သရဲ Appပိုင်‌ရှင်‌အာကာ သရဲကြီး၎‌ကောင်‌

#သရဲApplicationပိုင်ရှင်အာကာ'နဲ့
          "သရဲကြီး(၄)ကောင်"

#ကြိုတင်မေတ္တာရပ်ခံချက်။  ။စိတ်ကူးယဉ်ဆန်လွန်းလှ
သောဇာတ်လမ်းဖြစ်ပြီးလက်တွေ့ဘဝနဲ့ကွဲထွက်နေသ
ဖြင့်,ဖြစ်ရပ်မှန်ကြိုက်သူပရိသတ်များအတွက်ဖတ်ရှုရန်အဆင်မပြေကြောင်း"နှင့်
ဇာတ်လမ်းပါ"ကိုးသင်္ချိုင်းဓား"ပြုလုပ်ပုံကိုလဲဖတ်ဖူးကြား
ဖူးသောအကြောင်းအရာများအားအခြေတည်၍ကျွန်ုပ်၏
စိတ်ကူးနှင့်ဖြန်ကားကာဖော်ပြထားသဖြင့်ထိုအကြောင်း
အရာနှင့်ပတ်သက်သောမည်သည့်အငြင်းပွားဖွယ်အခြေ
အနေကိုမျှပြန်လည်ဖြေရှင်းမည်မဟုတ်ကြောင်း။

အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ,��

[1]

စာမေးပွဲကြီးပြီးဆုံးသွားသဖြင့်,
သူငယ်ချင်းနှစ်ယောက်ဖြစ်သော'ခေတ်လွန်,နိုင်လင်း'တို့နှင့်မီးကုန်ယမ်းကုန်သောက်စားပျော်ပါးကာ,ည(၉)နာရီကျော်မှ
အိမ်သို့ပြန်ရောက်ခဲ့ပြီး,
အိပ်ယာထဲတစ်ချိုးတည်းတန်းဝင်ကာအိပ်
စက်ခဲ့လေတော့သည်။

"ဟျောင့်!အာကာ ထစမ်း"
ခြေထောက်ဆီမှအလွန်အေးစက်သောအ
ရာကြီးတစ်ခုဆုပ်ကိုင်ခြင်းခံရပြီးဆောင့်ဆွဲလှုပ်နှိုးခံနေရသည့်အပြင်,
တစ်ခန်းလုံးလဲအေးစိမ့်ကာလာသဖြင့်နိုး
သွားခဲ့သော်,

"သရဲApplicationနဲ့သရဲတွေကိုဘဝကူး
အောင်လိုက်လုပ်ပေးနေတဲ့'အာကာ'ဆို
တာ မင်းလား"
အသံလာရာကုတင်ခြေရင်းဆီသို့ကြည့်ကြည့်သော်,၇ပေနီးပါးမျှမြင့်မားကာခန္ဓာ
ကိုယ်တစ်ခုလုံးရောင်စုံအမွှေးမျှင်များဖြင့်
ဖုံးလွှမ်းနေသည့်သတ္တဝါကြီး၎ကောင်,
သူ့အားလှုပ်နှိုးနေသောအကောင်ကြီးမှာ
၈'ပေ နီးပါးမျှမြင့်ကာအဖြူ ရောင်အမွှေး
များဖြင့်တစ်ကိုယ်လုံးဖွေးဆွတ်နေပြီး,နောက်တွင်ရပ်နေသည့်(၃)ကောင်မှာတော့,,
အနီရောင်,အပြာရောင်နဲ့အမဲရောင်အမွှေး
မၽွင္မ်ားရွိၾကၿပီး ၇'ေပနီးပါးမၽွျမင့္မားၾကေ
ပသည်။

