ်​မျိုးကြီးလဲခံစား​နေမိပါသည်​... ဘယ်​လိုခံစားချက်​လဲဟူ၍​တော့ သူကိုယ်​တိုင်​ပင်​​ကောင်းစွာနားမလည်​နိင်​.... ဖြစ်​နိင်​သည်​က​တော့ ကား​ကလဲသေးပြီးအမျိုးအစား​ကလဲ ကောင်းလှ​သောဇိမ်​ခံကားလဲမဟုတ်​ပြန်​သော​ကြောင့်​ စီးနင်း​မောင်းနှင်​ရသည်​မှာတအားကြီးသက်​​တောင့်​သက်​သာလဲမရှိ​သော​ကြောင့်​ပင်​ဖြစ်​မည်​ထင်​သည်​.......................
    ထိုစဉ်​သူ့​နောက်​မှဇိမ်​ခံကားတစ်​စီးကအပြင်း​မောင်းလာ​နေပြီး ဟွန်းများဆက်​တိုက်​တီးရင်း သူ့ကိုမီး​တောက်​ပြလာ​နေပါသည်​... သူကလမ်းညာဘက်​ချပြီး​အေး​အေး​ဆေး​ဆေး​မောင်းလာ​နေ​သော​ကြောင့်​ ယာဉ်​​ကျောလဲ​ကောင်းစွာကင်းလွတ်​လျှက်​ရှိရာ ဘာ​ကြောင့်​ယခုလိုလုပ်​ပြလာသလဲဟု​တွေးကြည့်​လိုက်​ရင်းစိတ်​တိုလာ​နေပါသည်​......................
    ``သွားစမ်းပါကွာ မင်းမှာလမ်းအလွတ်​ကြီးပါ...´´...............
   သူ​ရေရွတ်​လိုက်​သံကိုမှန်​တံခါးပိတ်​ထား​သောဆလွန်းကားထဲမှ​တော့ကြားနိင်​မည်​မဟုတ်​ပါ... ထိုစဉ်​တွင်​ထိုဆလွန်းကား​လေးက သူ့ကားန​ဘေးသို့ပုခုံးချင်းယှဉ်​လျှက်​အ​နေအထားသို့​ရောက်​ရှိလာပြီး မှန်​တံခါးကိုလဲဖွင့်လာ​နေပါသည်​... သူအံ့​အောစွာ​ငေးကြည့်​​နေစဉ်​မှာပင်​ ထိုကားထဲမှမျက်​နှာတစ်​ခုကပြူထွက်​လာပြီးလက်​တစ်​ဖက်​ထုတ်ကာ သူ့​ကား​နောက်​ပိုင်းကို အ​သဲအသန်​လက်​ညှိုးညွှန်​ပြသ​နေသည်​...  ပါးစပ်​မှလဲတခုခုကို​အော်​ဟစ်​ပြီး​ပြောသွားခဲ့သည်​... ထိုသူ​ပြောသွားသည့်​တိုင်​​လေတိုးသံများ​ကြောင့်​ သူက​တော့ သဲကွဲစွာမကြားခဲ့ရပါ....................
   ကြည့်​​နေစဉ်​မှာပင်​ ထိုကား​လေးက ပြတင်း​ပေါက်​မှန်​ကိုချက်​ချင်းပြန်​တင်​သွားပြီး ကီလိုရာ​ကျော်​​သောအရှိန်​မျိုးဖြင့်​ သူကားကိုကျော်​တက်​သွားခဲ့ပါ​လေသည်​.... ကိုစိန်​လင်းတစ်​​ယောက်​ဘာကိုမှ​တော့နားမလည်​ပါ... အင်​ဂျင်​​နောက်​ပိုင်းတွင်​ထား​သောကားအမျိုးအစားမဟုတ်​သဖြင့်​ကား​နောက်​ပို​င်းမီး​တော့မ​လောင်​နိင်​ဟုထင်​သည်​... တစ်​ခု​တော့ရှိသည်​ကား​နောက်​တွင်​စပယ်​ယာဘီးတစ်​လုံးကိုတော့သံကြိုးဖြင့်​ချည်​​နှောင်​ပြီးတင်​လာခဲ့​သော​ကြောင့်​ ထိုကြိုး​ခွေက​ပြေ​လျှော့ပြီး ကား​နောက်​ပို​င်းတွင်​များတိုးလိုးတွဲ​လောင်းဖြစ်​​နေပါသလား.................
