မိမိကိုယ်ကို ပြန်မေးကြည့်ပါ
++++++++++++++++++
ကျနော်တို့ အားလုံးပာာ လူထဲက လူတစ်ယောက်ပဲ
ဒါပေမယ့် အသက်ရှုရှိုက်ခွင့်ရနေတဲ့ အချိန်တိုအခိုက်တန့် လေးတွင်းမှာ
ကျနော်တို့ ရဲ့အသိတွေထဲမှာအမြဲတွေးတောဆင်ခြင်နေရမည့်
အဓိကအရေးပါတဲ့ အချက်တွေရှိပါတယ် အဲ့ဒါက~~~
ငါပာာလူတွေအတွက် ဘယ်လောက်အသုံးဝင်ပြီးလဲ?
ငါ့မိသားစုဝင်ဆွေမျိုးတွေအပေါ်မှာ ဘယ်လောက်တာဝန်ကျေပြီလဲ?
မိဘနှစ်ပါးရဲ့ ဝေယျာဝစ္စနဲ့တာဝန်တွေကို ဘယ်လောက် ဆောင်ရွက် ပြီးပြီလဲ?
ငါ့ဘဝမြှင့်မားတိုးတက်ရေးအတွက်ဘယ်လောက်ကြိုးစားပြီးပြီလဲ?
ငါ့မှာလိုအပ်ချက်တွေဖြည့်စွက်ဖို့ ဘာတွေကျန်ရှိနေသေးလဲ?
ငါ့ဆိုတာဘယ်လိုလူတန်းစား နေရာမှာရှိနေသလဲ?
ငါရွေးချယ်ရမည့်ပန်းတိုင်ကဘာလဲ?ငါတကယ်လျှောက်လှမ်းရမည့်လမ်းက ဘယ်လိုလမ်းလဲ?
ငါ့ဘဝကောင်းကျိုးအတွက်အားသာချက်ဘာတွေရှိသလဲ?
ငါ့ဘဝရှေ့ရေးအဖို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ?
ငါဘာတွေကိုအဓိက လုပ်သင့်လုပ်ထိုက်သလဲ?
လက်ရှိငါ့အခြေနေကရော ဘယ်လောက်ရှိပြီးလဲ?
ခုချိန်မှာပတ်ဝန်းကျင်ကငါ့အပေါ်ဘယ်လိုမြင်နေပြီလဲ?
ငါမရှိတော့ဘူးဆိုရင်ငါ့မိသားစုဘယ်လိုရပ်တည်နေထိုင်ကြမလဲ?
စတဲ့ကွက်လပ်တွေကို ဖြေဆိုနိုင်အောင် ကြိုးစားစွမ်းဆောင်နိုင်ဖို့ အတွက်
မိမိကိုယ်ကိုမိမိအမြဲတန်းမေးခွန်းတွေထုတ်ပြီး အစွမ်းကုန်ကြိုးစားလျှက်
ရှင်သန်နေထိုင်မယ်ဆိုရင် အရာအားလုံးအဖို့ မိမိပာာအကောင်းဆုံး
ပြင်ဆင်ထားပြီးသား ဖြစ်နေပါလိမ့်မယ်
Credit to ကိုရဲ(Barlarlar)


Post a Comment