"ဟုတ်တယ် ကျွန်တော်ပဲ,ခင်ဗျားတို့က
ဘယ်သူတွေလဲ"
"အေး,,,ငါတို့ချုပ်နှောင်ပြီးခိုင်းစားနေတဲ့
ဝိဥာဉ်တွေကိုမင်းကလွှတ်,လွှတ်ပေးနေ
လို့ မင်းနဲ့စာရင်းလာရှင်းတာ,ပရလောက
မှာနာမည်ကြီးနေတဲ့'သရဲကြီး၎ကောင်'
ဆိုတာ ငါတို့ပဲ"
"ခင်ဗျားတို့ဘာသာဘာအကောင်တွေဖြစ်
ဖြစ်ဗျာ,,,ကျွန်တော်စိတ်မဝင်စားဘူး,
ကျွန်တော့်မျက်စိရှေ့မှာဒုက္ခရောက်နေ
တာတွေ့လို့ကတော့လူပဲဖြစ်ဖြစ်,ဝိဥာဉ်
ပဲဖြစ်ဖြစ် ကယ်ရမှာပဲ"
"ဟာ:::::::::::::မင်းကကယ်တင်ရှင်ကြီးပေါ့
လေ,တွေ့ကြသေးတာပေါ့ကွာ,ခုလော
လောဆယ်တော့မင်းကိုယ်မင်းအရင်က
ယ်နိုင်အောင်ကြိုးစားလိုက်ပါဦး"
ပြောပြောဆိုဆိုဖြင့် ထိုအကောင်ကြီးမှာ
အာကာ'ရှိရာသို့တဖြည်းဖြည်းတိုးလာပြီး
လည်ပင်းအားညှစ်မည်အပြု,
'ဝုန်း'ကနဲ အသံကြီးတစ်ခုကုတင်ဘေး၌
ပေါ်လာပြီးတစ်ခန်းလုံးတုန်ဟီးသွားကာ
မီးခိုးလုံးကြီးတစ်လုံးထွက်ပေါ်လာလေတော့သည်။ကြည့်နေရင်းမှပင် ထိုမီးခိုးလုံး
ကြီးမှသည်တဖြည်းဖြည်းလူတစ်ယောက်
အသွင်ပြောင်းကာ ဝတ်ဖြူ စင်ကြယ်နဲ့
အဘိုးအိုတစ်ဦး၏သဏ္ဍာန်ပေါ်လာလေတော့သည်။
"ဖြူ ကြီး,,,ခုချက်ချင်းရပ်လိုက်စမ်း!ငါ့
တောင်ဝှေးစာမိချင်နေပြန်ပြီလား"
"အဘိုးကြီး!ခင်ဗျားလာရှုပ်ပြန်ပြီလား,
အေးလေ,,,ခင်ဗျားကြီးသူ့နားမှာတစ်ချိန်
လုံးတော့စောင့်ကြည့်မနေနိုင်ပါဘူး,အ
လစ်အငိုက်ဆိုတာတစ်ချိန်မဟုတ်တစ်ချိ
န်တော့ရှိလာဦးမှာပါ"
အဘိုးအိုအားထိုသို့ပြောဆိုပြီးနောက်'အာ
ကာ့'ဘက်သို့လှည့်၍
"ဟိုကောင်လေး,,မင်းဒီတစ်ခါကံကောင်း
သွားတယ်မှတ်ပါ,နောက်တစ်ခါငါတို့ပြန်
လာခဲ့မယ်,မင်းအသက်ကိုဖက်နဲ့သာထု
ပ်ထားပေတော့"
ပြောပြီးသည်နှင့်အဖြုရောင်,အနီရောင်,
အနက်ရောင်,အပြာရောင်မီးခိုးလုံးကြီးများ
အဖြစ်သို့ပြောင်းသွားပြီးပြတင်းပေါက်မှအ
ပြင်သို့ထွက်ကာပျောက်ကွယ်သွားလေတော့သည်။ထိုအခါမှသာ,,,နံဘေးတွင်ရပ်
နေသောအဘိုးအိုမှာ'အာကာ့'ဆီသို့တရွေ့ရွေ့လျှောက်လှမ်းလာပြီး,
"အာကာ လူလေး,ဘာများထိခိုက်သွား
သေးလဲ"
"ဘာ,ဘာမှတော့မဖြစ်လိုက်ပါဘူး,ဒါနဲ့
အဘိုးက,,,"
"အဘိုးနာမည်ကဘိုးစက္ကပါ,ပရလောက
ကိုစောင့်ကြပ်ပေးရတဲ့အစောင့်အရှောက်
ရုက္ခစိုးနတ်တစ်ပါးပဲဆိုပါတော့ကွယ်,,,"
"ဟုတ်ကဲ့ အဘိုး"
"ခုန လူလေးကိုအန္တရာယ်လာပြုတာအရ
င်ကအဘိုးမွေးထားတဲ့တစ္ဆေလေး(၄)
ကောင်ပေါ့ကွယ်,ငယ်ငယ်တည်းကတ
ခြားသရဲတွေထက်ထူးခြားပြီးစွမ်းအားခွန်
အားလဲကြီးလို့တခြားသရဲဆိုးသရဲညစ်ေ
တွကိုနှိမ်နှင်းတဲ့နေရာမှာအကူအညီရစေ
ဖို့ရည်ရွယ်ချက်နဲ့မွေးထားတာကွဲ့,
ခု သူတို့ကအရွယ်ရောက်လို့သရဲကြီး(၄)
ကောင်တောင်ဖြစ်နေပြီးပရလောကက,
အခြားခွန်အားနဲနိမ့်ပါးတဲ့ဝိဥာဉ်တွေကို
အနိုင်ကျင့်နှိပ်စက်နေလို့အဘိုးနှင်ထုတ်
ထားတာကွဲ့"
"ဟုတ်,, ကျွန်တော်ဘယ်လိုလုပ်ရမလဲ
အဘိုး"
ထိုအဘိုးအိုမှသက်ပြင်းရှည်တစ်ချက်ဆွဲ
ချလိုက်ပြီး,
"အင်း,,,,,,အဘိုးတော့ လူလေးကိုဒုက္ခ
ပေးသလိုဖြစ်နေပြီကွယ်,ဘဝကူးဖို့အတွ
က်အဘိုးကူညီပေးလို့မရတဲ့ဝိဥာဉ်တွေ
ကို လူလေးဆီလွှတ်ပေးနေတာ အဘိုး
ပါ,လူလေးနဲ့တွေ့ပြီးလူလေးကကူညီပေ
လိုက်လို့ကျွတ်ရာရသွားကြတော့လူလေး
နာမည်ကတဖြည်းဖြည်းနဲ့အဘိုးတို့ပရ
လောကမှာမွှေးလာတယ်လေ,,,အဲ့ဒါကို
ဟို(၄)ကောင်ကမကျေနပ်ဘူး,အခွင့်အ
ရေးရတာနဲ့လူလေးဆီသူတို့ပြန်လာကြဦ
မှာ,အဘိုးကလဲလူလေးနားမှာတစ်ချိန်လုံ
စောင့်ကြပ်မပေးနိုင်တော့ခက်သားလား,
ခုတော့ အဘိုးရဲ့လုပ်ရပ်ကလူလေးအ
တွက်အန္တရာယ်တွင်းထဲကိုဆွဲချခံရသလို
ဖြစ်နေပြီ"
"သူတို့ကိုတားဆီးနိုင်တာ,ဒါမှမဟုတ်သူ
တို့ကြောက်တဲ့အရာ,ဥပမာ အဘိုးရဲ့
တောင်ဝှေးလိုပေါ့,အဲ့လိုအရာနောက်တ
စ်ခုမရှိတော့ဘူးလား အဘိုး"
"ရှိကောင်းရှိနိုင်ပါလိမ့်မယ်,ဒီတောင်ဝှေး
ကအဘိုးထက်အဆင့်မြင့်တဲ့ရုက္ခစိုးအချု
ပ်ကြီးကပရလောကသားတွေကိုထိန်းေ
ကျာင်းဖို့ပေးထားတဲ့ဆေးတောင်ဝှေးပဲ,
ဒီဆေးတောင်ဝှေးနဲ့ဆိုဘယ်လောက်စွမ်
အားကြီးမားတဲ့သရဲတစ္ဆေဖြစ်ဖြစ်,ဘယ်
လောက်နှစ်ချို့နေတဲ့သဘက်ပဲဖြစ်ဖြစ်နှိ
မ်နှင်းလို့ရပါတယ်,ဒါပေမဲ့ လူလေးတို့လို
လူသားတွေတော့ကိုင်ဆောင်ခွင့်မရှိဘူး
ကွဲ့,စည်းပေါက်ပြီးတောင်ဝှေးအစွမ်းပျ
ယ်သွားလိမ့်မယ်,ရိုးရိုးသာမာန်သစ်ကိုင်း
ခြောက်တစ်ချောင်းထက်ဘာမှထူးမှမဟု
တ်တော့ဘူး,ဒါပေမဲ့ မပူပါနဲ့လေ,,,,,
အဘိုး ခုပဲဆရာရုပ်က္ခစိုးကြီးဆီသွားပြီး
နည်းလမ်းတောင်းကြည့်ပါဦးမယ်,,,"