   ကိုစိန်​လင်းကဘယ်​ညာဘက်မှန်​များမှ အ​သေအချာကြည့်​​တော့လဲ ဘာမှထူးထူးခြားခြားမ​တွေ့ရပဲသဲလွန်​စတစ်​စွန်းတစ်​စမှမရခဲ့ပါ... ​နောက်​ဆုံးကားရပ်​မကြည့်​ခင်​အချိန်​အတွင်း​နောက်​ကြည့်​မှန်​မှ ကြည့်​လိုက်​မည်​ဆိုသောစိတ်​ဖြင့်​​ နောက်​ခန်း​နေရာကိုကြည့်​​သောမှန်​ဖြင့်​သူလှမ်းကြည့်​လိုက်​ပါသည်​.... မြင်​လိုက်​ရသည့်​မြင်​ကွင်း​ကြောင့်​ ကိုစိန်​လင်းတစ်​​ယောက်​ကြက်​သီးဖြန်းဖြန်းထ​သွားပါ​တော့သည်​....................
   သူ​ခွေးဘီလူးကား​နောက်​ခန်းအကာအရံလုံးဝမရှိ​သော ကားပေါ်တွင်​မတ်​တပ်​ရက်​လျှက်​အ​နေအထားဖြင့်​မိန်းမတစ်​​ယောက်​ရပ်​​နေခြင်း... ကိုစိန်​လင်းတစ်​​ယောက်​​သွေးပျက်​လုမတက်​​ကြောက်​လန့်​ခြင်းမျိုး​ကြောင့်​တစ်​ကိုယ်​လုံး​သွေးများစီးဆင်း​နေခြင်းများပင်​ရပ်​တန့်​သွားခဲ့သည့်​အလား... ထိုသို့သူ့ကား​နောက်​တွင်​ရပ်​​နေမှာမိန်းမဖြစ်​​ကြောင်း ​သေချာသည့်​သက်​​သေအဖြစ်​ အ​ရောင်​မွဲမွဲပွင့်ရိုက်​ထမီအ​ဟောင်းအထည်​ဝတ်​ဆင်​ထားသကဲ့သို့ရှိပြီး သူမ၏ဖားလျှားချထား​သောဆံပင်​များကလဲ​လေနှင့်​အတူတဖျတ်ဖျတ်လူးလွန့်​ပြီး ​လေထဲတွင်​ဝဲပျံ​နေလျှက်​ရှိခြင်း​ကြောင့်​ပင်​.......................
     ဒီလိုညအချိန်​ကြီးကိုလိုခုနှစ်​ဆယ်​​လောက်​​လောက်​​မောင်း​နေ​​သောအကာအရံမဲ့ကားနောက်​ခန်း​ပေါ်သို့ ဒီမိန်းမတစ်​ဦးကဘယ်​လိုခုန်​တက်​လာခဲ့ပါသလဲ.... ဘယ်​လို​တွေး​တွေးအဓိပ္ပါယ်မရှိ​သောမြင်​ကွင်း... ​စော​စောက သူ့ကို​နောက်​ခန်းသို့လက်​ညှိုးထိုးပြပြီးအပြင်း​မောင်းနှင်​သွား​သောကားကလဲ သူ့မြင်​ကွင်းစီမှ ကြက်​​ပျောက်​ငှက်​​ပျောက်​​ပျောက်​သွားခဲ့​လေပြီ... ထိုကား​ပေါ်မှလူ၏အမူအယာကလဲ​ကြောက်​လန့်​​နေခြင်းမှာသိသာလွန်းလှပါသည်​...................
