"မမေ့ရက်နိုင်ပါဘူး"
********************
အမှတ်စဉ် ( ၄ ) ရေးသူ
မေအလင်းရောင်
ဟိုးးအဝေးကတိမ်တစ်အုပ် ခပ်သုတ်သုတ်ပြေးသွားတာကိုကြည့်ရင်း
သူမအတွေးနယ်ချဲ့ နေမိသည်။ ။
သူမဘဝကအပျော်ရွှင်ရဆုံးဆိုတဲ့အချိန်တွေပျောက်ဆုံးနေခဲ့တာ
မွေးရာပါဒဏ်ခတ်မှုတစ်ခုပေလားပင်မသိ.....
မျှော်လင့်ချက်မဲ့ အနာဂတ်မဲ့ လက်ရှိပစ္စပ္ပါန်အချိန်ကိုတောင်ဝေဝါးစွာနေခဲ့ရသူ....
ဘာကိုအပြစ်တင်ရမှန်းမသိပဲနဲ့ အပြုံးမဲ့စွာနေထိုင်လာတဲ့သူမဘဝထဲကို
ချွတ်နင်းစွာဝင်ရောက်လာသူကတော့......
သူ့ နာမည်က
"ချမ်းမြေ့ပျော်ရွှင်"
သူမနဲ့ ဆုံတွေ့ ခဲ့တာကတော့ ညနေတိုင်းအင်းယားကန်မှာတစ်ယောက်ထဲသွားထိုင်တတ်တဲ့သူမရဲ့ အကျင့်ကြောင့်ပါပဲ။ ။
ရိုးရိုးတွေ့ ဆုံမှုတစ်ခဏကနေရင်းနှီးစွာပတ်သက်မိသွားခဲ့ပါတယ်......
သို့ သော်...
အမှတ်တရတွေများစွာ..
"ယံကလဲကွာ..ကြာလိုက်တာ! ကိုယ်စောင့်နေတာကြာလှပြီ" ! သူမနာမည်က
"မြေလွှာယံ" သူက ချစ်စနိုးနဲ့  ယံ လို့  တစ်လုံးထဲခေါ် ပါတယ်..
"ယံလဲရောက်နေတာကြာလှပြီ..ကိုကိုဘယ်လောက်စိတ်ရှည်လဲသိချင်လို့  ဟိုအပင်လေးကနေတမင်ထိုင်စောင့်ကြည့်နေတာ"..."ကဲပါ လာ အချိန်မရှိဘူးသွားမယ်" ဟုဆိုကာသူမလက်ကိုအတင်းဆွဲခေါ်သွားလေသည်။ ။
ကြောင်တောင်တောင်နဲ့ ကားပေါ်တက်လိုက်လာရပေမယ့်ဘယ်ကိုသွားနေမှန်းမသိ "ဘယ်ကိုသွားမှာလဲဟင်"
"လိုက်မှာလိုက်ခဲ့စမ်းပါ .ဟိုရောက်တော့သိမှာပေါ့...သူ့ ကိုက်စားမှာကျနေတာပဲ" သူကကားကိုသေချာမောင်းနေရင်းပြောလေသည်...
"ဟာ...ကိုကိုကလဲ"
"ဘာလဲရှက်သွားတာလား..ပြစမ်းရှက်တဲ့ရုပ်ကြည့်ချင်လို့ "
သူမခေါင်းငုံ့ ထားတာကို
လက်တစ်ဖက်နှင့်ဆွဲလှည့်လေသည်။
"ဘယ်ဆိုးလို့ လဲ..ယံကရှက်တတ်သားပဲ"
ဟု စနောက်၏။
"ကဲ..ဆင်းတော့"
သူပြောတိုင်းလိုက်လုပ်နေရပေမယ့်ဘယ်နေရာမှန်းသူမ မသိ။
ဆောက်လက်စတိုက်မြင့်မြင့်ကြီးတစ်လုံးရဲ့ ရှေ့ 
တည့်တည့်သို့ ...
"ဒါဘယ်နေရာလဲ"
သူမအမေးကိုသူကမဖြေပဲကားထဲကပစ္စည်းတစ်ချို့ ကိုသာထုတ်နေသည်။
"လာ..အပေါ်ကိုသွားရအောင်"
သူဆွဲခေါ်ရာသို့ သာ ဘုမသိဘမသိလိုက်လာရတာ! ညဘက်ဆိုတော့တိုက်ကြီးပေါ်တက်လာရတာစိတ်ခြောက်ချားစရာ!
တော်တော်တက်လာခဲ့ပြီးနောက် အပေါ်သို့ ရောက်ချိန် သူမမောနေလေပြီ။
"မောနေပြီလား..! ဒါဆိုဒီနားလာကြည့်..
