ကျတ်မောင်ညိုနှင့်ကျွဲကြီး {စ/ဆုံး}
📗📗📗📗📗📗📗📗📗📗📗📗
ကန်ပေါက်ရွာဆိုတဲ့ ရွာလေးဟာသာယာလှပသော
ရွာလေးတစ်ရွာဖြစ်သည်၊၊ အိမ်ခြေ ၅၀ ခန့်နှင့်ရွာတည်
ထားလေသည်၊၊ ကန်ပေါက်ရွာရဲ့ အရှေ့တောင်ဘက်
၂ဖာလုံလောက်မှာ ပေါက်လူးအင်းလို့အမည်ရသည့်
ကျတ်ကုန်းကြီးရှိသည်၊၊ အခြောက်အလှန့်ကြမ်းတာ
ကြောင့် တစ်ယောက်တည်းမသွားလာရဲကြပါ၊၊ နေဝင်
ချိန်ဆိုရင်တော့ လုံးဝကိုဖြတ်သန်းမသွားလာကြသည်၊၊
ကန်ပေါက်ရွာက ကာလသားများမှာ ညနေ နေဝင်ရီတရော
အချိန်လေးမှာ ထန်းတောမှာထန်းရည်လေးနဲ့ ဇိမ်ကြနေ
ကြသည်၊၊ ထိုစဉ်မှာပင် ထန်းတောထဲကိုကျွဲကြီးစီးကာ
လူတစ်ဦးဝင်လာလေသည်၊၊ မျက်နှာစိမ်းမို့ ထန်းတောမှ
လူအားလုံးက ဝိုင်း၍ကြည့်ကြလေသည်၊၊
"" ကျူ ပ်နာမည်မောင်ညိုပါ.... ဒီရွာလေးကို ပျော်ချင်လို့
လာခဲ့တာ... သူငယ်ချင်းအဖြစ် ဖွဲ့လို့ရမလားဗျာ""
"" ဟာရတာပေါ့.... ဒီရွာကလူအားလုံးကခင်တတ်ပါတယ်
ဒီရွာကို အချိန်မရွေးဝင်ထွက်နိုင်တယ်""
"" အချိန်တော့ရွေးရမယ်.... ဘာလို့ဆိုတော့ ကျူ ပ်က
ညနေမှအားလို့ပါ.... ဒီအချိန်ပဲလည်လို့ရတာလေ""
"" ကဲစကားပဲပြောမနေကြနဲ့ ထန်းရည်သောက်ကြစို့""
အသားညိုညို ထောင်ထောင်မောင်းမောင်း မောင်ညိုနဲ့
ရွာက ကာလသားများရင်းနှီးသွားကြလေသည်၊၊
ဒီနောက်ပိုင်း မောင်ညိုဟာရွာကို အချိန်မှန်မှန်ရောက်
လာတတ်သည်၊၊ လာတိုင်းမှာလည်း ကာလသားများကို
ထန်းရည်နဲ့အမြည်းစုံ ဒကာခံလေ့ရှိသည်၊၊
"" သာလှပြောလေ တို့ကိုလူစုရတဲ့အကြောင်း""
"" အကြောင်းကတော့ မောင်ညိုကိစ္စကွ.... တို့တွေသူကို
ဘယ်ကလာတာလဲလို့ မေးမယ်တွေးထားပြီး သူလာရင်
သတိမရကြတော့ဘူး.... သတိမရတာလဲ တစ်ယောက်
တည်းဆိုတော်သေး.... အခုအကုန်သတိမရတာဆိုတော့
သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားကွ""
"" အေး ငါလည်းသံသယဖြစ်နေတာကြာပြီ
ဘယ်လိုလုပ်ကြရင် ကောင်းမလဲကွ""
"" နောက်နေ့ကြရင် ငါးယောက်လောက်က မောင်ညို
လာရင် ထန်းရည်မသောက်ပဲပုန်းနေကြ..... ဘာလို့လည်း
ဆိုတော့ မောင်ညိုနောက်လိုက်ချောင်းဖို့ပဲ""