   ယခု​တော့ကိုစိန်​လင်းတစ်​​ယောက်​ လည်​ဂုတ်​အတွင်းမှပင်​​စေးထန်း​သော​ချွေးစီးများကျလာ​နေပြီးအာရုံများလဲ​ထွေးပြားလာ​နေပြီ... သူကဆီစားသက်သာစေရန်​အဲယားကွန်းပါ​သော​ခွေးဘီလူးကားကို အဲယာကွန်းမဖွင့်​ပဲမှန်​ဖွင့်​ပြီး​မောင်း​နေခဲ့​သော​ကြောင့်​ ​ဘေးမှန်​နှစ်​ချပ်​လုံးကလဲပွင့်​နေခဲ့ပါ​သည်​... ကိုစိန်​လင်းတစ်​​ယောက်​ထိုသရဲမဖြစ်​နိင်​​သောဟာမကြီးက သူ့ကားပြတင်း​ပေါက်​တဖက်​ဖက်​မှကုန်းကွတွယ်​ကပ်​ပြီး ကားထဲဝင်​လာခဲ့ပါလျှင်​ဆိုသောအ​တွေးမျိုးဖြင့်​လဲအတို​င်းအစမရှိ​လောက်​​အောင်​ချောက်​ချား​နေမိပြန်​ပါသည်​.....................
   ထို​ကြောင့်​လက်​တစ်​ဖက်​ဖြင့်​သူနှင့်​နီးသောပြတင်း​ပေါက်​ကိုလှည့်​ပြီးကပြာကယာပိတ်​ပစ်​လိုက်​ရပါသည်​.... ခက်​တာကသူနှင့်​​ဝေးေ​နေ​သောပြတင်း​ပေါက်​တစ်​ဖက်​က​တော့ ​ဘေးထိုင်​ခုံတစ်​​နေရာ​ကြောင့်​လက်​လှမ်းပိတ်​ဖို့မမှီပဲဖြစ်​နေခြင်းပင်​... လူကတစ်​ဖက်​အတင်း​စောင်းပြီးမှ ထိုလက်​လှည့်​တံခါးပိတ်​တံကိုလှည့်​ပိတ်​မှရပါ​တော့မည်​... ကားကလဲပါဝါဝင်းဒိုးမဟုတ်​တာဒီ​နေရာမှာပြသနာလာဖြစ်​​နေ​လေပြီ.... သူလက်​ရှိ​မောင်း​နေ​သော အရှိန်​အ​နေအထားဖြင့်​​လဲ ထိုသို့လုပ်​ရန်​မှာလဲ အန္တရာယ်​များလွန်း​နေပြန်​ပါသည်​.....................
    အမှန်​​တော့ ကိုစိန်​လင်း​တစ်​​ယောက်​​လက်​ရှိအချိန်​တွင်​ခွေးဘီလူးကားကို ​မောင်းနိင်​သမျှ​သောအရှိန်​ကုန်​​အောင်​အထိ​မောင်း​နှင်​​နေခဲ့​သော​ကြောင့်​ဖြစ်​သည်​... ကားလီဘာကိုပြား​နေ​အောင်​ဖိထား​သောသူ​ခြေ​ထောက်​ကကားကြမ်းပြင်​နှင့်​ကပ်​​နေ​သောလီဘာပြားကိုမညှာမတာအတင်းဖိထား​နေသလိုပင်​....မည်​သည့်​ကားမဆိုစက်​စမ်းဖို့​ဒေါက်​တင်​ပြီးလီဘာတဆုံးဖိထားချိန်​မှလွဲ၍ လမ်းမ​ပေါ်တွင်​လီဘာတဆုံးဖိနင်း​နေချိန်​တိုင်းမှာ အသက်​အန္တရာယ်​ကြီးလှ​စွာသောအချိန်​လဲဖြစ်​​သည်​.....................