အမောပြေသွားလိမ့်မယ်" သူပြောသလိုသူမ သူ့ အနားသွားရပ်ကြည့်လိုက်ချိန်...
အို...ဟုတ်သားပဲ..ရှု ခင်းတွေကိုအပေါ်စီးကနေအကုန်မြင်နေရတာကြည်နူးစရာ...လေကလေးတဖြူးဖြူးနဲ့ နေလို့ ကောင်းလိုက်တာ
သူမသဘောကျစွာပြုံးမိသွားသည်။ ။
"ဒီနေ့ ဘာနေ့ လဲ"
"ထမင်းစားတဲ့နေ့ ပေါ့ "
သူမအဖြေကြောင့်သူမျက်မှောင်ကျုံ့သွားသည်။
"ဒီနေ့ ကထမင်းစားတဲ့နေ့ ဆိုတော့အရင်နေ့ တွေကထမင်းမစားဘူးလား" "ဟင့်အင်း မစားဘူးးးဒီလိုပဲတွေ့ ရာတခုခုစားလိုက်တာ"
သူမနောက်နေတာမဟုတ်မှန်းသူသိသွားသည်။
"ထမင်းစားမှအာဟာရဖြစ်မှာပေါ့!နောက်ဆိုထမင်းစားနော်..ကြားလား"
သူမခေါင်းညိတ်ပြလိုက်သည်။
"ပြောမယ့်စကားတောင်ဘယ်ရောက်သွားမှန်းမသိဘူး" သူခေါင်းကုတ်ကာစဉ်းစားနေတော့
"ဒီနေ့ ဘာနေ့ လဲမေးနေတာ" "သြော်..ဟုတ်တယ်..တော်ပြီမင်းကိုမမေးတော့ဘူး!ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ ..အာ့သိလား.."
သူမမျက်လုံးလေးပြူးသွားပြီး
"ဟာ..ဟုတ်သားပဲ..အာ့ကြောင့်ခုဏလမ်းမှာမီးထွန်းထားတာတွေ့ ခဲ့တာကို"
"အရူးမလေး"ဟုသူကမှတ်ချက်ပေးပြီး
"ဒီမှာကြည့်စမ်း"
သူမလှမ်းကြည့်လိုက်တော့သူခုဏသယ်လာတဲ့အိတ်ထဲမှမီးရှူးမီးပန်းနဲ့ မီးပန်းးဖယောင်းတိုင် မီးပုံးပျံ တွေကိုအိတ်ထဲမှာတွေ့ လိုက်ရသည်။ ။
"ဟယ်..မီပန်းတွေအများကြီးပါလား"သူမအံ့သြစွာကောက်ယူကြည့်မိလေသည်။
သူမတကယ်မေ့နေခြင်းရယ်ပါ။ဒီရက်တွေမှာလဲစိတ်နဲ့ လူကမကပ်တော့ဘာကိုမှသတိမထားမိ!အိမ်ထဲကအိမ်ပြင်ထွက်လေ့မရှိတဲ့သူမအတွက်ကတော့ ဘယ်နေ့ ထူးနေ့ မြတ်မှသူမဘဝမှာမရှိခဲ့ပါဘူးးးးသင်္ကြန်ဆိုတာလဲမသိသလို သီတင်းကျွတ်ဆိုတာလဲမရှိခဲ့ပါဘူးးးးကျောင်းမတက်တာတောင်ကြာခဲ့ပြီလေ!
သူကမီးပုံးလေးတွေကိုမီးထွန်းဖယောင်းတိုင်လေးတွေကိုစီမီးညှိနဲ့ အလှဆင်ပြီးချိန်မှာတော့သူမလက်ထဲသို့ မီးရှူးပန်းလေးတစ်ခုကိုမီးညှိကာလာထည့်ပေးလေသည်။နောက်တစ်ခုကိုတော့သူကကိုင်ထားသည်။
သူမ ပျော်လွန်းလို့ ရင်ခုန်လိုက်ပါဘိ။
ဒီလိုပျော်ရွှင်မှုမျိုးတစ်ကြိမ်တစ်ခါမှမခံစားဖူးဘူးဆိုရင်ယုံနိုင်ကြပါ့မလား....သူမဘဝကအပျော်မရှိတဲ့ဘဝမို့ ပါ။ ။
"တော်တော်ပျော်နေလားကောင်မလေး"
သူမခေါင်းသွက်သွက်ညိတ်ပြလိုက်သည်။
ဒီနှစ်ကတော့သူမဘဝအတွက်အထူးခြားဆုံးအပျော်ရွှင်ရဆုံးပေါ့!ဘယ်သူမှမရှိတာကြောင့်တိတ်ဆိတ်ခြင်းနဲ့ အတူပိုလွတ်လပ်ခဲ့ရသည်။
သူမပျော်ရွှင်စွာပတ်ပြေးရင်းဆော့ကစားနေတာကိုသူထိုင်ကာပြုံးကြည့်နေလေသည်။သူ့ ရဲ့ ဂရုစိုက်မှုစေ့သပ်သေချာမှုတွေကတော့လေးစားလောက်စရာပင်! အခင်းကအစ..စားစရာတွေပါမကျန်အကုန်ပါလာ၏။ ။
"မောသွားပြီလား!ရော့..အအေးသောက်"
သူလှမ်းပေးသောအအေးဗူးကိုအားရပါးရသောက်ပစ်လိုက်ပြီး
"အရမ်းပျော်တာပဲ။ကိုကို့ ကိုကျေးဇူးတင်ပါတယ်..ယံဒီလိုတစ်ခါမှမပျော်ခဲ့ရဖူးဘူး"
သူမဝမ်းနည်းသွားတာကိုကြည့်ရင်းသူစိတ်မကောင်းဖြစ်သွားရသည်။
အရမ်းသနားစရာကောင်းတဲ့ကောင်မလေးပါပဲ!
