©©   မ မေ့ ရက် နိုင် ပါ ဘူး  ©©
  အမှတ်စဉ် ၁၄    ကလောင်အမည်            မိမျိုးချ စ် (ခ)မုဒိတာ     
                    ကိုယ်တိုင်ရေးသားပါသည်
     အော် သီတင်းကျွတ် တော့ မှာ ပါ လား
     မျိုး မ မေ့ ရက် နိုင် တဲ့ မနှစ်က သီတင်းကျွတ် အခါရက်လေး
ကို ပြေး သတိ ရ မိ ပါ သည် ။
    " သမီးရေ ဘိုးဘိုးဘွားဘွားတို့ ကို ကန်တော့ဘို့ ဘာဝယ်ကြ
မလဲ ဟင်  "
      "  အော် ဟုတ်တယ်နော် သမီးလစာ လေးတွေ စုထားတာ
ရှိ တယ် ဘိုးဘိုးဘွားဘွား ဖေဖေမေမေ တို့ ကို ပုဆိုး လုံချည်
အကျီ  င်္လေးတွေဝယ် ကန်တော့မလို့ လေ မေမေ "
   "  ခြောက်ယောက်စာကြီးများတောင်ဆိုတော့ သမီးပိုက်ဆံ
     လောက်ပ့ မလား ကွယ် ဘိုးဘိုးဘွားဘွားတို့ အတွက်ဝယ်
  ရင်  မေမေ စုထားတဲ့ငွေလေးပါထည့်ဝယ်လိုက်သမီး "
    အောင်မယ်ဒီ သားအမိ တယ်ဟုတ်နေပါလား သာဓု ပါဗျာ 
သာဓု ပါ 
  " ဦး ကိုမောင်မောင် ရှင် လဲ ကုသိုလ်လုပ်ဖို့ စုထားတဲ့ငွေရှိရင်
ထည့်အုံး လေ"
    "ဟ ဒီမိန်းမကတော့ ငါလခရတိုင်း မင်းကိုအကုန်အပ်တယ်
လေ  "
      "   မေမေရယ် သမီးတို့ လှူ  တော့ သမီးတို့ ကုသိုလ် ရတာ
ပေါ့ ဖေဖေဘဲ ကုသိုလ်မရမှာ အဟီ "
      တယ်ဒီကောင်မလေး ငါကို သားအဖ အချင်းချင်း ကပ်ချွတ်
နေတယ်ပေါ့ သမီးမေမေဆီကပိုက်ဆံက ဖေဖေပိုက်ဆံဘဲ 
ကုသိုလ်ရင်အတူတူပေါ့ "
    " မရပါဘူးနော် ကိုယ်စုထားတဲ့ငွေနဲ့ လှူ တာ ကိုယ်တစ်
ယောက်ဘဲ ကုသိုလ်ယူမယ်နော် သမီး "
      " ဒီသားအမိအတိုင်အပေါက်ညီနေတယ်ပေါ့ ရော့ ရော့ 
   ငါဟို တစ်နေ့က အပို ချိန် ဆင်းထားလို့ ရတဲ့ ပိုက်ဆံလေး"
    " ဟားဟားဟား တို့ ဖေဖေ တော့ တို့ သားအမိ ထွင်ထားတဲ့
 အကွက်ထဲ တည့်တည့် ဝင်သွားတယ်နော် မေမေ "
      " သမီးတို့ ကဖေဖေမှာပိုက်ဆံရှိမှန်းသိလို့ တမင်စနေကြတာ
ပါ ဖေဖေရဲ့ ဖေဖေပိုက်ဆံပြန်ယူထား သမီးပိုက်ဆံနဲ့ တင်လောက်
     " ဟားဟားဟား ဖေဖေ ကလဲ သမီးတို့ ကိုစချင်လို့ စနေတာ
 ဖေဖေက အစထဲက ဒီပိုက်ဆံနဲ့ ဘိုးဘိုးဘွားဘွားတို့ အတွက်
တစ်ခုခုဝယ်ရအောင် သမီးမေမေကိုပေးမလို့ ပါ "
  " ယူလိုက် ပါ ငွေများတော့ အကောင်းစားလေးတွေဝယ်ရတာ
ပေါ့ သမီးရယ် ဖေဖေက ပုဆိုးအကောင်းစားမှ ကြိုက်တာပေါ့
ဖေဖေအတွက် ဈေးကြီးတာဝယ်ပေး ဟားဟားဟား"
  ဒီလိုနဲ့ သီတင်းကျွတ်ပွဲတော်ရောက်တော့ အိမ်ခွဲနေကြတဲ့ကိုကို
မမတို့  မိသားစုများကလဲ ဖေဖေနဲ့မေမေကို ပစ္စည်းအစုံနှင့်လာ
ကန်တော့ကြသည် မျိုးတို့ သားအဖ ၃ယောက် လဲ ဘိုးဘိုး
ဘွားဘွားတို့ ကို တပျော် တပါးကြီးကန်တော့ပြီးကုသိုလ်ယူကြ
ပါသည် ။
    မျိုးလဲ ဖေဖေမေမေတို့ ကိုကန်တော့ဖို့ ပစ္စည်းများသေချာ
ပြင်ဆင်ပြီးထိခြင်းကြီး၅ပါးဖြင့် တရို တသေ တလေးတစား
ထိုင်ကန်တော့ပါသည် ဖေဖေမေမေတို့ ၏အပြုံးမျက်နှာက မျိုး
