သရဲဖြစ်​ရတဲ့ဒုက္ခ

** သရဲဖြစ်ရတဲ့ ဒုက္ခ **
~~~~~~~~~~~~~~~~~~~~

အခန်း(၁)

ေOာာက်!..ဆိုးလိုက်တဲ့ ဘ၀ကွာ "

နာနာကြည်းကြည်း ညည်းတွားသံနဲ့အတူ ပလက်ဖောင်းစွန်းမှာ ထိုင်နေရာမှ ဆတ်ခနဲ

ထရပ်လိုက်မိတယ်။ အဲ့ဒီနောက်တော့ လှည်းတန်းမီးပွိုင့်မှာ ပြည်လမ်းအတိုင်းစီရီရပ်

စောင့်နေတဲ့ ကားတွေကို တစ်စီးပြီးတစ်စီး လှိမ့်ကန်ပစ်လိုက်ပါတော့တယ်။

''ဒါလားကွ အမြင့်ကား ကဲကွာ....''

'ငါတို့ခေတ်မှာ ဖယ်မလီယာလောက် ဘောက်ဆောလောက် အကောင်းဆုံးလုပ်ပြီးစီး

ခဲ့ရတာ မင်းတို့ခေတ် ကျမှ ကဲကွာ..ကဲကွာ. .ကဲကွာ"

ကားအစီးသုံးဆယ်လောက် ပိတ်ကန်ပြီးတဲ့အချိန်မှာ ပေတိုးအတော်မောပိာုက်သွားတဲ့

ပုံပါ။ သူကန်ထုတ်ပစ်နေတဲ့ ကားတွေလည်းမီးစိမ်းပြတဲ့အတွက် တဝေါဝေါ

မောင်းထွက်ကုန်ကြပါတယ်။ သူလဲမောမောနဲ့ မီးပွိုင့်ကြက်လျှာစွန်းလေးမှာ ခြေပစ်

လက်ပစ်ထိုင်ချလိုက်တယ်။

           ညနေငါးနာရီ ၀န်းကျင်ဆိုတဲ့အချိန်က လှည်းတန်းလမ်းဆုံလိုနေရာမျိုးကို

အလှတရားမွတ်သိပ်မှု အစုံစုံနဲ့ စည်ဝေစေတယ်။ အလုပ်ကအပြန် သင်တန်းအတက်

အဆင်း ။ဈေးသွားဈေးပြန်တွေ ။ အတွဲလေးတွေ အိုး...စုံလို့စုံလို့ ပြောရရင် ပေတိုးဒီ

နေရာလေးကိုသဘောကျတယ် ။ ပေါင်တိုတို။စကတ်တိုတို ပေါင်တံလှလှလေးတွေ

ပျားပန်းခတ်တဲ့နေရာ မပာုတ်လား။ ပေတိုးတို့ လူဖြစ်တဲ့ခေတ်တုန်းကဆို မလုံလုံ

အောင် ဖုံးတဲ့ခေတ် ။ခုတော့ မပေါ်ပေါ်အောင်ဖော်တဲ့ခေတ် ဆိုတော့ကာ အမြင်တွေ

လဲဆန်း အာရုံတွေလဲ လန်းပြီး ပေတိုးရင် တလကြမ်းခုန်တဲ့မြင်ကွင်းကိုး။

    အဲ့ဒါကြောင့် ခုချိန်များ လူဖြစ်ခွင့်သာရရင်ဆိုတဲ့စိတ်နဲ့ မစားရအညှော်ခံလေး တမ်း

တပြီး လှည်းတန်းမီးပွိုင့်မှာလာလာထိုင် ရတာလည်း ပေတိုးအတွက်အလုပ်တစ်ခုလို

ဖြစ်နေပါပြီ။    ဒီနေ့တော့ သူ နေရာအတော်နှံနှံ့ လျှောက်သွားပြီးမှ ညနေအချိန်မှီ ပြန်

လာရလို့ ပလက်ဖောင်းမှာမောမောနဲ့ ထိုင်နေတုန်း ၅ယ/ နံပါတ်နဲ့ ကားအသစ်တစ်စီး

ထဲကနေ ကွမ်းတံထွေး ပစ်ခနဲလှမ်း ထွေးလိုက်တာ သူ့မျက်နှာတည့်တည့်ဆိုတော့ အဲ့

ဒီမှာ အကြီးအကျယ် ပေါက်ကွဲပြီး မီးနီစောင့်နေတဲ့ ကားတွေကို လိုက်ကန်ကြောက်ပစ်

နေတော့တာကလား။  ဒါပေမယ့် သူကတစ္ဆေဆိုတော့ သူကန်ထုတ်လည်း ကားက

ဘာဖြစ်မှာမို့လည်း သူပဲမောသွားတာဆိုတော့ကာ သူထိုင်နေကြမီးပွိုင့်က ကြက်လျှာ

စွန်းလေးမှာသွားထိုင်နေတော့တာပေါ့။

      သြော်ဘ၀...ဘ၀ ...လူဖြစ်စော အသေစောသွားတဲ့ ဘ၀ တယ်လဲစိတ်နာစရာ

ကောင်းပါလား။ ငါတို့ခေတ်တုန်းကတော့ ဘာမှမရှိ။ ဘာမှလဲမသိ ။စထရင်းပိာုတယ်

လောက်တက်ရရင်ပဲ တစ်ကယ့်ပိာုင်ဘော့စ်လို့ထင်နေတာ။ ဘောက်ဆောလေးစီးပြီး

သောက်ပြောလေးကြီးနေရင်ပဲ ဘော်ဇာကြီးဖြစ်နေတာ။ သမ္မတ မှာရုပ်ရှင်ကြည့်ပြီး

ပြန်လာတဲ့နေ့ဆို လက်မှတ်ဖြတ်ပိုင်းလေးတပြပြနဲ့ ဂုဏ်ယူလို့တောင်မဆုံးဘူး ခုများ

ကွာ လှပေ့ ဆန်းပေ့ဆိုတာကြီးပဲ ။ ခုနေခါ လူ့ဘ၀ခဏလောက်ပြန်ရရင် တစ္ဆေဖြစ်

ရကျိုး နပ်ပါပြီ။ ငါသာအခု လူဖြစ်ရင် အပီကဲ ။ အပီဝါး ။အပီစား ။ အပီသွား .....ပာားးး

ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲ။ ပိာုတုန်းကဘကုန်တိုက်(၁)နဲ့ အခု

ရှော့ပင်းမောတွေနဲ့ကွာပ။ ချိတ်ထဘီ ခြေမျက်စေ့ဖုံးလေးတွေနဲ့ စတော့ကင်နဲ့လည်း