[2]

"ဟုတ်ကဲ့,ကောင်းပါပြီ အဘိုး"
"အဘိုးမရှိတဲ့အချိန်အတောအတွင်းဒီပု
လင်းလေးကိုဆောင်ထားပါ လူလေး"
ပြောရင်းဖြင့်အဘိုးအိုမှသူ၏အိတ်ထဲတွင်
ရှိသောရှေးခတ်ဖန်ပုလင်းလေးအားထုတ်
ပေးသဖြင့်လှမ်းယူလိုက်ပြီးနောက်,
"ဒါကဘာအတွက်လဲ အဘိုး"
"ခုနလာသွားတဲ့သရဲကြီး(၄)ကောင်ရဲ့ရန်
ကနေကာကွယ်ဖို့ပါကွယ်,သူတို့ရဲ့အစွမ်
ကညကျမှထွက်တာ, ဆိုတော့,,,
လူလေးအိပ်နေတဲ့အချိန်သူတို့လာနှောင့်
ယှက်လို့မရအောင်ဒီပုလင်းထဲကဆေး
ရည်တွေကိုကုတင်ရဲ့ပတ်ပတ်လည်မှာ
ချပြီးအိပ်ပါ လူလေး,ဒါပေမဲ့ စက်ဝိုင်းပုံစံ
ဖြစ်အောင်ဝိုင်းရမယ်နော်,,အဲ့ဒါမှဆေးရ
ည်ကအစွမ်းထက်မှာ,ကဲ အဘိုးသွားရဦး
မယ်,အဘိုးမှာတာတွေမမေ့နဲ့နော်"
"ဟုတ်ကဲ့ အဘိုး"
မှာစရာရှိသည်များမှာပြီးသည်နှင့်အဘိုးအို
မှာအခိုးအငွေ့များအဖြစ်ပြောင်းသွားပြီး
ပျောက်ကွယ်သွားလေတော့သည်။
'အာကာ'လဲချက်ချင်းဆိုသလိုပင်အဘိုးအို
မှာထားသည့်အတိုင်းဆေးရည်အားကုတင်ပတ်ပတ်လည်၌စက်ဝိုင်းပုံစည်းချကာပြန်လည်အိပ်စက်ခဲ့လေတော့သည်။