သူ...သူမနှဖူးထက်ကျရောက်နေသောဆံစတစ်ချို့ ကိုသပ်တင်ပေးကာ
"နောင်နှစ်တွေကျရင်လဲကိုယ်လုပ်ပေးမှာပေါ့"
လာ..ဒီလိုပက်လက်လှန်ပြီးကြည့်ကြည့် ..လမင်းကြီးကိုလဲမြင်ရတယ်!ကောင်းကင်ကြီးနဲ့ ကြယ်လေးတွေကိုလဲမြင်ရတယ်"
သူပြောသလိုသူမလိုက်လုပ်သည်။သူမပြုံးနေတာလေးကချစ်စရာ
လရောင်အောက်မှာသူမကအပြစ်ကင်းစွာလှပနေတော့သူရင်ခုန်မိသည်။သူမပြောဖူးသလိုပေါ့ !နှလုံးခုန်မြန်သွားတယ်ဆိုပါတော့။ညရဲ့ အလှ သူမရဲ့ အလှကြားမှာ သူအသက်ရှူရပ်မလိုဖြစ်နေ၏။တကယ်ကို ...ဘာဆိုဘာမှမသိတော့ပဲသူမနဲ့ သူ ၂ယောက်ထဲဆိုတဲ့အသိပဲရှိနေတော့သည်။
သူမလဲငြိမ်နေ၏...သူမရင်ထဲမှာကောဘာတွေတွေးနေပါလိမ့်...သူသိချင်လိုက်တာ...
"ယံ..လပြည့်နေ့ ည
၁၂ နာရီတိတိမှာလမင်းကိုကြည့်ပြီးဆုတောင်းရင်ပြည့်တယ်တဲ့!အာ့ ..ယံ လုပ်ကြည့်ပါလား..."
သူမသူ့ ဘက်သို့ ခေါင်းငဲ့ကြည့်ပြီး
"ယံကဘာဆုတောင်းရမှာလဲ" "သြော်..ယံဖြစ်ချင်တာတစ်ခုခုပေါ့"
သူမစဉ်းစားသလိုငြိမ်သက်သွားသည်။
"ယံ,ဘာဆုမှမတောင်းဘူး!ဆုတောင်းတိုင်းသာပြည့်ရင်..ယံဆုပဲတောင်းနေတော့မှာပေါ့! ဖြစ်ချင်တာဖြစ်ခွင့်လုပ်ချင်တာလုပ်ခွင့်မရှိတဲ့ဘဝမှာ ယံ ကဘာဆုတောင်းနိုင်ဦးမှာလဲ"
သူတောင်ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်
"အခုချိန်မှာပေါ့..ယံ အဖြစ်ချင်ဆုံးကဘာလဲ"
သူမပြုံးလိုက်သည်!သူမတစ်ခါပြုံးလိုက်တိုင်းသူ
တစ်ခါရင်ခုန်သွားရသည်။
"အင်းးးးအခုချိန်မှာ ..ယံ ဖြစ်ချင်ဆုံးက..ကိုကိုနဲ့ အတူတူဒီတစ်ညလုံးလမင်းကြီးကိုကြည့် ...ဟောဒီမီးးရောင်စုံတွေကြားမှာနေသွားချင်တာပဲ" သူ့ ရင်ထဲလှိုက်ခနဲနွေးသွားရ.သည်။သူမကသူ့ ကိုလိုအပ်နေတယ်လို့ ပြောလိုက်ခြင်းပါလား!