ကွာပါ့။ေOာာက်..အစောကြီးသေရတာ နာသကွာ။   ဒါပေမယ့် ပေတိုးအတွက် တစ်

နေ့စာ ညည်းတွားမှု မချင့်မရဲ ဖြစ်မှုတွေလေ။ အဲ့သလိုနဲ့ပဲ တစ်နေ၀င်လို့တစ်မိုးချုပ်

ပြီး ပေတိုးတစ်ကောင် သူ့ဒုက္ခနဲ့သူ အချိန်ကုန်သွားပြန်တယ်။ ကားလမ်းပေါ်မှာ

မာကျူရီမီး အလင်းတွေ ပိုပြီးတောက်ပလာတာနဲ့အမျှ အလင်းတွေရဲ့ အပြင်ဘက်က

ညရဲ့ အချိန်အခါတွေလဲ ပေတိုးသိနေပြန်တယ်။ ဒီအချိန်ဘီယာစတေရှင်တွေမှာ

စင်တင်ဂီတနဲ့ အလှတရားတွေကောင်းနေပြီဆိုတာမျိုး။ ကလပ်လိုနေရာမျိုး အပာတ်..

အပာတ်...။

အခန်း(၂)

   နောက်တစ်လုံး ထပ်မှာပြီး နှစ်ပတ်လောက်သောက်ပြီးရုံရှိသေးတယ်။ ဖုန်းဝင်လာလို့

ထင်ရှား အံကြိတ်ပြုံးပြီး ဖုန်းလက်ခံလိုက်တယ်။  'ပဲာလို" ပော့ကောင်

မင်းအခုဘယ်မှာလဲ !" 'ရှက်ကီထုနေတာလေ ။ဘာဖြစ်လို့လဲ ..!"'

ဘာကွ!! ...ပော့ကောင် မင်းသောက်နေလို့ ရှော်လိုက်မယ် များထင်နေလား။ ငါ့ပိုက်

ဆံ ဘယ်တော့ပေးမှာလဲ! !  ''ပေးမှာပေါ့ကွာ ငါအဆင်မပြေသေးလို့ပါ''

မလိုဘူးကွာ ။ ငါမစောင့်နိုင်ဘူး! !"  မစောင့်နိုင်ရင် လဲသေလိုက်ကွာ ချီးပဲ. .ထင်ရှား

ပြောပြီးဖုန်းပိတ်လိုက်တယ်။ အဲ့ဒီနောက်ဖုန်း ဘက်ထရီ ပါဖြုတ်ပစ်ပြီး ချထားလိုက်

တယ် ။ ငှဲ့ထားတဲ့ အရက်တစ်ခွက်ကိုမော့ချရင်း အားးး!  ..ထွီး! သောက်သုံးမကျတဲ့

အရက်က ခုမှလာ ကောင်းနေတယမ ။ ကဲ. .ဆက်စမ်းဘယ်ကောင် ဖုန်းဆက်ချင်

သေးလဲ။ ပာား....ပာား....ပာား....ငါ့နှဲ့ ဒီသောက်ဖုန်းကိုင်မိထဲကသောက်ပြသနာတွေ

ချည်းပဲထိုင်ရှင်းနေရတယ်"!   ''ဒါတော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပဲလေကွာ။ဖုန်းရှိရင်

ဆက်ကြမှာပဲ။ ငါကတော့ နှစ်သိန်းတန်ဖုန်းကို ၂ပြားနဲ့ဝယ်ရရင်တောင် မကိုင်ဘူးကွ..!

''ကလွတ်"  အား...ဒီနေ့အတော်မူးပါလား''! မဆီမဆိုင် ၀င်ပြောရင်း။သူ့စားပွဲမှာဝင်

ထိုင်လိုက်တဲ့ အမျိုးသားကြီးကို ထင်ရှား ခပ်မှုန်မှုန် လှမ်းကြည့်လိုက်တယ်။ သာမန်

အရက်ကြမ်းရောင်းတဲ့ဆိုင်လေးမှာ ဒီလိုသာမန်လူတန်းစားပုံပေါက်နေတဲ့လူ အရက်

ဝင်သောက်တာ ဘာအဆန်းလဲ ။ ဒါပေမယ့် ကိုယ့်ဖီးလ်နဲ့ကိုယ်နေတာ အကောင်းဆုံးပဲ

အဲ့ဒါကြောင့်...''ဒီမှာဦးလေး ကိုယ့်ဘာသာ လွတ်လွတ်သောက်ဗျာ။လာမပွားနဲ့"

''အနေသာကြီးပါ ကောင်လေးရာ။ ကြားနေရတာ အဆင်မပြေလို့ဝင်ပြောမိတာပါကွ။

ပဲာပဲာပဲာ...ဘာလဲမင်းစိတ်ညစ်နေလား။ ညစ်ရင်သောက် ပေါက်ပေါက်မဖောက်နဲ့ ..

''ပာမ်!..ကျုပ်ပါးစပ်နဲ့ ကျုပ်ဖောက်တာဗျ" ''အဲ့ဒါ..အဲ့ဒါ. .အားလုံး ကိုယ့်ဘာသာလုပ်

နေကြတာချည်းပဲ ။ ဒါပေမယ့် အညမညသဘောနဲ့သွားပြီး စပ်ယှက်ကုန်တယ်။

ရှုပ်သွားတယ်။ရှင်းလို့မရတော့ဘူး။ ရှောက်သီးချဉ်တယ်ဆိုတာသူ့အခွံထဲမှာပဲ

သူချဉ်တာ။ လက်ဆော့တဲ့အကောင်က ခွဲပြီး အရည်သွားညှစ်တော့ ချဉ်ကုန်ရော ။

ကိုယ့်အခွံထဲ ကိုယ်နေရင် ချိုလားချဉ်လား ဘယ်ကောင်မှ မသိဘူးလေကွာ။ အခု

မင်းရောက်နေတာ မင်းကြီးတော်အိမ်မှတ်နေလား အရက်ဆိုင်ကွ...အပာတ်..အပာတ်

ချဉ်တယ်လို့ ပြောတာမကြိုက်ရင် ကိုယ့်အခွံထဲ ကိုယ်နေနိုင်အောင်လုပ် ..ဂွပ်..ဂလု.."

ထင်ရှား။သက်ပြင်းချပစ်ပြီး နောက်တစ်ခွက် ထပ်မော့တယ် ။မကျေနပ်ပေမယ့်လည်း

သိပ်ကိုမှန်လွန်းနေတယ်။ ကိုယ့်အခွံထဲသာ ကိုယ်နေနိုင်ရင် ..ေOာာက်!..သောက်ကျိုး