အတွက် မေ့ မရနိုင်ပါ မျိုးကို ဆုတွေ တဝကြီးပေးနေသောဖေဖေ
မေမေ စကားသံတွေက မျိုးဘဝအတွက်အားဆေးတွေပါ ။
" ဆရာမ ဆရာမ "
    ဟယ် ဘယ် သူ တွေ လဲ ဆို ပြီး ထွက်ကြည့်တော့ မျိုးတပည့်
လေးတွေ လေးငါးဆယ်ယောက် ပါ ။
" အော် သမီးတို့ သားတို့ ပါလား "
      " ဟုတ်တယ် ဆရာမ သားတို့ ဆရာမ ကို လာကန်တော့တာ
ပါ "
    " အို ကွယ် လက်အုပ်ချီ ကန်တော့ လဲ ရပါတယ် ကလေးတို့ 
 ရယ် မင်းတို့ မုန့် ဖိုး တွေကုန်တော့မှာဘဲ  "
      " ဘယ်ဟုတ်မလဲဆရာမ က သားတို့ အားလုံးကို စေတနာ
နှင့် သွန်သင် ဆုံးမ အသိဥာဏ် ပညာတွေ ပေးခဲ့ တာဒီပစ္စည်း
တွေထက် အဆပေါင်းများစွာ တန်ဖိုးရှိပါတယ် ဆရာမ "
  " ဟုတ်ပါတယ်ဆရာမ သမီးတို့ အပေါ်မှာ ဆရာမကျေးဇူးတွေ
ကြီးမားလှ ပါတယ် အခုဆို သမီးတို့ တတွေ လိမ်မာရေးခြားရှိတဲ့ 
ကလေးတွေ ဖြစ်နေပြီ လေ "
      " သာဓု ကွယ် သာဓု သာဓု"
 " သမီးလေး သမီးတပည့်တွေကို သမီးကိုကိုမမတွေလှူ  သွား
မုန့်တွေ ချ ကျွေးလိုက်ပါအုံး "
    " ဟုတ်ကဲ့ မေမေ  ကဲကဲ စားကြ စားကြနော် အားမနာတမ်း
စားနော်သိလား "
    " ဝါး  စားကြော ဘဲ "
 "  မင်းတို့ ကောင်တွေ ကန်တော့ တာနည်းနည်း ပြန်စားတာ
     " စား ကြ စားကြ သားတို့ သမီးတို့  "   မေမေ အပင်မှာ
     သင်္ဘောသီးမှည့်တွေရှိသေးလား "
" ရှိ တယ်လေသမီးရဲ့  "
" အတော်ဘဲ ကလေးတွေ ခူးကျွေး အုံးမယ်"
"ဆရာမ သမီးတို့ ခူးကူမယ်လေ "
" အေး အေး လာ သွားခူးကြ ရအောင် "
" ဟယ် မာလကာသီးတွေ သြဇာသီးတွေရော ပါလား "
    " ဟုတ်တယ် သားတို့ သမီးတို့ စား ချင်ရင် ခူးကြ ခူးကြ "
  " ဟာဟာ ပွ တာဘဲ  သမီးတို့ က အကြိုက် ပဲ ဆရာ မ '
" အေး အေး အိမ်အတွက်ပါ ခူးသွားကြ သားတို့ သမီးတို့ "
" ကျေးဇူးဘဲနော် ဆရာမ "
     တပည့်လေးတွေ ပျော်နေတာ မြင်တော့ မျိုးပါပျော်ရွှင်ပီတိ
ဖြစ်မိနေပါသည် ။
      ကလေးတွေ ကသေချာ စုပေါင်းပြီး သြကာသကန်တော့ချိုး
နှင့် ရိုသေစွာ ကန်တော့ကြပါသည် သူတို့ လေးတွေ ကျောင်းမှာ
မနက်တိုင်း သြကာသနဲ့  အနန္တော အနန္တ ၅ပါးကို ကန်တော့နေကြ
လေ  ။
    သူတို့ ပြန်သွားတော့ ကန်တော့ပစ္စည်းလေး ယူကြည့်မိရာ
ပါတိတ်ဝမ်းဆက် လှ လှ လေးတစ်စုံ ငွေက နှစ်သောင်း 
   မျိုးကလေးတွေ သိတတ်မူ အတွက် အသိအမှတ်ပြု အမှတ်တ
ရ ပီတိမျက်ရည် များ တောင်ကျ မိပါသည် ။
   " သမီးလေး ပြု ခဲ့ တဲ့  ကုသိုလ်က ချက်ချင်း အကျိုးပေးတာပဲ
     ဖေဖေမေမေတို့ တတွေကို အဝတ် အစားတွေ လှူ  လို့ လေ "
   " ဟုတ်တယ်နော် မေမေ  ကလေးတွေ ဘဝ ထာဝရ တိုးတက်
   ကြီးပွားကြပါစေ " လို့  ဆုတောင်းများထပ်ပေးကာ မျိုးရင်ထဲ
က ဒီ သီတင်းကျွတ်အခါ ရက် ကလေးကို ဘယ်တော့မှ မေ့မရနိုင်
တော့ပါ  ။
မိမျိုးချစ် ( ခ ) မုဒိတာ ရွှေမန်း
တင်ဆက်သူ-မိုးညဖြူ 
Post a Comment