"" ဟာ ကောင်းတယ်ဒီအကြံက ဘယ်သူလိုက်ချောင်း
ရမလဲ.... ကျူ ပ်လည်းချောင်းတဲ့အထဲပါမယ်""
"" စံပ မင်းကိုငါလည်း ငါးယောက်တဲ့ထည့်ထားပါတယ်
နောက်လေးယောက်က ဖိုးတုတ်၊ မြရင်၊ ကြွက်ကြီး၊
သာပေါ လိုက်ချောင်းရမယ်.... ကျန်တဲ့သူတွေကတော့
မောင်ညိုနဲ့ထန်းရည် တူတူသောက်ပေးရမယ်
အားလုံး သဘောတူကြလားဟေ့""
"" သဘောတူပါတယ်.... သဘောတူပါတယ်""
° ° ° ° ° ° ° ° ° ° ° °
နောက်နေ့ညနေစောင်းတွင် မောင်ညိုကျွဲကြီးစီး၍ ရောက်ချ
လာပါတော့သည်၊၊ ရွေးချယ်ထားသော ကာလသားငါး
ယောက်မှာ မောင်ညိုလာတာနဲ့ရှောင်နေကြလေသည်၊၊
မောင်ညိုမှာထုံးစံအတိုင်း ထန်းရည်နဲ့အမြည်းများ ပျော်
ပျော်ပါးပါး သောက်စားလေသည်၊၊ အချိန်ကျ၍ ပြန်ချိန်
တန်သောအခါ၊ ကျွဲကြီးစီးကာသူလာလမ်းကို ထွက်သွား
သည်၊၊ ရွေးချယ်ထားသော ကာလသားအုပ်စုမှာ မသိ
မသာ မောင်ညိုနောက်ကနေ နောက်ဟောင်ခံလိုက်ကြ၏၊၊
"" ကိုစံပ ပေါက်လူးအင်းနား ရောက်လာပြီ
ဆက်လိုက်လို့ ဖြစ်ပမလား""
"" ဟာကွာ လိုက်မယ်ကွာ.... မောင်ညိုကိုမြင်နေရတာပဲ""
ကြောက်လန့်သောစိတ်ကိုထိန်းကာ နောက်ကနေအရဲစွန့်
ကာ လိုက်လာနေတုန်းမှာ ရုတ်တရက်မောင်ညိုမှာပျောက်
သွားလေသည်၊၊ မောင်ညိုလည်း ပျောက်သွားရော
လေများတဝေါဝေါနဲ့တိုက်လာတော့၏၊၊
"" ဝေါ ဝေါ ဝေါ ဝေါ ဝေါ""
"" ဟေး ဟေး ဟေးး ဟေးး""
"" ဘာသံတွေလဲဟ ကြောက်လာပြီ""
"" ဟုတ်ပကွာ သွေးနံ့တွေရော အပုပ်နံ့တွေရော
အား အသက်ရူကြပ်လာပြီကွာ""
"" အခြေအနေမကောင်းဘူး ရွာဘက်ပြန်ပြေးကြမယ်""
အင်မတန်ကြမ်းလှသော ကျတ်ကုန်းမြေက ခြောက်လှန့်မူ
အစပျိုးတာဖြင့် စံပတို့ငါးယောက်သား၊ ငယ်သံပါအောင်
အော်ဟစ်ကာ ရွာဘက်ကို ဒုန်းစိုင်း၍ပြေးကြသည်၊၊
"" အောင်မယ်လေး ကံကောင်းလို့ငါတို့လွတ်လာတာ
မောင်ညိုလည်း ထန်းရည်လာသောက်ယုံပဲ... သာလှ
နောက်နေ့ လိုက်မချောင်းရပါစေနဲ့ကွာ""
"" ဟုတ်တယ် ပုံစံကြည့်ရတာ မောင်ညိုက
လူမဟုတ်လောက်ဘူး.... ဒါပေမယ့် သူတို့ကိုမှအန္တရာယ်
မပြုတာ ထန်းရည်နဲ့အမြည်းလည်းတိုက်သေးတယ်...