မနက်ရောက်သော်,,
'ခေတ်လွန်'နှင့်'နိုင်လင်း'အားဖုန်းဆက်ချိန်း၍အိမ်သို့ရောက်လာကြသော်,
ညကသူကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များအားပြောပြလေတော့သည်။
'အာကာ'စကားဆုံးသွားသည်နှင့်'ခေတ်လွန်'မှ,
"ဒုက္ခပဲ သားကြီးရာ,မင်းပြောသလိုဆိုမင်
အတွက်အသက်အန္တရာယ်ပါရှိနေနိုင်
တာပေါ့"
"အေးကွာ,,ငါလဲ အဲ့ဒါညစ်နေတာ,ဆေးရ
ည်ကအကန့်အသတ်ရှိတယ်ကွ,အဘိုး
ကဘယ်နေ့မှပြန်လာမလဲမသိဘူး,အဘို
ပြန်မလာခင်ဆေးရည်ကုန်သွားရင်ငါ
တော့သေမှာပဲ"
"ဘာပဲဖြစ်ဖြစ်ကွာ,ငါတို့နှစ်ယောက်မင်း
ဘေးမှာအမြဲရှိတယ် သားကြီး,ဒီညကစ
ပြီးငါမင်းနဲ့လာအိပ်ပေးမယ်,ခေတ်လွန်,,
မင်းကော,,,"
"ပြောနေစရာလိုသေးလား နိုင်လင်းရာ,
သူငယ်ချင်းတွေပဲကို,ဆိုးတူကောင်းဖက်
ပေါ့,ငါလဲလာအိပ်ပေးမယ် သားကြီး"
"မင်းတို့စကားကြားရတာအားရှိတယ်ကွာ
ကျေးဇူးတင်တယ် သားကြီးတို့"
"မလိုပါဘူးကွာ,,,မင်းညီမဝမ်းကွဲတွေနဲ့ပဲ
ငါတို့၂ကောင်ကိုချိတ်ပေး,ဟီ:::::::::::::"
"မသာ, နိုင်လင်း,ခုချိန်မှာတောင်မင်းက
သုတ်ပိုးနားထင်ရောက်နေနိုင်သေးတယ်
နော်"
"ဒီကောင်ကြီးစိတ်ညစ်နေမှာစိုးလို့ငါကစ
တာပါကွာ,သားကြီး ငါလစ်လိုက်ဦးမယ်,
မားသားကြီးခိုင်းထားတာလေးရှိလို့,ညေ
နစောင်းမှငါပြန်လာခဲ့မယ်"
"အေး,အေး လစ်တော့"
"ငါလဲပြန်မယ် အာကာ,ညနေမှ'နိုင်လင်း
နဲ့ချိတ်ပြီးပြန်လာခဲ့မယ်"
"ကောင်းပြီ သားကြီးတို့,Byeကွာ"
"Bye,သူငယ်ချင်း"

'ခေတ်လွန်'နှင့်'နိုင်လင်း'ပြန်သွားပြီးသည်နှင့်ရေမိုးချိုးထမင်းစားကာပြန်အိပ်ပြီးညနေစောင်းသော်'ခေတ်လွန်'နှင့်'နိုင်လင်း'တို့ရောက်လာမှ ဂိမ်းကစားကြရင်း
ထိုကိစ္စကြီးအားမေ့မေ့ပျောက်ပျောက်နေ
လိုက်တော့သည်။

