#ကိုယ်စောင့်နတ်နှင့်ဝိညာဉ်ဖြူမလေး
……… ……… …………… ………… ………………
စ/ဆုံး
…… …… ………
သရဲကြီး ၏ ကိုယ်တိုင်ရေးများဖြစ်ပါသည်။
……… …………… …………… …………… ………………
ဒီနေ့ တာဝန်ကျတဲ့နေရာကိုသွားရတာ စိတ်ကသိပ်မပါ ဒီဘဝမှာလာဖြစ်ကတည်းက အထက်ကချမှတ်တဲ့စည်းကမ်းပိုင်းတွေကို အသကုန်လိုက်နာနေရတာ ကိုယ်တာဝန်ကျတဲ့အိမ်ကလူတွေ ညဘက်အိပ်ရင် ဘေးကအနှောက်အယှက်ဝင်မှာစိုးလို့စောင့်ရှောက်ရတာကတစ်မျိုး မနက်အိပ်ယာထပြီး မျက်နှာမသစ်ခင်အထိ စောင့်ရတာကတစ်ဖုံ သူတို့အိပ်ယာထမျက်နှာသစ်ပြီးမှ ကိုယ့်တာဝန်ကပြီးတာလေ ဒီအိမ်မှာရှိတဲ့မိသားစုက စုစုပေါင်း ၄ယောက် ဦးဘမောင် ဒေါ်ခွေး ဒါကလင်မယား ဖိုးမောင်နဲ့ တေးသံစဉ်က မောင်နှစ်မနှစ်ယောက် သူတို့ကိုကြည့်ရတာ တော်တော်ပျော်ရွှင်စရာကောင်းကြတယ် ညဘက်အိပ်ရင်လည်းကြည့်အုံး ဖိုးမောင်ကငြိမ်သလောက် ညီမဖြစ်သူ တေးသံစဉ်က အိပ်ရေးတအားကြမ်းတာ ဒါပေမယ့် ဒီမြင်ကွင်းမျိုးကိုတော့ ကျွန်တော်ကကြည့်ခွင့်မရှိဘူးလေ မောင်နှမနှစ်ယောက်တစ်ယောက်တစ်ခန်းစီခွဲအိပ်ပေမယ့် အမြဲတမ်းတံခါးမပိတ်ပဲဖွင့်ထားတာက တေးသံစဉ် အခန်း မိန်းကလေးဆိုတော့လည်း အလှအပကလည်းကြိုက်ပ တစ်ခန်းလုံးမှာ ပန်းနွယ်ပန်းခတ်တွေပုံဖော်ထားတဲ့ ဓာတ်ပုံတွေကလည်းများသား ဟိုဘက်ခြမ်းကနရံမှာဆိုရင် ကိုရီးယားမင်းသားပုံတောင်ချိတ်ထားသေးတယ် ညနေဘက်တာဝန်ကျလို့ တေးသံစဉ်မရှိတုန်း သူ့အခန်းထဲဝင်ကြည့်ဖြစ်မှ အဲဒီကိုရီးယားမင်းသားပုံကိုတွေ့တာ ဆွဲဆောင်မှုတောရှိသား ကြည့်ရင်းနဲ့ တစ်ခုတော့ထူးဆန်းတယ်ဗျ အဲဒီကိုရီးယားမင်းသားပုံက ကျွန်တော်ငယ်ငယ်ကပုံနဲ့ တအားဆင်တာပဲ အချိန်မတန်သေးပဲ သေသွားလို့သာ မိန်းကလေးအများကြီးနဲ့လွဲခဲ့ရတာ ကိုယ့်ဘဝကိုမကျေနပ်တာမှန်ပေမယ့် ခုလက်ရှိဘဝကိုလည်း ကျေနပ်ပါတယ် အခန်းဝကခြေသံကြားလို့နောက်လှည့်ကြည့်လိုက်တာ တေးသံစဉ်ဖြစ်နေတယ်
``ညီမလေး အိပ်တော့မလို့လား ´´
``ဟုတ် အိပ်တော့မယ် မျက်လုံးကမရတော့ဘူး ´´ မောင်နှမနှစ်ယောက် တစ်ယောက်တစ်ခွန်းပြောရင်း အိပ်ခန်းထဲဝင်လာတော့ ကျွန်တော်တောင်မနည်းရှောင်လိုက်ရတာ ဘုန်းကနဲအသံနှင့်အတူ ခြေပစ်လက်ပစ်အိပ်ချလိုက်သော တေးသံစဉ်ကိုကြည့်ရင်း အိပ်ခန်းထဲကနေ ထွက်လာခဲ့မိလိုက်တယ် ကောင်းကင်မှာတော့ လမင်းကြီးက သာဆဲပေါ့ အိမ်ရှေ့လမ်းကိုကြည့်လိုက်တော့ လူတွေကြားထဲမှာ ဖြူဖြူအရိပ်တွေရွေ့လျားနေတာ ဒါတွေကတစ်ခြားမဟုတ် သေဆုံးပြီးသား ဝိညာဉ်တွေဦးတည်ရာမဲ့လျှောက်သွားနေခြင်းဖြစ်သည်။