နည်းပာုတ်တာပေါ့ ကိုယ်မှ မနေနိုင်မထိုင်နိုင်ခဲ့တာ။ ဘိုးဘွားစဉ်ဆက် ကျောက်တွင်း

သူဌေးဆိုတဲ့ဂုဏ်နဲ့ သုံးမကုန်စားမကုန်နေနေရတဲ့ဘ၀။ ဘယ်လောက်တောင်

ထူလိုက်တဲ့ အခွံလည်းဆိုတာ ရတနာကုန်သည်ကြီးဦးမောင်မောင် ။ဒေါ်ခခတို့ရဲ့

တစ်ဦးထဲသာသား ထင်ရှား။ ပာား..ပာား..ပာား..နေလိုက်စမ်းပါလားကြွားကြွား

ဝါးဝါးလေး... အဲ့ဒါကို မနေနိုင် မထိုင်နိုင် ရန်ကုန်သူနဲ့ လက်ထပ်ယူလိုက်တယ်

ရန်ကုန်ဆင်းလာပြီး သိန်းထောင်ကျော်ချီတဲ့တိုက်မျိုးဝယ်။ ကားမျိုးဝယ်။ ရှယ်နေ။ရှယ်

စား။ရှယ်သွား သူဌေးသားဆိုတော့ မိန်းမဘက်ကဆွေတော်ရှစ်သောင်း။

မျိုးတော်အပေါင်းတွေရောက်လာ  ထူနေတုန်းတော့ မသိသာ။ ပါလာတော့ အလကား

နေမရတော့ပဲ စီးပွားရေးဆိုတာ မျက်လုံးထဲဝင်လာတယ်။ ကုမ္ပဏီရှယ်ယာ လာထား

ရွှေကစားမယ် အိုခေ ။ ကားဈေးတွေမြောက်တော့မယ် ၀ယ်အောင်း။ အိမ်ခြံမြေ

အိုခေ.....။ အဲ့သလိုတွေ လက်ကျဲပြီး ဘေးမှာတွဲလွဲခိုနေတဲ့ယောက်ခမ အသိုင်းဝိုင်းကို

တာဝန်ပေး အရင်းလိုသမျှ မိုးကုတ်ပြန်မှာ  အလုပ်ကတော့လုပ်ငန်းရှင်ဆိုတဲ့ ရာထူးနဲ့

မတန်အောင်များပေမယ့် အရင်းသာများလာတယ် အမြတ်အစွန်းက တက်မလာ။

      အဲ့ဒီမှာ သူသဘောပေါက်လာတယ် သူကတာဝန်ပေးတာကို မိန်းမအမျိုးများက

အမွေပေးတယ်ထင်ပြီး မောင်ပိုင်စီးကြတော့ ကောင်းပါရောလား။ အိမ်မှာလည်းခါးနေ

ပြီ ။သူလည်း ကားသွားပြီလို့သိတဲ့အချိန်မှာ လုပ်ငန်းထဲပတ်ထားတဲ့ အကြွေးပေါင်း

မြောက်များစွာက သူ့အနားမှာအပုံလိုက် ကျန်ခဲ့တယ်။ အဲ့ဒါကြောင့် ယုံမိလိုက်တဲ့မိန်းမ

ကိုကန်ထုတ် သူ့အိမ်ကို သူ့ဘားလုပ်ပြီးသောင်နေတော့တာ ကိုယ့်အိမ်ကိုယ့်ဘားဆို

တော့ ရက်လေဘယ်တို့ ဂျော်နီ လမ်းလျှောက်တို့ပေါ့ ။ ကြာလာတော့ အိမ်ဘားလဲငြိမ်

သွားပြီး အပြင်ထွက် ရက်စတော့ရင့်မှာ ၀ီစကီဖြစ်သွားတယ် အဲ့ဒါလည်း သိပ်ကြာကြာ

မခံလိုက်ပါ ပိုက်ဆံဆိုတာ ဓာတ်ဆီနဲ့လုပ်ထားသလိုပဲ လက်ထဲအိပ်ထဲမှာတင် အငွေ့

ပျံ့သွားသလို ပါးလာတော့ အကြုံထိုင်လို့ရတဲ့ ဘုံဆိုင်မှာမပြေလည်သမျှ 'ဇေ'နဲ့ အနယ်

ချနေတာ...တစ်လလားနှစ်လလား တောင်မသိတော့ဘူးကွယ်..ရို့။

'ကောင်လေး..ပော့ ...ပော့ကောင်လေး'

'ဗျာ!....'   အိပ်ချင်အိမ်ပြန်အိပ်တော့. .ဒါအရက်ဆိုင်ကွ။ဘာလဲ မူးနေပြီလား!..

''အင်း..မူးတယ် ဒါပေမယ့်အရက်မူးတာမပာုတ်ဘူးဗျ ။ဘ၀မူးနေတာ" ...`ပော'..."

ဒီတစ်ခါတော့ ဦးလေးကြီးကအံ့ကြသလိုပြန်ကြည့်တယ်။ ''မဆိုးပါဘူး။ မင်းစကား

ပြောတတ်သားပဲ"..!ပာာဗျာ..လူဗျမပြောတတ်ပဲနေမလား".''ပာား....ပာား...အဲ..အဲ..

မင်းပုလင်းထဲမှာတစ်ပိုင်းလောက်ငုပ်နေသေးတယ်။ ငါဖော်လိုက်ရမလား!.

ထင်ရှား အသာတွန်းရွှေ့ပြီး ဖုန်းထဲကို ဘက်ထရီ ပြန်ထည့်လိုက်တယ်။ဦးလေးကြီးက

သူပေးတဲ့တစ်ပိုင်းကို တစ်ချက်ထဲမော့ပြီး ဂေ့ခနဲ့ လေချဉ်တက်ပစ်ရင်.....

''အား....ခုမှ ပြည့်သွားတော့တယ်။ကျေးဇူးပဲ ။ငါတော့အရက်ပဲ အမူးခံမယ်ကွ။ဘဝ

တော့အမူးမခံဘူး"  ''ဦးလေးနဲ့ ကျွန်တော်မတူဘူးလေဗျာ''..ပော!လူလူချင်း မတူ

တာဘာရှိလဲ..?  ''အခွင့်ရေး".....

''No it not အသိဥာဏ်ကွ"

ထင်ရှား အံ့အားသင့်သလို မော့ကြည့်တော့..!  ''လူတွေအားလုံးတူကြတယ်ကွ။

အသိဥာဏ်ပဲမတူတာ...အသိဥာဏ်အကောင်းဆုံးလူသားက ဘုရားဖြစ်တယ်။ လုံးဝမ