ဒီတိုင်း မသိချင်ယောင်ဆောင်ကြမယ်""
"" ကောင်းပြီလေ ငါတို့အခြေအနေစောင့်ကြည့်ကြမယ်""
ကာလသားတွေသံသယရှိသလို မောင်ညိုဟာပေါက်လူး
အင်းကျတ်ကုန်းတွင် နေထိုင်သောကျတ်တစ်ကောင်
ဖြစ်သည်၊၊ မောင်ညိုစီးလာသော ကျွဲဟာလည်း ကျတ်
တစ်ကောင်ကို ဖန်ဆင်းထားခြင်းသာ၊၊ ရွာက ကာလသား
အုပ်စုဟာ ကျတ်မောင်ညိုနှင့်ထန်းရည်သောက်စားကာ
ပျော်မြဲတိုင်းပျော်နေကြတာပေါ့၊၊ မအပ်စပ်သော ဘဝမို့
ရေရှည်အဆင်ပြေဖို့ မလွယ်ပါ၊၊ အဆင်မပြေမူအစကို
လုပ်ဆောင်သူက ကျတ်မောင်ညိုနဲ့ပါလာသော
ကျတ်ကျွဲကြီးက အစပြုလိုက်လေသည်၊၊
° ° ° ° ° ° ° ° ° ° ° °
"" အား ကျွဲကြီး မလာနဲ့ကြောက်တယ်သွား
လာနေကြပြီ.... မကောင်းဆိုးဝါးတွေ""
"" သတိထားပါ သားရယ်... ငါသားကို ကယ်ကြပါအုံး""
"" ကျွန်တော်တို့လည်း သာပေါအတွက် စိတ်မကောင်းပါဘူး
ဒါနဲ့သာပေါဖြစ်တာ ရိုးမှရိုးရဲ့လား.... မောင်ညိုကျွဲကြီးနား
မှာ ပစ်လဲပြီးကတည်းက ဒီလိုအိပ်ယာထဲလဲသွားတာ""
""ဟာ မင်းကလည်း သူဘာသာနေမကောင်းဖြစ်တာပါ""
"" အရီး ကြားသွားလားမသိဘူး.... လျှောက်မပြောနဲ့""
စံပပြောသာပြောလိုက်ရတာ သူထင်သလိုမဟုတ်ဖို့လည်း
စိတ်ထဲက ဆုတောင်းနေမိသည်၊၊ သူထင်သလို သာပေါ
နေမကောင်းဖြစ်တာ မောင်ညိုတို့နဲ့ပတ်သတ်နေရင်
ကျန်ကာလသားတွေအတွက်လည်း အန္တရာယ် ဖြစ်နိုင်
သည်၊၊ ကျန်သူတွေကပါ ဝေဖန်မူကို အပြစ်တင်နေသဖြင့်
နောက်ထပ်မပြောမိအောင် နေလိုက်သည်၊၊
"" အောင်မယ်လေး သားရဲ့ အမေတို့ကိုထားခဲ့ပြီလား""
"" ဟာကွာ ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရာ""
သာပေါတစ်ယောက် လူကအဖျားကြီးပြီး ကယောင်ချောက်
ခြား ဖြစ်ကာ အသက်ပါ ပါသွားလေသည်၊၊ သာပေါအသုဘ
ရက်လည်ပြီးတာဖြင့် ထန်းရည်ဝိုင်းလေးမှာ အရင်လိုပြန်
လူစည်မြဲသာ၊၊ ထိတ်လန့်စရာ ဖြစ်ရပ်များဖြစ်လာခဲ့သည်၊၊
သာပေါလိုပင် အမူးသမားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်
သေဆုံးသွားခဲ့သည်၊၊ ထိုအခါမှ ရွာထဲကလူကြီးများနှင့်
ကာလသားများ ဝိုင်း၍တိုင်ပင်ကြသည်၊၊ တတယ်တမ်း
တော့ မောင်ညိုကရွာသားများကို အန္တရာယ်မပေးပါ၊၊
သူနဲ့ပါလာသော ကျွဲဟန်ဆောင်ထားသည့် ကျတ်ကြီးမှာ
ကံနိမ့်သူတွေကို ဖမ်းစားနေခြင်းဖြစ်သည်၊၊