နာရီဝက်လောက်ကြာတော့ အိမ်ရှေ့ကတံခါးနားလေးမှာ ကောင်မလေးတစ်ယောက် မတ်တတ်ရပ်နေတာ
``ဟိတ် ကောင်မလေး ဘာလာလုပ်တာလဲ ´´
``ဟိုလေ ဟို ဒီအိမ်ထဲခဏနားချင်လို့ပါရှင် နားလို့ရမလား ´´ ကောင်မလေးကြည့်ရတာ တနေကုန်လမ်းလျှောက်ထားပြီး ပင်ပန်းနွမ်းနယ်နေတဲ့ပုံ
``ညောင် ညောင် ညောင်´´
အရေးထဲ အိမ်ထဲကကြောင်တစ်ကောင်ကလည်း ဝိညာဉ်ဖြူမလေးကိုကြည့်ုပီး မာန်ဖီနေတာ တော်ကြာသူ့ကြောင့် အိမ်ကလူတွေလန့်နိုးကုန်ရင် အိပ်ရေးပျက်ကုန်ရင် မကောင်းတာနဲ့ ကြောင်ကိုမောင်းထုတ်လိုက်ရသေးတယ်
``ဟိုလေ အိမ်ထဲဝင်လို့ရလား´´ ဒုတိယအကြိမ်ထပ်မေးလာတဲ့ကောင်မလေးကိုကြည့်ပြီး သနားမိတာတော့အမှန် ဒါပေမယ့် အထက်ကချထားတဲ့စည်းမျဉ်းက လက်မခံရဘူးဆိုတော့ ဖောက်ဖျတ်မိရင်လည်း ရာထူးချခံရမှာ
``ဟေ့ ဟေ့ မဖြစ်ဘူး မလာနဲ့ သွားသွားးး ´´
လက်ထဲက ကြိမ်လုံးနဲ့ရွယ်လိုက်မှ သနားစရာမျက်နှာလေးနဲ့ ထွက်ခွာသွားတာ ရင်ထဲမှာတော့ မကောင်းတာအမှန် တစ်ဖြည်းဖြည်းမိုးကလင်းလာပြီ စောင့်ရှောက်ရတဲ့မိသားစု လေးယောက်ထဲက ၃ ယောက်တော့နိုးပြီ မနိုးသေးတာက တေးသံစဉ်ဆိုတဲ့ကောင်မလေး ခက်တော့နေပြီ ဟိုမှာ ဂျုတီချိန်းရမယ့် မနေ့တစ်နေ့ကမှ နတ်လာဖြစ်တဲ့ကောင်ကလည်း ဝီရိယတွေကောင်းနေတာ အစောကြီးကိုရောက်နေတာ
``အစ်ကိုကြီး ဂျုတီချိန်းဖို့အချိန်ကျပြီ ´´
``အေးအေး သိပြီ ခဏလေးကွာ ဟိုမှာ ကောင်မလေးတစ်ယောက်မနိုးသေးဘူး သူမျက်နှာသစ်ပြီးမှ ငါ့တာဝန်ပြီးမှာ ´´
အရင်နေ့တွေက စောစောနိုးတဲ့ကောင်မလေး ဒီနေ့ဘာဖြစ်နေလဲမသိ စိတ်ထဲမှာစိုးရိမ်မိပေမယ့် နောက်နာရီဝက်ကြာလို့မှမနိုးရင် နတ်သဘင်အသည်းအဝေးသွားဖို့ကနောက်ကျတော့မှာ အစည်းအဝေးရောက်ရင် သိကြားမင်းရဲ့အဆူကခံရအုံးမှာ ``ဖိုးမောင် နင့်ညီမကိုနိုးလိုက်အုံး ပြီးရင်မျက်နှာတန်းသစ်ခိုင်း´´ မိခင်ဖြစ်သူစကားကြောင့် ဖိုးမောင်လည်း တေးသံစဉ်ကိုသွားနိုးတာ
``ညီမလေး ထထ မိုးတော်တော်လင်းနေပြီ သွားတိုက်မျက်နှာသစ်တော့ ´´