ကောင်းတဲ့လူသားက ထမင်းစားတဲ့ခွေးဖြစ်တယ်။ မကောင်းတကောင်းတွေကတော့

ငါတို့လို အရက်သမားဖြစ်တာပေါ့ကွာ။ ဒါပါပဲ..မင်းဘ၀ကလဲ ဘာကြောင့် မူးနေလဲဆို

တာကို မင်းအသိဥာဏ် ဘယ်လောက်ရင့်သလဲ နုသလဲကြည့်ရင် သိနေတာပဲ။

အသိဥာဏ်ဆိုတာ ပိုတယ်မရှိဘူးပော့..လိုတာပဲရှိယ်။ ကဲ..ငါလည်းအတော်မူးသွားပြီ

အသိဥာဏ်မပျောက်ခင် အိမ်ရောက်မှဖြစ်မယ်"...ပြောပြီး သူ့အိတ်ထဲမှ ငွေအကြွေ

တစ်ချို့ကို အလုံးလိုက်ဆွဲထုတ်ပြီး တစ်ရာတန် နှစ်ရာတန်တွေကို စားပွဲပေါ်ကို ပြန်ပြီး

ထပ်စီတယ် ထင်ရှားကထပြီး အဲ့ဒီပိုက်ဆံတွေကို သူ့အိပ်ထဲပြန်ထိုးထည့်ပေးလိုက်ပြီး

''ကျွန်တော်ရှင်းလိုက်မယ်"...ပော! အသိဥာဏ်တွေ နိုးထလာပြီလား" ပာုတ်တယ်..

ဒါပေမယ့် ပြန်လှည့်လို့မရတော့ဘူး။ ဦးလေးကတော့ ပြန်တော့"..! Good ..Good..

Tomorrow ထပ်ဂွတ်လို့ရပြီပေါ့ အပေား..ပေား..ကိုင်းသွားပြီကွာ။အသိဥာဏ်တွေနိုး

လာရင် မျက်နှာသစ်ခိုင်းလိုက် ဒီအတိုင်း ငုပ်တုတ်မထိုင်ခိုင်းနဲ့".ပြောပြီး ဒယီးဒယိုင်

လျှောက်သွားတဲ့ ဦးလေးကြီးကို တစ်ချက်လှည့်ကြည့်ပြီး ကျသင့်ငွေခေါ်ရှင်းလိုက်

တယ်။ သူဆိုင်အပြင်ကို ထွက်လာတဲ့အချိန်မှာ ညကအတော်လေးမှောင်နေပြီဆိုတာ

လောက်ပဲသတိထားလိုက်တယ်..ဘယ်အချိန်လဲ ဘယ်နှစ်နာရီလဲဆိုတာအဓိပ္ပါယ်တစ်

ခုနဲ့အသက်ရှင်နေတဲ့သူတွေအတွက်ပဲ အသုံးဝင်တာဆိုတော့ကာ သူဒီအတိုင်းလေးပဲ

ပလက်ဖောင်းလေးအတိုင်း လျှောက်လာ။ ''အသိဥာဏ်တဲ့..ပာား...ပာား....ပာား......

ငါတော်တော်တုံးတာပဲ။ ငါ့ထက်ဥာဏ်ကောင်းတဲ့ကောင်တွေ။ငါ့ကို လုပ်စားကိုင်စား

သွားကြတာပာား....ပာား.....ပာား...ကျေးဇူးပဲ ဦးလေးရေ ကျုပ် အခုအသိဥာဏ်တွေနိုး

လာပါပြီ ဒါပေမယ့် နောက်လှည့်လို့ မရတော့ဘူးဗျ။ မျက်နှာလဲမသစ်ကြဘူး ငုပ်တုတ်

ကိုမေ့နေတာ ပာား....ပာား....ခုတော့ ကျုပ်အသိဥာဏ်တွေက ပောာပိာု လှည်းတန်း

မီးပွိုင့်လိုပဲ ။စိမ်းတာစိမ်း နီးတာနီနေတာ အားကိုးတစ်ကြီးမော့ကြည့်နေတဲ့ ကားတွေမ

ရှိတော့ဘူးဗျ။ ဒီလောက်ရှုပ်ယှက်ခတ်နတဲ့နေရာကြီးက ဒီလောက်ရှင်းနေပါတယ်လို့

ပြောရင် ဘယ်သူယုံမလဲ။ ကျုပ်အသိဥာဏ်တွေက အဲ့သလိုဖြစ်နေတယ် ကဲယုံပြီလား

ပာား.......။

အခန်း(၃)

"ဘာ လဲပာ ဘာအရူးထတာလဲ!"

ပလက်ဖောင်းစွန်းမှာ ပေတိုး ခွေအိပ်နေတုန်း ရယ်သံ အော်ပာစ်သံတွေကြောင့်

ထထိုင်ကြည့်လိုက်တယ်။ လား...လား...လူတစ်ယောက်ဘာတွေ ဂေါက်ဖောက်ပြီး

ကားလမ်းပေါ်တက်ရပ်နေလဲမသိဘူး ။ သေချင်လို့ ဒီအချိန်မျိုးမှာ ကလပ်တွေဘား

တွေကပြန်လာတဲ့ကောင်တွေ လွှတ်မောင်း လွှတ်အောင်းတာ မကြုံးဖူးသေးဘူးနှဲ့တူ

တယ်။ ငါ့နှယ် ဒီလောက်နှမြောစရာကောင်းတဲ့ လူ့ဘ၀ကိုများ. ...

     ပေတိုး သူ့အတွေးနဲ့သူထရပ်ရင်း အကြောအချဉ်ဆန့်လိုက်တယ်။  အဲ့အချိန်မှာပဲ

ကားတစ်စီး အရှိန်နဲ့မောင်းလာပြီး လမ်းပေါ်ကလူကို ခက်ခက်ခဲခဲကွေ့ရှောင်မောင်း

သွားတာမြင်တော့ ပေတိုးအသည်းယားသွားတယ်။

"လာလေ။တိုက်လေ ကျုပ်သေချင်လို့ပါ ။တိုက်ကြစမ်းပါ"

အဲ့ဒီလူ အော်သံကြားတယ်ဆိုရင်ပဲ ပေတိုး တွေဝေမနေတော့ပဲ ကားလမ်းပေါ်ကလူ

ဆီပြေးသွားတယ်။ 

       "ပော့ ..လူ. .တောက်! ..သေချင်နေလား"  ပြောလဲပြော ဆွဲလဲ ဆွဲတာပါပဲ။

ဒါပေမယ့် ပိာုလူကြားလဲမကြား လှုပ်လဲမလှုပ်ဆိုတော့ ပေတိုးသဘောပေါက်သွား

တယ်။ အဲ့ဒါကြောင့် ပလက်ဖောင်းပေါ်တက်ရပ်ပြီး တစ္ဆေတို့တတ်အပ်တဲ့ အဌာရသ

တစ်ဆယ့်ရှစ်ရပ်ထဲက ခြောက်ဆင့်မြောက် အရိပ်အကောင်ပြနည်းနဲ့ သူအခုလေ့ကျင့်

နေတဲ့ အဆင့်လွန်ပညာရပ် ၃မျိုးထဲမှ အသံထုတ်ပြောဆိုနည်းကို အသုံးပြုဖို့ပြင်ဆင်

လိုက်တယ်။  "ဒီမှာ..ကိုယ့်လူ "

     အသံကြားသဖြင့်ထင်ရှား လှည့်ကြည့်လိုက်တော့ ပလက်ဖောင်းပေါ်မှာ

အရိပ်မဲကြီးတစ်ခု.....

  "ပော့..လူ ကျုပ်ခေါ်နေတာ မကြားဘူးလား"

"ကြားတယ်လေ ခင်ဗျားက ဘာလဲ ဘယ်သူလဲ! ."

"ကျုပ်က. .တစ္ဆေ"

"ပာမ်!!... "

ထင်ရှား..အတော်လန့်ပြီး ပါးစပ်အပောာင်းသားဖြစ်သွားတယ် ။တစ္ဆေသရဲဆိုတာ

ကြားပဲကြားဖူးတာ မမြင်ဖူးဘူးလေ။

" ခင်ဗျား မကြောက်ပါနဲ့ကျုပ်လာကူညီတာပါ ဒီအချိန်ကားလမ်းမပေါ် အဲ့လိုနေလို့က

တော့အသေပဲ"...

        "သေပါစေဗျာ ။ကျုပ်သေချင်နေတာ"

"ဘာ. ..ဘာဗျ"  ပေတိုးအံသြောပြီး အနားကပ်သွားလို့ ထင်ရှားလန့်ပြီးပြေးဖို့

ဆုတ်ကန်ဆုတ်ကန်လုပ်နေတုန်း..။

" ကျုပ်ခင်ဗျားကိုဘာမှမလုပ်ဘူး မကြောက်နဲ့ ။လောလောဆယ် ပလက်ဖောင်းပေါ်

ပြန်တက်လိုက်ပာုတ်ပြီလား.."။

"ပာာ..ဗျာ. .ကြောက်ကြောက်ဗျ"

"ကျွတ်. .ခက်တာပဲဗျာ။ တစ္ဆေဆိုတာ ကြောက်စရာကောင်းတယ်လို့ ဘယ်သကောင့်

သားတွေ ပါးစပ်ဆော့မှန်းမသိလို့ တစ္ဆေတွေ နာမည်ပျက်နေတာ လာစမ်းပါဗျာ."

    ဆိုတော့က ထင်ရှားတစ်ယောက် ကြက်သီးတဖြန်းဖြန်း ထပြီး ပလက်ဖောင်းပေါ်

မရဲတရဲတက်လိုက်တယ်။ တစ်သက်နဲ့တစ်ကိုယ် ဒါပထမဦးဆုံးဆိုတော့ မကြောက်နဲ့

လို့ပြောလဲ ကြောက်တာတော့မတတ်နိုင်ဘူးမပာုတ်လား။ လောလောဆယ်အခြေနေ

ထိတော့မီးသွေးတုံးကြီးလို မည်းနေတာကြီးပဲရှိတာ။ အဲ့ဒီမဲမဲကြီးစကားပြောနေတာ

်ထင်ရှားကြောက်ကြောက်နဲ့ပဲ ကြည့်နေရရင်းက မည်းမည်းသဏ္ဌန်က လူပုံစံအရိပ်

ပြောင်းလဲလာတယ်။ နောက်ထပ်ဘာတွေဖြစ်မလဲလို့ တွေးကြောက်ရင်း ဆံပင်တွေ

ထောင် နားအုံနားရင်းတွေ ကား. .သောက်ထားတဲ့အမူးရော ဘ၀အမူးတွေပါဘယ်

ရောက်ကုန်မှန်းမသိ ဖြစ်နေတုန်းမှာပဲ...

"ကဲလာဗျာ ကျုပ်တို့ ပိာု ကြက်လျှာစွန်းလေးမှာပဲ သွားထိုင်ရအောင်

အဲ့ဒီနေရာကလမ်းဆုံဆိုတော့ လေကလေးကလဲဖြူးတယ်ဗျ"...

တစ္ဆေ အဲ့လို ဖော်ဖော်ရွေရွေပြောတော့ သူလဲနဲနဲစိတ်သက်သာရာရပြီး အသာသတိ

ထားခါ လိုက်လျှောက်သွားတယ် ။ ကြက်လျှာစွန်းရောက်တော့ တစ္ဆေကအရင်ထိုင်ပြီး

"လာ ထိုင်ဗျာ." .. ထင်ရှား မ၀ံ့မရဲနဲ့ ၀င်ထိုင်တော့ တစ္ဆေကဆက်ပြောတယ်။

"ကျုပ်နာမည် ပေတိုးပါ ခင်ဗျားနာမည်ကရော!!"

"ကျုပ်..ကျုပ်လား..ထင်..ထင်ရှားလို့ခေါ်ပါတယ်"

"ပော့လူ ခင်ဗျားကြောက်နေတုန်းပဲလား"

"ပာာ..ဗျာ ကြောက်တာပေါ့"

"ပြသနာပဲ ခင်ဗျားတို့လူတွေ တကယ်ကြောက်ရမှာမကြောက်ပဲ ။ မကြောက်သင့်တဲ့

ပာကျတော့ ကြောက်ကြတာ အဲ့ဒါကြောင့်ခက်နေတာ။ ဒီမှာ..တစ္ဆေဆိုတာလူကဖြစ်

လာတာ ရှင်းလား.."

   "ပာုတ်..ရှင်း..ရှင်းတယ်.."

"ရှင်းရင်မကြောက်နဲ့တော့ ကျုပ်လဲဘာမှမလုပ်ဘူး လုပ်လဲမလုပ်တတ်ဘူး။ ခင်ဗျားကို

ကားဝင်တိုက်မှာစိုးလို့ဝင်ဆွဲတာတောင်ဆွဲမရဘူး ။ ခုမြင်နေရတဲ့ အရိပ်မည်းမည်းဆို

တာလဲ သဏ္ဌာန်တစ်ခုပဲ။ ဒီလိုပြနိုင်တာတောင် တစ္ဆေအသက်အနှစ်အစိတ်ကျော်လာ