ဤသို့ဖြင့်, တစ်နေ့တစ်နေ့စားလိုက်,အိပ်
လိုက်ဖြင့်သုံးယောက်သားအချိန်ဖြုန်းနေခဲ့
ကြရာ(၄)ရက်မြောက်သောည၌,
"အာကာ,,,လူလေး ထတော့"
အသံကြားသည်နှင့်အိပ်နေရာမှကုန်းရုန်း
ထ,ကာကြည့်ကြည့်တော့ ဘိုးစက္က;
"ဟမ်!အဘိုး ရောက်လာပြီ"
"ဟုတ်တယ် လူလေး,ဒါနဲ့ သူတို့က,,"
"ဒါ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ပါ
အဘိုး, ဟျောင့်တွေ ထ,ထ ဒီမှာ အဘိုး
ရောက်လာပြီ"
"အင်,,,,,ဘာလဲကွာ အိပ်ကောင်းနေတာ
ကို,"
'ခေတ်လွန်'နိုးလာသော်လည်း'နိုင်လင်း'
မှာမထနိုင်သေးဘဲအပျင်းကြောဆွဲလျှက်ရှိနေသဖြင့်'ခေတ်လွန်'မှ'နိုင်လင်း'နားသို့
ကပ်ကာ,
"သားကြီး,,နိုင်လင်း'မင်းညီမလင်နောက်
လိုက်သွားလို့တဲ့"
ထိုသို့တိုးတိုးလေးကပ်ပြောလိုက်မှ'နိုင်လင်း'မှာငေါက်ကနဲထ,လာပြီး,
"ဟေ,,,ဟုတ်လား?ဘယ်ကောင်နဲ့လဲ,
ဒီအဘိုးကြီးနဲ့လား?"
'အာကာ'မှ'နိုင်လင်း'အား'ဖြောင်း'ကနဲ
နေအောင်နားရင်းတစ်ချက်အုပ်လိုက်ပြီး,
"ငါ့လခွီးထဲမှ,သောက်တလွဲကောင်ရ,,,
အိပ်ချင်မူးတူးနဲ့ဘာတွေပြောနေတာလဲ,
မင်းကိုနှိုးနေတာမထလို့တမင်ပြောတာ,
ငရဲတွေငအုံတွေကြီးကုန်တော့မှာပဲ,,,
ဒါငါပြောတဲ့ ဘိုးစက္ကဟ"
"ဟေ!အဘိုး ကန်တော့,ကန်တော့နော်,
ကျွန်တော်မသိလို့ပါ"
အဘိုးမှသူတို့အားတစ်ချက်ပြုံးပြပြီးနောက်
"ရပါတယ် လူလေးတို့ရယ်,ဒါနဲ့ လူလေး,
အာကာ,,,ဟိုသရဲ(၄)ကောင်ကိုနှိမ်နှင်းနို
င်မဲ့လက်နက်အဘိုးရခဲ့ပြီကွဲ့,အဲ့ဒါ လူ
လေးကိုလာပေးတာ"
"ဟုတ်လား အဘိုး,ဝမ်းသာလိုက်တာဗျာ,
ဒါနဲ့ အဲ့ဒီလက်နက်ကဘာများလဲ"
"ပရလောကကသရဲဆိုးသရဲညစ်တွေကို
ရှင်းဖို့အတွက် လူသားတွေကိုင်ဆောင်
ခွင့်ရှိတဲ့တစ်ခုတည်းသောလက်နက်က
'ကိုးသင်္ချိုင်းဓားပဲကွဲ့"
"ဗျာ,,,ကိုးသင်္ချိုင်းဓားဟုတ်လား?အဘိုး
အဲ့ဒီဓားနာမည်ကိုရုပ်ရှင်တွေစာအုပ်တွေ
ထဲမှာပဲတွေ့ဖူးကြားဖူးတာ,အပြင်မှာတ
စ်ခါမှမတွေ့ဖူးဘူး"
ထိုအခါ အဘိုးအိုမှသူ့ကျောတွင်လွယ်
ထားသောပိတ်ဖြူ စနဲ့ပတ်ထားသည့်အရာ
အားယူ၍ဖြည်ချပြလိုက်ရာ,
သံချေးအထပ်ထပ်နဲ့ပဲ့ရွဲ့နေသောအလျား
တစ်လံခန့်ရှိသည့်ဓားအားတွေ့ရလေ၏။
ထိုဓားအားမြင်လိုက်ရချင်း 'အာကာ'တို့
(၃)ယောက်စလုံး၏မျက်နှာများတစ်ပြိုင်
နက်မဲ့ရွဲ့ရှုံ့တွသွားကြကာ,
"ဒါက အစွမ်းထက်ပါတယ်ဆိုတဲ့ ကိုးသ
င်္ချိုင်းဓားဆိုတာလား အဘိုး"
'အာကာ'၏အမေးကြောင့်အဘိုးအိုမှခပ်
ထေ့ထေ့ပြုံး၍,
"လူလေး,,,ဓားရဲ့ပုံပန်းသဏ္ဍာန်ကိုကြည့်
ပြီးအထင်မသေးနဲ့ကွဲ့,ဒီဓားက အဘိုး
သိသမျှ'ကိုးသင်္ချိုင်းဓား'တွေရဲ့ရာဇဝင်မှာ
တစ်လက်ပဲရှိတယ်,ဒီဓားကိုသွန်းလုပ်ဖို့
သင်္ချိုင်း(၉၀)ကနေအခေါင်း(၉၀၀)ကိုစု,
အခေါင်းတစ်ခုဆီကနေ'ခေါင်းရိုက်သံ'
ကိုးချောင်းဆီနှုတ်ပြီး ကိုးကိန်းစီးအောင်
သံကိုစုထားရတာ,အချိန်အားဖြင့်လဲ(၉)
နှစ်ကြာတယ်,ဓားရဲ့လက်ကိုင်မစွပ်ခင်
မဖဲဝါရဲ့ဆံချည်ကိုးမျှင်ကိုလဲပတ်ပြီးမှ
လက်ကိုင်စွပ်ထားတာ,အရမ်းအစွမ်းထ
က်တယ် လူလေးရဲ့,သာမာန်ဆိုရင်
ဒီဓားကိုအဘိုးတို့ယူခွင့်ကိုင်ဆောင်ခွင့်မ
ရှိဘူး,လူလေးရဲ့အကြောင်း အခက်အခဲ
ကိုဆရာရုပ်က္ခစိုးချုပ်ကြီးဆီပြောပြပြီး,
အကူအညီတောင်းတော့မှသူကထုတ်
ပေးတာ,ကိစ္စတွေပြီးသွားတာနဲ့သူ့ကိုဒီ
ဓားပြန်အပ်ရမှာ လူလေး"
'မဖဲဝါ'ဆိုသည့်အသံကြားသည်နဲ့'အာကာ'တို့(၃)ယောက်သားခေါင်းမွှေးများ
ထောင်ထ,သွားလေတော့သည်။
"အဘိုး,ကျွန်တော်တစ်ခုမေးချင်လို့
မဖဲဝါ'ဆိုတာတကယ်ရှိတာလားဟင်"
"ရှိတာပေါ့ကွယ်,,သူလဲအဘိုးလိုပဲဆရာ
ရုက္ခစိုးချုပ်ကြီးရဲ့အမိန့်နဲ့သူ့အပိုင်ပရ
လောကကိုစောင့်ရှောက်ထိန်းကွပ်ရတဲ့
သူပေါ့"
"ဟုတ်ကဲ့ အဘိုး"
"ကဲ,ရော့,,,,ဒီဓားကိုသေချာထိန်းသိမ်ထား
လူလေး,အဘိုး ဟို(၄)ကောင်ကိုသွားရှာ
လိုက်ဦးမယ်,မနက်ဖြန်ည(၁၂)နာရီ
ကျော်တာနဲ့လူလေးတို့လမ်းထိပ်ကကစာ
ကွင်းထဲကိုလာခဲ့ပါ,အဘိုး ဒီကောင်တွေ
ကိုလဲချိန်းလိုက်မယ်,လူလေးတို့ပြင်ဆင်
စရာရှိတာတွေပြင်ဆင်ထားပါ"
"ဟုတ်ကဲ့ အဘိုး"
"ဒါနဲ့ လူလေးကူညီပေးခဲ့ဖူးတဲ့ပရလော
ကသားတွေရှိတယ်,လင်းဆွေ'တို့မိသား
စုတို့,မောင်သားထွေး'တို့လူစုတို့လဲရှိ
ကြသေးတယ်,သူတို့ကလဲလူလေးကိုကူ
ညီပေးကြပါလိမ့်မယ်,အဘိုး သွားပြီ"
"ဟုတ်ကဲ့ အဘိုး"