အတင်းနိုးမှ မထချင်ထချင်ဖြင့်ထသွားသော ကောင်မလေးကို ကျွန်တော်ငေးကြည့်နေမိတာ ဘယ်ချိန်ဘယ်လိုပဲကြည့်ကြည့် တအားလှတဲ့ကောင်မလေးပဲ သွားတိုက်မျက်နှာသစ်ပြီးသည်အထိ သူ့ကိုကြည့်နေတဲ့အကြည့်က ခုထိခွာလို့မရသေး ဘေးကဂျုတီချိန်းဖို့စောင့်နေတဲ့ နတ်သား ချောင်းဟန့်လိုက်မှာ သတိပြန်ဝင်လာတာ
``အစ်ကိုကြီး နောက်ကျနေမယ် ဘိုးတော်သိကြားက စိတ်တိုတတ်တယ်နော် ´´
ကျွန်တော့်တာဝန်က ညနေကနေ မနက်ခင်ပိုင်းအထိ မနေ့တနေ့ကမှနတ်သားဖြစ်လာတဲ့ကောင်က မနက်ကနေ ညနေအထိ တာဝန်အသီးသီးခွဲထားရတာ နတ်သဘင်အစည်းအဝေးနောက်ကျမှာစိုးလို့သာ အမြန်ပြန်လာရတာ ဒီကောင်က စိတ်ချရပါမလားမသိ တော်ကြာတေးသံစဉ်အခန်းထဲဝင်ပြီး အဝတ်အစားလဲတာကိုချောင်းကြည့်နေရင် ဒုက္ခ ဒါပေမယ့် ကိစ္စတော့မရှိပါဘူး ဘိုးတော်သိကြားမင်းရဲ့စည်းကမ်းအရဆိုရင် ချောင်းကြည့်ခွင့်မရှိဘူးလေ
``ဟ ကိုနတ်သားကြီး ဒီနေ့နောက်ကျလှချည်လား ဘယ်လိုဖြစ်တာလဲ ´´
နတ်သဘင်အစည်းအဝေးသွားဖို့ ဂိတ်ပေါက်ဝမှာ ဘယ်နတ်တွေမှ ဂိတ်ပေါက်ကိုကျော်ပြီး တန်ခိုးနဲ့မသွားရဘူး စီးတော်ယာဉ်တွေနဲ့ပဲသွားရတာ စီးတော်ယာဉ်တွေကလည်း ခြင်္သေ့ ကျား ကျားသစ် ဆင် မြင်း ခွေး နွား အစုံပါပဲ အဲဒီထဲကမှ နောက်ကျတဲ့နတ်သားကတော့ နွားနဲ့ခွေးပဲစီးခွင့်ရတာ ဒါက ဘိုးတော်သိကြားစီမံထားတာ ဘယ်သူနောက်ဆုံးကျတယ်ဆိုတာကို မေးစရာမလိုအောင်ကိုလုပ်ထားတာ နွား ခွေးစီးပြီး နတ်သဘင်ထဲဝင်လာရင်တော့ ဒီနတ်သားနောက်ကျတယ်ဆိုတာ အလိုလိုသိပြီးသားပဲ ခုလည်း ကျွန်တော်ရောက်လာတော့ နွားနဲ့ခွေးတွေပဲရှိတော့တယ် မတတ်နိုင်ဘူးလေ ကိုယ်ကနောက်ကျတာကိုး ဘေးပတ်ဝန်းကျင်ကြည့်လိုက်တော့လည်း နွား ခွေးတွေ အကောင်နှစ်ဆယ်လောက်ကျန်သေးတယ် ကိုယ့်ထက်နောက်ကျတဲ့သူတွေရှိသေးတာပဲဆိုတဲ့အတွေးနဲ့ ပျော်လို့မှမကြာသေး အနားကို ဒရောသောပါးနဲ့ ရောက်လာတဲ့ နတ်တစ်ပါး ပါးစပ်ကလည်း တစ်ပြစ်တောက်တောက်နဲ့
``ဟ ဟိုနတ်သား ဘာဖြစ်ပြန်တာတုန်း´´
လှမ်းမေးလိုက်တော့ မျက်နှာကိုအတတ်နိုင်ဆုံးပြုံးပြီး ``ကျုပ်စောင့်ရှောက်တဲ့အိမ်ကလူတွေဗျာ မကြီးမငယ်နဲ့ အစ်မကြီးတစ်ယောက် ညက တော်တော်နဲ့မအိပ်ပဲ မနက်ရောက်မှအိပ်တာဆိုတော့ သူနိုးတဲ့အထိစောင့်ရတာပေါ့ ခုလိုနောက်ကျတော့ ဘိုးတော်ကဆူတော့မယ် ငါ့အဆူခံရသလို သူတို့လည်း ကုမ္ပဏီတွေရုံးခန်းတွေမှာ အဆူခံရပါစေ´´