   ယခု​တော့ဘီး​ပေါက်​ခြင်းမျိုးအပါအဝင်​သူတခုခုချွတ်​​ချော်​ခဲ့ပါက သူ့အသက်​ကိုပါ​ပေးဆပ်​လိုက်​ရနိင်​သည့်​အချိန်​... ထိုစဉ်​မှာပင်​ သူ့နှာ​ခေါင်းထဲသို့ သင်္ချိုင်းမှအပုတ်​နံ့လိုလိုလူ​သေပုတ်​​စော်​ကြီးကလဲတိုးဝင်​လာ​နေပြီး သူ့​ခြေလက်​များကပါကတုန်​ကယင်​ဖြစ်​လာ​နေ​လေပြီ... သူမရဲတရဲဖြင့်​​နောက်​ကြည့်​မှန်​မှ​နောက်​တစ်​ကြိမ်​လှမ်းကြည့်​လို​​က်​တော့ ထိုမိန်းမသည်​ သူနှင့်​​ခြေတစ်​လှမ်းစာမျှပိုမိုနီးကပ်​လာ​နေ​လေပြီ..................
   အကယ်​၍​​ခွေးဘီလူး​ကား၏နောက်​ခန်းကိုကာရံထား​သောမှန်​သာပါမလာပါလျှင်​ထိုမိန်းမက သူလည်​ဂုတ်​ကိုလှမ်းဆွဲ​ပြီးပွတ်​သပ်ထိကိုင်​နေ​လောက်​​ပေပြီ... ကိုစိန်​လင်းတစ်​​ယောက်​​နောက်​သို့နောက်​ထပ်​ဆက်​မကြည့်​ရဲ​တော့ပါ... သူတစ်​ကိုယ်​လုံးထိန်းချုပ်​မှုများပင်​ကင်းမဲ့သွားပြီးလေ​ဟာနယ်​ထဲသို့​ရောက်​ရှိ​နေသလိုလို.... အ​ဝေး​ပြေးကားလမ်းမကြီးကလဲ ယာဉ်​အသွားအလာရှင်းလင်း​နေပြီးအသက်​ဝိဥာဉ်​ကင်းမဲ့​နေ​သော မြို့ပျက်​ကြီးတခုသို့သွားရာလမ်းမကြီးတစ်​ခုအဖြစ်​သူမြင်​လာ​နေပါသည်​......................
  ထိုစဉ်​မှာပင်​ သူအသိတစ်​ချက်​ဝင်​လာခဲ့ပြီးပြား​နေ​အောင်​နင်းထား​သောလီဘာကိုအရှိန်​ပြန်​​လျှော့လိုက်​မိသည်​...ထိုအရှိန်​အတိုင်းဆက်​​မောင်း​နေလျှင်​မိနစ်​အနဲငယ်​အတွင်းယာဉ်မ​တော်​အဆမှုတခုဖြစ်​လာ​တော့မည်​ဖြစ်​​ကြောင်းသူသ​ဘော​ပေါက်​မိလိုက်​ခြင်းပင်​... ထိုသို့အ​နေအထားဖြင့်​မိနစ်​အနဲငယ်​ဆက်​​မောင်းလာ​နေရင်း ​နောက်​သို့လဲသူထပ်​မံလှည့်​မကြည့်​ဝံ့​တော့ပါ... ဒီတခါ​တော့သူမ၏​လေဝဲ​နေ​သောဆံပင်​ဖားလျားအပါအဝင်​ခါးပိုင်းနှင့်​​ပေါင်​လည်​​လောက်​အထိ​သောမြင်​ကွင်းကိုသာဆက်​မြင်​​တွေ့လိုက်​ရလျှင်​ သူအသက်​ရူရပ်​သွား​တော့မည်​ထင်​သည်​.....................