မှလုပ်နိုင်လာတာ။ အဲ့ဒါလဲ ၀က်ဆိုဒ်တစ်ခုမှာတွေ့လို့လေ့ကျင့်ရင်းဖြစ်လာတာ ခုခင်

ဗျားကြားအောင်ပြောနိုင်တာလဲ အမေရိကန်နိုင်ငံက တစ္ဆေကြီးများအသင်းက ကမ္ဘာ

လုံးဆိုင်ရာ တစ္ဆေများအတွက်ဆိုပြီး တင်ပေးလိုက်လို့ ကျုပ်လည်း အင်တာနက်ပေါ်

ဒေါင်းလုပ် လုပ်ယူပြီးလေ့ကျင့်ရင်းဖြစ်လာတာ။

ထင်ရှားစိတ်ထဲ ပြုံးချင်လာတဲ့အတွက်ကြောင့် ကြောက်ချင်တာတွေအတော်ပျောက်

သွားတယ်။ဒီတစ္ဆေကောင်က ခင်စရာတော့အကောင်းသားလို့တွေး ဖြစ်ပြီး...

"အေးဗျာ..ကျွန်တော်ကအဲ့လိုမှန်းမသိလို့ပါ ။ကျွန်တော်လဲသာမန်အားဖြင့်တော့ အား

လုံးကို ခင်တတ်ပါတယ်"

"ဒါပေါ့လေ ဘ၀အရောင်ခွဲခြားဆက်ဆံတဲ့အလေ့က ဒီခေတ်ထဲမှာ မရှိသင့်တော့ပါဘူး

ဒါနဲ့..ခင်ဗျားက ဘာလို့သေချင်ရတာလဲ!! "

"ပာာဗျာ. .ကျွန်တော်ဒီဘ၀ကြီးကို စိတ်ကုန်နေပြီ"

"ပာင်..မဖြစ်နိုင်တာဗျာ ခုနေခါလူဖြစ်ရတာဘယ်လောက်ကကောင်းတယ်မှတ်သလဲ

နေရာချင်းတောင်လဲလိုက်ချင်တယ်"   ... "အပာတ်..အပာတ်..ပာတ်။စိတ်ကူးမယဉ်

ချင်စမ်းပါနဲ့ ကိုပေတိုးရာ ကျုပ်ကတောင်ခင်ဗျားဘ၀အားကျနေတာ"

"အဲ!" ဆိုတော့က ပေတိုးစဉ်းစားတယ် ပာန်ကျပြီနဲ့တူတယ်လို့ တွေးလိုက်တယ်။ပြီးမှ

"ကိုထင်ရှားနဲ့ ကျုပ်နဲ့ ဒီလိုလုပ်ကြမလား"

"အင်း..ပြော...."

"ကျုပ်တို့ဘ၀ခြင်း ခဏလဲကြမလား ။ခင်ဗျားနေရာမှာ ကျုပ်နေမယ် ကျုပ်နေရာမှာခင်

ဗျားနေလေ ။အဆင်မပြေဒီနေရာမှာလာချိန်းကြတာပေါ့ ။ ဘယ်နှယ့်လဲ!"

ဒီတစ်ခါ ထင်ရှားစဉ်းစားသွားသည် ဒါသူခဏလိုချင်တဲ့အခြေနေလဲဖြစ်တယ်လေ။

"ဒါပေမယ့် ဘယ်လိုချိန်းမှာလဲ ဗျ။ မဖြစ်နိုင်တာ"

"အာ..ပာတ်..ပာတ်..နည်းပညာခေတ်ပါဗျာ လွယ်ပါတယ်။ ခင်ဗျားနဲနဲတော့ အနာခံ

လိုက် ပိာုးကတိုင်နဲ့ခေါင်းပြေးဆောင့်လိုက်ဗျာ ကျန်တာကျုပ် ကြည့်လုပ်မယ်"

"အာ..ဒါ.....ဒါတော့"

"!အဲ့ဒီအချိန် မှာပဲ ကားနှစ်စီးအပြိုင်မောင်းလာပြီး မီးပွိုင့်အရောက်မှာ တစ်စီးကအရှိန်

မထိန်းနိုင်ပဲသူတို့ဆီ ပြေးဝင်လာပါတော့တယ်"

"ပာာ..ရှောင်..ရှောင်"

ထင်ရှား ထရှောင်လိုက်တာ ကားနဲ့လွတ်သွားပေမယ့် ခြေချော်ပီး ပလက်ဖောင်း

စောင်းနဲ့ဆောင့်ကာ မေ့သွားတယ်။

အခန်း(၄)

"3ာား!...ကျွတ်..ကျွတ် နဖူးကွဲသွားတယ်ဗျ အရက်ကလဲဘယ်လောက်တောင်သောက်

ထားလဲမသိဘူး နံလိုက်တာ"

သူ့ခန္ဓာကိုယ်ကြီး ငုတ်တုတ်ထိုင်ပြီး တညည်းတွားတွားပြောနေတာကို ပထမတော့

ကြောင်ပြီး ကြည့်နေသေးတယ် ။နောက်မှသတိရပြီး ထခုန်တော့တယ် ဒါပေမယ့်သူ

ထခုန်တာသူ့ခန္ဓာကိုယ်က ငုတ်တုတ်။

"ဘုရားရေ...ငါ တစ္ဆေဖြစ်သွားပြီလား"!

အဲ့ဒီအချိန်မှာပဲ သူ့ခန္ဓာကိုယ်က ဒယီးဒယိုင်ထလာပြီး "ဗျို့ ကိုထင်ရှား..ခင်ဗျားဘယ်

မှာလဲ.." 

"ကျုပ်..ဒီမှာ"

"ပော့..လူဘယ်မှာလဲလို့မေးနေတယ်"

"ပာာ..ဒီမှာလေ မမြင်ဖူးလား!"

ဒါပေမယ့်မြင်ပုံမရသလို ကြားပာန်လဲမတူပါဘူး။ သူပြောနေတာတွေ ဂရုစိုက်ပုံမရပဲ

အ၀တ်စားတွေပိာုဆွဲပြင်ဒီဆွဲ ပြင်နဲ့ ။

"ကဲ. ကိုထင်ရှား ခင်ဗျားခုမှခတစ္ဆေဖြစ်ခါစဆိုတော့ ကျုပ်တစ္ဆေရင့်မာကြီးလုပ်သလို

လုပ်နိုင်ပြောနိုင်မှာမပာုတ်ဘူး ကျုပ်လဲခင်ဗျားဘယ်မှာရှိတယ်ဆိုတာ မမြင်ရဘူး။ အဲ့

ဒီတော့ မြင်တဲ့ကြားတဲ့နေရာကနေနားထောင်ဗျာ။ ဒီနေရာပာာ ကျုပ်တို့ရဲ့ ဆုံမှတ်ပဲ

ဘ၀ချင်းပြန်လဲချင်ဒီနေရာကပဲစောင့်ပာုတ်ပြီလား.."။