ဟ ဘယ်လိုနတ်ပါလိမ့် လူတွေကိုတောင် ပြန်ပြီးကျိန်နေတယ် ``လူတွေကလည်းလူတွေပဲ သူတို့တွေအိမ်ထဲကို မကောင်းဆိုးဝါးတွေမဝင်ရအောင် စောင့်ရှောက်ပေးနေရတာ ဝိညာဉ်တွေက လူတွေကိုမှီပြီးစားချင်သောက်ချင်နေကြတာ နတ်တွေသာ မစောင့်ရှောက်ရင် အားလုံးဒုက္ခရောက်ကုန်မှာ ´´ ဂိတ်စောင့်နတ်ကြီးပြောမှ ဟိုတနေ့ကအကြောင်း ပြန်သတိရမိသေးတာ ဝိညာဉ်ဖြူကောင်မလေးတစ်ယောက် အိမ်ထဲဝင်ဖို့ကြိုးစားနေတာ အတင်းမောင်းထုတ်လိုက်လို့ ပြန်ထွက်သွားတာ သနားဖို့ကောင်းပေမယ့် စည်းကမ်းအတိုင်းလုပ်ရတာမို့ သူတို့လည်းနားလည်မှာပါလေ ခုလည်း နောက်ကျနေပြီဖြစ်တဲ့အတွက်ကြောင့် နတ်သဘင်အစည်းအဝေးကို ဘေးနားမှာရှိတဲ့နွားတစ်ကောင်ကိုခွပြီး စီးသွားရတာ စိတ်ထဲတော့ သိမ်ငယ်မိသလိုလို ဒါပေမယ့် ကိုယ်မြတ်နိုးတဲ့ကောင်မလေးတေးသံစဉ် အိပ်ယာထနောက်ကျလို့ စောစောကနတ်လိုလည်း မကျိန်ဆဲချင် ခုလိုနွားကိုစီးပြီး နတ်သဘင်ဝင်ရတာကိုလည်း သိမ်ငယ်စိတ်မပေါက်မိတာတော့အမှန် ဘေးက နတ်တွေကတော့ ရိသဲ့သဲ့ပြောသံတွေတော့ကြားနေရတယ် ဒီကောင်စောင့်တဲ့အိမ်က လူတွေက ငပျင်းတွေ အိပ်ယာစောစောမထ မျက်နှာမသစ် ဘုရားဝတ်မတတ် ဆွမ်းမကပ်ဆွမ်းမလောင်းတဲ့ကောင်တွေမို့ အချိန်နောက်ကျပြီး နွားစီးပြီး နတ်သဘင်ဝင်ရတာ ရှက်ဖို့ကောင်းလိုက်တာ
``ဒူ ဒူ ဒူ´´
အစည်းအဝေးစဖို့ အချက်ပေးလိုက်တဲ့မောင်းသံ တော်သေးတယ် အချိန်မှီရောက်လာလို့ပဲ နောက်ကျမှသာရောက်ရင် ဘိုးတော်ရဲ့ကြိမ်းမောင်းခြင်းကိုခံရမှာ အစည်းအဝေးခမ်းမထဲမှာတော့ နတ်တွေအများကြီးပဲ အလယ်မှာတော့ ကောဇောအစိမ်းကြီး ခင်းထားတာ ခုထိတော့ ဘယ်သူမှမလာသေး အားလုံးကတော့ မတ်တတ်ရပ်လျက်အနေအထားနဲ့ စောင့်ဆိုင်းနေကြတာ ၁၀ မိနစ်လောက်မှာ နတ်တူရိယာသံတွေကြားပြီး ကော်ဇောစိမ်းပေါ်ကို လမ်းလျှောက်လာတဲ့ ခြေသံတစ်စုံ အဲဒီခြေသံရဲ့နောက်မှာက ဘိုးတော်သိကြားရဲ့မိဖုရားတွေ ကျွန်တော်လည်း လည်လေးစောင်းပြီး ကြည့်မိလိုက်တာ မိဖုရားလေးတွေချောချက်ကတော့ ကန်းကုန်ပဲ ဒါပေမယ့် သူတို့တွေဘယ်လောက်လှလှ တေးသံစဉ်ကိုတော့မှီမယ်မထင် တစ်နေရာကိုအရောက် ဘိုးတော်သိကြားရဲ့ခြေသံတွေခဏရပ်သွားတယ် ``အမောင်နတ်သား ကျုပ်မိဖုရားတွေကိုကြည့်နေတာမဟုတ်လား´´ ကျွန်တော်ရှေ့မှာရပ်ပြီး မေးလိုက်တာကြောင့် တစ်ကိုယ်လုံးတောင် တုန်ပြီးလန့်သွားရတယ် မျက်လုံးဖွင့်ကြည့်မှ ဘေးကနတ်သားကိုမေးနေတာ ဟူးးတော်ပါသေးရဲ့
``မဟုတ်ပါဘူး ဘိုးတော် ကျန်ခဲ့တဲ့အတိတ်ကာလက မိန်းမကိုသတိရမိသွားလို့ပါ ငေးကြည့်မိသလိုဖြစ်သွားကြောင်းပါ ´´
``အော် အေးအေး ဒါဆိုလည်း ဆက်တွေးပေတော့ကွယ်´´ တစ်ဖြည်းဖြည်း လမ်းလျှောက်ရင်း ပလ္လင်နားရောက်လာပြီး အပေါ်ကိုတတ်ထိုင် မိဖုရားတွေကတော့ ဘေးနားလေးတွေမှာ ထိုင်လျပ်အနေအထား
``နောက်ကျတဲ့နတ်တွေကတော့ ဒဏ်ထမ်းရမယ် ´´ ဘိုးတော်စကားကြောင့် ကျွန်တော်အပါအဝင် နောက်ကျတဲ့နတ်သားတွေရဲ့မျက်နှာလေးတွေ ရှုံ့မဲ့မဲ့လေးတွေ ``ဟိုးဘက်ကနတ်သားကို အတုယူကြစမ်း သူ့အိမ်ကမိသားစုဆို မနက်စောစောထတယ် မျက်နှာသစ် ဘုရားတရားလုပ်ပြီး ဆွမ်းကပ်ပန်းကပ်ဝတ်ကလည်းမပျက်ဘူး ဒါ့အပြင် အခါအားလျှော်စွာ ကုသိုလ်ကောင်းမှုပြုပြီး အိမိစောင့်နတ် ခြံစောင့်နတ် နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ ငါ့ကိုတောင်အမျှအတန်းဝေပေးကြတယ် ဘယ်လောက်ကောင်းလိုက်လဲ ခု အဲဒီနတ်သားကိုကြည့်ကြအုံး ကိုယ်ရောင်ကိုယ်ဝါတွေတောက်ပနေတာ တန်ခုးကလည်း အလိုလိုကြီးလာတယ် မင်းတို့ ၅မိနစ်စာတန်ခိုးကို သူကတစ်မိနစ်နဲ့ပြီးအောင်လုပ်နိုင်တယ် အတုယူကြဟေ့ ကဲကဲ ဆိုင်ရာနတ်တို့က နောက်ကျတဲ့နတ်တွေကို ဒဏ်ပေးဖို့အတွက် တာဝန်ပေးထားတဲ့အတိုင်း ဆောင်ရွက်ကြစေ´´ ဘိုးတော်ရဲ့စကားအဆုံး ဒီနေ့နတ်သဘင်ရဲ့အနှစ်ချုပ်က နောက်ကျတဲ့နတ့် ဒဏ်ထမ်းဆိုတဲ့သဘောပဲ ´´ နတ်သဘင်ကပြန်ထွက်လာတော့ တချို့နတ်တွေက အိပ်ယာထနောက်ကျတဲ့ လူတွေကိုကျိန်ဆဲကြတယ် ကျွန်တော်ကတော့ မကျိန်ဆဲပါဘူး ဘာလို့လဲဆို ညဘက်တွေမှာ တခါတလေ သူတို့လည်းပင်ပန်းလို့ အိပ်ယာစောစောမထကြတာပဲနေမှာ ဘိုးတော်သိကြားမင်းရဲ့ဆန္ဒကတော့ လူတွေဟာ ကုသိုလ်ရစေချင်ရုံသက်သက်ပါပဲ ……
ခုလည်း ညနေကစောင်းလာပြီမို့ ဂျုတီချိန်းရအောင် ပြန်လာတော့ နေ့နေ့ဘက်တာဝန်ကျနေတဲ့ကောင်က ပြန်ချင်စိတ်မပေါက်သေးတဲ့ပုံ