° ° ° ° ° ° ° ° ° ° ° °
"" မင်းတို့က ပေါက်လူးအင်းက ကျတ်နဲ့မှ မိတ်ဆွေ
သွားဖွဲ့ကြတာကိုး.... အကုန်လုံးသေမှ လာပြောကြတာ
မဟုတ်ဘူး.... တယ်လည်းမိုက်တဲ့ကလေးတွေ ""
"" အဘ ကျွန်တော်တို့ဘာလုပ်ရမလဲဟင်""
"" ဘာလုပ်ရမလဲဆိုတော့.... ""
ရွာထဲကလူကြီးများ အကြံပေးတဲ့အတိုင်း ကာလသားများ
မှာ ပရိတ်ကြိုးကိုယ်စီ ဆွဲထားကြသည်၊၊ ညနေနေဝင်တာ
ဖြင့် မောင်ညိုကျွဲစီး၍ရောက်လာသောအခါ မိမိတို့ကထန်း
ရည်မသောက်ပဲ၊ ကျတ်မောင်ညိုကို ထန်းရည်နဲ့ကြက်များ
မူးနေအောင် ဝိုင်း၍တိုက်ကြလေသည်၊၊ မူးလာတာဖြင့်
မောင်ညိုနဲ့ကျွဲကြီးကို ပရိတ်ရေလောင်းထားသော တုတ်
ကိုယ်စီဖြင့် ဝိုင်း၍ရိုက်ကြသည်၊၊
"" ရိုက်ဟေ့ ရိုက်ကြဝိုင်းရိုက်ကြ ""
"" အား အား အား ""
"" အား အား အား ""
မောင်ညိုနဲ့ကျွဲကြီး အသံနက်ကြီးဖြင့် အော်လိုက်ရာတွင်
ထန်းပင်များပင် ယိမ်းထိုးသွားလေသည်၊၊ မကြာခင်မှာ
ပင် ကိုယ်ထည်များမှာ တဖြည်းဖြည်းငယ်သွားသည်၊၊
"" ဟင် ""
"" ဟာ ""
"" ပုတ်သင်ညိုနှစ်ကောင် ဖြစ်သွားပါလား""
"" မီးဖုတ်လိုက်ကွာ စားပစ်မယ်""
သွေးဆိုးသော အမူးသမားနှစ်ယောက်မှ ပုတ်သင်ညို
နှစ်ကောင်ကို မီးဖုတ်ကာစားလိုက်ကြသည်၊၊ တစ်ရွာလုံး
ပေါက်လူးအင်းဘက်က ငိုသံကြားလိုက်ရသည်၊၊
"" အို မောင်ညိုတို့ ရွာထဲကိုခနခနမသွားပါနဲ့လို့ တန်တန်
တားတဲ့ကြားက သွားတော့ ခု သေရပြီမလား""
ထိုအော်ငိုသံကို ပေါက်လူးအင်းကျတ်ကုန်းကနေ သုံးခါတိ
တိကြားလိုက်ရ၏၊၊ ပုတ်သင်ညိုသားစားမိသောသူ နှစ်
ယောက်မှာ သွေးပွက်ပွက်အန်ကာ သေဆုံးသွားသည်၊၊
ဤဖြစ်ရပ်နောက်ပိုင်းမှာ ပေါက်လူးအင်းကျတ်ကုန်းမှ
ကျတ်များသည် ကန်ပေါက်ရွာသို့ နယ်မကျွံရဲကြတော့ပေ၊၊
ကျတ်မောင်ညို ထန်းရည်နဲ့အမြည်းဖိုးပေးသွားသော
ငွေများသည်လည်း သစ်ရွက်များ ဖြစ်သွားလေသည်၊၊
(ပြီးပါပြီ)
စာဖတ်သူများအား လေးစားကျေးဇူးတင်လျက်,
Admin 👻 ဇူးဇူးငယ် (ဆူးငှက်) #ခြောက်ခြားဖွယ်ရာ
ပရလောကဇာတ်လမ်းများစုစည်းမှု
cbမှာ ကိုနေသူရလာပြောပြသော ဇာတ်လမ်းအား
စိတ်ကူးဖွဲ့ကာ စာဖတ်သူများအတွက် ရေးထားပါသည်၊၊
ကျက်မောင်ညိုနှင့် ကျွဲကြီး စဆုံး
- on 12:16 AM
- No comments
Post a Comment