[3]

အဘိုးအိုပျောက်ကွယ်သွားသည်နှင့်လက်
ထဲရှိဓားအားကြည့်ပြီး,
"အာကာ,ဟုတ်ရောဟုတ်ပါ့မလားကွာ,
ကိုးသင်္ချိုင်းဓားကလဲ ငါတို့အိမ်ကမြက်ရှင်
တဲ့ဓားလောက်တောင်ကြည့်မကောင်း
ဘူး,သံချေးတွေနဲ့ပဲ့ရွဲ့နေတာပဲ"
"ခေတ်လွန်!ဒီ အသုဘရဲ့ပါးစပ်ကိုမင်းပိ
တ်မလား,ငါပိတ်ပေးရမလား"
"ငါပိတ်ပေးမယ်အာကာ,, ဟိုနွား,'နိုင်လ
င်း',စော်စော်ကားကားမပြောနဲ့နော်,
ဓားထဲမှာ'မဖဲဝါ'ရဲ့ဆံပင်ပါတယ်တဲ့,
အဘိုးပြောသွားတာကြားတယ်မလား,
တစ်ခါတည်းလိပ်ပြာပါလွင့်သွားမယ်"
ထိုစကားကြောင့်'နိုင်လင်း'လဲဇက်လေးပု
ဝင်သွားတော့သည်။'အာကာ'လဲဓားအား
သေချာသိမ်းထုပ်လိုက်ပြီးဗီရိုပေါ်တင်ကာ
ပြန်လည်အိပ်စက်လိုက်ကြတော့သည်။

နောက်နေ့မနက်သို့ရောက်သော်,
ညအတွက် သရဲကြီး(၄)ကောင်နဲ့ရင်ဆိုင်
ရန်အစီအစဉ်များရေးဆွဲဖို့အတွက်မျက်နှာ
သစ်ရေမိုးချိုးကာ(၃)ယောက်သားလမ်းထိပ်လက်ဖက်ရည်ဆိုင်သို့ထွက်ခဲ့ကြလေ
တော့သည်။