``အစ်ကိုကြီး ကျွန်တော်မပြန်ချင်သေးဘူး ဟိုမှာကောင်မလေးတစ်ယောက် ဆိုင်ကယ်အက်စီးဒင့်ဖြစ်နေလို့´´
နတ်သားလေးစကားကြောင့် ကျွန်တော်အရမ်းကိုစိတ်ပူသွားမိတယ် တေးသံစဉ်တစ်ခုခုပဲဖြစ်သွားပြီလား
``ကဲပါကွာ ငါရှိနေတာပဲ မြန်မြန်ပြန်တော့ ဟိုမှာ နောက်ကျနေရင် ဒဏ်ပေးခံနေရအုံးမယ် ဒါနဲ့ မနက်က နတ်မင်းကြီးလေးပါး လာစစ်သွားတော့ မင်းဘာတွေပြောလိုက်သေးလဲ ´´ ``အမှန်အတိုင်းပဲပြောလိုက်တာလေ သူတို့တစ်အိမ်သားလုံး ကုသိုလ်တွေလည်းလုပ်တယ် အမျှအတန်းလည်းပေးဝေတယ် အိမ်မှာဆဲသံဆိုသံတွေလည်းမကြားရဘူး အဲဒီအကြောင်း နတ်မင်းကြီးတွေကိုပြောလိုက်တော့ သူတို့လည်းသဘောတော်တော်ကျသွားတယ်´´ ``ကဲမြန်မြန်သွားတော့ နောက်ကျနေအုံးမယ်´´ နတ်သားပြန်သွားတော့ ကိုယ့်တာဝန်ရှိတဲ့အတိုင်း ခြံထဲတစ်ခုလုံးကိုလိုက်စစ်ကြည့်လိုက်တာ အိမ်နောက်ဖေးမှာ ဘယ်ကဘယ်လိုရောက်လာတာလဲမသိသော သရဲတစ်ကောင် ``ဟေ့ ဟေ့ ဘာလာလုပ်တာလဲ မြန်မြန်ထွက်တော့ မင်းတို့ကလည်း ငါတို့တွေဂျုတီချိန်းတဲ့အချိန်ကြားလေးမှာကိုပဲ ရအောင်ဝင်ကြသေးတာ သွား မြန်မြန်ထွက်တော့´´ မာန်လိုက်ဟောက်လိုက်တော့လည်း သူ့ခမျာ သနားစရာရုပ်လေးနဲ့ ကုပ်ကုပ်လေးထွက်သွားတာ အိမ်ထဲကြည့်တော့လည်း အကုန်လုံးကဆေးရုံရောက်နေကြတာဆိုတော့ တိတ်ဆိတ်နေတာ ကျွန်တော်တောင် နည်းနည်းကြောက်လာသလိုပဲ
ည ၇ နာရီဝန်းကျင်လောက်မှာတော့ အိမ်ရှေ့ကနေ ကောင်မလေးတစ်ယောက် အထဲကို ဝင်လာတာ ကျွန်တော်ချထားတဲ့ အတားအစီးတွေ သူ့ကိုဘာဒုက္ခမှတော့ မပေးဘူး သေချာလှမ်းကြည့်လိုက်မှ တေးသံစဉ်ဖြစ်နေတာ ကျွန်တော့်စိတ်ထဲမှာတော့ အလိုလိုသိလိုက်ပါပြီ ဆိုင်ကယ်အက်စီးဒင့်ကြောင့် ဒီကောင်မလေးဆုံးသွားပြီဆိုတာ သူကလည်းပုံမှန် အိမ်ကိုဝင်နေထွက်နေကြအတိုင်းလုပ်နေတာ အိပ်ခန်းထဲဝင်ပြီး သီချင်းတောင်နားထောင်နေတာ ဒါပေမယ့် သူထိတွေ့လိုက်တဲ့အရာတိုင်း လှုပ်ရှားနေတာမှန်ပေမယိ့ ဘေးကကြည့်နေတဲ့သူအဖို့တော့ ဘာတစ်ခုမှလှုပ်ရှားမှုမရှိ ပကတိငြိမ်သက်နေတာ
ည၈ နာရီလောက်မှာ အိမ်ကမိသားစုတွေ ရောက်လာပြီး ငိုကြယိုကြပေါ့ဗျာ အလောင်းပါတစ်ခါတည်းယူလာကြတာ တေးသံစဉ်ကတော့ ခေါင်းကိုခဏခဏဖိနေတာ ခေါင်းကိုက်လို့ထင်ပါရဲ့ သူ့စိတ်ထဲ နည်းနည်းပါးပါးလောက်ကိုမြင်နေရပြီး မှတ်မိသလိုမျိုး အကုန်လုံးကိုတော့မြင်ပုံမရ