အတူတူရင်ခုန်စီးဆင်းစွာပျော်ဝင်နေတဲ့ဒီသီတင်းကျွတ်လေးဟာကျွန်တော့ဘဝအတွက်ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ခဲ့လိမ့်မယ်ဆိုတာကျွန်တော်သိခဲ့ရင်သူမကိုအာ့ညကပြန်ပို့ ခဲ့လိမ့်မည်မဟုတ်ပါ။
တစ်ညလုံးအချိန်ကုန်မှန်းမသိစွာ မီးတွေထွန်း
မီးပုံးပျံလွှတ် ဗျောက်အိုးဖောက်နဲ့ 
ကြောက်လွန်းလို့ ချောင်သွားကပ်နေတဲ့သူမကိုကြည့်ပြီးရင်ခွင်ထဲမှာဖက်ထားချင်လိုက်တာလေ...အကြည့်ခံတဲ့မျက်နှာလေးနဲ့ ကြည်လင်ရှင်းသန့် နေတဲ့သူမက မချောပါဘူး ချစ်စရာကောင်းနေတော့တာပါ။ ။
မီးပန်းလေးတွေကိုင်ပြီးကလေးတစ်ယောက်လိုပြေးလွှားဆော့ကစားပျော်မြူးနေတဲ့ကောင်မလေးတစ်ယောက်ကကျွန်တော့ဘဝကိုတစ်ညထဲနဲ့ တိုက်စားသွားလေရောသလားးးး
အသံကုန်အကျယ်ကြီးအော်...မီးပုံးလေးတွေကိုလှုပ်ရမ်းကာဂါဝန်အဖြူလေးနဲ့ 
သူ့ ရဲ့ နတ်သမီးလေးဟာ
ဟိုးးးးးအဝေးကလှမ်းမြင်နေရတဲ့ရွှေတိဂုံဘုရားကိုလဲအာရုံစူးစိုက်စွာလက်အုပ်ချီရှိခိုးလိုက်ပါသေးရဲ့ .....
နှစ်ယောက်ထဲဖြတ်သန်းခဲ့တဲ့ဒီ..သီတင်းကျွတ်လပြည့်နေ့ လေးဟာဘယ်အရာနဲ့ မှမလဲနိုင်အောင်အမှတ်တရနဲ့ လှပနေခဲ့တာအမှန်ပါ။ ။
"ပြန်ကြရအောင်ကောင်မလေး..တော်ကြာအိမ်ကစိတ်ပူနေလိမ့်မယ်.,!သူ့ အတွက်ကကိစ္စမရှိပေမယ့်ကောင်မလေးအတွက်ကသိက္ခာကျနိုင်သည်မို့  ဒီပျော်ရွှင်မှုလေးကို
သူရပ်တန့် လိုက်ရခြင်းရယ်ပါ။ ။
"အမှန်တိုင်းပြောရရင်မပြန်ချင်သေးဘူး..ဒါမယ့် ပြန်ပါ့မယ်"
ညှိုးငယ်သွားတဲ့မျက်နှာလေးကိုကြည့်ပြီး သူသနားသွားမိသည်။
မပြန်လို့ မှမဖြစ်ကြတာပဲကွယ်
"နောက်ရက်ကျမှထပ်လာကြတာပေါ့"
သူပြောတော့လဲသူမခေါင်းညိတ်လက်ခံခဲ့ပါတယ်
ကိုကိုရေ...နောက်ရက်ဆိုတာ ယံ့ ဘဝမှာထပ်မရှိနိုင်တော့ဘူးဆိုတာ ကိုကိုမသိနိုင်ပါဘူးလေ
ဦးနှောက်ကင်ဆာနဲ့ မကြာခင်ကြွေလွင့်ရတော့မယ့်သူမ မှာ နောက်ထပ်အခွင့်အရေးဆိုတာရှိနိုင်ပါ့ဦးမလားလေ။ခါးသက်လှတဲ့သူမဘဝကို တစ်ညတာပျော်ရွှင်မှုတွေအပြည့်အဝပေးခဲ့တဲ့
"ချမ်းမြေ့ ပျော်ရွှင်" ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ တစ်သက်တာတစ်ခဏ ဆုံတွေ့ ခွင့်ရခဲ့တဲ့အချစ်နတ်သားလေးတစ်ပါးပါ။ဒီသီတင်းကျွတ်လပြည့်ညလေးကို သေဆုံးတဲ့ချိန်အထိ
အရာအားလုံးမေ့သွားခဲ့ရင်တောင်ဘယ်တော့မှ
"မမေ့ရက်နိုင်ပါဘူး" လို့ ပျော်ရွှင်ခြင်းများစွာနဲ့ အတူ နောင်ဘဝထိယူဆောင်သွားမယ်ဆိုတာ......
သူ.....
မသိနိုင်တော့ပါဘူး... ...
.......။ ။ ။
မေအလင်းရောင်
တင်ဆက်သူ-မိုးညဖြူ
Post a Comment