   ထိုအချိန်​သည်​မိနစ်​ပိုင်းမျှသာဖြစ်​ပြီး သူတစ်​ရာ့ဆယ်​ငါးမိုင်​မှထွက်​ခွာလာခဲ့သည်​မှာလဲ တအားကြီး​တော့မကြာလှ​သေးပါ... ထိုစဉ်​မှာပင်​သူ့​ရှေ့မီတာနှစ်​ရာ​လောက်​တွင်​ရဲကင်းလေးတခုရှိ​နေ​ကြောင်း ကိုစိန်​လင်းလှမ်း​တွေ့လိုက်​ရပါသည်​... သူကဘာကိုမှစဉ်းစားမ​နေ​တော့ပါ... ထိုရဲကင်းက​လေးရှိရာသို့သာကားကိုထိုးဝင်​လာခဲ့ပါသည်​... ရဲကင်း​ရှေ့တွင်​ကားရပ်​လိုပ်​ပြီးသည်​နှင့်​ကားတံခါးကိုပင်​ပြန်​မပိတ်​နိင်​​တော့ပဲ ကား​ပေါ်မှဒ​ရော​သောပါးဆင်း​ပြေးလာခဲ့မိသည်​.................
  ဆူညံလှ​သောကားစက်​သံ​နှင့်​လူတစ်​ဦး​ပြေးလာ​နေသံကြောင့်​ရဲသားနှစ်​ဦးက အလန့်​တကြားလှမ်းကြည့်​လာကြပါသည်​... ကိုစိန်​လင်းတစ်​​ယောက်​တစ်​ကိုယ်​လုံး​ချွေး​တွေရွဲ​နေပြီးအ​မော​ဖောက်​ကာ စကားပင်​မဆိုနိင်​​သေး... ရဲဝန်​ထမ်းနှစ်​ဦးတို့ကလဲ သူ့ကိုဘာဖြစ်​လာသလဲမသိ​သေးပဲထရပ်​လာကြပါသည်​..................
   ``ဘာဖြစ်​လာတာလဲဗျ...´´...........
   ``ကား ကား ကား​နောက်​မှာ သရဲမကြီးလိုက်​စီးလာ​နေလို့...´´............
  စကားကိုကြိုးစားပြန်​​ဖြေလာရင်းအ​မောဆို့​နေရှာသည့်​သူကို ရဲသားတစ်​ဦးက ​ရေတစ်​ခွက်​ခပ်​​ပေးလာပါသည်​...အမိုးကာမပါ​သော သူ့ကား​နောက်​ပိုင်းကိုလဲ သူတို့ပြူးပြဲပြီးဝိုင်းကြည့်​​နေကြသည်​....................
   ``မရှိ​တော့ပါဘူးဗျ.. ပါမလာ​တော့ဘူး...´´..............
   ထိုရဲဝန်​ထမ်းတစ်​ဦး၏စကားက သူ​ပြောတာကိုယုံကြည်​သည့်​သ​ဘောသက်​​ရောက်​​နေပြီး ​စော​စောကသူ့ကား​ပေါ်တွင်​ပါလာ​နေခြင်းမှာလဲဖြစ်​နိင်ပြီး အခု​တော့သရဲမကြီးက ကား​ပေါ်တွင်​မရှိ​တော့​ကြောင်​ရည်​ညွှန်းနေသလိုပင်​... အမှန်​ဆိုလျှင်​သူ့စကားကဟာသအဖြစ်​ပင်​ဝို​င်းပြီးရယ်​နိင်​​လောက်​​သောစကားတစ်​ခွန်း.....................
   ``ကဲပါ​လေ လာခင်​ဗျားလာထိုင်​​နေလိုက်​ပါ... ဘာမှဖြစ်​မလာပဲ အခုလောက်​​မောင်းလာနိင်​ခဲ့တာပဲ ကံကောင်းခဲ့တာ...´´...........
   ``ဟုတ်​ ဟုတ်​ကဲ့​ကျေးဇူးပါ ဆရာတို့စော​စောကကားနောက်ကြည့်​မှန်​ထဲက​နေ ​နောက်​မှာမိန်းမတစ်​​ယောက်​ဆံပင်​ဖားလျားနဲ့ရပ်​​နေတာ အ​သေအချာ​တွေ့လိုက်​ရတာ.. အခြားဆလွန်းကားတစ်​စီးကလက်​ညှိုးထိုးပြခဲ့လို့ ကျွန်​​တော်​​တွေ့သိခဲ့ရတာပါ​ဗျာ...´´............