ည ၁၀ နာရီလောက်မှာ ဖိုးမောင် တစ်ယောက် အိမ်အောက်ကိုရေသောက်ဆင်းလာတာ တေးသံစဉ်ကနောက်ကနေလိုက်လာတာ ဒါကိုဖိုးမောင်မမြင်ပေမယ့် ကျွန်တော်ကတော့မြင်နေရတယ် ရေအိုးစင်ကရေကိုခပ်ပြီး သောက်မလို့ဟန်ပြင်နေတုန့် တေးသံးစဉ်ရဲ့လက်တစ်စုံက ဖိုးမောင်ရဲ့ခါးကိုတို့လိုက်တာ ဟိုကောင်တော်တော်လန့်သွားလောက်တယ် ရေခွက်အောက်ချပြီး အပေါ်ထပ်ပြေးတတ်သွားတာ နောက်မှာကျန်ခဲ့တဲ့ တေးသံစဉ်ကတော့ တဟားဟားနဲ့ရယ်မောပြီးကျန်ခဲ့တာ တစ်အိမ်လုံးကိုပတ်ပြီးကြည့်နေတာ သူ့အလောင်းထားတဲ့နေရာကို ခုထိမတွေ့သေးတဲ့ပုံပဲ ၃ ရက်လောက်ကြာတော့ တစ်အိမ်လုံးက သူ့ကိုဂရုမစိုက်သလိုမျိုး သူကိုယ်တိုင်ခံစားလာရပြီး စိတ်တွေလည်းတိုနေပုံရတယ် ညဘက်ဆို အိမ်ပေါ်ကပစ္စည်းတွေကို ဆွဲချတွန်းချသံတွေ ဆူညံနေတာ တစ်အိမ်လုံးကလည်း ငိုတာကလွဲလို့ ဘာမှမတတ်နိုင် …………
မနက်ဖြန်ဆို ၇ ရက်လည်မယ့်နေ့ အဲဒီညမှတ်မှတ်ရရပါပဲ ဒီအိမ်မှာ သူနောက်ဆုံးနေရမယ့်ရက်ဆိုရင်လည်းမမှားပါဘူး အိမ်အောက်ကတိုင်ပင်လေးနားမှာ ငုတ်တုတ်လေးထိုင်နေတာ ကျွန်တော့်လည်း ကျွန်တော့်ကိုတွေ့သင်ပြီထင်လို့ သူ့နားမှာ ကိုယ်ထင်ပြလိုက်မိတယ် ပထမတော့ သူတော်တော်အံ့သြသွားတဲ့ပုံ နောက်မှသတိရလာပြီး
``ရှင် ရှင် ဘယ်သူလဲ ဘာလာလုပ်တာလဲ´´
``ဒီသကား မင်းမေးမယ်ဆိုတာ ကြိုတင်သိပြီးသားပါ ငါက ဒီခြံတစ်ခြံလုံးကိုစောင့်ရှောက်ရတဲ့နတ်ပဲ ´´
``ဟင် ဟုတ်လား ကျွန်မကအိမိစောင့်နတ် ခြံစောင့်နတ်ဆိုတာ ကြားပဲကြားဖူးတာ မမြင်ဖူးဘူး ခုမှမြင်ဖူးတာ ရှင်ကတော်တော်ချောတာပဲနော်´´ ကျွန်တော်ဘယ်လိုဝမ်းသာရမှန်းတောင်မသိတော့ တော်တော်အပြောကောင်းတဲ့ ဝိညာဉ်မလေးလို့သာ စိတ်ထဲမှတ်ချက်ချမိလိုက်တယ်
``ဒါနဲ့ ကျွန်မကို ဘယ်သူမှ အရောတဝင်မလုပ်ကြဘူး စိတ်ညစ်လိုက်တာ အမေ့နားကပ်ပြီး အမေလို့ခေါ်တာတောင် လှည့်မကြည့်ဘူး ဟိုနေ့က အစ်ကိုဖိုးမောင်ကို သွားစမိတာ သရဲကိုမြင်တဲ့အတိုင်းပဲ ကြောက်လန့်တစ်ကြားနဲ့ ထွက်ပြေးတာ ခုချိန်ထိပြနိတွေးတိုင်း စိတ်တောင်မကောင်းဘူး ကျမဘာဖြစ်နေတာလဲဟင်´´