"ပာာ..ပာာ..ပော့လူ..ပော့လူ ကျုပ်ပာန်းဖုန်းတွေ ပိုက်ဆံအိတ်တွေပျောက်လို့မဖြစ်ဘူး

ဗျ။ ပော့လူ..ပော့လူ..

"ဝေါ..ကျွီ..ရီရီ"

သူ့ဘေးနား ကားလှလှလေးတစ်စီးထိုးရပ်ပြီး လျှောခနဲ ပွင့်ကျလာသောတံခါးပေါက်မှ

မိန်းမလှလေးရဲ့ ခပ်တင်းတင်းမျက်နှာကိုဘွားခနဲတွေ့လိုက်ရလို့ ပေတိုးရင် ဒိတ်ခနဲ...

ရှင်ဘယ်လို လုပ်လိုက်တာလဲ ကိုထင်ရှား ခုရှင့်ပြသနာတွေ ကျွန်မဆီအကုန်လာ

ဆောင့်နေပြီ"

"ဗျာ..အာ..ကျုပ်ထင်ရှားမပာုတ်ဘူးလေ ။ပေတိုး အိုင်အမ် တိုး မစ္စတာတိုး ပာားး....

"အစ်ကိုသူရူးသွားပြီလားမသိဘူး"

"ရူးလဲမတတ်နိုင်ဘူး ညီမလေး"

အဲ့ဒီနောက် ကားထဲမှ ဗလကြီးတစ်ယောက်ထွက်လာပြီး သူ့ကိုဖမ်းချုပ်ခါ ကားထဲထိုး

ထည့်လိုက်သည်။

"အာ..ပာ..ပာ ပိာတ်လူ"

"မင်းပါးစပ်ပိတ်ထားနော်..ညီမလေးမောင်း.."

ကားမောင်းထွက်သွားပြီးမှ မိန်းကလေးက "အခုသူ့ကိုဘယ်လိုလုပ်ကြမလဲ"

"လွယ်ပါတယ်ကွာ သူ့အိမ်မှာကြိုးနဲ့တုပ်ပြီးထားလိုက် ပြီးရင်ပြသနာလာရှာနေတဲ့

ကောင်တွေကို ဖုန်းဆက်ပြီး အဲ့မှာရှင်တို့လိုချင်နေတဲ့သူလို့ပြောလိုက်ပြီးနေတာကို"

"အင်း....နော်.."

ဘာလဲပာ...ဘာတွေပြောနေကြတာလဲ..!

"တော်ပါတော့ ကိုထင်ရှားရယ် ။ရှင်အရူးကွက်နင်းလည်းအပိုပါပဲ ကျွန်မနဲ့ရှင်က ဘယ်

လိုပဲကွာရှင်းတယ်ပြောပြော ရှင်တာဝန်ယူထားတဲ့ငွေကြေးပြသနာတွေက ရှောင်ထွက်

နေနေ ကျွန်မကိုလာရှာတယ် အဲ့ဒီတော့. .ကိုယ့်တာဝန်ကိုယ်ယူဒါပဲ.."

"ပော့..မင်းနဲ့ငါကလင်မယားလား"

"အခု..ကွာရှင်းပြီးပြီ"

"နှမြောစရာကွာ."

"ဘာကွ..ကဲ"

"ဂုတ်...အင့်"

-------------------။-----------------

"ပော့ကောင်..ရပ်လိုက်"

အနောက်ကအသံနက်ကြီးလှမ်းအော်လို့ ရပ်ပြီး လှည့်ကြည့်လိုက်တော့ အား......!

ထင်ရှား. .လန့်အော်ပြီး တစ်ချိုးတည်း ခြေကုန်သုတ်ပြေးတော့ နောက်ကလိုက်ကြ

တယ်လေ ။ "အဲ့ဒီကောင်ကိုမလွတ်စေနဲ့..ငါ့အပိုင်ထဲလာပြီး အကြောင်းမကြားဘာ

မကြား မိလို့က တင်းပုတ်နဲ့အသေထုပစ်စမ်း"

"ဘုရားကယ်ပါ ..ဘီလူးတွေလား သဘက်တွေလားမသိဘူး ကြောက်စရာကြီးတွေ

ဘုရား..ဘုရား.."

ထင်ရှား ကြောက်ကြောက်နဲ့ ရှိသမျှအားကို အမှုန်မကျန်အောင် အားကုန်ညှစ်ပြေး

လွှားပေမယ့် မလွတ်ပါဘူး။ ဆင်လောက်ရှိတဲ့ ခွေးနက်ကြီးတွေဝိုင်းလိုက်ပြီး ကိုက်ချီ

သွားကြတယ်။

"အား...ကယ်ကြပါ..ကယ်ကြပါ..အား"

"ဘုံး"

"အင့်"

ဒါဘီလူးပဲဖြစ်ရမယ်လို့ သူတွေးမိရုံအပြင် တစ်ခြား မှတ်ချက်ပေးစရာမရှိလောက်

အောင် အကျည်းတန်တဲ့ သတ္တ၀ါကောင်ကြီးရှေ့မှာ ခွေးနက်ကြီးက ပစ်ချပေးလိုက်

တယ်။

"ပော့ကောင် ပြောစမ်းမင်း ဘယ်သူလဲ"

"ကျွန်တော်နာမည် ထင်ရှားပါ ဘီလူးမင်းရယ် ကျွန်တော်ကိုချမ်းသာပေးပါ"

"ဘာမင်းလိုငပေတစ်ယောက်ကများ ။ ပော့ကောင်ငါဘီလူးမပာုတ်ဘူး ကွင်းပိုင်ကွ

ကွင်းပိုင်"အခုဒီမှာကွင်းတွေ မရှိတော့ပဲမြို့ဆိုတော့ မြို့ပိုင်ပေါ့ကွာ ။မင်းငါ့နယ်ထဲဝင်

လာတာ ဘယ်သူ့အကြောင်းကြားလဲ!"

"ဗျာ...အကြောင်းကြားရသေးလား! ...."

"ကြည့်စမ်းဒီကောင် ရာရာစစ ပော့ကောင်တွေလာစမ်း"

မြို့ပိုင်ခေါ်လို့

ကြောက်စရာကောင်းတဲ့တစ္ဆေတစ်ကောင်ရောက်လာပြီးရိုက်နှက်ကန်ကြောက်လိုက်

တာတစ်ကိုယ်လုံးရစရာမရှိတော့မှ ပြန်လွှတ်ပေးလိုက်တယ်။

ဇာတ်သိမ်း
~~~~~~~~~~