   ``ဟုတ်​လား ဒီ​လောက်​ဆို​တော်​​သေးတာ​ပေါ့ ဟိုတ​လောကလူဆိုရင်​ခင်​ဗျားထက်​ဆိုးတယ်​.. သူကလင်​ခရာဇာကားကိုကီလိုတစ်​ရာ​ကျော်​​အောင်​​မောင်းလာခဲ့တာ.. ညသန်း​ခေါင်​ကြီးလမ်း​ပေါ်မှာလူတစ်​​ယောက်​ရုတ်​တရက်​ဖြတ်​ကူးလို့မ​ရှောင်​နိ​င်​ပဲတိုက်​မိရုံမက ကားဗိုက်​​အောက်​ထဲပါဝင်​သွားခဲ့တယ်​တဲ့​လေ... အဲ့ဒီလူလဲကားကိုဓါတ်​တိုင်​တစ်​တိုင်​​ကျော်​​လောက်​မှရပ်​လို့ရခဲ့တယ်​... သူကား​ပေါ်ကဆင်းပြီး​တွေ​ဝေပြီးရပ်​ကြည့်​​နေတုန်းမှာပဲလဲနေတဲ့လူက တဟားဟာရယ်​ပြီးထလာပြီး သူ့ဆီအတင်းထ​ပြေးလာတယ်​တဲ့လေ... သူလဲကား​ပေါ်ပြန်​တက်​ပြီးအတင်း​မောင်း​ပြေးလာခဲ့တယ်​... အဲ့ဒီလူကလဲသူ့ကား​နောက်​ကို ကားတစ်​စီး​လောက်​နီးနီးမြန်​တဲ့နှုန်းနဲ့ဆက်​လိုက်​​နေ​သေးတာ​တော်​​တော်​ကြာတယ်​​ပြောတယ်​.. ​ဒီလိုလိုက်​​နေတာကို​နောက်​ကြည့်​မှန်​က​မြင်နေ​တော့ အဲ့ဒီလူလဲ​သွေးပျက်​ပြီးရူးမတတ်​ပဲ... နောက်​ဆုံး ခင်​ဗျားလိုပဲကျွန်​​တော်​တို့ကင်းစခန်းကို​ရောက်​လာခဲ့တာပါပဲ...´´...............
    ``ဟုတ်​တယ်​ ဖြစ်​တာသိပ်​မကြာ​သေးဘူး.. ခင်​ဗျားလဲ​နောက်​ဆို အ​ဝေ​ပြေးလမ်းကိုညပိုင်း​မောင်းရင်​အ​ဖော်​ခေါ်လာဖို့​ကောင်းတယ်​ဗျာ...အခုဘယ်​လိုလုပ်​ချင်​လဲစခန်းမှာပဲအိပ်​လိုက်​ပြီးမနက်​လင်းမှထ​မောင်းချင်​လဲ​မောင်း​လေ...´´.............
   ရဲများ၏ကူညီမှုကိုကိုစိန်​လင်း​ကျေးဇူးတင်​မိ​သော်​လဲ သူတို့နှင့်​ဆက်​​နေရန်​မှာလဲ သူ့တွင်​တပြသနာပင်​.. သူကဝတ်​​သောက်​ကားကိုပဲခူးမှမြင်းမူသို့သွားပို့ရမည်​တရားမဝင်​အလုပ်​လုပ်​​နေသူ.. ယခုကားတွင်​ဝှီးတက်​ပါလာ​သော်​လဲထိုဝှီးတက်​ကအတုကြီး... ​သေချာစွာယာဉ်​ထိန်းကမီးထိုးစစ်​လျှင်​​တော့​ပေါ်​တော့မှာ​သေချာသည်​... ထို့​ကြောင့်​စိတ်​ထဲမလုံမလဲဖြစ်​​နေ​သော ကိုစိန်​လင်းက ရဲကင်းတွင်​လဲ တစ်​ညလုံးဆက်​မ​နေလိုပြီ... မ​တော်​တဆအခြားရဲများထပ်​ရာက်​လာပြီစစ်​လား​ဆေးလားလုပ်​မည်​ကိုလဲ သူစိုးရိမ်​​နေမိသလို မနက်​ပိုင်းပြန်​စီးလာရမည့်​ကားချိန်​မမှီလျှင်​သူ​အိမ်​အပြန်​နောက်​တစ်​​နေ့ကူးသွားနိင်​​သေးသည်​မဟုတ်​ပါလား...................