``အမှန်ပြောရရင် မင်းကသေသွားပြီ သေချာပြန်စဉ်းစားကြည့် အစကနေအဆုံးထိ´´
တေးသံစဉ်တစ်ယောက် ခေါးကိုကုတ်လိုက် ပြန်စဉ်းစားလိုက်နဲ့ ခုမှအရာအားလုံးကို သဘောပေါက်သွားတဲ့အတိုင်း မျက်ရည်တွေစီးကျနေတာ
``ဒါဆို ဘဝခြားသွားပြီပေါ့နော်´´
``ဟုတ်တယ် ဘဝခြားသွားပြီ မနက်ဖြန်နံက်မှာ ညီမသတိမေ့နေမှာစိုးလို့ ညီအတွက်ရည်စူးကုသိုလ်ကောင်းမှုပြုပေးလိမ့်မယ် သာဓုခေါ်ဖြစ်အောင်ခေါ်လိုက်ပါညီမ´´
ကျွန်တော် ပြောတာကို ခေါင်းတစ်ချက်ညိမ့်ပြီး အိမ်အပေါ်ထပ်ကိုပြန်တတ်သွားတယ် နောက်ကနေ အသာလေးလိုက်သွားတော့ ခေါင်းအုံးလေးကိုဖတ်ပြီး ငိုကြွေးနေတဲ့ သူ့ကိုကြည့်ပြီး ဝမ်းနည်းမှုတွေတောင် အလိုလိုကူးစက်လာသလိုခံစားရတယ် ခဏနေတော့ အခန်းပြင်ကိုပြန်ထွက်လာပြီး မိဘနှစ်ပါးကို ဦးချနေတာ အဖေနဲ့အမေကိုလည်း သေချာစိုက်ကြည့်ပြီး တစိမ့်စိမ့်ငိုကြွေးနေပြန်တာ တမလွန်ဘဝနဲ့လူ့ဘဝဆိုတာ တကယ်တော့ သနားစရာတစ်ခုပါ ဘာမှမသက်တိုင်တော့တဲ့တနေရာကို အပြီးပိုင်ထွက်သွားရတော့မှာမို့ ကျန်ခဲ့တဲ့သူတွေကို နူတ်ဆကိနေရတဲ့ သူတို့ရဲ့ခံစားချက် ကျွန်တော်နားလည်တာပေါ့ဗျာ ခုလည်း မိဘတွေကိုကြည့်နေတဲ့ တေးသံစဉ်ရဲ့မျက်ဝန်း အရမ်းခံစားနေရပြီး မျက်ရည်တွေကျနေတာ ကိုယ်ချင်းစာမိပါတယ်ကောင်မလေးရယ်……
အဲဒီညက တေးသံစဉ်ရဲ့ဘေးနားမှာ တညလုံးအဖော်ပြုပေးပြီး စကားတွေလည်း ပြောဖြစ်ခဲ့တယ် အဲဒီလိုနဲ့ မနက်ခင်းပိုင်းလေးမှာ သံဃာတော်တွေကြွလာပြီး ဆွမ်းသွတ်တရားတော်နာကြတယ် တေးသံစဉ်လည်းအပါအဝင်ပေါ့ သာဓုခေါ်ပြီး သိပ်မကြာလိုက် ဝတ်ဖြူစင်ကြယ်နဲ့ အဖိုးကြီးကနောက်ကိုပါသွားတာတွေ့လိုက်ရတယ် ကျွန်တော်တို့လောကမှာတော့ အဲဒီဝတ်ဖြူစင်ကြယ်နဲ့လူက သူတော်ကောင်းကြီးပါ သူလာခေါ်တဲ့သူမှန်သမျ ကောင်းတဲ့ဘုံဘဝကိုပဲရောက်ကြတာပါ ခုလည်း တေးသံစဉ်ဘဝအတွက်စိတ်အေးရပြီမို့ ကျွန်တော့်တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေမိပါတော့တယ်………
တကယ်တော့ ကျွန်တော်တို့ အိမ်စောင့်နတ်တွေဆိုတာက တကယ်တော့ အထီးကျန်ဆန်ပြီး အချစ်တွေ လွတ်လွတ်လပ်လပ်မထုတ်ဖော်ရဲတဲ့ဘဝကြီးပါဗျာ………………
ပြီးပါပြီ
23.2.2017
7:35PM
ကိုယ်စောင့်နတ်နှင့် ဝိညာဉ်ဖြူမလေး
- on 5:40 AM
- No comments
Post a Comment