တိုင်ပင်စရာရှိသည်များအားတိုင်ပင်ဆွေး
နွေးအစီအစဉ်ဆွဲပြီးနောက်,အိမ်သို့ပြန်
ရောက်သော်,,,,
"သားတို့ပြန်လာကြပြီလား"
"ဟုတ်ကဲ့ အမေ"
"ဟုတ်,အန်တီ"
"အေး,အေး အန်တီထမင်းခူးထားတယ်,
သွားစားလိုက်ကြဦး,အန်တီတို့တော့စား
ပြီးပြီ"
"ဟုတ်"
"အော်,,ဒါနဲ့,ခုန မေမေ သားအခန်းဝင်ရှ
င်းတုန်းကဗီရိုပေါ်မှာတွေ့တဲ့ဓားကိုပစ္စ
ည်းဟောင်းတွေလိုက်ဝယ်တဲ့ကုလားကို
ရောင်းလိုက်တယ်,အဲ့ဒီဓားက,,,,,"
"ဗျာ,,,,,,,"
(၃)ယောက်သားဆီမှပြိုင်တူထွက်ပေါ်လာ
သောအာမေဋိတ်သံကြီးနဲ့အတူ,
"မေမေ,ရောင်းလိုက်တာကြာပြီလား"
"မကြာသေးဘူး သား,သားတို့အဝင်,သူ
အထွက်ပဲ,မေမေ(၂၅၀၀)နဲ့ရောင်းလိုက်
တာ,ဘာဖြစ်,,,,,,"
အာကာ့အမေ၏စကားပင်မဆုံးလိုက်,
(၃)ယောက်သားနောက်သို့ပြန်လှည့်ပြေး
ကာထိုသူအားရှာပြီးတွေ့သော်,ပိုက်ဆံ
(၁၀၀၀၀)ဖြင့်ပေး၍ပြန်ဝယ်လာခဲ့ရပေ
တော့သည်။
"ဟူ::::::တော်ပါသေးရဲ့ကွာ,ခုမှပဲအလုံး
ကြီးကျသွားတော့တယ်"
ထို့နောက်'ဓား'အားဖွက်ယူကာအိမ်သို့ပြန်လာခဲ့ကြလေတော့သည်။
အချိန်များတရွေ့ရွေ့ကုန်ဆုံးကာမျှော်လင့်ထားသည့်အချိန်,(၁၂)နာရီသို့ရောက်လု
နီးနီး,ဆေးရည်ပုလင်းနဲ့ဓားအားယူ၍အိမ်
နောက်ဖေးပေါက်မှခိုးထွက်ကာလမ်းထိပ်
ရှိကစားကွင်းသို့ထွက်ခဲ့ကြလေတော့သှ်။
ထိုနေရာသို့အရောက်,
'အာကာ'တစ်ယောက်တည်းသာလျှင်ဓား
လွယ်လျှက်ကွင်းအလယ်တည့်တည့်၌
စောင့်နေပြီး,'ခေတ်လွန်နဲ့နိုင်လင်း'မှာဆေးရည်ပုလင်းအားယူ၍အမှောင်တစ်နေ
ရာအားကွယ်၍ပုန်းအောင်းနေပေတော့
သည်။
ခဏအကြာ အဖြူ ,အနီ,အပြာ,အနက်,စ
သည့်မီးခိုးလုံးကြီး(၄)လုံးကွင်းထဲသို့ရော
က်လာပြီးမြေပြင်နဲ့ထိသော်,သရဲကြီး(၄)
ကောင်အဖြစ်သို့ရုတ်ချည်းပြောင်းလဲသွား
ခဲ့ပေတော့သည်။
တစ်ချိန်တည်းဆိုသလိုပင်,အာကာ'၏
နောက်ဘက်မှ,လွန်စွာကြီးမားသောအဖြူ
ရောင်မီးခိုးလုံးကြီးတစ်လုံးလဲပေါ်ထွက်
လာပြီးအခိုးအငွေ့များပျောက်ကွယ်သွား
သည်နဲ့'ဘိုးစက္က'ဦးဆောင်သော,
'လင်းဆွေ','မောင်သားထွေး','နေလင်း',
နဲ့သူကူညီပေးခဲ့ဖူးသောပရလောကသား
များအယောက်(၂၀)ခန့်ရောက်ရှိလာချေ
တော့သည်။
ထိုအချိန်,'ခေတ်လွန်'နှင့်'နိုင်လင်း'မှာလဲ
ပုန်းအောင်းနေရာမှထွက်လာပြီးသူတို့အားလုံးနဲ့သရဲကြီး(၄)ကောင်ဖောက်ထွက်မပြေးနိုင်စေရန်အတွက်ဆေးပုလင်းထဲ
မှဆေးရည်စက်များဖြင့်ပတ်ပတ်လည်စက်ဝိုင်းကြီးတစ်ခုရေးဆွဲကာ,အာကာ့'ဘေးသို့ဝင်ရောက်ခဲ့ကြလေတော့သည်။
သရဲကြီး(၄)ကောင်ထဲမှအကြီးဆုံးကောင်
'ဖြူ ကြီး'က,
"အော်,,,မင်းတို့ကကြိုပြီးကြံစည်ထားကြ
တာကိုး,အဘိုးကြီးကလဲမင်းတို့ဘက်က
ပါနေပြီပဲ,ရတယ်လေ ဒီညအပြတ်ရှင်း
ပြတာပေါ့ ,ဂါ:::::::::::::::::"
စကားဆုံးသည်နှင့်ခွေးဘီလူးကြီးများအသွင်သို့ကူးပြောင်းသွားကြကာ,အာကာ'တို့ရှိရာသို့တဟုန်ထိုးပြေးလာလေတော့
သည်။
"ကဲ,,,,တက်ကြဟေ့"
'ဘိုးစက္က'မှထိုသို့ပြောလိုက်သည်နှင့်နော
က်၌ရပ်နေသော ဝိဥာဉ်များမှာအခိုးအငွေ့