    ``ကျွန်​​တော့ ခနနားပြီးရင်​​တော့ ဆက်​​မောင်းသွား​တော့မယ်​ဗျာ အလုပ်​ကလဲအ​ရေကြီး​နေလို့ပါ...´´..............
   ``ပြီးတာပဲ​လေ ကျုပ်​တို့ကလဲ ဂျူတီနဲ့ဆိုတော့ ခင်​ဗျားကိုလိုက်​ပို့​ပေးလို့​တော့မရဘူး​လေ... တစ်​ခု​တော့ရှိတယ်​ ခင်​ဗျားတရား​ခွေး​လေးဘာ​လေး​တော့ဖွင့်​ပြီး​မောင်း...´´.............
   ``ဟုတ်​ကဲ့ ခက်​တာကကျွန်​​တော့ကားမှာ ဘာတရား​ခွေမှလဲပါမလာပါဘူးဗျာ...´´...........
   ``ခင်​ဗျားမှာဖုန်း​တော့ပါလာတယ်​မလား... ကျုပ်​တို့ဖုန်းထဲက​နေဇာပီရာနဲ့ကူးထည့်​​ပေးလိုက်​မယ်​... တရား​ခွေဖွင့်​ပြီးသာ​မောင်းသွားပေ​တော့...´´.............
   ``ဟုတ်​ ဟုတ်​ကဲ့ တကယ်​ကို​ကျေးဇူးအရမ်းပဲတင်​ပါတယ်​ဗျာ... ဆရာတို့ရဲကင်းရှိ​နေလို့ကျွန်​​တော်​ဘာမှမဖြစ်​ခဲ့တာပါဗျာ...´´.............
   ထိုသို့ဖြင့်​ကိုစိန်​လင်းလဲတနာရီ​လောက်​ရဲကင်းတွင်​အနားယူစကားစမြည်​​ပြောပြီး ရဲဝန်​ထမ်းနှစ်​ဦးကိုနှုတ်​ဆက်​ကာကားကိုဆက်​​မောင်းလာခဲ့ပါသည်​... ထိုအချိန်​တွင်​​တော့ ရန်​ကုန်​မှထွက်​ခွာလာ​နေကြ​သောခရီးသည်​တင်​အ​ဝေး​ပြေးကားကြီးများကလဲ ဆက်​တိုက်​ဆိုသလိုဥဒဟို​မောင်းနှင်​လာ​နေကြ​လေရာ​ရှေ့​နောက်​ကားမီး​ရောင်​မျာတဝင်းဝင်းဖြင့်​စည်​ကား​နေသလိုပင်​... ထိုသို့ဖြင့်​သူလဲလိုရာခရီးသို့ အချိန်​အနဲငယ်​ခန့်​သာ​နောက်​ကျပြီး​ရောက်​ရှိနိင်​ခဲ့သလို သူ့ဘဝအတွက်​လဲ အ​ဝေး​ပြေးလမ်း​ပေါ်မှ သဘာဝလွန်​မှတ်​တမ်းတခုကိုရရှိခဲ့ရခြင်းဖြစ်​ပါ​လေ​တော့သည်​.....................!
        ပြီး....
                 Written by - ​နေထွဋ်​​နောင်​.. 6.6.2017...!
Post a Comment