Oာစ်ညဆိုတဲ့ တစ္ဆေဘ၀လေးကို တစ်သက်လောက်ကြာအောင် လှိမ့်ပိမ့်ခံလိုက်ရပြီး

ကတည်းက ထင်ရှား သူ့ဘ၀ကို အရမ်းနှမြောသွားပြီး လှည်းတန်းလမ်းဆုံက ကြက်

လျှာစွန်းလေးဆီ ဒယီဒယိုင်နဲ့ရောက်သွားတယ်။ ဘာပဲပြောပြောကိုယ့်ဘ၀နဲ့ကိုယ်

ရှောင်နိုင်ရင် လွတ်သေးတယ် ။တောင်းပန်ရင်လည်းရသေးတယ်။ကြိုးစားအုံးမယ်

ဆိုလဲအခွင့်ရေးရှိသေးတယ်။

"ဒီ သောက် တစ္ဆေကောင်တွေ အရမ်းမိုက်ရိုင်းတယ် ကြီးနိုင်ငယ်ညှင်း ဖိနှိပ်ရက်စက်

ကြတယ် တောက်..! "အား..ကျွတ်..ကျွတ်..ကျွတ်"

အသက်ရူတိုင်း နေရာမလတ် နာကျင်လွန်းလို့ ကြက်လျှာစွန်းမှာ ငုတ်တုတ်ထိုင်ရင်း

ကိုပေတိုးကို မျှော်နေမိတယ်။

လာပါတော့....ပြန်လာပါတော့

ထင်ရှားမနက်ခင်းတည်းကထိုင်မျှော်ရင်း မေ့လဲသွားပြီး အိပ်ပျော်ရင်းပြန်နိုးတော့ထ

ကြည့်ရင်း ညနေအိုချိန်ကိုရောက်လာတယ်။ လှည်းတန်းလမ်းဆုံရဲ့ကျက်ပျံမကျစည်

ကားမှုတွေကို ငေးမောရင်း မီးပွိုင့် မီးစိမ်းပြတုန်း ဖြတ်ကူးပြေးတဲ့လူတစ်ယောက်ကို

ဝင်ဆောင့်ပစ်လိုက်ပါလေရော.။

"ဒုန်း"

"အား..မငီး"

အဆောင့်ခံလိုက်ရလို့ အရှိန်နဲ့ဒလိမ့်ကောက်ကွေးရောက်လာတဲ့ သူကို ငုံကြည့်လိုက်

တော့ ..သူ့ခန္ဓာကိုယ်ကြီး.."ပာင် ကိုပေတိုး..အဲ..အဲ..ငါ..ငါ..ပာာမပာုတ်သေးပါဘူး။

  အဲ့ဒီအချိန်မှာသူ့ ခန္ဓာကိုယ်ကနေ ကိုပေတိုးထထွက်လာတယ် "ပာာ..ပော့လူ ခင်

ဗျား လာစောင့်နေတာလား!"

"အာ..မနက်တည်းကလာစောင့်နေတာ တော်ပါပြီ ကိုပေတိုးရယ် ကျုပ်ဘာသာလူ့ဘဝ

မှာပဲနေပါရစေတော့"

Ok..Ok..ကျုပ်လဲ တစ္ဆေဘ၀ပဲ နေပါရစေတော့ သောက်ကျိုးနဲ့ လူ့ဘ၀ကိုကြောက်

လွန်ုလို့" 

"ဒါဆိုကျုပ်ကိုယ်ထဲ ကျုပ်ပြန်ဝင်တော့မယ်"

"၀င် .မြန်မြန်ဝင် ။ ပာူးး အပြေးကောင်းလို့ ပေတိုးဘ၀လေးပေတိုးပြန်ရတာ။ ပာာ..

တော်..တော်..လူ့ဘ၀တယ်ကြောက်စရာကောင်းပါလား။"

အဲ့ဒီနောက် ထင်ရှား သူ့ခန္ဓာကိုယ်ထဲပြန်ဝင်ပြီး ညည်းညူညူထထိုင်လိုက်တယ်။တစ်

ကိုယ်လုံးမလှုပ်နိုင်အောင်နာနေပေ့မယ့် ထရပ်လိုက်တယ်။

"ကိုယ့်ဘ၀နဲ့ကိုယ် အရှိကိုယ်အရှိတိုင်း နေသွားတာပဲကောင်းပါတယ် ကိုပေတိုးရေ.."

တာ့တာ ဗျို့...အား...ကျွတ်..ကျွတ်..သူထော့ကျိုး ထော့နင်းနဲ့ ညည်းတွားသံလေးပေး

ပြီး လျှောက်ထွက်လာလို့ ၀ိုင်းအုံကြည့်နေကြတဲ့လူတွေနားမလည်နိုင်သလို ဖြစ်ကုန်

ကာ လမ်းဖယ်ပေးကြတယ်။

သူလဲ ကျန်တာဘာမှမစဉ်းစားနေပဲ ဖွင့်ပေးတဲ့လမ်းအတိုင်း တလှုပ်လှုပ်လျှောက်

လာတယ်။ တစ်ကိုယ်လုံးနာနေတယ်။ ကွဲတာပြဲတာရော သွေးထွက်တာရောစုံစေ့ပြတ်

နေတဲ့ခန္ဓာကိုယ်ကို ပြန်ငုံကြည့်ပြီး ကျေနပ်သွားတယ်။

"ငါ့ခန္ဓာကိုယ်နဲ့ ငါ့ဘ၀ကိုပြန်ရတာ ဘုရားမတာပဲ"

-----------------------ပြီးပါပြီ-------------------------


Post a Comment