များနှင့်ရော၍ပြေးလာသောခွေးကြီး(၄)
ကောင်အနားဝေ့ဝဲကာဆွဲချုပ်ထားလေတော့သည်။
"လူလေး,,,အာကာ,ခုတ်တော့"
အသင့်ပြင်ထားသောကြောင့်,ဘိုးစက္က'
အသံဆုံးသည်နှင့်ချုပ်ထားသည့်နေရာသို့
ပြေးကာအရင်ဆုံးပြေးတက်လာသည့်,
ခွေးနက်ကြီးအားခုန်၍ပိုင်းလိုက်လေရာ,
"ဂါ:::::::ဂီ:::"
နာကျင်စွာအော်ဟစ်ရင်းမီးလောင်ကျွမ်း
ကာပြာကျသွားလေတော့သည်။ထို့နောက်
ခွေးပြာကြီးနဲ့ခွေးနီကြီးအားလဲဆက်၍ခုတ်
ပိုင်းလိုက်ရာထိုနည်းတူစွာပင်နိဂုံးချုပ်သွား
လေတော့ရာ,,
နောက်ဆုံးကျန်ရှိနေသော'ခွေးဖြူ 'ကြီး
အားဆက်လက်ခုတ်ပိုင်းမည်ပြုစဉ်,
ခွေးဖြူ ကြီးမှာဝိဥာဉ်များချုပ်နှောင်ထားရာ
မှရုန်းထွက်ပြီး'အာကာ့'ဆီသို့ပြေးဝင်လာ
သောကြောင့်,နောက်တွင်ဆေးပုလင်းကိုင်ကာရပ်နေသော'နိုင်လင်း'မှခွေးဖြူ ကြီး
အားဆေးပုလင်းနဲ့ပစ်ပေါက်လိုက်ရာထိမှန်သွားသောအခါ,
'ဟုန်း'ကနဲမီးတောက်ပြီးမီးပွားမီးစများ
ခွေးဖြူ ကြီးဆီသို့လွင့်စင်သွားသဖြင့်နာကျ
င်စွာအော်ဟစ်နေချိန်'ဘိုးစက္က,မှလဲသူ၏
ဆေးတောင်ဝှေးဖြင့်ခွေးဖြူ ကြီးဆီသို့ပြေး
ပြီးခေါင်းအားရိုက်ချလိုက်လေတော့သည်။
ခွေးဖြူ ကြီးနာကျင်၍ညည်းညူ ကာအငိုက်
မိနေစဉ်,
"အာကာ,,လူလေး  ခုတ်လိုက်တော့"
စကားသံဆုံးသည်နှင့်ဓားအားရွယ်ကာ
ခွေးဖြူ ကြီးဆီသို့ခုန်ဝင်ပြီးအားကုန်သုံး
ခုတ်ပိုင်းလိုက်လေတော့သည်။
၂ပိုင်းပြတ်ထွက်သွားကာမီးများစွဲ၍ပြာမှုန့်
များအသွင်သို့ကူးပြောင်းပျောက်ကွယ်သွားလေရာ,,
"ဟေ::::::::::: အာကာကွ,ငါတို့ကိုနှိပ်စက်
နေတဲ့သရဲကြီး(၄)ကောင်လဲမရှိတော့
ဘူး,ငါတို့အေးချမ်းပြီ,လွတ်လပ်ပြီ"
'ဘိုးစက္က'နောက်၌ရပ်နေသော'ဝိဥာဉ်'
အုပ်ကြီးဆီမှအသံများထွက်ပေါ်လာလေ
တော့သည်။
"လူလေး,,,ခုလိုမျိုးအဘိုးတို့ကိုထပ်ကူညီ
ပေးတဲ့အတွက်ပရလောကရဲ့ကိုယ်စား
ကျေးဇူးတင်ကြောင်းထပ်ပြောပါရစေကွ
ယ်,အဘိုးတို့လဲအချိန်သိပ်မရလို့ပြန်ခွင့်
ပြုပါဦး"
"ဟုတ်ကဲ့,ဒီမှာ ဓားပါအဘိုး,ဆေးရည်
ကတော့ကုန်သွားပြီ"
"ရတယ် လူလေး,ဆေးရည်ကပြန်ဖော်
လို့လွယ်တယ်,ဓားကမလွယ်ဘူး,အားလုံ
ပဲနှုတ်ဆက်ခဲ့ပါတယ်ကွယ်"
လက်ပြနှုတ်ဆက်ပြီးပျောက်ကွယ်သွားကြ
သော'ဘိုးစက္က'နဲ့ပရလောကသားမိတ်ဆွေများအားပြန်လည်လက်ပြနှုတ်ဆက်နေ
ရင်း,ကြီးမားသောအကူအညီကြီးတစ်ခု
ထပ်မံပြုပေးနိုင်ခဲ့ပြန်သဖြင့်,
'အာကာ','ခေတ်လွန်'နဲ့'နိုင်လင်း'တို့ရင်
ထဲတွင်ပီတိများကိုယ်စီဖိတ်ယိုစီးလျှက်,,,,,,,,,,,,,

"တင်း,,,,,,,,,,,"
ထိုစဉ်, အာကာ'၏အိပ်ခန်းအတွင်းကျန်ရှိ
ခဲ့သောသူ၏ဖုန်းထဲရှိ'Horror Chat Application' ဆီမှ မက်ဆေ့ခ်ျသစ်ဝင်
ရောက်ကြောင်းအချက်ပေးသံနဲ့အတူ,

"မင်္ဂလာပါ ငါ့တူ,ဦးတို့သားအဖနှစ်ယော
က်ကိုကူညီပေးပါဦးကွယ်,,,,,,,,,,,,,,,"

#Harley
The End။   ။7:05pm(24/9/16)
Thanks a lot for reading!

#နောက်တစ်ပတ်ဒီလိုချိန်ပြန်တွေ့ကြရအောင်။

See u all!at Coming Sunday,(8:30pm)

Post a Comment